ပုသိမ်မြို့နယ်ဒေသထွက် ဖရဲသီးများ အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

News Image

  • ပုသိမ်မြို့နယ်ဒေသထွက် ဖရဲသီးများ အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

ပုသိမ်    မတ်    ၂၈

      ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ဒေသထွက်ဖရဲသီးများ ဝယ်လိုအားကောင်းပြီး  အရောင်းအဝယ်ကောင်းမွန် လျက်ရှိကြောင်း ပုသိမ်မြို့နယ်၌ သစ်သီး အမျိုးမျိုး ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ  ဒေါ်သူဇာ၏ပြောပြချက်အရ သိရသည်။

ပုသိမ်မြို့နယ်၌ မတ်လနောက်ဆုံးပတ်မှ လက်ရှိအချိန်ထိ  ဖရဲသီးများ အရောင်း အဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ဖရဲသီးများကို ဒေသဈေးကွက်အပြင်    တခြားဒေသများဖြစ်သည့် ပုသိမ်၊ ရန်ကုန် စသည့်ဒေသများကပါ     ဝယ်ယူနေခြင်း ကြောင့်   အရောင်းအဝယ်ကောင်းမွန်နေ ခြင်းဖြစ်ကြောင်း သိရသည်။

''ဖရဲသီးတွေကို ဒေသဈေးကွက်အပြင်  တခြားဒေသတွေကလည်း ဝယ်လိုအား ကောင်းနေတာပါ။  အရောင်းအဝယ်ဖြစ်နေတဲ့ဖရဲသီးတွေက    အရည်အသွေး ကောင်းပါတယ်။ ဒေသထွက်ကုန်တွေကို အရောင်းအဝယ်ပြုလုပ်ရတဲ့အတွက် ကုန်စည်သယ်ယူရတဲ့ တန်ဆာခကုန်ကျမှု သက်သာပါတယ်။ ကုန်ပစ္စည်းတွေလည်း ထိခိုက်မှုနည်းပြီး    တာရှည်အထားခံပါ တယ်'' ဟု  ဒေါ်သူဇာကပြောသည်။

ပုသိမ်မြို့နယ်၌ ဖရဲသီးကို မြေနုကျွန်း ကျေးရွာများ၌ အများဆုံးစိုက်ပျိုးကြ ကြောင်း၊ ယခုနှစ်တွင် ကျေးရွာ ၁၄ ရွာမှ ဒေသခံတောင်သူ ၁၀၄ ဦးက တစ်ဦးလျှင်    ဖရဲတစ်ဧကမှ ငါးဧကအထိ စိုက်ပျိုးထား ကြောင်း သိရသည်။

MWD