ကျောင်းကုန်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံ

News Image

  • ကျောင်းကုန်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးထိုးနှံ

ကျောင်းကုန်း မေ ၁၀

 

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မေ ၈ ရက်က အမှတ်(၄)ရပ်ကွက်၌ တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထိုးနှံပေးသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး (တာဝန်ခံ)ဦးမျိုးမြင့်ဦးနှင့် ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေး လုပ်သားများပူးပေါင်းကာ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ ဗလီကွင်းကျေးရွာ၊ ဘဝင်းဆိပ်ကျေးရွာနှင့် မကျီးပင်ကွင်းကျေးရွာတို့၌ ကျွဲ၊ နွားကောင်ရေ ၁၃၀ အား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ဝက်မွေးမြူရေးခြံ ၁၀ ခြံကို နမူနာပြ ပိုးသတ်ဆေး ဖျန်း‌ပေးခြင်းနှင့် မွေးမြူရေးခြံ မှတ်ပုံတင် PC7 သက်တမ်းတိုးပေးနိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)

MDN