နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်း စိုပြည်ရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

News Image

  • ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက အမျိုးသားကန်တော်ကြီး ဥယျာဉ်သည် ပြင်ဦးလွင်မြို့၏ အထင်ကရ Land Mark နေရာတစ်ခုဖြစ်သဖြင့် ကန်များ၌ ရေများ အမြဲပြည့်နေပြီး သစ်ပင်ပန်းမန် အလှအပများဖြင့် အစဉ်လှပနေစေရေး ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဥယျာဉ်အတွင်း မျက်စိပသာဒဖြစ်စေရေးအတွက် သစ်ပင်များအား အောက်ခြေရှင်းခြင်း၊ အလင်းဖွင့်ခြင်းများကို ဆောင်ရွက်သွားရန်နှင့် သဘာဝအတိုင်း နှစ်လိုချမ်းမြေ့ဖွယ် မြင်ကွင်းရရှိစေရေး ဆောင်ရွက်သွားရန် လိုကြောင်း၊     ပြင်ဦးလွင်ဒေသတွင် ဆယ့်နှစ်လရာသီပတ်လုံး ဖူးပွင့်နိုင်ပြီး ရနံ့စုံ

နေပြည်တော် မေ ၁၇

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS)

ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS)သို့  ရောက်ရှိ ကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အဖွဲ့ဝင်များသည် 5D LED မှန်တံတားအား ဖြတ်သန်းကြပြီး ဆင်ကလေးများ၏ ကျွမ်းကျင်မှုနှင့် အလှပြ ပြကွက်များ၊ Dinosaur Kingdom အတွင်း ခင်းကျင်းထားရှိမှုများကို ဘာဂီယာဉ်ငယ်များဖြင့် လှည့်လည်ကြည့်ရှုပြီး Sky Cable Car ဖြင့် လိုက်ပါစီးနင်းသည်။ ယင်းနောက် နိုင်ငံတော်သမ္မတသည် အပန်းဖြေစခန်းအတွင်း 5D Cinema ဆောင်ရွက်သွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားပြီး အပန်းဖြေစခန်းအတွင်း ဘာဂီယာဉ်ငယ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ထိုသို့ လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော် သမ္မတက ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS) အတွင်း ခရီးသွားများ၊ ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေအနားယူနိုင်ရေးအတွက် အမြဲသန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြည်မှုရှိအောင် ဆောင်ရွက်ထားရှိရန်၊ သစ်ပင်ပန်းမန်များကို စနစ်တကျစိုက်ပျိုးရန်၊ လျှောက်လမ်းများနှင့် တံတားများ ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိရန်၊ ချောင်းရိုးတစ်လျှောက် သန့်ရှင်းသာယာရေးနှင့် ရေများသန့်ရှင်းကြည်လင်မှုရှိစေရေး ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ ဘေးကင်း လုံခြုံမှုရှိစေရေးနှင့် စနစ်တကျရှိစေရေး ဝန်ဆောင်မှုကောင်းပေးသွားရန်နှင့် အခြား ဖြည့်စွက် ဆောင်ရွက်သင့်သည်များကို လမ်းညွှန်မှာကြားသည်။

ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS) ကို သဘာဝအလျောက် တည်ရှိနေသည့် သစ်ပင်ကြီးများ၊ ကျောက်တုံးများနှင့် စီးဆင်းနေသော ချောင်းရေအား အရည်အသွေးမြှင့်ထိန်းသိမ်းပြီး သစ်တောဂေဟစနစ်များကို လေ့လာနိုင်သည့် နေရာတစ်ခုအဖြစ် ဖန်တီးတည်ဆောက်ရန်၊ နိုင်ငံတကာ အဆင့်မီ သဘာဝအပန်းဖြေစခန်းတစ်ခုအဖြစ် တည်ဆောက်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရေးကို အထောက်အကူ ဖြစ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၁ ခုနှစ်တွင် အဆင့် မြှင့်တင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အပန်းဖြေစခန်းအတွင်း လာရောက်လည်ပတ်သူ ခရီးသွားပြည်သူများ စိတ်အပန်းပြေစေရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ဆောင်ရွက်ထားပြီး 5D LED မှန်တံတား၊ အရှည် ၅၅၄ မီတာရှိ Sky Cable Car ၊ Roller Coaster ၊ Bumper Car ၊ Tea Cups ၊ Marry-Go-Round ၊ Dinosaur Kingdom ၊ တောတွင်းလျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေး ကစားကွင်းများကို ထည့်သွင်းဆောင်ရွက်ထားရှိပြီး သဘာဝပတ်ဝန်းကျင် အလှအပများကို ကြည့်ရှုခံစားနိုင်ကာ ပြင်ဦးလွင်မြို့၏ Land Mark နေရာများမှတစ်ခုအဖြစ် ပြည်တွင်းပြည်ပမှ ခရီးသွားများ၊ လာရောက်အပန်းဖြေသူများဖြင့် စည်ကားများပြားလျက်ရှိသည်။

သုမင်္ဂလာဈေးနှင့် အမျိုးသား ကန်တော်ကြီးဥယျာဉ်

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် သုမင်္ဂလာဈေး (ညံတောဈေး) အဆင့်မြင့် ဈေးသစ်သို့ ရောက်ရှိကြပြီး ဈေးဆိုင်ခန်းများအလိုက် ဖွင့်လှစ်ရောင်းချနေမှုများကို လိုက်လံကြည့်ရှုပြီး ဈေးကွက်ရရှိမှုနှင့် ဈေးရောင်းချရရှိမှု အခြေအနေများကို မေးမြန်းအားပေးစကား ပြောကြားကာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိကြပြီး ဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေး ထိန်းသိမ်းဆောင်ရွက် ထားရှိမှု၊ ကျေးငှက်တိရစ္ဆာန်များအား စနစ်တကျမွေးမြူ ပြသထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကန်တော်ကြီးအတွင်းရှိ ငါးများနှင့် ဘဲငန်းများအား အစာကျွေးသည်။

ယင်းနောက် ဥယျာဉ်ရှင်းလင်း ဆောင်ခန်းမတွင် နိုင်ငံတော်သမ္မတအား ဥယျာဉ်မှ တာဝန်ရှိသူများက အမျိုးသား ကန်တော်ကြီးဥယျာဉ်ဆိုင်ရာ အချက်အလက်များ၊ နိုင်ငံတော်အကြီးအကဲရောက်ရှိ စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ဥယျာဉ်အတွင်း ရေအရင်းအမြစ် ထိန်းသိမ်းထားရှိမှု၊ ဥယျာဉ်သန့်ရှင်းသာယာလှပရေးအတွက် ဥယျာဉ်ဝန်ထမ်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိမှု၊ ပန်းပွဲတော်များကို နှစ်အလိုက်ကျင်းပပြုလုပ်လျက်ရှိမှုနှင့် အခြား လူထုစုပေါင်း လှုပ်ရှားမှုများကို အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက အမျိုးသားကန်တော်ကြီး ဥယျာဉ်သည် ပြင်ဦးလွင်မြို့၏ အထင်ကရ Land Mark နေရာတစ်ခုဖြစ်သဖြင့် ကန်များ၌ ရေများ အမြဲပြည့်နေပြီး သစ်ပင်ပန်းမန် အလှအပများဖြင့် အစဉ်လှပနေစေရေး ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဥယျာဉ်အတွင်း မျက်စိပသာဒဖြစ်စေရေးအတွက် သစ်ပင်များအား အောက်ခြေရှင်းခြင်း၊ အလင်းဖွင့်ခြင်းများကို ဆောင်ရွက်သွားရန်နှင့် သဘာဝအတိုင်း နှစ်လိုချမ်းမြေ့ဖွယ် မြင်ကွင်းရရှိစေရေး ဆောင်ရွက်သွားရန် လိုကြောင်း၊

ပြင်ဦးလွင်ဒေသတွင် ဆယ့်နှစ်လရာသီပတ်လုံး ဖူးပွင့်နိုင်ပြီး ရနံ့စုံသည့် ပန်းမျိုးစုံရှိသည့်အတွက် ဒေသသို့ လာရောက်ကြသည့် ခရီးသွားအပန်းဖြေသူ ဧည့်သည်များ မည်သည့်အချိန်တွင် လာရောက်သည်ဖြစ်စေ စိတ်ချမ်းသာမှုရှိစေရေး ပန်းများအမြဲမပြတ် ဖူးပွင့်လှပနေအောင် စီမံဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ပန်းတို့၏ သဘောသည် လူကိုလန်းဆန်းစေပြီး လူတိုင်းနှစ်သက်ကြကြောင်း၊ ပန်းအလှအပများ၊ ကန်ရေပြင်၊ အေးမြလတ်ဆတ်သည့် ရေထု၊ လေထုတို့ဖြင့် မြို့ကိုလာရောက်သူများ စိတ်အေးချမ်းမှုရရှိစေရန် ပေးစွမ်းနိုင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကန်တော်ကြီးဥယျာဉ် အမြဲ စိမ်းလန်းစိုပြည်စေရေး၊ ရေကန်များ ရေဝင်ရေထွက် ကောင်းမွန်စေရေး တာဝန်ရှိသူတို့က ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက် ကြရန်လိုကြောင်း။

ဒေသမျိုးရင်းပန်းများဖြစ်သည့် မေမြို့ပန်းနှင့် ဂန္ဓမာပန်းတို့ကို ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရေး မျိုးစေ့ထုတ် လုပ်ဆောင်ရွက်သွားရန်နှင့် ပန်းများ၏အရောင်အဆင်း၊ ရနံ့များ ပိုမိုကောင်းမွန်စေရေး သုတေသနပြု စိုက်ပျိုးသွားရန်လိုကြောင်း၊ ဥယျာဉ်အတွင်းပန်းများ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဖူးပွင့်လှပနေစေရေး Master Plan စနစ်တကျရေးဆွဲ၍ Green House များဖြင့် စိုက်ပျိုး သွားရန်၊ တောတွင်း လျှောက်လမ်းအား အသစ်ပြန်လည်တည်ဆောက်သွားရန်၊ ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုနှင့် ညီညွတ်မျှတသည့် ရာသီဥတုကိုဖော်ဆောင်နိုင်ရေး ဝါးစိုက်ခင်းများ တည်ထောင်ကာ ဝါးပင်များအကြား ဝါးပင်တန်းလျှောက်လမ်း တည်ဆောက်သွားရန်၊ ချယ်ရီပင်များ ကိုလည်း တိုးချဲ့စိုက်ပျိုးသွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတက ချယ်ရီရိပ်ဖောင်ဒေးရှင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပရာ အလှူငွေများ မပေးအပ်မီ နိုင်ငံတော်သမ္မတက ချယ်ရီရိပ် ဖောင်ဒေးရှင်းကို စစ်တက္ကသိုလ်ကျောင်းဆင်း အရာရှိကြီးများ၊ သင်ကြားရေး တာဝန် ထမ်းဆောင်ခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများက ဦးဆောင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဆရာကြီး၊ ဆရာမကြီးတို့သည် မိဘနှင့် တစ်ဂိုဏ်းတည်းထားရမည့် ဒုတိယမိဘများပင်ဖြစ်ကြောင်း၊ မိမိတို့ကျောင်းဆင်းအရာရှိများအပေါ် လူကောင်းသူကောင်းများ ဖြစ်စေရေး၊ ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေး လေ့ကျင့်သင်ကြား မွေးထုတ်ပေးခဲ့ခြင်းပင်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း Guardian စနစ်ဖြင့် ဆင့်ကဲကွပ်ကဲအုပ်ချုပ်ကြရပြီး အထက်အောက် စနစ်တကျ ညီညွတ်မျှတစွာ ညီရင်း အစ်ကိုသဖွယ် မိဘသဖွယ်စောင့် ရှောက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်သူ Guardian များသာမက ဆရာ ဆရာမများသည်လည်း သွန်သင်ဆုံးမမှုများ၊ စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ မိမိတို့အား မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်တတ်စေရေး၊ ခေါင်းဆောင်ကောင်းများဖြစ်လာစေရေး သင်ကြားလေ့ကျင့်ပေးခဲ့သည့် ဆရာ ဆရာမများ၊ အုပ်ချုပ်သူများ အားလုံးကို မိမိတို့အနေဖြင့် အစဉ်အမြဲအမှတ်ရ ကျေးဇူးတင်ရှိနေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (ဗိုလ်ချုပ်မှူးကြီးအငြိမ်းစား) နှင့် အလှူရှင်များက ချယ်ရီရိပ် ဖောင်ဒေးရှင်းအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူ ကြပြီး အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်သည်။

အနီးစခန်းလေဆိပ်

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အနီးစခန်းလေဆိပ်သို့ ရောက်ရှိကြပြီး လေဆိပ် အဆင့်မြှင့်တင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ နယ်မြေခံ စစ်အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူ တစ်ဦးက လေယာဉ်ကွင်းဆိုင်ရာ အချက်အလက်များ၊ နိုင်ငံတော်အကြီးအကဲ ရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လေယာဉ်ကွင်း အဆင့်မြှင့်တင်ရာတွင် အရည်အသွေး ပြည့်မီမှုရှိစေရေးအတွက် အရည်အသွေး စစ်ဆေးထိန်းသိမ်းရေးအဖွဲ့ဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လေဆိပ် အဆောက်အအုံသစ် တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ လေယာဉ်ရပ်နားရန် နေရာသစ် တည်ဆောက်ခြင်းလုပ်ငန်းနှင့် လေဆိပ်အဝင်လမ်းနှင့် လေဆိပ်ဝန်းကျင်အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လေကြောင်းထိန်း မျှော်စင်အသစ် တည်ဆောက် ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ယခုလေဆိပ်ကို အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းသည် ပြည်တွင်းခရီးစဉ်များအတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ ပြင်ဦးလွင် ဒေသမှထွက်ရှိသည့် သစ်သီးများနှင့် ပန်းမန်များအား အခြားဒေသများသို့ လွယ်ကူလျင်မြန်စွာဖြင့် သယ်ယူပို့ဆောင်နိုင်ရန်နှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ လေဆိပ်အသစ် တည်ဆောက်ထားမှု အခြေအနေအရ တစ်ရက်လျှင်ခရီးသွား ၁၀၀၀ ခန့် ဝင်ထွက်နိုင်အောင် ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် လေဆိပ်အတွင်း ခရီးသွားပြည်သူများနားနေရန် အတွက် ထိုင်ခုံနေရာချထားမှုများကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ လေယာဉ် ပြေးလမ်းအား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင်လည်း သတ်မှတ်ထားသည့် စံချိန်စံညွှန်းအတိုင်း ဖြစ်စေရေး စနစ်တကျတွက်ချက် တည်ဆောက်အဆင့်မြှင့်တင်သွားရန်လိုကြောင်း၊ လေဆိပ်တွင် လေယာဉ်ဆင်းသက်မှုနှင့် ထွက်ခွာမှုများ အန္တရာယ်ကင်းရှင်းစေရေးအတွက် စနစ်တကျဆောင်ရွက် သွားရန်လိုကြောင်း၊ လေဆိပ်ပတ်ဝန်းကျင် စိမ်းလန်းသာယာမှုရှိစေရေးအတွက် သစ်ပင်များကို စိုက်ပျိုးသွားရန်လိုကြောင်း နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

MDN