ရက်ပေါင်း ၁၀၀ အတွင်း စက်ကိရိယာချေးငွေတိုးမြှင့်ချေးရေး ရှင်းလင်းပြောကြား

News Image

  • ရက်ပေါင်း ၁၀၀ အတွင်း စက်ကိရိယာချေးငွေတိုးမြှင့်ချေးရေး ရှင်းလင်းပြောကြား

မန္တလေး မေ ၁၇

 

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန္တလေးတိုင်းဒေသကြီးဘဏ်ခွဲမှ ကြီးမှူးကျင်းပသော စက်ကိရိယာ ချေးငွေတိုးမြှင့် ထုတ်ချေးရေး အခမ်းအနားကို မေ ၁၆ ရက်က အမရပူရမြို့နယ် နတ်ရေကန်ကျေးရွာ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန္တလေးတိုင်းဒေသကြီးဘဏ်ခွဲ တိုင်းဒေသကြီးမန်နေဂျာ ဦးသက်ဦးက စက်ကိရိယာချေးငွေ တိုးမြှင့်ထုတ်ချေးရေးနှင့် ပတ်သက်၍ လယ်ယာသုံးစက်ကိရိယာ ချေးငွေထုတ်ချေးရေး အစီအစဉ်သစ်အား မေလဆန်းမှစတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ချေးငွေအမျိုးအစား၊ ချေးငွေပမာဏနှင့် ချေးငွေ သက်တမ်း အမျိုးအစားလေးမျိုးသတ်မှတ်ထားပြီး ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၅၀၀ အထိ နှစ်ချင်း ဆပ်ချေးငွေ ပေးဆပ်ကာလ တစ်နှစ်၊ ကျပ် ၅၀၁ သိန်းမှ ကျပ်သိန်း ၁၀၀၀ အထိ နှစ်တို ချေးငွေပေးဆပ်ကာလ သုံးနှစ်၊ ကျပ် ၁၀၀၁ သိန်းမှ ကျပ်သိန်း ၃၀၀၀ အထိ နှစ်ရှည်ချေးငွေ ပေးဆပ်ကာလ ငါးနှစ်၊ ကျပ် ၃၀၀၁ သိန်းမှ ကျပ်သိန်း ၅၀၀၀ အထိ နှစ်ရှည်ချေးငွေ ပေးဆပ်ကာလ ငါးနှစ်တို့ဖြစ်ပြီး ချေးငွေ အတိုးနှုန်းတစ်နှစ်ကို ၆ ရာခိုင်နှုန်း ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)

MDN