Skip to main content
site banner
  • ပင်မစာမျက်နှာ
  • ကျွန်ုပ်တို့အကြောင်း
  • သတင်းများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍသတင်းများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍသတင်းများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ကဏ္ဍများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ဆောင်းပါးများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍအကြောင်းဆောင်းပါးများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆွေးနွေးချက်များ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ
  • အမေးအဖြေကဏ္ဍ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆက်သွယ်ရန်

en-language-menu

  • English

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း

NoahJune222 Sat, 04/11/2026 - 00:41

News Image

MM-News-Category
နိုင်ငံရေးကဏ္ဍသတင်းများ
နိုင်ငံရေး-ပြည်တွင်းသတင်းများ

ဆက်စပ်သတင်းများ

အစ္စရေးနှင့် လက်ဘနွန်အကြား အပစ်အခတ်ရပ်စဲရေးအပေါ် နားလည်သဘောပေါက်မှုကွဲလွဲနေ
အစ္စရေးနှင့် လက်ဘနွန်အကြား အပစ်အခတ်ရပ်စဲရေးအပေါ် နားလည်သဘောပေါက်မှုကွဲလွဲနေ
လက်ဘနွန်-အမေရိကန် တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးပါမောက္ခ အီမတ် ဆာလာမေက အစ္စရေးနှင့် လက်ဘနွန်တို့အကြား အပစ်အခတ် ရပ်စဲရေးအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် နားလည်သဘောပေါက်မှုများ လုံးဝကွဲပြားခြားနားနေကြောင်း ဆိုသည်။ အစ္စရေးဘက်က လက်ဘနွန် အာဏာပိုင်များကို ပစ်မှတ်မထားသရွေ့ လက်ဘနွန်တောင်ပိုင်းရှိ မြို့ရွာများကို ဆက်လက်ဖျက်ဆီးပိုင်ခွင့်နှင့် ဟစ်ဇဘိုလာတိုက်ခိုက်ရေးသမား များကို နိုင်ငံအတွင်းရှိ မည်သည့်နေရာတွင်မဆို ဆက်လက်နှိမ်နင်းပိုင်ခွင့်ရှိသည်ဟု ရှုမြင်ထားသည်။ အပြန်အလှန်အားဖြင့် လက်ဘနွန်အစိုးရကမူ လာမည့်ဆွေးနွေးပွဲများတွင် ပိုမိုကျယ်ပြန့်ပြည့်စုံသော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိရန် ကြိုးပမ်းသွားလိုနေသည်။လက်ဘနွန်အာဏာပိုင်များသည် ယခုလုပ်ဆောင်နေသော စစ်ဆင်ရေးများကိုရပ်တန့်နိုင်ရန် တတ်နိုင်သမျှ တွန်းအားပေးလိုနေကြောင်း ပါမောက္ခ ဆာလာမေက Al Jazeera သတင်းဌာနသို့ ပြောကြားခဲ့သည်။ လက်ရှိတွင် နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ပိုမိုတိုးပွားလာခြင်းနှင့်အတူ ပြည်တွင်းရေးအခြေအနေအပေါ် ဖိအားများမြင့်တက်လာနေသောကြောင့် အဆိုပါဒုက္ခသည်များ နေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချနိုင်ရေးကို လက်ဘနွန်အစိုးရက အလေးအနက် အကောင်အထည်ဖော်လိုကြောင်း သိရှိရသည်။ကိုးကား- Al Jazeeraဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
Mon, 1-Jun-2026
ဟော်မုဇ်ရေလက်ကြားအပေါ် အချုပ်အခြာအာဏာ ကျင့်သုံးခွင့်မှာ အီရန်နှင့် အိုမန်နိုင်ငံတို့တွင်သာ ရှိသည်ဟု အီရန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ပြောကြား
ဟော်မုဇ်ရေလက်ကြားအပေါ် အချုပ်အခြာအာဏာ ကျင့်သုံးခွင့်မှာ အီရန်နှင့် အိုမန်နိုင်ငံတို့တွင်သာ ရှိသည်ဟု အီရန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ပြောကြား
ဟော်မုဇ်ရေလက်ကြား အချုပ်အခြာအာဏာကျင့်သုံးခွင့်ရှိသည့် တစ်ခုတည်းသောနိုင်ငံနှစ်ခုမှာ အီရန်နှင့် အိုမန်တို့သာဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဒုတိယဝန်ကြီး ကာဇမ် ဂါရီဘာဘာဒီ (Kazem Gharibabadi) က ပြောကြားလိုက်သည်။အီရန်နိုင်ငံ၏ IRIB ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော ပြောကြားချက်များတွင် အီရန်နိုင်ငံအနေဖြင့် ၎င်းရေလမ်းကြောင်းအတွင်း ရေကြောင်း သွားလာမှုနှင့် သွားလာရေးလုပ်ငန်းများကိုထိန်းချုပ်ရန် လုပ်ငန်းစဉ်အသစ်တစ်ခုကို စတင်အကောင်အထည်ဖော်နေပြီဖြစ်သော်လည်း အစီအမံများ ကို အိုမန်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဂါရီဘာဘာဒီ က ဆိုသည်။ရေလက်ကြားနှင့်ပတ်သက်၍ “အခြားသူများကဲ့သို့ ငြိမ်ငြိမ်သက်သက်မနေပါက ၎င်းနိုင်ငံအား ဗုံးကြဲတိုက်ခိုက်မည်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့ပြီးနောက် အမေရိကန်၏ ခြိမ်းခြောက်မှုများကို အလျှော့မပေးရန် အီရန်က အိုမန်နိုင်ငံအား တိုက်တွန်းထားကြောင်း လည်း ၎င်းက ပြောကြားခဲ့သည်။ကိုးကား- Al Jazeeraဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
Mon, 1-Jun-2026
ဝါရှင်တန်၏ အပစ်အခတ်ရပ်စဲရေး လမ်းပြမြေပုံအပေါ် ဟစ်ဇဘိုလာ အဖွဲ့က တစ်ဖတ်သတ်ဆန်ဟုဆိုကာ ငြင်းပယ်
ဝါရှင်တန်၏ အပစ်အခတ်ရပ်စဲရေး လမ်းပြမြေပုံအပေါ် ဟစ်ဇဘိုလာ အဖွဲ့က တစ်ဖတ်သတ်ဆန်ဟုဆိုကာ ငြင်းပယ်
အမေရိကန်က တင်ပြလာသည့် လက်ဘနွန်နိုင်ငံအတွင်း စစ်ရှိန်လျှော့ချရေးနှင့် စစ်ပွဲလုံးဝရပ်တန့်ရေးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လမ်းပြမြေပုံသစ်ကိုဟစ်ဇဘိုလာအဖွဲ့က ‘တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး’ ဖြစ်သည် ဟုဆိုကာ လက်ခံရန်ငြင်းဆန်လိုက်ကြောင်း သိရှိရသည်။အဆိုပါ အမေရိကန်၏အဆိုပြုချက်တွင် ဟစ်ဇဘိုလာအဖွဲ့အနေဖြင့် ၎င်းတို့၏ တိုက်ခိုက်မှုအားလုံးကို ဦးစွာရပ်တန့်ရန် တောင်းဆိုထားပြီး အကယ်၍ ငြင်းပယ်ပါက အစ္စရေးအနေဖြင့် ဘေရွတ်မြို့တော်အတွင်း စစ်ရှိန်မြှင့်တင်ဗုံးကြဲမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟူသော သွယ်ဝိုက်သည့် ခြိမ်းခြောက်မှုပါဝင်နေသည်။ ယခင် ဧပြီလလယ်က ရရှိခဲ့သော ယာယီအပစ်ရပ်စဲမှုတွင် ဘေရွတ်တောင်ပိုင်း၌ ဗုံးကြဲမှုများ ရပ်တန့်ခဲ့သော်လည်း လက်ဘနွန်တောင်ပိုင်းတွင်မူ တိုက်ပွဲများ ဆက်လက် ပြင်းထန်ခဲ့သဖြင့် ဟစ်ဇဘိုလာအဖွဲ့အနေဖြင့် ယခုကဲ့သို့ စစ်ပွဲနယ်မြေ ခွဲခြားသည့် သဘောတူညီချက်မျိုးကို သံသယရှိနေကြခြင်းဖြစ်သည်။ဟစ်ဇဘိုလာအဖွဲ့နှင့် ရင်းနှီးသောဆက်ဆံရေးရှိသည့် လက်ဘနွန်လွှတ်တော် ဥက္ကဋ္ဌ နာဘီ ဘာရီ (Nabih Berri) က ဟစ်ဇဘိုလာအနေဖြင့် ချက်ချင်း နှင့် ဘက်စုံအပြည့်အဝ အပစ်ရပ်စဲရန် အာမခံနိုင်သော်လည်း အစ္စရေး ဘက်က တိုက်ခိုက်မှုများရပ်တန့်မည်ကို မည်သူက အာမခံပေးမည်နည်း ဟု မေးခွန်းထုတ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အစ္စရေးဘက်က အပစ်အခတ်ရပ်စဲရေးကို လက်ခံရာတွင် ၎င်းတို့အတွက် ခြိမ်းခြောက်မှု ရှိသည်ဟု ယူဆပါက မည်သည့်အချိန်တွင်မဆို စိတ်ကြိုက်ဝင်ရောက်တိုက်ခိုက်ပိုင်ခွင့် (သို့မဟုတ်) ပြန်လည်တုံ့ပြန်ခွင့်ရှိရမည်ဟူသော စည်းကမ်းချက်ကို ထည့်သွင်းလိုခြင်းကြောင့်ဖြစ်သည်။ ဟစ်ဇဘိုလာအဖွဲ့ကမူ အစ္စရေးအား စိတ်ကြိုက်ဗုံးကြဲခွင့်ပေးထားမည့် အဆိုပါသဘောတူညီချက်သည် အပစ်ရပ်စဲရေးမဟုတ်ဘဲ စည်းကမ်းချက်ပါသော လက်နက်ချခိုင်းမှုသာဖြစ်သဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား တုံ့ပြန်ထားသောကြောင့် လက်ရှိ သံတမန်ရေးရာ ဆွေးနွေးမှုများမှာ အကျပ်အတည်း ဖြစ်ပေါ်လျက်ရှိသည်။ကိုးကား- Al Jazeeraဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
Mon, 1-Jun-2026
အီရန်နှင့်ဖြစ်ပွားသည့် စစ်ပွဲကြောင့် သမ္မတ ထရမ့် နှစ်ပါတီစလုံး၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ
အီရန်နှင့်ဖြစ်ပွားသည့် စစ်ပွဲကြောင့် သမ္မတ ထရမ့် နှစ်ပါတီစလုံး၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ
နိုင်ငံတကာမူဝါဒဗဟိုဌာန (Center for International Policy) ၏ အကြီးတန်းသုတေသီ နီဂါ မော်တာဇာဗီ (Negar Mortazavi) ၏ ပြောကြားချက်အရ အီရန်နှင့်ဖြစ်ပွားလျက်ရှိသော စစ်ပွဲကြောင့် သမ္မတ ထရမ့်သည် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီ နှစ်ခုစလုံးမှ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။"ပါတီနှစ်ခုစလုံးရဲ့ အတွင်းပိုင်းမှာ သဘောထားကွဲလွဲမှုတွေ ရှိနေ ပါတယ်" ဟု မော်တာဇာဗီက Al Jazeera သတင်းဌာနသို့ ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "ဒီမိုကရက်ပါတီအတွင်းရှိ အလယ်အလတ် ဝါဒီများနှင့် လက်ယာယိမ်းသူများက အီရန်သည် ပိုမိုအင်အားတောင့်တင်းလာပြီး အမေရိကန်မှာမူ ပိုမိုအားနည်းသွားကြောင်း ဝေဖန်ထောက်ပြနေကြသကဲ့သို့ ရီပတ်ဘလစ်ကန်ပါတီအတွင်းရှိ America First အစုအဖွဲ့များကြားတွင်လည်း ဝေဖန်မှုများ ရှိနေသည်" ဟု ဆိုသည်။အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ရေးစွန့်စားမှုများကို ဆန့်ကျင်သည့် ပုံရိပ်ဖြင့် လူထုထောက်ခံမှုတည်ဆောက်ခဲ့သော သမ္မတတစ်ဦးအတွက် အီရန်နှင့်စစ်ပွဲဖြစ်ပွားခြင်းမှာ အလွန်ကြီးမားသော ကွဲလွဲချက်တစ်ခုဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။"အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် သမ္မတတိုင်းသည် အရှေ့အလယ်ပိုင်းဒေသရှိ အဆုံးမသတ်နိုင်သောစစ်ပွဲများကို အဆုံးသတ်မည်ဟု ကြွေးကြော်ကာ မဲဆွယ်ခဲ့ကြခြင်း ဖြစ်သည်။ လက်ရှိ သမ္မတသည်လည်း ၎င်းတို့အနက် အပါအဝင်ဖြစ်ပြီး နှစ်ကြိမ်တိုင်တိုင် ထိုသို့ မဲဆွယ်ခဲ့သည်။ ၎င်းက ထိုစစ်ပွဲများကို အဓိပ္ပာယ်မဲ့ပြီး မိုက်မဲသော စစ်ပွဲများဟု ခေါ်ဆိုခဲ့ကာ မိမိကိုယ်ကိုယ် 'ငြိမ်းချမ်းရေးသမ္မတ' ဟု တင်စားခဲ့သော်လည်း နောက်ဆုံးတွင်မူ ၎င်းကိုယ်တိုင်ပင် စစ်ပွဲကို ဆင်နွှဲခဲ့သည်" ဟု မော်တာဇာဗီက ထောက်ပြခဲ့သည်။အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အဆိုပြုတင်ပြခဲ့သော အီရန်အား တိုက်ခိုက်မည့် အစီအစဉ်ကို ထရမ့်မတိုင်မီတက်ခဲ့သည့် အမေရိကန် သမ္မတတိုင်းက ပယ်ချခဲ့ကြကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။"အီရန်သည် လွယ်လွယ်ကူကူ နှိမ်နင်း၍ရမည့် နိုင်ငံမျိုးမဟုတ်သကဲ့သို့ 'စက္ကူကျား' လည်း မဟုတ်ကြောင်း၊ အမေရိကန်အနေဖြင့် ပြန်လည်တိုက်ခိုက်ခံရမည်ကို လူတိုင်းက သဘောပေါက်နားလည်ထားကြသည့်အတွက် မည်သည့်သမ္မတကမျှ ထိုအစီအစဉ်ကို လက်မခံခဲ့ကြခြင်း ဖြစ်သည်" ဟု ဆိုသည်။“သို့သော် ယခုအခါတွင်မူ ‘ငြိမ်းချမ်းရေးသမ္မတ’ သည် ‘စစ်ပွဲ၏သမ္မတ’ ဖြစ်လာခဲ့ပြီး မိမိကိုယ်တိုင် မှားယွင်းလုပ်ဆောင်မိသည့် အမှားများစွာ နှင့်အတူ ရုန်းမထွက်နိုင်သော ရွှံ့နွံအတွင်း ပိတ်မိနေခဲ့ပြီဖြစ်သည်။ မည်သည့်အောင်မြင်မှုမျှ မရရှိခဲ့သည့်အပြင် ပြဿနာအသစ်များကိုသာ ဖန်တီးမိခဲ့သဖြင့် ယခုအခါ အတိုက်အခံပါတီထံမှသာမက မိမိပါတီထံမှပါ ဝေဖန်မှုများကို ရင်ဆိုင်နေရခြင်း ဖြစ်သည်" ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ကိုးကား- Al Jazeeraဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
Mon, 1-Jun-2026
လက်ဘနွန်နိုင်ငံအတွင်းသို့ အစ္စရေး၏ ကျယ်ကျယ်ပြန့်ပြန့် မြေပြင်ကျူးကျော်ဝင်ရောက်မှုအပေါ် ကူဝိတ်နိုင်ငံက ပြစ်တင်ရှုတ်ချ
လက်ဘနွန်နိုင်ငံအတွင်းသို့ အစ္စရေး၏ ကျယ်ကျယ်ပြန့်ပြန့် မြေပြင်ကျူးကျော်ဝင်ရောက်မှုအပေါ် ကူဝိတ်နိုင်ငံက ပြစ်တင်ရှုတ်ချ
လက်ဘနွန်နိုင်ငံအတွင်း အစ္စရေးတပ်ဖွဲ့များ၏ အရှိန်အဟုန်မြှင့်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားလိုက်သည်။ကူဝိတ်ဝန်ကြီးဌာနက “လက်ဘနွန်နိုင်ငံ၏ ညီညွတ်မှု၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့အပေါ် ကူဝိတ်နိုင်ငံ၏ ခိုင်မာပြတ်သားပြီး ထောက်ခံအားပေးသည့် ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုကြောင်း၊ ယခုကဲ့သို့ အရှိန်အဟုန်မြှင့်တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်တန့်ရန်၊ အစ္စရေးကျူးကျော်သူတပ်ဖွဲ့များ လက်ဘနွန်နယ်နိမိတ်အားလုံးမှ ပြန်လည်ဆုတ်ခွာရန်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ (Resolution 1701) အပါအဝင် အခြားသက်ဆိုင်ရာ နိုင်ငံတကာဆုံးဖြတ်ချက်များအားလုံးကို အပြည့်အဝလိုက်နာဆောင်ရွက်ရန် တောင်းဆိုကြောင်း” ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပြီး နိုင်ငံတကာမိသားစုနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) အနေဖြင့် ယခုကဲ့သို့ချိုးဖောက်မှုများကို တားဆီးရန်အတွက် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရမည်ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ၎င်းတို့၏ ဆီရစ်ကျွန်း (Sirik Island) အား တိုက်ခိုက်ရာတွင်အသုံးပြုခဲ့သည်ဟု စွပ်စွဲထားသောစစ်စခန်းတစ်ခုကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ကူဝိတ်နိုင်ငံဘက်ကလည်း ဒုံးကျည်နှင့် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုများရှိခဲ့ကြောင်း သတင်းထုတ်ပြန်ပြီး မကြာမီအချိန်အတွင်းမှာပင် ကူဝိတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ကိုးကား- Al Jazeeraဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
Mon, 1-Jun-2026
သံတမန်ရေးရာ ကြိုးပမ်းမှုများ ဆက်လက်ရှိနေသော်လည်း အမေရိကန် နှင့် အီရန်နိုင်ငံတို့ကြား အပြန်အလှန် မယုံကြည်မှုများ ပိုမိုကြီးထွားလာနေ
သံတမန်ရေးရာ ကြိုးပမ်းမှုများ ဆက်လက်ရှိနေသော်လည်း အမေရိကန် နှင့် အီရန်နိုင်ငံတို့ကြား အပြန်အလှန် မယုံကြည်မှုများ ပိုမိုကြီးထွားလာနေ
ပြီးခဲ့သည့် ဧပြီလအတွင်းက အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့သော်လည်း အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန်တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ လွန်ခဲ့သည့်ရက်သတ္တပတ်ကုန်ပိုင်းက အမေရိကန်ဘက်မှ အီရန်၏ ရေဒါနှင့် ဒရုန်းစခန်းများနှင့်အတူ ကွတ်ရှမ် (Qeshm) ကျွန်းကို တိုက်ခိုက်ခဲ့ရာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကလည်း ကူဝိတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။"ဒီနေရာမှာ ထူးခြားထင်ရှားပြီး အရေးပါတဲ့အချက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နှစ်ဖက်စလုံးကြားဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ဖြစ်ရပ်တွေရဲ့ ပိုမိုကျယ်ပြန့်တဲ့ နောက်ခံအခြေအနေပဲဖြစ်ပါတယ်" ဟု တီဟီရန်မြို့မှ Al Jazeera သတင်းထောက် Almigdad Alruhaid က သတင်းပေးပို့ခဲ့သည်။၎င်းက ဆက်လက်၍ "ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ အမေရိကန်ဟာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေသလို အာရေဗျပင်လယ်နဲ့ ပင်လယ်ကွေ့အတွင်း ရေကြောင်းကုန်သွယ်မှုသွားလာရေးကိုလည်း နှောင့်ယှက်ဖျက်ဆီးနေတယ်လို့ အီရန်ဘက်က အကြိမ်ကြိမ် စွပ်စွဲခဲ့ပါတယ်" ဟု ပြောကြားခဲ့ပြီး နောက်ကွယ်တွင် သံတမန်ရေးရာကြိုးပမ်းမှုများ ဆက်လက်ရှိနေသော်လည်း ယခုဖြစ်ရပ်များကြောင့် နှစ်ဖက်ကြားတွင် မယုံကြည်မှုများ ပိုမိုကြီးထွားလာရခြင်းဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။ကိုးကား- Al Jazeeraဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
Mon, 1-Jun-2026

Information

  • Today Visitors: 1666
  • Unique Visitor: 77377
  • Total Visitor: 696711

Event & Guidlines

Article
Forum & Discussion
Q&A

Contact

Ministry of the President's Office, Naypyidaw
presoffministry@gmail.com
067-4590332

Quick Link

Myanmar National Portal
Ministry of Information
Findings on the investigation of Electoral Frauds and Malpractices in 2020 Multi-party Democracy General Election

Archive

  • June 2026 (172)
  • May 2026 (1876)
  • April 2026 (1741)
  • March 2026 (1627)
  • February 2026 (1557)
Suggestion Box
Facebook Instagram Youtube
© Copyright 2024 SAC All Rights Reserved.