ထိန်းသိမ်းထားသည့် ရုရှားပိုင်ဆိုင်မှုများထဲမှ ၂၀၂၅ ခုနှစ်အတွင်း ဘီလီယံ ၄၀ နီးပါးကို ဂျီ-၇ က ယူကရိန်းကို ထုတ်ချေး

News Image

  • ထိန်းသိမ်းထားသည့် ရုရှားပိုင်ဆိုင်မှုများထဲမှ ၂၀၂၅ ခုနှစ်အတွင်း ဘီလီယံ ၄၀ နီးပါးကို ဂျီ-၇ က ယူကရိန်းကို ထုတ်ချေး

ပြည်ပဘဏ်များ၌ ထိန်းသိမ်းထားသော ရုရှားပိုင်ဆိုင်မှုများ (Russian frozen assets) ထဲမှ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ နီးပါးတန်ဖိုးရှိ ချေးငွေများကို ဂျီ-၇ အဖွဲ့က ယူကရိန်းထံ ထုတ်ချေးခဲ့ကြောင်း ယူကရိန်းဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။ 

ယူကရိန်းဘဏ္ဍာရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် နိုင်ငံတော်ဘဏ္ဍာငွေထောက်ပံ့ငွေများတွင် အဓိကအရင်းအမြစ်မှာ အမေရိကန် ဒေါ်လာ ၃၇.၉ ဘီယီယံတန်ဖိုးရှိ ဂျီ-၇ နိုင်ငံများက ERA ချေးငွေများဖြစ်ပြီး၊ ဥရောပသမဂ္ဂမှ ထောက်ပံ့သည့် ဒေါ်လာ ၁၂.၁ ဘီလီယံ ပါဝင်ကြောင်း သိရပါသည်။ 

၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း ယူကရိန်းအား ယူရိုငွေ ၉၀ ဘီလီယံ ထောက်ပံ့ရန် ယခင်ကလည်း ဥရောပသမဂ္ဂနိုင်ငံများက ဆုံးဖြတ်ခဲ့ကြပါသည်။ 

ယခင်ယူကရိန်းဝန်ကြီးချုပ် (၂၀၁၀-၂၀၁၄) Nikolay Azarov ပြောကြားချက် အရ အနောက်နိုင်ငံများ၏ ချေးငွေမရှိပါက ယူကရိန်းသည် နိုင်ငံ တစ်နိုင်ငံအဖြစ် တည်ရှိနေမည် မဟုတ်ကြောင်း သိရပါသည်။

ကိုးကား - TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃