မိုးနဲမြို့နယ်၌ ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး ပျိုးထောင်လျက်ရှိ
မိုးနဲ မတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လာမည့်စိုက်ပျိုးရာသီတွင် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဌာနပျိုးဥယျာဉ်၌ ကော်ဖီပျိုးပင်များ စတင်ပျိုးထောင်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရခြင်းမှာ ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်ကာ လူမှုစီးပွားဘဝတိုးတက်လာစေပြီး ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ နှစ်ရှည်သီးနှံပင်များကြားတွင် ကော်ဖီပင်ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ် ဧရိယာတိုးတက်ကာ မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ရည်ရွယ်၍ ပျိုးထောင်စိုက်ပျိုးလျက်ရှိပြီး ယခုလက်ရှိတွင် ငါးဧကစာခန့် ပျိုးထောင်ထားရှိကာ ဆက်လက်၍ ပျိုးအိတ်များဖြင့် ပျိုးထောင်သွားမည်ဖြစ်ပြီး အပင်ပေါက်များရရှိပါကလာမည့် စိုက်ပျိုးရာသီတွင် တောင်သူများထံသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)
MDN
