မြန်အောင်မြို့နယ်တွင် မုန်လာဥဖြူများ အရောင်းအဝယ်ကောင်းမွန်နေ

News Image

  • မြန်အောင်မြို့နယ်တွင် မုန်လာဥဖြူများ အရောင်းအဝယ်ကောင်းမွန်နေ

မြန်အောင် ဇန်နဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် ဒေသထွက် မုန်လာဥဖြူများ ဝယ်လိုအား ကောင်းလာပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း မြန်အောင် မြို့နယ် ကုန်စိမ်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဝင်းအေးက ပြောပြသည်။

မြန်အောင်မြို့နယ်တွင် ဒေသခံ တောင်သူများ စိုက်ပျိုးထုတ်လုပ်သည့် ဒေသထွက်မုန်လာဥဖြူများ ထွက်ရှိပြီး အရောင်းအဝယ်ပြုလုပ်နေကြောင်း၊ အဆိုပါ ဒေသတွင် ထွက်ရှိသည့် မုန်လာဥဖြူများ တစ်ရက်လျှင် ပိဿာချိန် ၂၅၀၀ မှ ၃၀၀၀ ထိ အရောင်းအဝယ် ကောင်းမွန်နေကြောင်း သိရသည်။

"လက်ရှိ မြန်အောင်မြို့နယ်မှာ မုန်လာဥဖြူတွေ ထွက်ရှိနေပါ တယ်။ ထွက်ရှိလာတဲ့ မုန်လာဥဖြူတွေက ပိုးမွှားကင်းရှင်းပြီး အရည်အသွေးကောင်းမွန်ပါတယ်။ လက်ရှိဇန်နဝါရီလ ပထမပတ်လောက်ကတည်းက မုန်လာဥဖြူတွေ အရောင်းအဝယ်ကောင်းနေတာ ဖြစ်ပါတယ်။ ဒေသထွက် မုန်လာဥဖြူတွေအပါအဝင် ကုန်စိမ်းမျိုးစုံကို အခြားဒေသတွေက ဝယ်ယူအားကောင်းနေပါတယ်"ဟု မြန်အောင် မြို့နယ် ကုန်စိမ်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဝင်းအေးက ပြောပြသည်။

မြန်အောင်မြို့နယ်တွင် ဒေသထွက်မုန်လာဥဖြူများကို အရောင်းအဝယ် ပြုလုပ်နေရသည့်အတွက် ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၊ တောင်သူများ၊ လုပ်သားများ အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်လျက်ရှိကြောင်း၊ အဆိုပါ မုန်လာဥဖြူ ၁ဝ ပိဿာလျှင် ငွေ ကျပ် ၂၈၅၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

ကျော်ကျော်လင်း

ရတနာပုံ