မတ်လနောက်ဆုံးပတ်အတွင်း ငွေကျပ်သိန်း ၄၆၀၀ ကျော်တန်ဖိုးရှိ စတော့ရှယ်ယာ အစောင်ရေ တစ်သိန်းနီးပါး အရောင်းအဝယ်ဖြစ်
ရန်ကုန် မတ် ၂၈
ရန်ကုန်စတော့အိတ်ချိန်း၌ မတ်လ နောက်ဆုံးပတ်အတွင်း ငွေကျပ်သိန်း ၄၆၀၀ ကျော်တန်ဖိုးရှိ စတော့ရှယ်ယာ အစောင်ရေ တစ်သိန်းနီးပါး အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း၏ Main Board တွင် အများပိုင်ကုမ္ပဏီရှစ်ခု ဖြင့် ဘဏ်ပိတ်ရက်များမှအပ နေ့စဉ် စတော့ရှယ်ယာများကို အရောင်းအဝယ် ပြုလုပ်လျက်ရှိရာ မတ်လ ၂၃ ရက်မှ ၂၆ ရက်အထိ ငွေကျပ် ၄၆၈၆၇၈၉၀၀ တန်ဖိုး ရှိ စတော့ရှယ်ယာအစောင်ရေ ၉၉၄၈၀ အရောင်းအဝယ်ပြုလုပ်နိုင်ခဲ့သည်။
အဆိုပါကာလအတွင်း ကုမ္ပဏီတစ်ခု ချင်းအလိုက် အရောင်းအဝယ်ပြုလုပ်မှု အနေဖြင့် FMI ကုမ္ပဏီမှ ငွေကျပ် ၃၂၄၃၀၀၀၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၂၁၂၂ စောင် အရောင်းအဝယ်ဖြစ်ခဲ့သည်။
MTSH ကုမ္ပဏီမှ ငွေကျပ် ၁၇၉၈၃၁၆၀၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၂၈၃၉၇ စောင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ် ကထက် စတော့ရှယ်ယာအစောင်ရေ ထက်ဝက်ကျော် အရောင်းအဝယ်မြင့် တက်ခဲ့သည်။
MCB ကုမ္ပဏီမှ ငွေကျပ် ၂၂၇၈၁၀၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၂၄၃ စောင် အရောင်းအဝယ်ဖြစ်ခဲ့သည်။
FPB ကုမ္ပဏီမှ ငွေကျပ် ၁၈၄၈၇၈၇၀၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၄၂၆၀၇ စောင် အရောင်းအဝယ်ဖြစ်ခဲ့သည်။
TMH ကုမ္ပဏီမှ ငွေကျပ် ၅၂၉၄၀၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၁၅၉ စောင် အရောင်းအဝယ်ဖြစ်ခဲ့သည်။
EFR ကုမ္ပဏီမှ ငွေကျပ်၂၉၆၃၆၆၅၀ တန်ဖိုးရှိ စတော့ရှယ်ယာ ၁၅၈၆၂ စောင် အရောင်းအဝယ်ဖြစ်ခဲ့သည်။
AMATA ကုမ္ပဏီမှ ငွေကျပ် ၅၂၁၈၃၀၀ တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ၁၃၃၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။
MAEX ကုမ္ပဏီမှ ငွေကျပ် ၃၃၈၇၆၁၅၀ တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ၈၇၆၀ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
MWD
