ဂျပန်နိုင်ငံတွင် နှင်းထူထပ်စွာကျဆင်းမှုကြောင့် သေဆုံးသူ ၃၀ အထိရှိလာ

News Image

  • ဂျပန်နိုင်ငံတွင် နှင်းထူထပ်စွာကျဆင်းမှုကြောင့် သေဆုံးသူ ၃၀ အထိရှိလာ

တိုကျို၊ သဘာဝဘေး

ဂျပန်နိုင်ငံတွင် ပုံမှန်ထက်ထူးကဲသည့်နှင်းထူထပ်စွာကျဆင်းမှုကြောင့် လွန်ခဲ့သောသီတင်းပတ်နှစ်ပတ်အတွင်း သေဆုံးသူ ၃၀ အထိရှိလာကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၃ ရက်တွင် ထုတ်ပြန်သည်။ နှင်းထု  အလွန်အမင်းထူထပ်မှုကြောင့်မြောက်ပိုင်းဒေသရှိ ဒေသခံများမှာ အိမ်ပြင်ထွက်ရန်ခက်ခဲနေသဖြင့်အစိုးရက ကယ်ဆယ်ရေးအဖွဲ့ဝင်များကို စေလွှတ်ကာ နှင်းများဖယ်ရှားရန် ကူညီဆောင်ရွက်ပေးနေရသည်။

နှင်းဒဏ်အဆိုးရွားဆုံးခံရသည့် အာအိုမိုရီ မြောက်ပိုင်းဒေသတွင် နှင်းထု ၄ ဒသမ ၅ မီတာအထိ စုပုံနေပြီး သေဆုံးသူအများစုမှာလည်း ထိုဒေသမှဖြစ်သည်။ အိမ်ပြင်ရှိ ၃ မီတာခန့်မြင့်သော နှင်းပုံအောက်တွင် အသက် ၉၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို   တွေ့ရှိရသည့် ဖြစ်စဉ်လည်း ပါဝင်သည်။

အလွန်အားကောင်းသော လေအေးစီးကြောင်းကြောင့် ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် နှင်းအလွန်အကျွံကျဆင်းခဲ့ခြင်းဖြစ်ပြီး ဟွန်ရှူးကျွန်းအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသအချို့တွင် ပုံမှန်ထက် နှစ်ဆကျော်ပိုမိုသော နှင်းထုကိုမြင်တွေ့နေရခြင်းဖြစ်သည်။ အစိုးရက အထူးအစည်းအဝေးပြုလုပ်ပြီး နောက်ထပ်သေဆုံးမှုမရှိစေရေးအစွမ်းကုန်ဆောင်ရွက်ရန် ဝန်ကြီးချုပ်ကညွှန်ကြားထားသည်။         

Ref: ST

MWD