စမ်းသပ်မှုမပြုရသေးသည့် အသံနှုန်းလွန်ဒုံးကျည်များကို အရှေ့အလယ်ပိုင်းတွင် အသုံးပြုရန် အမေရိကန်စစ်ဘက် အဆိုပြု

News Image

  • စမ်းသပ်မှုမပြုရသေးသည့် အသံနှုန်းလွန်ဒုံးကျည်များကို အရှေ့အလယ်ပိုင်းတွင် အသုံးပြုရန် အမေရိကန်စစ်ဘက် အဆိုပြု

အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်က စမ်းသပ်မှုမပြုရသေးသည့် Dark Eagle အမည်ရှိ အသံနှုန်းလွန်ဒုံးကျည်များကို အရှေ့အလယ်ပိုင်းဒေသတွင် ဖြန့်ကြက်အသုံးပြုရန် တောင်းဆိုထားကြောင်း Bloomberg သတင်းဌာနက ဧပြီလ ၃၀ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ တာဝေးပစ် အသံနှုန်းလွန်ဒုံးကျည်စီမံကိန်းကို ၂၀၁၈ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ရုရှားနှင့် တရုတ်တို့၏ အလားတူလက်နက်စနစ်များကို တုံ့ပြန်ရန် ရည်ရွယ်ကာ အမေရိကန်စစ်ဘက်က ဒေါ်လာ ၁၂ ဘီလီယံကျော် အသုံးပြုထားသည်။

သို့သော် ယင်းစီမံကိန်းသည် သတ်မှတ်ထားသည့် အချိန်ဇယားထက် နောက်ကျနေပြီး လက်ရှိအချိန်အထိ အပြည့်အဝ စစ်ဆင်ရေးဝင်နိုင်သည့်အဆင့်သို့ မရောက်ရှိသေးကြောင်း သိရသည်။

အီရန်နိုင်ငံသည် အမြင့်ပျံဒုံးကျည်ပစ်လွှတ်စနစ်များကို အမေရိကန်၏ PrSM ဒုံးကျည်များ လက်လှမ်းမမီနိုင်သောနေရာများသို့ ရွှေ့ပြောင်းထားသည်ဟု ထောက်လှမ်းရေးသတင်းများအရ သိရပြီးနောက် အမေရိကန်စစ်ဘက်က ယင်းဒုံးကျည်စနစ်အသုံးပြုရန် တောင်းဆိုလာခြင်းဖြစ်သည်။

အဆိုပါတောင်းဆိုချက်အပေါ် အမေရိကန်အစိုးရဘက်မှ တစ်စုံတစ်ရာဆုံးဖြတ်ချက် ချမှတ်ထားခြင်းမရှိသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: RT

MWD