မြန်မာ ယူ-၁၇ အမျိုးသမီးအသင်း ဖိလစ်ပိုင် ယူ-၁၇ အသင်းနှင့် ခြေစမ်းပွဲကစား
ရန်ကုန် ဧပြီ ၂၃
၂၀၂၆ အာရှဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲအကြို တရုတ် နိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၁၇ အမျိုးသမီးလူငယ် လက်ရွေးစင်အသင်းသည် ဧပြီ ၂၃ ရက်က ဖိလစ်ပိုင် ယူ-၁၇ အမျိုးသမီး လူငယ်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။
မြန်မာနှင့် ဖိလစ်ပိုင် ယူ-၁၇ အမျိုးသမီးအသင်းသည် Training Match ကစားသောကြောင့် ရလဒ်ပိုင်း ထုတ်ပြန်ခြင်းမရှိဘဲ အသင်းပြင်ဆင်မှုအပိုင်းနှင့် နည်းဗျူဟာပိုင်းကိုသာ ဦးစားပေးပြင်ဆင်ခဲ့သည်။ နှစ်သင်းစလုံးသည် အာရှဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန် တရုတ်နိုင်ငံသို့ ကြိုတင်ရောက်ရှိနေခြင်းဖြစ်ပြီး မြန်မာအသင်းက အုပ်စု (A) တွင် တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းက အုပ်စု (C) တွင် မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ တရုတ်တိုင်ပေတို့နှင့် ကျရောက်နေသည်။
မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းသည် ဧပြီ ၂၀ ရက်တွင် Suzhou ဒေသခံအမျိုးသမီးလူငယ် အသင်း၊ ဧပြီ ၂၃ ရက်တွင် ဖိလစ်ပိုင် ယူ-၁၇ လက်ရွေးစင်အသင်းတို့နှင့် ခြေစမ်းကစားထားပြီး ဧပြီ ၂၅ ရက်တွင် နောက်ဆုံးခြေစမ်းပွဲ ကစားမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF
MDN
