ကျောက်ဆည်မြို့နယ်၌ နွေနှမ်းနှင့်မိုးကြိုပဲတီစိမ်းသီးနှံများ လျာထားချက် ပြည့်မီရေး စတင်စိုက်ပျိုး
ကျောက်ဆည် မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ နွေသီးနှံမျိုးစုံ စိုက်ပျိုးရာတွင် ဒေသန္တရ လျာထားချက် ၅၂၇၁၅ ဧက ပြည့်မီကျော်လွန်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ့ရေး ဦးစီးဌာနမှ စိုက်ပျိုးရေများပေးဝေလျက်ရှိပြီး နွေနှမ်းနှင့်မိုးကြိုပဲတီစိမ်းသီးနှံများ လျာထားချက်ပြည့်မီရေး စတင်စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။
ဒေသန္တရ လျာထားချက်အဖြစ် နွေနှမ်း ၄၄၂၀၆ ဧက၊ မိုးကြိုပဲတီစိမ်း ၃၂၉၆ ဧက စိုက်ပျိုးရန် လျာထားကြောင်း နှင့် စမာစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စုများဖြစ်သော ဒါန်းတိုင် ကျေးရွာအုပ်စု၌ နွေနှမ်း ၅၁၀ ဧက၊ မိုးကြိုပဲတီစိမ်း ၅၀ ဧက၊ ရန်ဘက်လိုကျေးရွာအုပ်စု၌ နွေနှမ်း ၉၈၀ ဧက၊ မိုးကြိုပဲတီစိမ်း ၁၅၀ ဧက၊ ပေတောကြီးကျေးရွာအုပ်စု၌ နွေနှမ်း ၉၄၂ ဧက၊ မိုးကြိုပဲတီစိမ်း ၁၇၅ ဧက၊ ဘုံကွင်းကျေးရွာအုပ်စု၌ နွေနှမ်း ၆၂၂ ဧက၊ မိုးကြိုပဲတီစိမ်း ၄၀ ဧက၊ စင်းကွန်းကျေးရွာအုပ်စု၌ နွေနှမ်း ၉၂၅ ဧက၊ မိုးကြိုပဲတီစိမ်း ၇၅ ဧက၊ ပန်းခွာကျေးရွာအုပ်စု၌ နွေနှမ်း ၆၀၄ ဧက၊ မိုးကြိုပဲတီစိမ်း ၂၀၇ ဧက စိုက်ပျိုးရန် လျာထားလျက်ရှိပြီး နွေနှမ်းနှင့် မိုးကြိုပဲတီစိမ်းသီးနှံများ စတင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
နွေနှမ်းသီးနှံစိုက်ပျိုးရာ၌ တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးကြရေးကွင်းဆင်း၍ တောင်သူများအား အသိပညာပေးလုပ်ငန်းများ ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
