ကျောက်ဆည်မြို့နယ် ဥယျာဉ်ကျေးရွာ၌ တစ်နိုင်တစ်ပိုင် ပန်းမျိုးစုံ စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိ

News Image

  • ကျောက်ဆည်မြို့နယ် ဥယျာဉ်ကျေးရွာ၌ တစ်နိုင်တစ်ပိုင် ပန်းမျိုးစုံ စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိ

ကျောက်ဆည် ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ဆန်စပါးကို အဓိကထားပြီး သီးနှံမျိုးစုံစိုက်ပျိုးကြသော်လည်း တစ်ချို့တောင်သူများသည် နေ့စဉ်ဝင်ငွေရသည့် ကာလတို သီးနှံများ ဖြစ်သော ဟင်းသီး/ ဟင်းရွက်မျိုးစုံ နှင့် ပန်းအမျိုးမျိုး စိုက်ပျိုးရောင်းချကြကြောင်း သိရှိရပြီး ဥယျာဉ်ကျေးရွာ၌ တစ်နိုင်တစ်ပိုင် ပန်းမျိုးစုံစိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

ပန်းစိုက်ပျိုးရောင်းချမှုများနှင့်ပတ်သက်၍ နှစ်ပတ်လည် နေ့စဉ်ဝင်ငွေရရှိရေး ဇွန်ပန်း(၆၀)ပင်၊ စံပယ်(၄၅)ပင်နှင့် ဆောင်းစံပယ်(၄၂)ပင်အား တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားကြောင်း၊ မိသားစုတစ်နိုင်တစ်ပိုင် ပန်းမျိုးစုံ စိုက်ပျိုး ထားသည့်အတွက် ရာသီအလိုက် နေ့စဉ်ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း ပန်းစိုက်တောင်သူ ဦးဝင်းနိုင်က ပြောပြသည်။

ပန်းများစိုက်ပျိုးရာ၌ လေဝင်လေထွက်ကောင်းမွန်စေရန်၊ အလင်းရောင်ကောင်းစွာရရှိစေရန်အတွက် တစ်ပင်နှင့် တစ်ပင် ၇ တောင် ( ၁၀ ) ပေခန့်ခြား၍စိုက်ပျိုးထားပြီး ဇွန်ပန်းများကို တန်ခူးလမှတော်သလင်းလအထိ နေ့စဉ် ခူးဆွတ်ရောင်းချရကြောင်းနှင့် ရောင်းချရာ၌ တစ်ရက်ဝင်ငွေမှာ ပန်းပွင့်သည့်အပေါ်မူတည်၍ ငွေတစ်သောင်း ကျပ်မှ လေးသောင်းကျပ်အထိရရှိကြောင်း၊ စံပယ်ပန်းများကို တပို့တွဲလလယ်မှစ၍တန်ခူးလယ်အထိ နေ့စဉ် ခူးဆွတ် ရပြီး တစ်ရက်ဝင်ငွေမှာ ငွေသုံးသောင်းကျပ်မှ လေးသောင်းကျပ်အထိ ရရှိကြောင်း၊ ဆောင်းစံပယ်ပန်းများကို သီတင်းကျွတ်လမှပြာသိုလ်လအထိနေ့စဉ်ဆူးဆွတ်ရပြီး ရောင်းချရာတွင် တစ်ရက်ဝင်ငွေမှာ ငွေတစ်သောင်းကျပ် မှ နှစ်သောင်းခွဲကျပ်အထိ ရရှိသည့်အတွက် မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိပြီး ပန်းမျိုးစုံကို အဓိထား စိုက်ပျိုးရောင်းချသည့်  ဦးဝင်းနိုင်က ဆက်လက်ပြောပြသည်။ 

သက်မောင်(ကျောက်ဆည်)