ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းရှစ်သောင်းခန့် တင်ပို့ထား

News Image

  • ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းရှစ်သောင်းခန့် တင်ပို့ထား

ရန်ကုန်   မတ်   ၈

     ယခုနှစ်  ဖေဖော်ဝါရီလအတွင်း  ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းရှစ်သောင်းခန့် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ သိရသည်။

ထိုသို့တင်ပို့ရာတွင် ပြည်ပပို့ကုန်ကုမ္ပဏီ ၅၆ ခုမှ  ဆန်တန်ချိန် ၁၀၄၈၆၁ ဒသမ ၅  တန်နှင့် ဆန်ကွဲတန် ချိန် ၇၃၃၃၀ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ဆန်နှင့်ဆန်ကွဲကို ပြည်ပသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အဓိကတင်ပို့ခဲ့ခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်း  ပြည်ပသို့  ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃ သန်း တင်ပို့နိုင်ရန်လျာထားကြောင်း သိရ သည်။

ဖေဖော်ဝါရီလအတွင်း  ပြည်ပသို့  ဆန်တင်ပို့ရာ တွင်  တရုတ်၊ ဖိလစ်ပိုင်၊ စပိန်၊ ပိုလန်၊ မဒါဂတ်စကား နိုင်ငံတို့သို့  တန်ချိန်အများဆုံးတင်ပို့ခဲ့ပြီး  စုစုပေါင်း နိုင်ငံ ၃၀ သို့ တင်ပို့ခဲ့ကြောင်း၊ ဆန်ကွဲကို  တရုတ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပိုလန်၊ စပိန်နှင့် ဗြိတိန် နိုင်ငံတို့သို့ အများဆုံးတင်ပို့ခဲ့ကာ စုစုပေါင်း ၁၅ နိုင်ငံ သို့ တင်ပို့ခဲ့ကြောင်း သိရသည်။

နိုင်ငံတကာဈေးကွက်သို့  ပြည်တွင်းမှ ဆန်တင်ပို့ ရာတွင် ဧည့်မထ၊ ငစိန်အုပ်စုဝင်များဖြစ်သည့် ဆင်း သုခ၊ သီးထပ်ရင်၊ ရတနာတိုး၊ ငစိန်၊ ရာကျော်၊ ကရင်မ၊ ထွန်းပု၊  ဇီယာ၊  ငွေတိုး၊ မင်းဧရာ၊  ရွှေမန်း  စသည့်ဆန်ကြမ်းများကို အဓိကတင်ပို့ကြောင်း သိရသည်။

MWD