Artemis II အာကာသယာဉ်၏ ခရီးစဉ်က လူသားများ ကမ္ဘာမြေနှင့် အဝေးဆုံးသို့ ခရီးသွားနိုင်ခဲ့သည့် ခရီးစဉ်အဖြစ် စံချိန်သစ်တင်

News Image

  • Artemis II အာကာသယာဉ်၏ ခရီးစဉ်က လူသားများ ကမ္ဘာမြေနှင့် အဝေးဆုံးသို့ ခရီးသွားနိုင်ခဲ့သည့် ခရီးစဉ်အဖြစ် စံချိန်သစ်တင်

     အာကာသယာဉ်မှူးများကို တင်ဆောင်သွားသည့် Artemis II အာကာသယာဉ်၏ ခရီးစဉ်သည် လူသားများက ကမ္ဘာမြေနှင့် အဝေးဆုံး အာကာသအတွင်းသို့ ခရီးသွားနိုင်ခဲ့သည့် ခရီးစဉ်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ Artemis II အာကာသယာဉ်သည် ယခင် Apollo 13 အာကာသယာဉ်က ရာစုနှစ်ဝက်ကျော်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည့် စံချိန်ဟောင်းကိုချိုးဖျက်၍ သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။

Artemis II အာကာသယာဉ်သည် ဧပြီလ၁ ရက်တွင် နာဆာမှ အာကာသယာဉ်မှူးများဖြစ်ကြသည့် ရိဝိုက်စမန်း၊ ဗစ်တာဂလက်ဗာနှင့် ခရစ်စတီနာကော့ချ် အပြင် ကနေဒါနိုင်ငံမှ ဂျယ်ရမီဟန်ဆင် တို့အားတင်ဆောင်၍ အာသာသအတွင်းသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ အဆိုပါ အာကာသယာဉ်မှူးများ လိုက်ပါသွားသည့်ခရီးစဉ်သည် ၁၉၇၀ ပြည့်နှစ်အတွင်း၌ Apollo 13 အာကာသ ယာဉ်က စံချိန်တင်ထားခဲ့သော ကမ္ဘာမြေမှ မိုင်ပေါင်း ၂၄၈၆၅၅ အကွာအဝေးစံချိန်ကို ကျော်ဖြတ်၍ ခန့်မှန်းခြေအရ ကမ္ဘာမြေမှ အများဆုံးအကွာအဝေး ၂၅၂၇၅၇ မိုင်အထိ    ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၁၀ ရက်ကြာမြင့်မည့် အဆိုပါအာကာသခရီးစဉ်အတွင်း အာကာသယာဉ်မှူးများသည် လကမ္ဘာကိုပတ်ပြီးနောက် Orion အာကာသယာဉ်ဖြင့် ကမ္ဘာမြေသို့ပြန်လည် ရောက်ရှိလာမည်ဖြစ်သည်။

MWD