နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုထက် အမျိုးသားရေးကိုသာ ရှေ့တန်းတင်သည့် ထရမ့်၏ မိန့်ခွန်းကြောင့် ဥရောပမဟာမိတ်များ စိတ်ပျက်နေ

News Image

  • နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုထက် အမျိုးသားရေးကိုသာ ရှေ့တန်း တင်သည့် ထရမ့်၏ မိန့်ခွန်းကြောင့် ဥရောပမဟာမိတ်များ စိတ်ပျက်နေ

ယမန်နေ့ (ဖေဖော်ဝါရီ ၂၄) ညက ပြောကြားခဲ့သည့် နိုင်ငံတော်အခြေပြမိန့်ခွန်း (SOTU) တွင် ရုရှား-ယူကရိန်း ပဋိပက္ခအကြောင်းကို အနည်းငယ်သာ ထည့်သွင်းပြောကြားခဲ့ပြီး NATO နှင့် ဥရောပသမဂ္ဂ (EU) မဟာမိတ်များနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများအပေါ် အာရုံစိုက်မှု ကင်းမဲ့နေခဲ့ကြောင်း CNN ၏ ဥရောပရေးရာ ဝေဖန်သုံးသပ်သူ Dominic Thomas က CNN သတင်းထောက် Lynda Kinkade ထံ ပြောကြားခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းတွင် ယူကရိန်းပဋိပက္ခကိုဖြေရှင်းရန် ရှင်းလင်းသည့် မျှော်မှန်းချက် (Vision) မပါရှိခြင်းကို Thomas က ထောက်ပြခဲ့ပြီး၊ ၎င်းမှာ ဥရောပမဟာမိတ်များအတွက် "စိတ်ပျက်စရာ" ဖြစ်သည်ဟု ဆိုသည်။

ထရမ့်၏ "အမျိုးသားရေးဝါဒီ အစီအစဉ်များ" (Nationalist agenda) သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို လျော့ပါးစေပြီး၊ စုပေါင်းကာကွယ်ရေးဆိုင်ရာ အမေရိကန်၏ ကတိကဝတ်အပေါ် ဥရောပ၏ ယုံကြည်မှုမှာ "တုန်လှုပ်ချောက်ချား" နေကြောင်းလည်း Thomas က ပြောကြားခဲ့သည်။

“မဟာမိတ်တွေကို ထောက်ပံ့ကူညီသည့်နေရာမှာ အဆိုပါမိန့်ခွန်းက အမေရိကန်နိုင်ငံအကြောင်းကိုပဲ အလေးပေးထားပါသည် ၊ ကမ္ဘာကြီးက အားကိုးတကြီးမျှော်ကြည့်ရမည့် ရွှေရောင်လွှမ်းသည့် နိုင်ငံတစ်ခုအဖြစ် ပုံဖော်မည့်အစား လူတွေက ကျောခိုင်းထွက်ခွာသွားရမည့် အမျိုးသားရေးဝါဒီ အစီအစဉ်မျိုးကိုပဲ ပုံဖော်သွားခဲ့တာပါ” ဟု Thomas က ဆိုသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂