မင်နီယာပိုလစ်မြို့တွင် ဖက်ဒရယ်အေးဂျင့်များ ဝိုင်းရံပိတ်ဆို့စဉ် ပစ်ခတ်ခံရသည့်အမျိုးသား၌ လက်နက်ပါရှိကြောင်း DHS ထုတ်ပြန်

News Image

  • မင်နီယာပိုလစ်မြို့တွင် ဖက်ဒရယ်အေးဂျင့်များ ဝိုင်းရံပိတ်ဆို့စဉ် ပစ်ခတ်ခံရသည့်အမျိုးသား၌ လက်နက်ပါရှိကြောင်း DHS ထုတ်ပြန်

စနေနေ့ (ဇန်နဝါရီ ၂၄) က မင်နီယာပိုလစ်မြို့တွင် ဖက်ဒရယ် အေးဂျင့် များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံရစဉ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသောအမျိုးသားတစ်ဦးတွင် လက်နက်ပါရှိကြောင်း၊ အဆိုပါပုဂ္ဂိုလ်၌ "ကျည်အိမ် နှစ်ခုပါသည့် သေနတ်တစ်လက်ရှိနေကြောင်း" အမေရိကန် ပြည်တွင်း လုံခြုံရေးဝန်ကြီးဌာန (DHS) အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအခြေအနေမှာ အပြောင်းအလဲများ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း အဆိုပါအရာရှိက မှတ်ချက်ပြုခဲ့ပြီး၊ ၎င်းအမျိုးသား၌ ပါရှိသည်ဟု ယူဆ ရသော သေနတ်ပုံတစ်ပုံကိုလည်း ထုတ်ပြခဲ့သည်။ အဆိုပါသေနတ်မှာ Sig Sauer Emperor Scorpion အမျိုးအစားဖြစ်သည်ဟု ဆိုသည်။

အဆိုပါအမျိုးသား သေနတ်ဖြင့်ပစ်ခတ်ခံရချိန်တွင် အဆိုပါသေနတ်ကို ကိုင်ဆောင်ထားခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ ထို့အပြင် မင်နီဆိုးတားပြည်နယ်တွင် သေနတ်ကိုင်ဆောင်ခွင့်ပါမစ် လိုအပ်သော်လည်း ၎င်း၌ ထိုပါမစ်ရှိ၊ မရှိကိုလည်း မသိရှိရသေးကြောင်း ဖော်ပြထားသည်။

ကိုးကား- CNN

Photo: ABC7 News

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂