ချမ်းမြသာစည်မြို့နယ်၌ 20 MVA Transformer အား ဝန်အားတိုးမြှင့်ဆောင်ရွက်
မန္တလေး မေ ၁၇
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၌ ၃၃/၁၁ ကေဗွီချီပါ ဓာတ်အားခွဲရုံတွင် မူလတပ်ဆင်ထားရှိတော့ 20 MVA Transformer မှ ဝန်အားတိုးမြှင့်၍ နောက်ထပ် 10 MVA Transformer အသစ်တစ်လုံး ဝန်အားတိုးမြှင့် ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်သည်။
အဆိုပါ (10+20)MVA Transformer ဝန်အားတိုးမြှင့်ဆောင်ရွက်ခဲ့သဖြင့် ချီပါဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော တမ္မဝတီရပ်ကွက်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ သံလျက်မော်တောင်ရပ်ကွက်၊ ချမ်းမြသာစည်တောင်ရပ်ကွက်နေ ပြည်သူများအနေဖြင့် ယခင်ထက် လျှပ်စစ်ဓာတ်အားကို ပိုမိုပြည့်ဝစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
အလင်းသစ်(ချမ်း/စည်)
MDN
MM-News-Category

,
,
,
,