ကမ္ဘာ့ပထမဆုံး ယာဉ်မောင်းမပါသောပြိုင်ကားများပြိုင်ပွဲကျင်းပ ဂျာမနီအသင်းက အနိုင်ရ
ပြီးခဲ့တဲ့သီတင်းပတ်အကုန်က အဘူဒါဘီမြို့မှာ ဉာဏ်ရည်တုနည်းပညာ(AI)နဲ့ စက်ရုပ်နည်းပညာတို့ ပေါင်းစပ်ထားတဲ့ ကမ္ဘာ့ပထမဆုံး ယာဉ်မောင်းမပါသောပြိုင်ကားများ အမောင်းပြိုင်ပွဲကို ကျင်းပခဲ့ပြီးအဲဒီပြိုင်ပွဲမှာ ဂျာမနီအသင်းက အနိုင်ရရှိသွားပါတယ်။
ဒီပြိုင်ပွဲမှာဆိုရင် ဂျာမနီအသင်းနဲ့အီတလီအသင်းတို့က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ပြိုင်ကားနှစ်စီး စလုံးက တစ်နာရီကို ကီလိုမီတာ ၂၅၀ အမြန်နှုန်းနဲ့ မောင်းနှင်ပြီး ပြိုင်ပွဲဝင်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။
အခုပြိုင်ပွဲကိုကျင်းပရတဲ့ ရည်ရွယ်ချက်က အနာဂတ်မှာမောင်းသူမဲ့နည်းပညာအပေါ် ပြည်သူများက ပိုမိုယုံကြည် ကိုးစားလာနိုင်စေဖို့ ဖြစ်တဲ့အပြင် ဒီနည်းပညာကို ပိုမိုတိုးတက်ဖန်တီးနိုင်စေမယ့် စမ်းသပ်မှုအတွက် အခွင့်အရေးကို ပေးစွမ်းခြင်းဖြစ်တယ်လို့ ယူအေအီးနိုင်ငံရဲ့ အဆင့်မြင့်နည်းပညာသုတေသန ကောင်စီဥက္ကဋ္ဌ အကြံပေးဖိုင်ဆယ်အယ်ဘန်နိုင်းက ပြောပါတယ်။
ဒါ့အပြင် အခုပြိုင်ပွဲကို မြင်တွေ့ရတာဟာ မောင်းသူမဲ့နည်းပညာက မြန်နှုန်းမြင့်ပြိုင်ကားတွေမှာတောင်မှ ထည့်သွင်းပြီး အသုံးပြုရလောက်တဲ့အထိ အဆင့်မြင့်မားလာတာကို ဖော်ညွှန်းပြသနေတာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
Ref: IE
ကိုထက်
MWD
