လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် စုစုပေါင်း ၉ ဦး သေဆုံး
လက်ဘနွန်အာဏာပိုင်များနှင့် နိုင်ငံပိုင်မီဒီယာများ၏ဖော်ပြချက်အရ ဧပြီ ၃၀ ရက်နေ့တွင် လက်ဘနွန်တောင်ပိုင်း၌ အစ္စရေး၏ အသစ်တဖန် တိုက်ခိုက်မှုများကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် လူကိုးဦး သေဆုံးခဲ့သည်။ အဆိုပါဒေသအတွင်း အကြိမ်ကြိမ် တိုက်ခိုက်ခံရမှုကြောင့်အခြားလူ ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း အစ္စရေးနှင့် ဟစ်ဇဘိုလာ တို့အကြား တိုက်ခိုက်မှုများ အပြန်အလှန်ရှိနေဆဲဖြစ်ရာ အစ္စရေး စစ်ဦးစီးချုပ်အီယယ်လ် ဇာမာ (Eyal Zamir) က ၎င်းတို့အနေဖြင့် ရှေ့တန်း စစ်မျက်နှာများတွင် ဆက်လက် လှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၉) တွင် စစ်သည်များကို ပြောကြားခဲ့သည်။
စစ်ပွဲစတင်ကတည်းက သေဆုံးသူ ၂,၅၀၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၇,၉၀၀ ကျော်ရှိပြီဖြစ်ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားပြီး အပစ်အခတ်ရပ်စဲရေးရှိနေသော်လည်း သေဆုံးမှုနှုန်းမှာ ဆက်လက် မြင့်တက်လျက်ရှိသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
