ကျောက်ဆည်မြို့နယ် တိုက်နယ် ၈ အတွင်းမှ ကျေးရွာအုပ်စု ၇ အုပ်စု၌ မိုးနှောင်းဝါသီးနှံ ၁၅၃၅ ဧက စိုက်ပျိုးပြီးဖြစ်

News Image

  • ကျောက်ဆည်မြို့နယ် တိုက်နယ် ၈ အတွင်းမှ ကျေးရွာအုပ်စု ၇ အုပ်စု ၌ မိုးနှောင်းဝါသီးနှံ ၁၅၃၅ ဧက စိုက်ပျိုး ပြီးဖြစ်

ကျောက်ဆည် ဧပြီ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ် ၁၂ ခုရှိပြီး တိုက်နယ် ၈ အတွင်းမှ ကျေးရွာအုပ်စု ၇ အုပ်စုသည် ယာမြေအများအပြား ရှိသည့်အတွက် မိုးနှောင်းရာသီ၌ ဝါသီးနှံများ အဓိကထားစိုက်ပျိုးကြကြောင်း သိရှိရကာ ယခုအခါ အဆိုပါကျေးရွာအုပ်စု ၈ အုပ်စု၌ မိုးနှောင်းဝါသီးနှံ ၁၅၃၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ထိုသို့ ဝါများစိုက်ပျိုးရာ၌ သင်္ဂတုံကျေးရွာအုပ်စုတွင် ၄၉ ဧက၊ အရှေ့သာဂရကျေးရွာအုပ်စုတွင် ၁၅ ဧက၊ ကလေး ကျေးရွာအုပ်စုတွင် ၆၈  ဧက၊ မှိုင်းပန်ကျေးရွာအုပ်စုတွင် ၁၁၉၄ ဧက၊ ပြည်တော်သာကျေးရွာအုပ်စုတွင် ၄၀ ဧက၊ ရှမ်းတောင်ဦးကျေးရွာအုပ်စုတွင် ၁၀၄ ဧက၊ ကုလားကျောင်းကျေးရွာအုပ်စုတွင် ၆၅ ဧက စုစုပေါင်း ၁၅၃၅ ဧက စိုက်ပျိုးကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ဝါသီးနှံများစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် ငွေချည်-၆၊ ငွေချည်-၉၊ ရွှေတောင်-၈ ဝါမျိုးများအဓိကထားစိုက်ပျိုးကြပြီး အထွက်နှုန်းကောင်းမွန်ရေး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လမ်းညွှန်မှု များနှင့်အညီ စိုက်ပျိုးကြကြောင်း ဝါစိုက်တောင်သူများထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)