ပျော်ဘွယ်မြို့နယ်၌ အခမဲ့ကွင်းဆင်း‌ဆေးကုသမှု ဆောင်ရွက်

News Image

  • ပျော်ဘွယ်မြို့နယ်၌ အခမဲ့ကွင်းဆင်း‌ဆေးကုသမှု ဆောင်ရွက်

ပျော်ဘွယ် မေ ၁၇

 

ရမည်းသင်းခရိုင် ကုသရေးဦးစီးဌာနက ဦးဆောင်၍ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည်သူများအား မေ ၁၅ ရက် နံနက်ပိုင်းက အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်း ဆောင်ရွက်သည်။

 

ကွင်းဆင်းဆေးကုသရာတွင် ရမည်းသင်းခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအိအိခင်နှင့် အထူးကုဆရာဝန်ကြီးများ၊ သူနာပြု ဆရာ ဆရာမများက ရောဂါဖြစ်ပွားမှုစာရင်းကောက်ယူခြင်း၊ ရောဂါစစ်ဆေးခြင်း၊ ရှာဖွေခြင်း၊ တစ်ဦးချင်းစီအလိုက် ရောဂါဖြစ်ပွားမှုအပေါ်မူတည်၍ လိုအပ်သောအကြံဉာဏ်များပေးခြင်း၊ ကုသပေးခြင်း၊ လိုအပ်သော ဆေးဝါးများပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ရမည်းသင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

 

ရမည်းသင်းခရိုင် ကုသရေးဦးစီးဌာနအနေဖြင့် ရက် (၁၀၀) ကာလအတွင်း ကျေးရွာများသို့ ကွင်းဆင်း၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

MDN