ကလေးမြို့၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

News Image

  • ကလေးမြို့၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

ကလေး မေ ၁၇

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆည်တော်ဦးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ပေးသည်။

 

ကွင်းဆင်းဆောင်ရွက်

ထိုသို့ဆောင်ရွက်ရာတွင် အသက် ၁၈ နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား မြို့နယ်ဦးစီးမှူးရုံး၊ ကျန်းမာရေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

ခရိုင်(ပြန်/ဆက်)

MDN