ကျောက်ဆည်မြို့နယ်၌ မင်းရဲ၊ သင်းတွဲ၊ နွားတက် မြောင်းရေများဖြင့် ကျေးရွာအုပ်စု ၁၂ အုပ်စု၌ နွေနှမ်းနှင့် နွေစပါး ၆၀၀၀ ဧကကျော် လျာထားစိုက်ပျိုး

News Image

  • ကျောက်ဆည်မြို့နယ်၌ မင်းရဲ၊ သင်းတွဲ၊ နွားတက် မြောင်းရေများဖြင့် ကျေးရွာအုပ်စု ၁၂ အုပ်စု၌ နွေနှမ်းနှင့် နွေစပါး ၆၀၀၀ ဧကကျော် လျာထားစိုက်ပျိုး

ကျောက်ဆည် မတ် ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဆည်ရေဖြင့် ဒေသန္တရစီမံကိန်းလျာထား ချက်ရေးဆွဲ၍ နွေသီးနှံမျိုးစုံ ၅၂၇၁၅ ဧက စိုက်ပျိုးသွားမည်ကြောင်း သိရှိရပြီး ယခုချိန်၌ မင်းရဲ၊ သင်းတွဲ၊ နွားတက် ‌မြောင်းရေများဖြင့် ကျေးရွာအုပ်စု ၁၂ အုပ်စု၌ နွေနှမ်းနှင့် နွေစပါး ၆၀၀၀ ဧကကျော် လျာထားကာ စတင် စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးရာ၌ မင်ရဲမြောင်းရေဖြင့် တောင်နောက်ကျေးရွာအုပ်စု၌ နွေနှမ်း ၃၀၂ ဧက၊ နွေစပါး ၁၄၀ ဧက၊ သင်တောင်းကျေးရွာအုပ်စု၌ နွေနှမ်း ၃၇၇ ဧက၊ နွေစပါး ၄၃၇ ဧက၊ အင်ဒိုင်းကျေးရွာအုပ်စု၌ နွေနှမ်း ၃၄၇ ဧက၊ နွေစပါး ၃၇၈ ဧက၊ ကြက်မင်းတွန်ကျေးရွာအုပ်စု၌ နွေနှမ်း ၂၄ ဧက၊ နွေစပါး ၁၀ ဧက၊ ဖောင်ရွာကျေးရွာအုပ်စု၌ နွေနှမ်း ၉ ဧက၊ နွေစပါး ၁ ဧက၊ သင်းတွဲမြောင်းရေဖြင့် ပတ္တာကျေးရွာအုပ်စု၌ နွေနှမ်း ၈၈ ဧက၊ ၄၃၀ ဧက၊ ပင်တလယ်ကျေးရွာအုပ်စု၌ ၂၈၁ ဧက၊ နွေစပါး ၅၇၃ ဧက၊ နွားတက်မြောင်းရေဖြင့်ပတ္တာကျေးရွာအုပ်စု၌ နွေနှမ်း ၉၁ ဧက၊ နွေစပါး ၂၂၁ ဧက၊ ပြည်ပန်းကျေးရွာအုပ်စု၌ နွေနှမ်း ၂၃၉ ဧက၊ နွေစပါး ၁၈၅ ဧက၊ သမန္တလင်းကျေးရွာ အုပ်စု၌ နွေနှမ်း ၈၂၀ ဧက၊ မြင်းကဘက်ကျေးရွာအုပ်စု၌ ၃၇၉ ဧက၊ နွေစပါး ၄၀ ဧက၊ မုန့်ပေါင်းကျေးရွာအုပ်စု၌ နွေနှမ်း ၃၈၃ ဧက၊ ၂၀ ဧက၊ လက်ပံဇင်ကျေးရွာအုပ်စု၌ ၃၀၁ ဧက၊ နွေစပါး ၁၂ ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

နွေနှမ်းနှင့်နွေစပါးသီးနှံများ စိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြေပြင်၊ ပျိုးထောင်၊ စိုက်ပျိုးရေးများ ပြည့်ဝစွာပေးလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေ၊မျိုး၊ပိုး တာဝန်ခံများမှလည်း သီးနှံများ အောင်မြင်ဖြစ်ထွန်းရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)