ရေကြည်မြို့နယ်၌ နွေစပါးရိတ်သိမ်းမှု ကွင်းဆင်းစစ်ဆေး

News Image

  • ရေကြည်မြို့နယ်၌ နွေစပါးရိတ်သိမ်းမှု ကွင်းဆင်းစစ်ဆေး

ရေကြည် မေ ၂၀

 

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက သမဝါယမအသင်းသားများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေးအတွက် တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေစီမံကိန်းဖြင့် ဆောင်ရွက်သော နွေစပါးရိတ်သိမ်းမှုကို ကွင်းဆင်းစစ်ဆေးသည်။ 

 

ထိုသို့စစ်ဆေးရာတွင် ဆီဆုံကုန်းကျေးရွာ ဆင်းဧကရီ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားတောင်သူ ဒေါ်သီတာ၏ လယ်မြေ‌တွင်(အောင်နိုင်တိုး) မျိုးစေ့ထုတ် နွေစပါး ၁၀ ဧကရိတ်သိမ်းမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တစ်ဧကလျှင် စပါးအထွက်နှုန်း တင်း ၁၀၀ ထွက်ရှိခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

MDN