မင်းလက်ပံ ကိစ္စသည် KNU အနေဖြင့် အွန်လိုင်းလိမ်လည်မှုများကို ကျူးလွန်ပြီးနောက်ပိုင်းတွင် ၎င်းတို့ အွန်လိုင်းလိမ်လည်မှုနှင့် မပတ် သက်သည်ကို ပြသချင်သည့်လုပ်ကွက်တစ်ခုပဲဖြစ်ကြောင်း အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ပြောကြား

News Image

  • မင်းလက်ပံ ကိစ္စသည် KNU အနေဖြင့် အွန်လိုင်းလိမ်လည်မှုများကို ကျူးလွန်ပြီးနောက်ပိုင်းတွင် ၎င်းတို့ အွန်လိုင်းလိမ်လည်မှုနှင့် မပတ် သက်သည်ကို ပြသချင်သည့်လုပ်ကွက်တစ်ခုပဲဖြစ်ကြောင်း အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ပြောကြား

မင်းလက်ပံကိစ္စသည် KNU အနေဖြင့် အွန်လိုင်းလိမ်လည်မှုများကို ကျူးလွန်ပြီးနောက်ပိုင်းတွင် ၎င်းတို့ အွန်လိုင်းလိမ်လည်မှုနှင့် မပတ်သက် သည်ကို ပြသချင်သည့်လုပ်ကွက်တစ်ခုပဲဖြစ်ကြောင်း အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တွင် "မင်းလက်ပံမှာရှိသည့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် တရား မဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများ ကိစ္စကို အစိုးရနှင့် တပ်မတော်အနေဖြင့် မည်သို့ကိုင်တွယ် ဖြေရှင်းသွားရန်ရှိပါသလဲ" ဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားစဉ် ၎င်းက ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

"မင်းလက်ပံကိစ္စက KNU အနေဖြင့် အွန်လိုင်းလိမ်လည်မှုများကို ၎င်းတို့ ကျူးလွန်ပြီးနောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနှင့် ၎င်းတို့ မပတ်သက် သည်ကို ပြသချင်သည့် လုပ်ကွက်တစ်ခုပဲဖြစ်ပါသည်။ နိုင်ငံတော် အစိုးရ အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အမြစ်ပြတ်အောင် ချေမှုန်းနေသည့်အပေါ်မှာ အာရုံပြောင်းရန်အတွက် KNU အနေဖြင့် ၎င်းတို့ကိုယ်တိုင်ပါဝင်နေသည့် KKO အဖွဲ့၊ မိမိ ယခင်ကလည်း ပြောဖူး ပါသည်။ KKO အဖွဲ့၊ KNU အဖွဲ့နှင့် မည်သို့ပတ်သက်နေသလဲ။ မည်သို့ ဖြစ်ပေါ်လာသည်ကို ပြောပြီးဖြစ်ပါသည်။ဟန်ပြသိမ်းပိုက်ပြီး ၎င်းတို့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသည့်အကြောင်းကို လူမသိအောင် လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ပြောချင်ပါသည်" ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ - ထိုင်းနယ်စပ်တွင် အွန်လိုင်းလောင်းကစားမှုနှင့် ဆက်စပ် သည့် အဆောက်အအုံများကို မြေလှန်ဖျက်ဆီးမှုများကို ဆောင်ရွက် နေမှုများကို နှောင့်ယှက်ရန် KNU အနေဖြင့် ထိုင်း-မြန်မာ နယ်စပ် ဒေသများတွင် တိုက်ပွဲဖော်ဆောင်နေကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောကြားခဲ့သည်။

"မြန်မာ-ထိုင်းနယ်စပ်မှာဖြစ်ပေါ်နေသည့် တချို့အခြေအနေနှင့် ပတ်သက်ပြီး ပြောချင်ပါသည်။ မြန်မာ-ထိုင်းနယ်စပ်မှာ မိမိတို့ ထိန်းသိမ်းမှုတွေ၊ အဆောက်အအုံတွေက စပြီး မြေလှန်ဖျက်ဆီးမှုတွေ ဆောင်ရွက် နေပါသည်။ ဆောင်ရွက်နေရသည့် ရည်ရွယ်ချက်ကိုလည်း ပြောပြီး ဖြစ်ပါသည်။ ထိုအချိန်မှာ အဆိုပါဆောင်ရွက်ချက်များကို နှောင့်ယှက်ရန် အတွက် KNU အနေဖြင့် ယင်းဒေသများမှာ တိုက်ပွဲဖြစ်စဉ်များ ဖော်ဆောင်နေခြင်း ဖြစ်ပါသည်။ မိမိတို့ တပ်မတော်သားများနှင့်လည်း တိုက်ပွဲဖြစ်နေပါသည်" ၎င်းက ပြောကြားခဲ့သည်။

အလားတူ KNU အနေဖြင့် ထိုင်းနိုင်ငံဘက်သို့ ၄၀ မမဗုံးသီးများ ပစ်သွင်း၍ မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား အထင်အမြင်လွဲအောင်နှင့် ပြဿနာဖြစ်စေရန် လုပ်ဆောင်နေကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောသည်။

"မိမိတို့နှင့် ထိုင်းနိုင်ငံအကြားမှာ ထိုင်းနိုင်ငံအနေဖြင့် ၎င်းတို့၏ နယ်မြေ ထဲကို မြန်မာ့တပ်မတော်က ပစ်သည့် ကျည်များကျရောက်သည်ဟု ပြောနေသည့်နှင့်ပတ်သက်ပြီး လုံးဝမငြင်းပယ်ပါ။ မိမိတို့နှင့် ထိုင်းနိုင်ငံ က အိမ်နီးချင်းနိုင်ငံဖြစ်ပါသည်။ မိမိတို့မှာက နှစ်နိုင်ငံနယ်ခြား ဒေသ များနှင့် ပတ်သက်ပြီး အခြေခံအဆင့်အထိ ဖွဲ့စည်းပြီး ဖြစ်ပါသည်။မြို့ နယ်အဆင့် နှစ်နိုင်ငံနယ်ခြား ဒေသကော်မတီ၊ ခရိုင်အဆင့်၊ ဒေသတွင်း အဆင့် စသည့် တစ်ဆင့်ချင်း ညှိနှိုင်းဆောင်ရွက်နေပါသည်။ သို့ပေသည့် မိမိအနေဖြင့် ပြောလိုသည်မှာ တချို့ကျည်များက မိမိတို့ဘက်က ပစ်လိုက်ခြင်း မဟုတ်ပါ။ KNU အနေဖြင့် ထိုင်းနှင့် မြန်မာကြားထဲမှာ ပြဿနာဖြစ်စေရန် ရည်ရွယ် လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ KNU က တိုက်ပွဲဖြစ်သယောင်နှင့် ထိုင်းနိုင်ငံထဲကို ကျည်တွေကျအောင် ပစ်နေ ခြင်းများ ရှိပါသည်။ ယင်းနှင့်ပတ်သက်ပြီးလည်း မင်းလက်ပံ ဖြစ်သည့် နေရာမှာ တမင်ရည်ရွယ်၍ ထိုင်းနိုင်ငံထဲကို KNU အနေဖြင့် ၄၀ မမ ဗုံးသီးတွေ ပစ်သွင်းသည်ကို စိစစ်တွေ့ရှိရပါသည်။ ယင်းကဲ့သို့ လုပ်ဆောင်ပြီး နှစ်နိုင်ငံကြားမှာ အထင်အမြင်လွဲအောင် နှစ်နိုင်ငံကြားမှာ ပြဿနာ ဖြစ်အောင် ၎င်းတို့အနေဖြင့် လုပ်ဆောင်နေပါသည်။ ထိုသို့ လုပ်ဆောင် ရာမှာလည်း KNU အဖွဲ့အစည်း၊ KNU နှင့် ပတ်သက်နေသည့်အကြမ်းဖက်အဖွဲ့အစည်းများကလည်း ရပ်တည်နိုင်မှာ ဖြစ်ပါသည်။အဆိုပါနှစ်နိုင်ငံ နယ်ခြားဒေသများတွင် မတည်မငြိမ်ဖြစ်မှ ၎င်းတို့ ရပ်တည်မှု၊ နေထိုင်မှုတွေက ခိုင်မာမှာဖြစ်သည့်အတွက် ထိုအတိုင်း လုပ်ဆောင်နေခြင်း ဖြစ်ပါသည်"ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာ-ထိုင်းနိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းတိုက်ဖျက်သွားမည် ဖြစ်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ကိုးကား- Eleven Media Group