ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးရေဖူလုံမှုကြောင့် နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

News Image

  • ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးရေဖူလုံမှုကြောင့် နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပွင့်ဖြူ    ဧပြီ   ၂၈

     မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်၌  ယခုနှစ်  နွေသီးနှံစိုက်ပျိုးရာသီတွင် နှမ်းဧက ၅၇၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ စိုက်ပျိုးရေဖူလုံမှုကြောင့် နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နှမ်း ၃၃၇၃၇ ဧက  စိုက်ပျိုးရန်လျာထားပြီး မတ်လက စတင်စိုက်ပျိုးခဲ့ရာ လက်ရှိတွင်  ၅၇၆၂၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။

ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ် အတွင်း နှမ်း ၃၃၇၃၇ ဧက စိုက်ပျိုးဖို့လျာထား ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိအချိန်ထိ ၅၇၆၂၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်လို့ လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။ 

နှမ်းစိုက်ပျိုးတာနဲ့ပတ်သက်ပြီး တစ်နှစ်ထက်တစ်နှစ် စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးနိုင်ဖို့၊ အထွက်နှုန်းကောင်းမွန်ဖို့ ၊ GAP နည်းစနစ်တွေနဲ့အညီ စိုက်ပျိုးနိုင်ဖို့ လိုအပ်တဲ့စိုက်ပျိုးရေး အသိပညာပေးတာတွေကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးနေပါတယ်။ စိုက်ပျိုးရေဖူလုံတဲ့အတွက် နွေနှမ်းစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်ဟု ပွင့်ဖြူမြို့နယ်   စိုက်ပျိုးရေးဦးစီးဌာန   ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောသည်။

ပွင့်ဖြူမြို့နယ်   စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်း နှမ်းစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ GAP နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းကောင်းမွန် သည့်မျိုးများ စိုက်ပျိုးနိုင်ရေးအတွက် နှမ်းစိုက်တောင်သူများအား အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

နှမ်းကို အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးနိုင်ပါက   ဒေသတွင်း  ဆီစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို  ရောင်းချနိုင်သဖြင့်  ဝင်ငွေရရှိပြီး တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သောကြောင့်  နှမ်းတိုးချဲ့စိုက်ပျိုးနိုင်ရေး  ဒေသမရွေး ကြိုးပမ်းဆောင်ရွက် သင့်ကြောင်း သိရသည်။     MWD