၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ပင်လောင်းမြို့နယ်၊ လွိုင်လင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့၌ ဘိန်းခင်း စုစုပေါင်း ဧက ၂၀၀ ခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီထိ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ကျိုင်းတုံမြို့နယ်၊ ဝမ်ကန်ရွာသစ်အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၄၂ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၁၀ မိနစ်မှ ညနေ ၄ နာရီ ၃၅ မိနစ်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ပင်သဲကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၃၁ ဧကခန့်နှင့် ပင်ကာလကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၃၀ ဧကခန့်တို့အား လည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၁၀ မိနစ်မှ ညနေ ၄ နာရီထိ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၅၀ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၂၅ မိနစ်မှ ညနေ ၂ နာရီ ၄၅ မိနစ်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၂၃ ဧကခန့်အား လည်းကောင်း။
အလားတူ နံနက် ၉ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၄၀ မိနစ်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ စံကားကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁၆ ဧကခန့်အား လည်းကောင်း။
ထို့အတူ နံနက် ၁၁ နာရီ ၅ မိနစ်မှ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ထိ မိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းတုံမြို့နယ်၊ ပါခါးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၈ ဧကခန့်အား လည်းကောင်း အသီးသီး ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။
moha
