မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ၌ နိုင်ငံတကာရိုးရာအကပြိုင်ပွဲ ကျင်းပ

News Image

  • မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ၌ နိုင်ငံတကာရိုးရာအကပြိုင်ပွဲ ကျင်းပ

မြစ်ကြီးနား မေ ၂၈

 

၂၀၂၆ ခုနှစ် မြန်မာ့လက်ရွေးစင် အသက်(၁၉)နှစ်အောက် အမျိုးသမီး ဖူဆယ်ဘောလုံးအသင်း ဖွဲ့စည်းနိုင်ရေးအတွက် ကချင်ပြည်နယ် အမျိုးသမီးဖူဆယ် အားကစားသမားများအနက် ပဏာမ ရွေးချယ်ထားသော ဘောလုံးအသင်းနှင့် ပြည်နယ်အကြီးတန်း ဖူဆယ်အမျိုးသမီးဘောလုံးအသင်းနှင့် ခြေစမ်းကစားပွဲကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် ကြည့်ရှုအားပေးပြီး ဘောလုံးအသင်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ထို့နောက် မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ လူငယ်များ မိတ်သဟာယအသင်း (IYF) က ကြီးမှူးကျင်းပသည့် Azalea Stars အကအဖွဲ့၏ နိုင်ငံတကာ ရိုးရာအကပြိုင်ပွဲ (2026 Cultural Dance Competition) သို့ တက်ရောက်ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ယင်းနောက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဆွတ်ငိုင်တောင်စခန်း၌ ဖားကန့်မြို့နယ် ရှရော်ခ၊ မနား၊ ဆိုင်းဂျာဘွမ်၊ ဆွတ်ရာ၊ မျောက်ဖြူကျေးရွာတို့နှင့် အကြဲကျေးရွာတို့မှ လာရောက်ခိုလှုံ နေထိုင်သော အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံပြီး အိမ်ထောင်စု ၁၂၁ စုတို့အတွက် ဆန် ၂၄ ပြည်အိတ် ၇၀ နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

MDN