တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကော့သောင်းမြို့ လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

News Image

  • တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကော့သောင်းမြို့ လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ကော့သောင်း မေ ၁၇

 

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး သည် ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့ လေဆိပ် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြရေး မှာကြားသည်။

 

ထို့နောက် ကော့သောင်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက် နေမှု၊ ကော့သောင်းမြို့နယ် ၁၀ မိုင်ကျေးရွာအုပ်စု ပါဆယ်ပါညန်းကျေးရွာရှိ Southern Coastline Group Co.,Ltd. ၏ နေရောင်ခြည်စွမ်းအင်သုံး ၁၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ရွှေပြည်သာဓာတ်အားပေးစက်ရုံသို့ သွားရောက်၍ ကော့သောင်းမြို့အတွင်း ဖိုးသီးချို (PTC)ကုမ္ပဏီ၏ ဒီဇယ်အင်ဂျင်ဓာတ်အားပေးစက်များနှင့် (SCG)ဆိုလာဓာတ်အားပေးစက်ရုံတို့ ပေါင်းစပ်မောင်းနှင်၍ ဓာတ်အားဖြန့်ဖြူးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

MDN