SpaceX အင်ဂျင်နီယာဟောင်းတစ်ဦးက ရေအားသုံးတွန်းကန်စနစ်နဲ့ ဂြိုဟ်တုတွေကိုမောင်းနှင်ဖို့ ပြင်ဆင်နေ

News Image

  • SpaceX အင်ဂျင်နီယာဟောင်းတစ်ဦးက ရေအားသုံးတွန်းကန်စနစ်နဲ့ ဂြိုဟ်တုတွေကိုမောင်းနှင်ဖို့ ပြင်ဆင်နေ

SpaceX မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ အင်ဂျင်နီယာဟောင်းတစ်ဦးက အခုဆိုရင် ထူးထူးခြားခြားစိတ်ကူးတစ်ခုကို အကောင်အထည် ဖော်နေပါပြီ။ အဲဒါကတော့ ဂြိုဟ်တုတွေကို အာကာသထဲမှာ မောင်းနှင်ဖို့အတွက် ရေကိုပဲ လောင်စာအဖြစ် အသုံးပြုသွားမယ့် နည်းပညာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် အာကာသယာဉ်တွေမှာ ဈေးကြီးပြီး အန္တရာယ်များတဲ့ဓာတုလောင်စာတွေကို သုံးရပေမယ့် အခုနည်းလမ်းကတော့ ဘေးကင်းသလို ကုန်ကျစရိတ်လည်း အများကြီးသက်သာသွားစေမှာပါ။

ဒီစနစ်က ဘယ်လိုအလုပ်လုပ်လဲဆိုရင် ရေကို အလွန်မြင့်မားတဲ့ အပူချိန်ပေးပြီး အခိုးအငွေ့အဖြစ် ပြောင်းလဲလိုက်တာဖြစ်စေ၊ ဒါမှမဟုတ် လျှပ်စစ်စွမ်းအင်သုံးပြီး ရေမော်လီကျူးတွေကို ဖြိုခွဲကာ ပလာစမာ အဖြစ်ပြောင်း၍ဖြစ်စေ တွန်းအားအဖြစ် အသုံးချတာမျိုးဖြစ်ပါတယ်။   လက်ရှိမှာဒီနည်းပညာအတွက် ရှေ့ပြေးပုံစံကို ဂြိုဟ်တုအသေးစားလေးတွေမှာ    တပ်ဆင်ပြီး အာကာသထဲမှာ တကယ်အလုပ်လုပ်၊ မလုပ် လက်တွေ့စမ်းသပ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ အကယ်၍ ဒီစမ်းသပ်မှုသာ အောင်မြင်သွားမယ်ဆိုရင် အနာဂတ်မှာ ဂြိုဟ်တုတွေလည်ပတ်ဖို့အတွက် ရေကိုပဲ လောင်စာအဖြစ် လွယ်လွယ်ကူကူအသုံးပြုလာနိုင်

တော့မှာဖြစ်ပါတယ်။                

Ref: IE

ကိုထက်

MWD