အီရန် အစိုးရကို ဖြုတ်ချရန် နေတန်ယာဟုက ထရမ့်အား နှစ်ရှည်လများ တိုက်တွန်းခဲ့ကြောင်း ဂျွန်ဘော်လ်တန် ထုတ်ဖော်ပြောဆို

News Image

  • အီရန် အစိုးရကို ဖြုတ်ချရန် နေတန်ယာဟုက ထရမ့်အား နှစ်ရှည်လများ တိုက်တွန်းခဲ့ကြောင်း ဂျွန်ဘော်လ်တန် ထုတ်ဖော်ပြောဆို

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ဂျွန်ဘော်လ်တန်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အီရန်နိုင်ငံ၌ အစိုးရ အပြောင်းအလဲ (Regime Change) ဖော်ဆောင်ရန် သမ္မတ ဒေါ်နယ်ထရမ့် ကို နှစ်ရှည်လများ တိုက်တွန်းအားပေးခဲ့ကြောင်း ‘New World’ ရုပ်သံ အစီအစဉ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အစ္စရေး အစိုးရအနေဖြင့် ထရမ့်၏ ပထမသမ္မတသက်တမ်းကတည်းက အီရန်နိုင်ငံအား တိုက်ခိုက်ရန် လိုလားခဲ့ပြီး ဒုတိယသက်တမ်းအထိလည်း ထိုကိစ္စအတွက် တစိုက်မတ်မတ် စည်းရုံးလှုံ့ဆော်ခဲ့ကြောင်း ၂၀၁၈ မှ ၂၀၁၉ ခုနှစ်အထိ တာဝန် ထမ်းဆောင် ခဲ့သည့် ဘော်လ်တန်က ဆိုသည်။

ဘော်လ်တန်က ၎င်းကိုယ်တိုင်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ကပါ အီရန်၏လက်ရှိအစိုးရစနစ်ကို အစားထိုးလဲလှယ်ရေးဟူသည့် ရည်မှန်းချက်ကို တူညီစွာ တိုက်တွန်းခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ထရမ့် ချမှတ်ခဲ့သော စစ်ရေးအရ တိုက်ခိုက်မှုဆုံးဖြတ်ချက်မှာ အစ္စရေး၏ တိုက်ရိုက်လွှမ်းမိုးမှုကြောင့်မဟုတ်ဘဲ ထရမ့် ကိုယ်တိုင်၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောဆိုခဲ့သည်။

ထို့အပြင် ဘော်လ်တန်က ထရမ့်၏ အီရန်အပေါ်ကိုင်တွယ်ပုံကို ဝေဖန်ခဲ့ပြီး အီရန် အစိုးရအား ဖြုတ်ချရန်လိုအပ်သည့် အကြောင်းပြချက်မှာ ခိုင်လုံမှုရှိနေသော်လည်း ထရမ့်အနေဖြင့် အဆိုပါ ရည်မှန်းချက်ကို အမေရိကန်ပြည်သူများ ယုံကြည်လက်ခံလာအောင် ရှင်းလင်းစွာ တင်ပြနိုင်ခြင်းမရှိခဲ့ကြောင်းနှင့် စစ်ဆင်ရေးတွင် ပြတ်သားသောရည်မှန်းချက် ကင်းမဲ့နေကြောင်း ထောက်ပြပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး