အမေရိကန်သည် ကမ္ဘာ့စီးပွားရေးကို လွှမ်းမိုးချုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာ စွမ်းအင်ထောက်ပံ့ရေး လမ်းကြောင်းအားလုံးကို လက်ဝါးကြီး အုပ်ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက ဒါးဗို့စ်မြို့၌ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ် မိန့်ခွန်းအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ ဦးဆောင်မှုအောက်တွင် အမေရိကန်သည် စီးပွားရေးလုပ်ငန်းများအတွက် ကမ္ဘာ့အလားအလာအကောင်းဆုံးနိုင်ငံ ဖြစ်လာခဲ့ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ ထို့ပြင် အမေရိကန်သည် ကမ္ဘာ့စီးပွားရေး၏ မောင်းနှင်အားဖြစ်ကြောင်းနှင့် "အခြားနိုင်ငံများအနေဖြင့် အမေရိကန်၏ စီးပွားရေးအတက်အကျအတိုင်း လိုက်ပါဖြစ်ပေါ်နေမည်" ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်ကျရောက်မည့် သံတမန်များနေ့ (Diplomatic Workers’ Day) အထိမ်းအမှတ်အဖြစ် တနင်္လာနေ့ (ဖေဖော်ဝါရီ ၉) က TV BRICS မီဒီယာကွန်ရက်နှင့် ပြုလုပ်သော အင်တာဗျူးတွင် လာဗရော့ဗ် က အထက်ပါအတိုင်း တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ၎င်းက "ကမ္ဘာ့စီးပွားရေးကို လွှမ်းမိုးလိုသည့် အမေရိကန်၏ရည်မှန်းချက်ကို ဖော်ဆောင်ရာတွင် တရားမျှတသော ယှဉ်ပြိုင်မှုနှင့်ဆန့်ကျင်ဘက်ဖြစ်သည့် ဖိအားပေးအကျပ်ကိုင်မှု နည်းလမ်းအမြောက်အမြားကို အသုံးပြုနေသည်" ဟု ဝေဖန်ခဲ့သည်။
ယင်းကဲ့သို့ တွန်းအားပေးလုပ်ဆောင်မှုများ၏ အစိတ်အပိုင်းတစ်ခုအဖြစ် အမေရိကန်သည် "ကမ္ဘာ့ထိပ်သီးနိုင်ငံများနှင့် တိုက်ကြီးများအားလုံးသို့ စွမ်းအင်အရင်းအမြစ်များ ပို့ဆောင်ပေးနေသည့် လမ်းကြောင်းအားလုံးကို ထိန်းချုပ်ရန်လုပ်ဆောင်နေခြင်းဖြစ်သည်" ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။
"ဥရောပတိုက်တွင် လွန်ခဲ့သောသုံးနှစ်ခန့်က ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရသည့် Nord Stream ဓာတ်ငွေ့ပိုက်လိုင်းများ၊ ယူကရိန်း၏ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးစနစ်နှင့် TurkStream လမ်းကြောင်းတို့ကို ၎င်းတို့ (အမေရိကန်) က မျက်စိကျနေခြင်းဖြစ်သည်" ဟု ဝန်ကြီး လာဗရော့ဗ်က ဆိုသည်။ ထို့ပြင် ပြီးခဲ့သည့် ဆောင်းဦးရာသီက ရုရှား၏ အကြီးဆုံး ရေနံကုမ္ပဏီများဖြစ်သော Lukoil နှင့် Rosneft တို့အပေါ် ဝါရှင်တန်က ချမှတ်ခဲ့သည့် ပိတ်ဆို့အရေးယူမှုများကိုလည်း ၎င်းက ရည်ညွှန်းပြောဆိုခဲ့သည်။
အမေရိကန်သည် ပင်လယ်ပြင်အတွင်း ရေနံတင်သင်္ဘောများကို တိုက်ခိုက် ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း၊ ဗင်နီဇွဲလားနိုင်ငံအပေါ် ရေနံ ပိတ်ဆို့မှု ပြုလုပ်မည်ဟု ကြေညာခဲ့ပြီး ဇန်နဝါရီလအစောပိုင်းတွင် ရေနံ ကြွယ်ဝသော ထိုနိုင်ငံ၏ သမ္မတ နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း လာဗရော့ဗ်က ပြောကြားခဲ့သည်။
"ဥရောပနိုင်ငံတွေကို ရုရှားစွမ်းအင်မဝယ်ရန် ကာလရှည်ကြာ တားမြစ်ထားသလိုမျိုး အိန္ဒိယနှင့် တခြားမိတ်ဖက်နိုင်ငံတွေကိုလည်း ဈေးနှုန်းချိုသာသည့် ရုရှားစွမ်းအင်အရင်းအမြစ်တွေ ဝယ်ယူခြင်းကို တားမြစ်ရန် ၎င်းတို့ ကြိုးစားနေကြပါသည် ၊ ပြီးတော့ အဆမတန်မြင့်မားသည့် ဈေးနှုန်းများနှင့် အမေရိကန်၏ LNG ကိုပဲ ဝယ်ယူရန် အတင်းအကျပ် ဖိအားပေးနေတာပါ" ဟု ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂

အီရန်နိုင်ငံ တီဟီရန်မြို့၌ ဖေဖော်ဝါရီ ၁၆ မှ ၁၈ ရက်အထိ ကျင်းပမည့် ရုရှား–အီရန် အစိုးရအကြား ပူးပေါင်းညှိနှိုင်းရေးကော်မရှင် အစည်းအဝေး တွင် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အများအပြား လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း ရုရှား စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။
အဆိုပါ သတင်းသည် စွမ်းအင်ဝန်ကြီး Sergey Tsivilev နှင့် ရုရှား နိုင်ငံ ဆိုင်ရာ အီရန်သံအမတ်ကြီး Kazem Jalali တို့ တွေ့ဆုံပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။
“လာမည့် နှစ်နိုင်ငံအစိုးရအကြားကျင်းပမည့် ကော်မရှင် အစည်းအဝေး တွင် လက်မှတ်ရေးထိုးမည့် စာချုပ်စာတမ်းများနှင့် သဘောတူညီချက်များမှာ နိုင်ငံခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့သော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုစာချုပ်ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်သည်” ဟု ရုရှားစွမ်းအင်ဝန်ကြီးဌာနက ထပ်လောင်း ပြောကြားထားပါသည်။
ထို့အပြင် ထိုအစည်းအဝေး၌ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အရေးပါသည့် ကိစ္စရပ်များအပေါ် အစိုးရ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များက အစီရင်ခံတင်ပြမှုများလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာနက ထပ်မံဖော်ပြထားပါသည်။
ကိုးကား - TASS
ဘာသာပြန်ဆိုသူ - ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၃

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် မလေးရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် သွားရောက်ပြီး ဖေဖော်ဝါရီလ ၈ ရက်တွင် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် လုံခြုံရေးနယ်ပယ်တို့၌ မဟာဗျူဟာမြောက်
ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန် အတည်ပြုသည်။ ယခုတွေ့ဆုံမှုသည် နှစ်နိုင်ငံအကြား တည်ရှိပြီးသားဖြစ်သည့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် ခေါင်းဆောင်နှစ်ဦးသည် ကုန်သွယ်ရေးနှင့် နည်းပညာကဏ္ဍများ၌ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ၁၁ ခုကိုလက်မှတ်ရေးထိုးသည်။ အထူးသဖြင့် နှစ်နိုင်ငံကုန်သွယ်မှု၌ ဒေသတွင်းသုံးငွေကြေးများဖြစ်သည့် ရူပီးနှင့် ရင်းဂစ်တို့ကိုအသုံးပြုရန် သဘောတူညီချက်ရရှိခြင်းမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် အရေးပါသော ခြေလှမ်း
တစ်ခုဖြစ်သည်။ ထို့ပြင် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍများတွင်လည်း အပြန်အလှန် အကူအညီပေးသွားရန် ကတိပြုသည်။ကုန်သွယ်ရေးနှင့်အတူ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ရေကြောင်းလုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ထောက်လှမ်းရေးသတင်းဖလှယ်ရေး လုပ်ငန်းစဉ်များကိုပိုမိုမြှင့်တင်ရန် အိန္ဒိယဝန်ကြီးချုပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့ကသဘောတူကြောင်း ဒေသတွင်းသတင်းဌာနများက ဖော်ပြထားသည်ဟုသိရသည်။
Ref: RT
MWD

စီးပွားရေးဆက်ဆံမှုများ ပိုမိုနက်ရှိုင်းစေရန်၊ တောင်အာဖရိက ပို့ကုန်များကို တရုတ်ဈေးကွက်အတွင်းသို့ အကောက်ခွန်မဲ့ ဝင်ရောက်ခွင့်ပြုရန်နှင့် ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုများကိုချဲ့ထွင်ရန်အတွက် ပရီတိုးရီးယားနှင့် ပေကျင်းတို့သည် ကုန်သွယ်ရေးသဘောတူညီချက်အသစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
တရုတ်-အာဖရိက စီးပွားရေးမိတ်ဖက်ဆက်ဆံမှု သဘောတူညီချက် (CAEPA) ကို တောင်အာဖရိက ကုန်သွယ်ရေး၊ စက်မှုနှင့် ပြိုင်ဆိုင်မှုဆိုင်ရာဝန်ကြီး Parks Tau နှင့် တရုတ် စီးပွားကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
ဝန်ကြီး Tau သည် ပူးတွဲစီးပွားရေးနှင့် ကုန်သွယ်ရေးကော်မရှင် (JETC) အစည်းအဝေးသို့ တောင်အာဖရိက ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားရောက်ခဲ့သည့် ပေကျင်းမြို့တွင် အဆိုပါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ တရုတ်စီးပွားကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ဝန်ကြီး Wang ၏ တရားဝင်ဖိတ်ခေါ်မှုကို ရရှိပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
"ဘုံသာယာဝပြောရေးအတွက် စီးပွားရေးမိတ်ဖက်ဆက်ဆံမှုဆိုင်ရာ မူဘောင်သဘောတူညီချက်" ဟု တရားဝင်အမည်ပေးထားသော CAEPA ကို ၂၀၂၆ ခုနှစ် မတ်လကုန်တွင် Early Harvest Agreement ဆိုင်ရာ ညှိနှိုင်းမှုများက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းသည် တောင် အာဖရိက ပို့ကုန်ထုတ်ကုန်များအတွက် အကောက်ခွန်မဲ့ ဝင်ရောက်ခွင့်ကို ရရှိစေမည်ဖြစ်ကာ တောင်အာဖရိကအတွင်းသို့ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုအားကောင်းလာစေမည်ဖြစ်သည်။
ကုန်သွယ်ရေး၊ စက်မှုနှင့် ပြိုင်ဆိုင်မှုဆိုင်ရာဝန်ကြီးဌာနက အဆိုပါ မူဘောင်သဘောတူညီချက်သည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို လွှမ်းခြုံထားကြောင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ မူဝါဒများ၊ နှစ်နိုင်ငံလုံး၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနှင့် ကိုက်ညီနေစေလျက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် တည်ငြိမ်ပြီး ခန့်မှန်းရလွယ်ကူသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အိန္ဒိယနိုင်ငံ၏ ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှုသည် ၃၈ လတာအတွင်း အနိမ့်ဆုံးအဆင့် (အမေရိကန် ဒေါ်လာ ၂.၇ ဘီလီယံ) သို့ သိသိသာသာကျဆင်းသွားကြောင်း အိန္ဒိယ သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ ယခင်လက အိန္ဒိယ၏ စုစုပေါင်းရေနံတင်သွင်းမှုတွင် ရုရှားရေနံသည် ၃၄% အထိ ရှိခဲ့သော်လည်း ယခု အခါ ၂၅% အောက်သို့ လျော့ကျသွားခြင်းဖြစ်သည်။
အဆိုပါအခြေအနေသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိန္ဒိယ သည် ရုရှားရေနံဝယ်ယူမှုကို ရပ်ဆိုင်းရန် သဘောတူညီခဲ့သည်ဟု ကြေညာခဲ့သည့် ကုန်သွယ်ရေးသဘောတူညီချက်နှင့် တိုက်ဆိုင်နေသော်လည်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကမူ ထိုသဘောတူညီချက်နှင့် ရုရှားရေနံကိစ္စကို တိုက်ရိုက်ဆက်စပ်ပြောဆိုရန် ရှောင်လွှဲနေဆဲဖြစ်သည်။
အိန္ဒိယသည် အမေရိကန်ထံမှ ရေနံတင်သွင်းမှုကို မြှင့်တင်လာခဲ့ရာ ဒီဇင်ဘာလအတွင်း အမေရိကန်မှ တင်သွင်းမှုမှာ ၃၁% ပိုမိုမြင့်တက်လာခဲ့သည်။ သို့သော်လည်း ရုရှားအစိုးရကမူ အိန္ဒိယဘက်မှ ရေနံဝယ်ယူမှုရပ်ဆိုင်းမည့် ဆုံးဖြတ်ချက်ကို တစ်စုံတစ်ရာ သိရှိထားခြင်းမရှိကြောင်း တုံ့ပြန်ထားသည်။ ကျွမ်းကျင်သူများ၏အဆိုအရ အိန္ဒိယ ရေနံချက်စက်ရုံများအနေဖြင့် ရုရှားနှင့်ချုပ်ဆိုထားသော လက်ရှိစာချုပ်များကို အပြီးသတ်ရန် အချိန်ကာလတစ်ခုလိုအပ်မည်ဖြစ်ပြီး နယူးဒေလီ အစိုးရကလည်း တရားဝင်ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ထားခြင်း မရှိသေးပေ။
Bloomberg ၏ သုံးသပ်ချက်အရ အိန္ဒိယအနေဖြင့် ရုရှားရေနံကို လုံးဝ ရပ်တန့်ရန် ခဲယဉ်းနိုင်ကြောင်း သိရှိရသည်။ ရုရှားရေနံသည် အမေရိကန် သို့မဟုတ် ဗင်နီဇွဲလားထံမှ တင်သွင်းသည်ထက် သယ်ယူပို့ဆောင်ရေး ပိုမိုမြန်ဆန်ခြင်း၊ ဈေးနှုန်းလျှော့ပေးခြင်းနှင့် ကုန်ကျစရိတ်သက်သာခြင်း စသည့် အားသာချက်များ ရှိနေခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် ဗင်နီဇွဲလား၏ ရေနံထုတ်လုပ်မှု အကန့်အသတ်ရှိနေခြင်းကလည်း အိန္ဒိယအတွက် ရွေးချယ်စရာ နည်းပါးစေသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာက အမေရိကန်-အိန္ဒိယ ကုန်သွယ်ရေးသဘောတူညီချက်သည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဝါရှင်တန်ဒီစီ၌ ပြောကြားခဲ့ရာ ရှေ့ဆက်ဖြစ်ပေါ် လာမည့် အိန္ဒိယ၏ စွမ်းအင်မူဝါဒအပြောင်းအလဲမှာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည့် အခြေအနေတွင် ရှိနေပါသည်။

ဖိလစ်ပိုင်နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်ရန် လုပ်ဆောင်နေချိန်တွင် Lufthansa နှင့် FedEx Corp တို့သည် ဖိလစ်ပိုင်ရှိ အမေရိကန် လေတပ်အခြေစိုက်စခန်းဟောင်းတစ်ခု၌ သီးခြားစီလုပ်ငန်းခွဲများ တည်ဆောက်ရန်အတွက် ဒေါ်လာ ၆၀၀ သန်းကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အဆင့်မြင့်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်ကုမ္ပဏီ MacroAsia Corp နှင့် Lufthansa Technik တို့ အကျိုးတူပူးပေါင်းထားသည့် Lufthansa Technik Philippines သည် Pampanga ပြည်နယ်ရှိ Clark အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းနှင့် စစ်ဆေးခြင်း (MRO) အဆောက်အအုံတစ်ခု တည်ဆောက်ရန်အတွက် ဒေါ်လာ ၄၀၀ သန်း ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း Bases Conversion and Development Authority ၏ ဥက္ကဋ္ဌနှင့် စီအီးအို Joshua Bingcang က ပြောကြားခဲ့သည်။
အဆိုပါအေဂျင်စီသည် စစ်ဘက်ဆိုင်ရာ မြေနေရာဟောင်းများကို စီးပွားရေးအချက်အချာနေရာများအဖြစ် ဖော်ဆောင်ပေးနေပြီး ထိုလုပ်ငန်းများမှရရှိသော ဝင်ငွေများသည် စစ်တပ်အဆင့်မြှင့်တင်ရေးအတွက် ရန်ပုံငွေအဖြစ် အထောက်အကူပြုမည်ဖြစ်သည်။
အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံများနှင့်နှိုင်းယှဉ်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရာတွင် နောက်ကောက်ကျန်နေသော ဖိလစ်ပိုင် နိုင်ငံသည် ဒေသတွင်းသို့ ၎င်းတို့၏ လုပ်ငန်းများကို တိုးချဲ့ရန်နှင့် နယ်ပယ်စုံဖြန့်ကြက်ရန် ကြိုးပမ်းနေသည့် ကုမ္ပဏီများအတွက် ဗဟိုချက်တစ်ခုအဖြစ် မိမိကိုယ်ကို ပုံဖော်လျက်ရှိသည်။
အာဆီယံရင်းနှီးမြှုပ်နှံမှုအစီရင်ခံစာ (Asean Investment Report) မှ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၉ ဘီလီယံအထိ ရှိခဲ့ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင်မူ ဒေါ်လာ ၁၁ ဘီလီယံမှ ၂၄ ဘီလီယံအကြား ရှိခဲ့ကြောင်း ပြသနေသည်။
မြို့တော်၏ အဓိကလေဆိပ်တွင် လက်ရှိလုပ်ငန်းလည်ပတ်မှုရှိနေသော Lufthansa Technik Philippines သည် လာမည့်နှစ်နှစ်မှ သုံးနှစ်အတွင်း ၁၅ ဟက်တာကျယ်ဝန်းသည့် မြေနေရာပေါ်တွင် Airbus A380 ဂျမ်ဘိုလေယာဉ်ကြီးများကဲ့သို့သော လေယာဉ်များကို ဝန်ဆောင်မှုပေးနိုင်မည့် အဆောက်အအုံတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း Bingcang က ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၅) တွင် ပြောကြားခဲ့သည်။
မနီလာမြို့ပြင်ပရှိ အဓိကလေကြောင်းဗဟိုချက်ဖြစ်သော Clark တွင် Singapore Airlines နှင့် Metrojet တို့သည်လည်း MRO (လေယာဉ်ပြုပြင်ထိန်းသိမ်းရေး) စခန်းများ ရှိကြသည်။ တစ်ချိန်တည်းမှာပင် FedEx သည် Clark ရှိ ၎င်း၏ လက်ရှိအဆောက်အအုံကို တိုးချဲ့လျက်ရှိပြီး ဒေါ်လာ သန်း ၂၀၀ ကျော် သုံးစွဲသွားမည်ဖြစ်ကြောင်း Bingcang က ဆိုသည်။
ထို့အပြင် Korean Water Resources Corp နှင့် Maynilad Water Services Inc တို့သည်လည်း ရေပေးဝေရေးနှင့် မိလ္လာစနစ်ဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်ရန် ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုချက်တင်သွင်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

ဘစ်ကွိုင် (Bitcoin) စျေးနှုန်းသည် ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၅) တွင် ဒေါ်လာ ၆၃,၀၀၀ အောက်သို့ ထိုးဆင်းသွားခဲ့ပြီး Crypto ကို လိုလားသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြီးခဲ့သည့်နှစ်တွင် ရာထူးတက်လာကတည်းက ရရှိခဲ့သည့်အကျိုးအမြတ်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။
ဒီဂျစ်တယ်ငွေကြေးသည် တစ်ရက်အတွင်း ၁၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ၆၂,၅၇၆ ဒေါ်လာသို့ ရောက်ရှိခဲ့ရာ ၎င်းသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလနောက်ပိုင်း အနိမ့်ဆုံးစျေးနှုန်းဖြစ်သည်။ အဆိုပါ ထိုးဆင်းသွားမှုသည် လွန်ခဲ့သည့် အောက်တိုဘာလက ဒေါ်လာ ၁၂၀,၀၀၀ ကျော် ဖြင့် စံချိန်တင်ခဲ့သည့် တန်ဖိုး၏ ထက်ဝက်နီးပါးကို ပျောက်ဆုံးစေခဲ့သည်။ ထိုစံချိန်တင်စျေးနှုန်းမှာ အမေရိကန်နိုင်ငံကို "ကမ္ဘာ့ Crypto ဗဟိုချက်" အဖြစ် တည်ထောင်မည်ဟူသော ထရမ့်၏ ကတိကဝတ်များနှင့် မူဝါဒများကြောင့် ဖြစ်ပေါ်လာခြင်းဟု လူအများက ယူဆခဲ့ကြသည်။
လတ်တလောဖြစ်ပွားနေသော ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများသည် ပိုမိုတွန့်ဆုတ်လာပြီး စွန့်စားရမှုကို ရှောင်လွှဲလာကြသဖြင့် Crypto စျေးကွက်များပြိုလဲသွားခြင်းဖြစ်ကြောင်း Bloomberg ၏ ဖော်ပြချက်အရ သိရှိရသည်။
"Bitcoin စျေးနှုန်းသည် စိတ်ပညာအရ အရေးပါသော အတားအဆီးဖြစ်သည့် ဒေါ်လာ ၇၀,၀၀၀ အောက်ကို ဆက်တိုက်ကျဆင်းနေသောကြောင့် Crypto စျေးကွက်သည် ယခုဆိုလျှင် အလုံးစုံ လက်လျှော့အရှုံးပေးသည့် (Capitulation) အခြေအနေကို အပြည့်အဝ ရောက်ရှိသွားပြီဆိုသည်မှာ ထင်ရှားပါသည်" ဟု Coin Bureau ကို တည်ထောင်သူ Nic Puckrin ပြောကြားချက်ကို ကိုးကား၍ Investing.com ဝက်ဘ်ဆိုက် က ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၅) တွင် ဖော်ပြခဲ့သည်။
"ယခင်က ဖြစ်ခဲ့သည့် သံသရာတွေကိုကြည့်မည်ဆိုပါက ယင်းက ရေတို စျေးနှုန်းပြုပြင်ပြောင်းလဲမှု (Correction) မဟုတ်တော့ဘဲ အကူးအပြောင်းကာလတစ်ခုဖြစ်နေပါပြီ... ယခုကဲ့သို့ အခြေအနေများသည် ပုံမှန်အားဖြင့် ရက်သတ္တပတ်သာမကဘဲ လပေါင်းများစွာ ကြာမြင့်တတ်ပါသည်" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကမ္ဘာ့ပထဝီနိုင်ငံရေး မတည်ငြိမ်မှုများမြင့်တက်လာသည်နှင့်အမျှ ကမ္ဘာ့အစီအစဉ်သစ်သည် အိန္ဒိယနိုင်ငံဘက်သို့ ယိမ်းနွဲ့အားသာလာနေပြီ ဟု အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ပြောကြားလိုက်သည်။ အိန္ဒိယ နိုင်ငံသည် နိုင်ငံအများအပြားအတွက် ယုံကြည်စိတ်ချရသော မိတ်ဖက်နှင့် သူငယ်ချင်းကောင်းဖြစ်လာပြီး ကမ္ဘာလုံးဆိုင်ရာ သာယာဝပြောရေးအတွက် ပခုံးချင်းယှဉ်ကာ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြောင်း ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၅) က ပြုလုပ်ခဲ့သည့် အထက်လွှတ်တော် (Rajya Sabha) မိန့်ခွန်းတွင် မိုဒီက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့်လက EU နှင့် ကုန်သွယ်ရေးသဘောတူညီချက် ရရှိခဲ့ပြီးနောက် အမေရိကန်ကလည်း အိန္ဒိယနှင့် ကုန်သွယ်ရေး စာချုပ်သစ်တစ်ရပ်ကို ကြေညာခဲ့ပြီးနောက်ပိုင်း ဝန်ကြီးချုပ်၏ ယခုပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
“အိန္ဒိယအနေဖြင့် နိုင်ငံတကာစင်မြင့်တွေမှာ 'Global South' (ဖွံ့ဖြိုးဆဲနိုင်ငံများ) ၏ ခိုင်မာသည့်အသံ ဖြစ်လာသလို အင်အားကြီးနိုင်ငံများနှင့်လည်း 'အနာဂတ်အတွက် အသင့်ဖြစ်စေမည့် ကုန်သွယ်ရေးသဘောတူညီချက်တွေ' ကို ချုပ်ဆိုနေပြီဖြစ်ပါသည်” ဟု ဝန်ကြီးချုပ်က ဆိုသည်။
အိန္ဒိယနိုင်ငံသည် ဇန်နဝါရီလအတွင်းက ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံနှင့် ချုပ်ဆိုခဲ့သည့် "အကြီးမားဆုံးသော သဘောတူညီချက်" အပါအဝင် မကြာသေးမီက ကုန်သွယ်ရေးစာချုပ် ၉ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဝန်ကြီးချုပ် မိုဒီက လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။
အိန္ဒိယသည် ကမ္ဘာပေါ်တွင် စီးပွားရေးအရှိန်အဟုန်ဖြင့် အတိုးတက်ဆုံးနိုင်ငံများထဲတွင် ပါဝင်နေပြီး ၂၀၃၀ ပြည့်နှစ်တွင် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) အမေရိကန်ဒေါ်လာ ၇.၃ ထရီလီယံ ဖြင့် ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာရန် အသင့်ရှိနေသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံသည် အခွင့်အသာဆုံးသော အခြေအနေများ တစ်ပြိုင်နက်တည်း ပေါင်းဆုံနေသည့်အခြေအနေကို ကြုံတွေ့နေရကြောင်း မိုဒီက ဆိုသည်။ ၎င်းက “ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများသည် အိုမင်းရင့်ရော်လာချိန်မှာ အိန္ဒိယကတော့ ဖွံ့ဖြိုးတိုးတက်မှုအထွတ်အထိပ်ကို ရောက်ရှိနေသလို လူငယ်ဦးရေ ပိုမိုများပြားလာပြီး တက်ကြွလှုပ်ရှားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနေပါသည်” ဟု ပြောကြားခဲ့သည်။
အစိုးရ၏ တရားဝင်ကိန်းဂဏန်းများအရ အိန္ဒိယသည် ကမ္ဘာပေါ်တွင် လူငယ်ဦးရေအများဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ၏ ၆၅ ရာခိုင်နှုန်းနီးပါးမှာ အသက် ၃၅ နှစ်အောက်များ ဖြစ်ကြသည်။ အိန္ဒိယနိုင်ငံ၏ လူသားအရင်းအမြစ်နှင့် အရည်အချင်းများကို ကမ္ဘာက အသိအမှတ်ပြုလာကြသဖြင့် ကမ္ဘာ့နိုင်ငံများ၏ စိတ်ဝင်စားမှုသည် အိန္ဒိယဘက်သို့ သိသိသာသာ မြင့်တက်လာကြောင်း မိုဒီက ဆိုသည်။ အိန္ဒိယ၏ စီးပွားရေးလေ့လာမှုအရ ၂၀၂၆ ဘဏ္ဍာနှစ်တွင် ၇.၄ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားပြီး ၂၀၂၇ ခုနှစ်တွင် ၆.၈ ရာခိုင်နှုန်းမှ ၇.၂ ရာခိုင်နှုန်း အထိ တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။ IMF ၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ်တွင် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် အမေရိကန်ကိုကျော်လွန်၍ ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အကြီးမားဆုံး အထောက်အကူပြုမည့် နိုင်ငံများ ဖြစ်လာမည်ဖြစ်သည်။
ထို့အပြင် အိန္ဒိယသည် အခြားနိုင်ငံများအပေါ်မှီခိုနေရခြင်းမှ ကင်းဝေးစေရန်အတွက် လက်ရှိ ပထဝီနိုင်ငံရေးတွင် လက်နက်သဖွယ်အရေးပါလာသည့် အရေးကြီးသတ္တုများနှင့် မြေရှားသတ္ထုများ (Critical Minerals and Rare-earths) ထုတ်ယူရေးကို အလေးထားဆောင်ရွက်နေကြောင်း မိုဒီ က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် သယံဇာတ ပထဝီမဟာဗျူဟာမြှင့်တင်ရေး ဖိုရမ် (Forum on Resource Geostrategic Engagement) ကို ထောက်ခံအားပေးနေပြီး အမျိုးသားအရေးကြီးသတ္တုများဆိုင်ရာ မစ်ရှင် (National Critical Minerals Mission) ကဲ့သို့သော အစီအစဉ်များမှတစ်ဆင့် ထောက်ပံ့ရေးကွင်းဆက် ကြံ့ခိုင်မှုရှိစေရန် ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေရှန်ကာက ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၄) တွင် ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ “ကမ္ဘာကြီးသည် ၎င်းတို့၏ အနာဂတ်ကို အိန္ဒိယမြေပေါ်မှာ မြင်တွေ့နေရပြီး အိန္ဒိယ၏ လူသားအရည်အချင်းကို ယုံကြည်ကြသလို ၎င်းတို့၏ တောက်ပသည့်အနာဂတ်ကိုလည်း အိန္ဒိယ၏ မျှော်လင့်ချက်ရှိသည့် လမ်းစဉ်ဖြင့် ချိတ်ဆက်ထားကြခြင်းကြောင့် အိန္ဒိယ၏ မရေမတွက်နိုင်သည့် စီမံကိန်းတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်နေခြင်းဖြစ်ပါသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) စီးဝင်မှုမှာ အမေရိကန်ဒေါ်လာ ၆၄.၇ ဘီလီယံ ရှိခဲ့ပြီး လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် ကာလတူရှိ ၅၅.၈ ဘီလီယံထက် ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့၏ လက်တွေ့လုပ်ဆောင်ချက်များသည် ရုရှားနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပြန်လည် ထူထောင်လိုသည်ဟူသော ပြောကြားချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က ဝေဖန်ပြောကြားလိုက်သည်။
သမ္မတထရမ့်သည် လွန်ခဲ့သော တစ်နှစ်ကျော်က အိမ်ဖြူတော်သို့ ဒုတိယ အကြိမ် ပြန်လည်ရောက်ရှိလာပြီးနောက် မော်စကိုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်ဆန္ဒရှိကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် မတ်လအတွင်းက ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဖုန်းဖြင့်ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက်တွင်လည်း ယူကရိန်းပဋိပက္ခ ပြေလည်သွားပါက နှစ်နိုင်ငံကြား ကြီးမားသော စီးပွားရေးသဘောတူညီချက်များ ရရှိလာနိုင်ကြောင်း အိမ်ဖြူတော်က အရိပ်အမြွက် ပြောကြားခဲ့ဖူးသည်။
သို့သော် ဝါရှင်တန်၏ ထိုပြောဆိုချက်များအပေါ် စိတ်ရင်းမှန်ရှိမရှိကို မော်စကိုအနေဖြင့် သံသယရှိကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျရောက်မည့် သံတမန်များနေ့ (Diplomatic Workers’ Day) မတိုင်မီ ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် လာဗရော့ဗ်က ထည့်သွင်းပြောဆိုခဲ့သည်။ ယခင်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရလက်ထက်က ချမှတ်ခဲ့သည့် စီးပွားရေးကန့်သတ်ချက်များမှာ ဆက်လက်တည်ရှိနေဆဲဖြစ်ရုံသာမက ယခုအခါ ရုရှား၏ အကြီးဆုံးရေနံကုမ္ပဏီကြီးများဖြစ်သည့် Lukoil နှင့် Rosneft တို့အပေါ်တွင်လည်း ပထမဆုံးအကြိမ်အဖြစ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းခံထားရကြောင်း ၎င်းက ထောက်ပြခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း အလာစကာပြည်နယ်၊ အန်ကာရေ့ချ် မြို့တွင် ပြုလုပ်ခဲ့သော ထိပ်သီးတွေ့ဆုံပွဲ၌ မော်စကိုအနေဖြင့် ယူကရိန်း အရေး အလုံးစုံဖြေရှင်းရေးအတွက် အမေရိကန်၏ အဆိုပြုချက်ကို ထောက်ခံခဲ့သော်လည်း ထိုတွေ့ဆုံပွဲအပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် ဝါရှင်တန်က ယခုကဲ့သို့ဆောင်ရွက်လာခြင်းမှာ သမ္မတပူတင်အတွက် အံ့အားသင့်စရာဖြစ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြန်ပြောင်း ပြောပြခဲ့သည်။
ထို့ပြင် အမေရိကန်သည် ဗင်နီဇွဲလားနိုင်ငံမှ ရုရှားကုမ္ပဏီများကို ဖယ်ထုတ်ရန် ဗြောင်ကျကျ ကြိုးပမ်းနေကြောင်း ဇန်နဝါရီလအတွင်းက အမေရိကန်ကွန်မန်ဒိုများက ဗင်နီဇွဲလားမြို့တော်ကို စီးနင်းပြီး သမ္မတ နီကိုလပ်စ် မာဒူရိုနှင့် ဇနီးဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းမှာလည်း ယင်းလုပ်ရပ်၏ အစိတ်အပိုင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ တစ်ဆက်တည်းမှာပင် အိန္ဒိယနိုင်ငံကို ရုရှားရေနံ ဝယ်ယူခြင်းမပြုရန် တားမြစ်ခြင်းနှင့် ကျူးဘားနိုင်ငံ၏ အခြေအနေကို အကြောင်းပြကာ အရေးပေါ်အခြေအနေ ကြေညာခြင်းတို့သည် ရုရှား၏ အကျိုးစီးပွားကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
အမေရိကန်သည် ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုများကို တစ်ကမ္ဘာလုံးအတိုင်းအခြင်းဖြင့် ပိတ်ပင်ရန်ကြိုးပမ်းနေပြီး ၎င်းတို့၏ ကိုယ်ပိုင်ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) များဖြင့် အစားထိုးရန်ရည်ရွယ်နေကြောင်း လာဗရော့ဗ်က အလေးပေး ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံထံမှ ရေနံဝယ်ယူရန် ဖြစ်နိုင်ခြေများကို စူးစမ်းလေ့လာရန် အိန္ဒိယနိုင်ငံက လမ်းဖွင့်ထားကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝါရှင်တန်နှင့် နယူးဒေလီတို့အကြား ကုန်သွယ်ရေး သဘောတူညီချက်တစ်ခုရရှိခဲ့ကြောင်း ကြေညာစဉ်တွင် အိန္ဒိယနိုင်ငံသည် ရုရှား ရေနံဝယ်ယူမှုကို ရပ်တန့်ရန်နှင့် အမေရိကန်အပြင် ဗင်နီဇွဲလားနိုင်ငံထံမှပါ ပိုမို ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း တနင်္လာနေ့ (ဖေဖော်ဝါရီ ၂) တွင် ပြောကြား ခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံသည် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု နှစ်ခုစလုံးတွင် စွမ်းအင်ကဏ္ဍ၌ နယူးဒေလီ၏ ရေရှည်လက်တွဲဖော်ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၅) သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့၏ စွမ်းအင်လုံခြုံရေးဆိုင်ရာ ချဉ်းကပ်မှုနှင့်အညီ ဗင်နီဇွဲလားနိုင်ငံအပါအဝင် မည်သည့် ရေနံစိမ်းတင်သွင်းမှု ရွေးချယ်ခွင့်မျိုး၏ စီးပွားရေးအရ တွက်ခြေကိုက်မှုတွေကိုမဆို စူးစမ်းလေ့လာရန် အိန္ဒိယအနေဖြင့် လမ်းဖွင့်ထားဆဲဖြစ်ပါသည်” ဟု Jaiswal က ထပ်လောင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် ၂၀၁၉ ခုနှစ်အထိ ဗင်နီဇွဲလားနိုင်ငံမှ စွမ်းအင် သို့မဟုတ် ရေနံစိမ်းများကို တင်သွင်းခဲ့ပြီး နောက်ပိုင်းတွင် ပိတ်ဆို့အရေးယူမှုများကြောင့် ရပ်ဆိုင်းခဲ့ကြောင်း ၎င်းက ပြောကြားသည်။ ဝယ်ယူမှုများကို ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပြန်လည်စတင်ခဲ့သော်လည်း ထပ်မံရပ်ဆိုင်းခဲ့ရကြောင်း Jaiswal က ဖြည့်စွက်ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရကျောထောက်နောက်ခံပြု ကုမ္ပဏီများသည် ဗင်နီဇွဲလား အမျိုးသားရေနံကုမ္ပဏီ PDVSA နှင့် လက်တွဲလုပ်ဆောင်လျက်ရှိပြီး ၂၀၀၈ ခုနှစ်ကတည်းက ထိုနိုင်ငံတွင် ဆက်လက်ရှိနေခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဇန်နဝါရီလအတွင်းက ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ အိန္ဒိယ နိုင်ငံ၏ အကြီးဆုံး ရေနံချက်လုပ်ရေးလုပ်ငန်းဖြစ်သော Reliance ကုမ္ပဏီသည် ဗင်နီဇွဲလားရေနံစိမ်းများ ပြန်လည်ဝယ်ယူခွင့်ရရှိရန် အမေရိကန်၏ ခွင့်ပြုချက်ကို တောင်းခံနေကြောင်း သိရှိရသည်။