ကျောက်ဆည်မြို့နယ်၌ ရေရရှိရေးနည်းလမ်းအလိုက် ဒေသန္တရလျာထားမှုဖြင့် သီးနှံစုံ ၅၂၇၁၅ ဧက စိုက်ပျိုး
ကျောက်ဆည်၊ မတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ် ရေရရှိရေးနည်းလမ်းအလိုက် ဒေသန္တရလျာထားမှုဖြင့် သီးနှံစုံ ၅၂၇၁၅ ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ထိုသို့ လျာထားစိုက်ပျိုးရာတွင် နွေစပါးများကို ဇော်ဂျီဆည်ရေဖြင့် ၄၇၀၉ ဧက၊ ကင်းတားဆည်ရေဖြင့် ၂၂၃ ဧက၊ နွေနှမ်းသီးနှံများကို ဇော်ဂျီဆည်ရေဖြင့် ၃၁၀၃၇ ဧက၊ ကင်းတားဆည်ရေဖြင့် ၁၃၁၂၉ ဧက၊ သစ်တက္ကုန်း ဆည်ရေဖြင့် ၄၀ ဧက၊ မိုးကြိုပဲတီစိမ်းသီးနှံများ ဇော်ဂျီဆည်ရေဖြင့် ၂၇၆၇ ဧက၊ ကင်းတားဆည်ရေဖြင့် ၅၂၉ ဧက၊ မိုးကြိုချည်မျှင်ရှည်ဝါသီးနှံများကို ကင်းတားဆည်ရေဖြင့် ၁၀၀ ဧက၊ အခြားသီးနှံများကို ဇော်ဂျီဆည်ရေဖြင့် ၁၈၁ ဧက စုစုပေါင်း ၅၂၇၁၅ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
လျာထားနွေစပါးသီးနှံများ ပြည့်ဝကျော်လွန်စွာစိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆည်များအလိုက် အလှည့်ကျရေပေးဝေရေးစသနစ်ဖြင့် စိုက်ပျိုးရေများ ပြည့်ဝစွာ ပေးဝေလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
