ယခုဘဏ္ဍာနှစ် ၁၀ လတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၉၀၀၀ နီးပါး တင်ပို့နိုင်

News Image

  • ယခုဘဏ္ဍာနှစ် ၁၀ လတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၉၀၀၀ နီးပါး တင်ပို့နိုင်

ရန်ကုန်  ဖေဖော်ဝါရီ  ၂၁

ပြည်ပသို့     ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ  ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ၁၀ လတာ ကာလအတွင်း   ပြည်ပသို့ ပုစွန်မက်ထရစ် တန်  ၉၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ကြောင်း   ငါးလုပ်ငန်းဦးစီးဌာနမှ        တာဝန်ရှိသူ တစ်ဦး၏ပြောဆိုချက်အရ သိရသည်။

"၂၀၂၅  ခုနှစ် ဧပြီလ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁ရက်အထိ   ၁၀  လတာကာလအတွင်း      ပြည်ပကို    ပုစွန် မက်ထရစ်တန်  ၈၉၅၀ ဒသမ ၈၆ တန် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၇၆၉ သန်းရရှိခဲ့ပါတယ် "ဟု ၎င်းကပြော သည်။ 

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်စ   ဧပြီလ ၁ ရက်မှ ၂၀၂၆  ခုနှစ် ဇန်နဝါရီလ ၃၁ ရက် အထိ  ၁၀  လတာကာလအတွင်း    ပုံမှန် ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၈၁၃၅ ဒသမ ၀၇  တန်တင်ပို့ပြီး    အမေရိကန် ဒေါ်လာ   ၂၃  ဒသမ  ၃၁၅  သန်းရရှိကာ နယ်စပ်ကုန်သွယ်မှုမှ    ပုစွန်မက်ထရစ် တန်  ၈၁၅ ဒသမ ၇၉ တန်   တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅၄  သန်း  ရရှိသည့်အတွက်     ပြည်ပသို့ စုစုပေါင်း ပုစွန်မက်ထရစ်တန်  ၈၉၅၀ ဒသမ ၈၆ တန်တင်ပို့ပြီး    အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၇၆၉ သန်း ရရှိခဲ့သည်။ 

ပြည်ပသို့ပုစွန်တင်ပို့မှုအနေဖြင့် ယခင် ဘဏ္ဍာနှစ်ကာလတူက မက်ထရစ်တန် ၇၀၂၈ ဒသမ ၄၁၈ တန် တင်ပို့ခဲ့သည့် အတွက် ယခုဘဏ္ဍာနှစ်တွင်   ပုစွန်မက် ထရစ်တန် ၁၉၂၂ ဒသမ ၄၄၂  တန် ပိုမို တင်ပို့နိုင်ခဲ့သည်။ 

 မြန်မာနိုင်ငံမှ  ပုစွန်အပါအဝင်    ငါး စသည့်ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်  စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့ မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ် ကုန်သွယ်ရေးမှလည်း   တိုက်ရိုက်တင်ပို့ ကြောင်း သိရသည်။ 

MWD