ဒေါ်နယ်ထရမ့်၏ အရေးပေါ်သွင်းကုန်ခွန် ကောက်ခံမှုအစီအစဉ်ကို တရားရုံးချုပ်က ပယ်ဖျက်လိုက်ပြီးနောက် အမေရိကန် အကောက်ခွန်ဌာနက အခွန်ကောက်ခံမှုများ ရပ်ဆိုင်းမည်
အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာန (CBP) က သမ္မတ ဒေါ်နယ်ထရမ့်၏ ‘နိုင်ငံတကာ အရေးပေါ် စီးပွားရေးလုပ်ပိုင်ခွင့် အက်ဥပဒေ’ (IEEPA) အရ အရေးပေါ် အခွန်ကောက်ခံရန် ကြိုးပမ်းမှုကို တရားရုံးချုပ်က ပယ်ဖျက်လိုက်ပြီးနောက် ၎င်းအခွန်များ ကောက်ခံမှုကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ ထရမ့်လက်ထက်တွင် အဆိုပါ အက်ဥပဒေ ဖြင့် ထုတ်ပြန်ခဲ့သော အရေးပေါ် သွင်းကုန်ခွန်များကို အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄) နံနက်မှစတင်ကာ ကောက်ခံတော့မည်မဟုတ်ကြောင်း သိရှိရသည်။
လွန်ခဲ့သည့်သီတင်းပတ်က တရားရုံးချုပ်သည် ထရမ့်၏ တစ်ဖက်သတ် အခွန်စည်းကြပ်မှုများသည် ဖက်ဒရယ်ဥပဒေကို ချိုးဖောက်ရာရောက်သည် ဟု ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အပေါ် ထရမ့်က ၎င်းကို ဆန့်ကျင်ခဲ့သည့် တရားသူကြီးများကို (၎င်းကိုယ်တိုင် ခန့်အပ်ခဲ့သူ နှစ်ဦး အပါအဝင်) ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အခြားသော လုပ်ပိုင်ခွင့်အာဏာတစ်ရပ်ကို အသုံးပြုကာ ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်ခွန် ၁၅% အသစ်ကို ထပ်မံစည်းကြပ်မည်ဟု ကြေညာခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
