ယခုဘဏ္ဍာနှစ် ၁၀ လတာ ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်ငါး မက်ထရစ်တန် နှစ်သိန်းခြောက်သောင်းကျော် တင်ပို့နိုင်
ရန်ကုန် ဖေဖော်ဝါရီ ၁၅
ပြည်တွင်းမှ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာ နှစ် ၁၀ လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်ငါး မက်ထရစ်တန် နှစ်သိန်း ခြောက်သောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
"ဒီဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ ဇန်နဝါရီလ ၃၁ ရက်အထိ ၁၀ လတာကာလ အတွင်း ငါးမက်ထရစ်တန် ၂၆၄၁၃၀ ဒသမ ၇၈ တန်တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၃၂၃ ဒသမ ၅၈၆ သန်းရရှိခဲ့ပါတယ်" ဟု ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇန် နဝါရီလ ၃၁ ရက်အထိ ၁၀ လတာကာလ အတွင်း ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ် တန် ၁၂၉၀၄၀ ဒသမ ၄၇၆ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ၂၀၃ ဒသမ၂၉၇ သန်း နှင့် နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ် တန် ၁၃၅၀၉၀ ဒသမ ၃၀၄ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၂၀ ဒသမ ၂၈၉ သန်း ရရှိသည့်အတွက် စုစုပေါင်းငါးမက်ထရစ် တန် ၂၆၄၁၃၀ ဒသမ ၇၈ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၃၂၃ ဒသမ ၅၈၆ သန်းရရှိခဲ့သည်။
ပြည်တွင်းမှ ငါးအပါအဝင် တခြားရေ ထွက်ကုန်များကိုလည်း တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ၁၀ လတာကာလအတွင်း ရေထွက်ကုန်မက်ထရစ်တန် ၃၇၆၄၃၉ ဒသမ ၇၇၈ တန် တင်ပို့နိုင်ခဲ့သည်။
ပြည်တွင်းမှ ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်မှလည်း တိုက်ရိုက်တင်ပို့ ကြောင်း သိရသည်။
MWD
