ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ၌ ကျွဲ၊ နွားများအား ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

News Image

  • ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ၌ ကျွဲ၊ နွားများအား ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ရွှေဘို မေ ၁၇

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ၌ ရက်(၁၀၀)စီမံချက် ကာလအတွင်း တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မွေးမြူရေး အသိပညာပေးခြင်း၊ ကျွဲ၊ နွားများအား ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို  မေ ၁၇ ရက်က ဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ရာ၌ ရွှေဘိုခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ ထွေးထွေးမွန်၏ ကြီးကြပ်မှုဖြင့် မြို့နယ် မွေးမြူရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ မော်မြင့်ဦးနှင့် ဝန်ထမ်းများက ဘုတ်ကုန်းကျေးရွာရှိ ကျွဲ၊ နွား ကောင်ရေ ၃၀၀ ကျော်အား ထောင့် သန်းရောဂါ ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးသည်။ ထို့နောက် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက ကျွဲ၊ နွား မွေးမြူသူများအား တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ နည်းလမ်းများနှင့် နေကြာသီးနှံ အထွက်တိုးစေရန်အတွက် ပျားမွေးမြူရေးကို တွဲဖက် လုပ်ကိုင်စေရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

 

အောင်ထွန်းခိုင်(ပြန်/ဆက်)

MDN