ထူးခြားသတင်းများ
နေပြည်တော် ဧပြီ ၁၀
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Sergeyenko အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်၊၊
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဒေါက်တာ နန္ဒကျော်စွာ၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတေဇကျော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံပြည်သူလူထုအတွက် အကျိုးရှိမည့်ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌတို့သည့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
moi
နေပြည်တော် ဧပြီ ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Kirti Vardhan Singh ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံလူငယ်များအကြား ထိတွေ့ဆက်ဆံမှုမြင့်မားလာစေရေးအတွက် နှီးနှောဖလှယ်ပွဲများနှင့် လေ့လာရေးခရီးစဉ်များ၊ စာတမ်းဖတ်ပွဲများ ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
moi
နေပြည်တော် ဧပြီ ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးညိုစောသည် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Kirti Vardhan Singh ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
moi
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲနှင့်ပဋိပက္ခများကြောင့် ကမ္ဘာ့စီးပွားရေး အလားအလာအပေါ်ရှုမြင်ချက်များ သိသိသာသာ ပြောင်းလဲသွားပြီး တိုးတက်မှုနှုန်း ပြန်လည်ကျဆင်းနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ညွှန်ကြားရေးမှူးချုပ် Kristalina Georgieva က ဧပြီ ၉ ရက်နေ့တွင် သတိပေး ပြောကြားလိုက်သည်။
အကယ်၍ အဆိုပါစစ်ပွဲရိုက်ခတ်မှုသာမရှိခဲ့ပါက ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းခန့်မှန်းချက်ကို ယခင်ကထက် တိုးမြှင့်သတ်မှတ်ရန် အစီအစဉ်ရှိခဲ့ သော်လည်း လက်ရှိတွင် အခြေခံအဆောက်အအုံပျက်စီးမှု၊ ကုန်စည် စီးဆင်းမှု ပြတ်တောက်မှုနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကျဆင်း လာမှုတို့ကြောင့် အဆိုးဆုံးအခြေအနေကို ရင်ဆိုင်နေရကြောင်း သူမက ဆိုသည်။
IMF အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလကထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းကို ယခုနှစ်အတွက် 3.3% နှင့် ၂၀၂၇ ခုနှစ်အတွက် 3.2% ရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း လာမည့် သီတင်းပတ်တွင် ထွက်ရှိမည့် အစီရင်ခံစာသစ်၌ ယင်းကိန်းဂဏန်းများကို လျှော့ချ သတ်မှတ်သွားရန် ရှိနေသည်။
အထူးသဖြင့် ပင်လယ်နီအတွင်းရှိ Bab-el-Mandeb ရေလက်ကြားတွင် ဟူသီလက်နက်ကိုင်များ၏တိုက်ခိုက်မှုကြောင့် သင်္ဘောဖြတ်သန်းသွားလာမှုမှာ ၂၀၂၃ ခုနှစ်ကထက် ထက်ဝက်ခန့် လျော့နည်းနေဆဲဖြစ်ပြီး ဟော်မုဇ်ရေလက်ကြား၏ အနာဂတ်မှာလည်း မရေမရာဖြစ်နေခြင်းက စီးပွားရေးအပေါ် ကြီးမားသောစိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။
ထို့အပြင် Georgieva က အမေရိကန်နှင့် အီရန်ကြား အပစ်အခတ်ရပ်စဲရေးရရှိပြီး ငြိမ်းချမ်းရေး ခိုင်မြဲနေဦးမည်ဆိုလျှင်ပင် စီးပွားရေးမှာ ယခင်အခြေအနေသို့ လွယ်ကူစွာ ပြန်လည်ရောက်ရှိနိုင်တော့မည် မဟုတ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
စစ်ပွဲ၏ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများအဖြစ် ဒီဇယ်နှင့် လေယာဉ်ဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေသည့်အပြင် ဓာတ်မြေသြဇာ ဈေးနှုန်း မြင့်တက်လာမှုကြောင့် ကမ္ဘာတစ်ဝှမ်းရှိ လူပေါင်း ၄၅ သန်းခန့် မှာ ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း၊ အဆိုပါ ပြဿနာများသည် ရေရှည်တွင် ပိုမိုဆိုးရွားလာနိုင်ကြောင်း ၎င်းက ဖြည့်စွက် သတိပေးခဲ့သည်။
ကိုးကား- CNN
Photo: France 24
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲတစ်လျှောက်တွင် ဥရောပနိုင်ငံများ အနေဖြင့် ပံ့ပိုးကူညီမှု လုံလောက်စွာမရှိခဲ့ဟု Trump အစိုးရနှင့် ပင်လယ်ကွေ့နိုင်ငံအချို့မှ တာဝန်ရှိသူများ၏ ဝေဖန်စွပ်စွဲချက်များသည် မတရားရာရောက်သည်ဟု ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ Kaja Kallas က CNN သို့ ပြောကြားခဲ့သည်။
ဒေသတွင်းဖြစ်ပေါ်နေသော အခြေအနေများကို ဥရောပက ဖန်တီးခဲ့ခြင်း မဟုတ်သော်လည်း လေကြောင်းရန်ကာကွယ်ရေးစနစ်များ ပံ့ပိုးပေးခြင်း၊ ပင်လယ်နီဒေသကို ကာကွယ်ပေးခြင်းနှင့် လက်ဘနွန်အစိုးရကို ကူညီ ထောက်ပံ့ခြင်းအပါအဝင် လုပ်ဆောင်ချက်များစွာကို ဥရောပက လုပ်ဆောင်နေဆဲဖြစ်ကြောင်း သူမက တုံ့ပြန်ပြောဆိုခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကိုကျူးကျော်ချိန်၌ ပင်လယ်ကွေ့ နိုင်ငံများသည် ဥရောပဘက်မှရပ်တည်ပေးရန် အများအားဖြင့် ပျက်ကွက် ခဲ့ကြကြောင်း Kallas က ထောက်ပြခဲ့ပြီး ယင်းအခြေအနေမှာ ‘တစ်ဖက်သတ် အကူအညီ’ သဘောမျိုး မဖြစ်သင့်ကြောင်း ဆိုသည်။
“ဒါဟာ တကယ့်ကို မတရားဘူးလို့ ကျွန်မ ခံစားရပါတယ် ၊ ဟုတ်ပါတယ် … ကျွန်မတို့အားလုံး အခုထက်ပိုပြီး လုပ်ဆောင်နိုင်ကြတာမှန်ပေမဲ့ မေးစရာ ရှိတာက ကျွန်မတို့ ဥရောပမှာလည်း ကိုယ်တိုင်ရင်ဆိုင်နေရတဲ့ လုံခြုံရေး ပြဿနာနဲ့ ရုရှားရဲ့ စစ်ပွဲရှိနေပါတယ် ၊ ကျွန်မတို့ဘက်ကို ပင်လယ်ကွေ့ နိုင်ငံတွေက ကူညီတာမျိုး တကယ့်ကို မတွေ့ရသေးပါဘူး ၊ ဒါက တစ်ဖက်သတ်ပဲ မဖြစ်သင့်ဘူးလေ … အကယ်၍ ကျွန်မတို့ရဲ့ရန်သူတွေ စည်းလုံးနေကြသလိုမျိုး ကျွန်မတို့တွေသာ အတူတကွ ရှိနေမယ်ဆိုရင် ဒီထက်မက ပိုပြီး အင်အားတောင့်တင်းလာမှာပါ” ဟု သူမက CNN ၏ Becky Anderson သို့ ပြောကြားခဲ့သည်။
ထို့အပြင် ပါကစ္စတန်အရာရှိများနှင့် ဆွေးနွေးမှုများအပေါ်အခြေခံ၍ ကြားဝင်စေ့စပ်ထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် လက်ဘနွန်နိုင်ငံကိုပါ ထည့်သွင်းသင့်ကြောင်းနှင့် အစ္စရေး၏ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်ရန် Kallas က တောင်းဆိုခဲ့သည်။
“တုံ့ပြန်မှုတွေက အရမ်းကို ပြင်းထန်လွန်းနေပါတယ် ၊ အရပ်သားတွေ သေဆုံးနေရတာဟာ တကယ့်ကို လက်ခံနိုင်စရာ မရှိပါဘူး ၊ အကယ်၍ အပစ်အခတ်ရပ်စဲရေးထဲမှာ မပါဝင်သေးဘူးဆိုရင်လည်း အခုချက်ချင်း ထည့်သွင်းရပါမယ် ၊ အပစ်အခတ်ရပ်စဲရေးဟာ နုနယ်သေးတယ်ဆိုတာ ရှင်းပါတယ်၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ဆွေးနွေးပွဲစားပွဲဝိုင်း မှာထိုင်ပြီး ညှိနှိုင်းနိုင်ဖို့အတွက် ဒီအပစ်ရပ်မှု ခိုင်မြဲအောင် ကျွန်မတို့ အတတ်နိုင်ဆုံး လုပ်ဆောင်ရပါလိမ့်မယ်” ဟု သူမက ဖြည့်စွက် ပြောကြားခဲ့သည်။
ကိုးကား- CNN
Photo: The National
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
အင်္ဂါနေ့ (ဧပြီ ၇) ညပိုင်းတွင် အမေရိကန်နှင့် အီရန်တို့အကြား အပစ် အခတ်ရပ်စဲရေး ကြေညာပြီးကတည်းက ရေနံတင်သင်္ဘောတစ်စီးနှင့် ကုန်ခြောက်တင်သင်္ဘော အချို့အပါအဝင် သင်္ဘောအရေအတွက် အနည်းငယ်မျှသာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခွင့် ရရှိခဲ့သည်။
သင်္ဘောသွားလာမှု ခြေရာခံဝန်ဆောင်မှုလုပ်ငန်းဖြစ်သော MarineTraffic ၏ ပြောကြားချက်အရ ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) တွင် ဂရိအလံတင် သင်္ဘော တစ်စီးနှင့် လိုက်ဘေးရီးယားအလံတင်သင်္ဘောတစ်စီး၊ စုစုပေါင်း သင်္ဘော နှစ်စီး ဖြတ်သန်းသွားခဲ့သည်ဟု သိရှိရသည်။
တစ်ချိန်တည်းမှာပင် Lloyd’s List မှ သင်္ဘောလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများက ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) ညနေပိုင်းတွင် သင်္ဘောသုံးစီး ဖြတ်သန်းသွားခဲ့ကြောင်းနှင့် ၎င်းတို့အားလုံးမှာ "အီရန်နှင့် လက်ရှိ သို့မဟုတ် ယခင်က ဆက်နွှယ်မှုရှိသည့် သင်္ဘောများ" ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အခြားသင်္ဘောသုံးစီးမှာလည်း ရေလက်ကြား ကိုဖြတ်ကျော်ရန် ပြင်ဆင်နေကြပြီး သို့မဟုတ်ပါက အီရန် က ခွင့်ပြု ထားသည့် လာရက်ခ်ကျွန်း (Larak Island) ပတ်လမ်းအတိုင်း ဦးတည် မောင်းနှင်နေကြသည်ဟု ဆိုသည်။
Reuters သတင်းဌာနကမူ သင်္ဘောသွားလာမှု အချက်အလက်များကို ကိုးကား၍ လွန်ခဲ့သည့် ၂၄ နာရီအတွင်း သင်္ဘောခြောက်စီး ဖြတ်သန်း သွားခဲ့ကြောင်း ကြာသပတေးနေ့ (ဧပြီ ၉) တွင် ဖော်ပြခဲ့သည်။ သို့သော်လည်း အစ္စရေး၏ လက်ဘနွန်အပေါ် ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) က တိုက်ခိုက်မှုသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အီရန်က ဆိုကာ ထိုတိုက်ခိုက်မှုအပြီးတွင် ဟော်မုဇ်ရေလက်ကြားမှ သင်္ဘော ဖြတ်သန်းမှုများ ရပ်တန့်သွားပြီဖြစ်ကြောင်း အီရန်တော်လှန်ရေး အစောင့် တပ်ဖွဲ့ (IRGC) က ပြောကြားခဲ့သည်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ စက်မှုနှင့် အဆင့်မြင့် နည်းပညာဝန်ကြီး Sultan Al Jaber က ဟော်မုဇ်ရေလက်ကြားကို "အပြည့်အဝ၊ အကန့်အသတ်မရှိဘဲ မည်သည့် စည်းကမ်းချက်မျှ မထားဘဲ" ပြန်ဖွင့်ပေးရန် အီရန်ကို တိုက်တွန်းခဲ့သည်။ ၎င်းက "စွမ်းအင်လုံခြုံရေးနဲ့ ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုဟာ ထိုရေလက်ကြားအပေါ်မှာ မူတည် နေပါတယ်" ဟု ထပ်လောင်းပြောကြားခဲ့သည်။
LinkedIn ပေါ်ရှိ ၎င်း၏ထုတ်ပြန်ချက်တွင် "ခန့်မှန်းခြေအားဖြင့် သင်္ဘော အစီးပေါင်း ၂၃၀ ခန့်ဟာ ရေနံတွေအပြည့်တင်ဆောင်ပြီး ထွက်ခွာဖို့ အသင့်စောင့်ဆိုင်းနေကြပါတယ်" ဟု ဖော်ပြထားသည်။
ကိုးကား- CNN
Photo: Fortune
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
နောက်ဆုံးရရုပ်သံများ
ပြည်တွင်းသတင်းများ
နေပြည်တော် ဧပြီ ၈
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ဧပြီ ၇ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် တာချီလိတ်မြို့နယ် ပန်ကူကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရားမဝင်ပြည်ပ နိုင်ငံသား ၁၂၆ ဦးတို့ကို အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့်သတင်းအား ထုတ်ပြန်ပြီးဖြစ်သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ရာ ယနေ့နံနက် ၇ နာရီ မိနစ် ၄၀ ခန့်တွင် အဆိုပါပန်ကူကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၅၂၀၀ ခန့်အကွာသို့အရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား ၁၇ ဦး၊ အမျိုးသမီးနှစ်ဦးနှင့် လာအိုနိုင်ငံသူ အမျိုးသမီးတစ်ဦး စုစုပေါင်း ၂၀ တို့ကိုလည်းကောင်း၊ ပန်ကူကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၇၀၀ ခန့်အကွာသို့ အရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသားခုနစ်ဦးအားလည်းကောင်း၊ ပန်ကူကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၅၀၀ ခန့်ကွာသို့အရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသားအမျိုးသားကိုးဦးအားလည်းကောင်း၊ ပန်ကူကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၄၅၀၀ ခန့်အကွာသို့ အရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသား ၁၂ ဦးအားလည်းကောင်း၊ ပန်ကူကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၃၈၀၀ ခန့်အကွာသို့အရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသားကိုးဦးအားလည်းကောင်း စုစုပေါင်း တရားမဝင်ပြည်ပနိုင်ငံသား အမျိုးသား ၅၄ ဦးနှင့် အမျိုးသမီးသုံးဦးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံသားများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးကာ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ၊ အဓိက ပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများနှင့် တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
MOI
နေပြည်တော် ဧပြီ ၇
နိုင်ငံတော် အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်များအပါအဝင် လူသားမျိုးနွယ်စု တစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ် သုံးစွဲမှုများကို စစ်ဆေးရှာဖွေ ဖော်ထုတ်ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်နေသကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးတွဲစစ်ဆင်ရေးများကိုလည်း အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းချနေသူများ ရောက်ရှိနေကြောင်း တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက် နံနက် ၈ နာရီခွဲခန့်တွင် ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက် ၅၄ (ဘီ) လမ်း ၁၂၈ x ၁၂၉ လမ်းကြား၌ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသူများ ဖြစ်သည့် အောင်ကျော်စိုးနှင့် ဇနီးဖြစ်သူ သူဇာသန်း (ခ) သီတာ တို့အား ဖမ်းဆီးရမိခဲ့ပြီး အမရပူရမြို့နယ် ဒေါင်းရွေးကျေးရွာရှိ ၎င်းတို့၏ နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၉ ဒသမ ၂၂ သိန်း (ခန့်မှန်းတန်ဖိုး တစ်ပြားလျှင် ကျပ် ၁၅၀၀)၊ ဘိန်းဖြူ ၅ ဒသမ ၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး တစ်ကီလိုဂရမ်လျှင် ငွေကျပ်သိန်း ၂၅၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅ ဒသမ ၀၂ ဘီလီယံခန့် ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆို ချက်အရ ဖမ်းဆီးရန်ကျန်ရှိသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နေ အိုက်ချွမ် (ဖမ်းဆီးရန်ကျန်) က မူးယစ်ဆေးဝါးများကို မန္တလေးမြို့အတွင်း ပြန်လည်ရောင်းချရန် ၎င်း၏ အစီအစဉ်ဖြင့် အမရပူရမြို့နယ် ဒေါင်းရွေးကျေးရွာရှိ အောင်ကျော်စိုးနှင့် ဇနီးဖြစ်သူ သူဇာသန်း (ခ) သီတာ တို့၏နေအိမ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ အိုက်ချွမ် (ဖမ်းဆီးရန်ကျန်) ပို့ဆောင်ပေးသည့် မူးယစ်ဆေးဝါးများကို အောင်ကျော်စိုး နှင့် ဇနီးဖြစ်သူ သူဇာသန်း (ခ) သီတာတို့က မန္တလေးမြို့တွင် ပြန်လည်ဖြန့်ဖြူးရောင်းချခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်စပ်ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ လူသားမျိုးနွယ် တစ်ရပ်လုံးနှင့် နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ် လူငယ်များအတွက် ပျက်စီးဒုက္ခရောက်စေနိုင်သော မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများအား လျှို့ဝှက်၍ ဆုငွေများ ထိုက်တန်စွာ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
MDN
နေပြည်တော် ဧပြီ ၁၀
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Sergeyenko အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်၊၊
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဒေါက်တာ နန္ဒကျော်စွာ၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတေဇကျော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံပြည်သူလူထုအတွက် အကျိုးရှိမည့်ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌတို့သည့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
moi
နေပြည်တော် ဧပြီ ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Kirti Vardhan Singh ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံလူငယ်များအကြား ထိတွေ့ဆက်ဆံမှုမြင့်မားလာစေရေးအတွက် နှီးနှောဖလှယ်ပွဲများနှင့် လေ့လာရေးခရီးစဉ်များ၊ စာတမ်းဖတ်ပွဲများ ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
moi
နေပြည်တော် ဧပြီ ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးညိုစောသည် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Kirti Vardhan Singh ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
moi
နေပြည်တော် ဧပြီ ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအသစ် ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ယူခြင်း အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှအစိုးရများ၏အဆင့်မြင့် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များနှင့် သံအမတ်ကြီးများအား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ညစာစားပွဲ၌ ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်သမ္မတအသစ် ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ၎င်းတို့အား စေလွှတ်သည့် မိတ်ဆွေနိုင်ငံများကို ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံအစိုးရသစ်အနေဖြင့် လွတ်လပ်ပြီး တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို လေးစားလိုက်နာပြီး နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
အဆိုပါ ညစာစားပွဲအခမ်းအနားသို့ ရုရှားဒူးမား (အောက်လွှတ်တော်) ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban KARA-OOL၊ ကမ္ဘောဒီးယားတော်ဝင်အစိုးရ၏ အာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Kitti Settha Pandita CHAM Prasidh၊ နီကာရာဂွါ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Valdrack Ludwing Jaentschke Whitaker၊ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Kirti Vardhan Singh၊ လာအို ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်ဝန်ကြီးချုပ်ရုံး ဝန်ကြီးဟောင်း H.E. Mr. Alounkeo KITI-KHOUN၊ ဂျပန်-မြန်မာအသင်း ဒုတိယဥက္ကဋ္ဌ Mr. Yusuke WATANAB တို့ အပါအဝင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ နီပေါ၊ သီရိလင်္ကာ၊ ကာဇက်စတန်၊ ဂျပန်၊ ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဘရာဇီး၊ နီကာရာဂွါ၊ ယူအေအီး၊ ဟိုလီဆီး စသည့်နိုင်ငံများမှ အဆင့်မြင့်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
အဆိုပါ ညစာစားပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့် အတူ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
ညစာစားပွဲ တည်ခင်းဧည့်ခံ နေစဉ် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက မြန်မာ့ရိုးရာတေးသံသာများဖြင့် တီးမှုတ်ဖျော်ဖြေခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
moi
နေပြည်တော် ဧပြီ ၁၀
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြခြင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရသူများ ကတိသစ္စာပြုခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူထားသည့်ပုဂ္ဂိုလ်များ ကတိသစ္စာပြုခြင်းနှင့် နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၈၅ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၈၃ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ အထူးဧည့်သည်တော်များအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ H.E. Mr. Jiang Xinzhi ၊ ဘယ်လာရုစ်အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Sergeyenko ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-ool ၊ ကမ္ဘောဒီးယားတော်ဝင်အစိုးရ၏ အာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Kitti Settha Pandita Cham Prasidh ၊ ထိုင်းနိုင်ငံ ယခင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Parnpree Bahiddha – Nukara တို့အပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ သံအမတ်ကြီး ၁၆ ဦးနှင့် သံတမန်များ၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်လေ့လာကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့်ပုဂ္ဂိုလ်များအား ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ဥပဒေနှင့်အညီ ဖွဲ့စည်းရွေးချယ်တင်မြှောက်ခြင်းနှင့် သဘောတူညီချက်ရယူခြင်းကိစ္စရပ်များ၊ ယင်းကိစ္စရပ်များအပေါ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ယာယီသမ္မတထံမှပေးပို့သည့် အကြောင်းပြန်ကြားစာ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ကြေညာချက်အမှတ် (၃/၂၀၂၆) တို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့က ပြည်ထောင်စုလွှတ်တော် နာယက၏ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက ခန့်အပ်တာဝန်ပေးရန် သဘောတူထားသည့် ပြည်ထောင်စုဝန်ကြီးများအား ဝန်ကြီးဌာနအလိုက် တာဝန်ချထားမှုအမိန့်များကို ဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရန် သဘောတူထားသည့် ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များသည် ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြောကြားခဲ့သည့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကို လွှတ်တော်၏ သဘောထားရယူပြီး မှတ်တမ်းတင်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်အရ ဖွဲ့စည်းပေါ်ပေါက် လာသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး၏ လုပ်ငန်းများသည် ယနေ့တွင် ပြီးဆုံးပြီဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယနေ့ကျင်းပပြီးစီးသည့် လွှတ်တော်အစည်းအဝေးများကတစ်ဆင့် အတွေ့အကြုံများရရှိပြီး ပြည်သူ့အကျိုးကို မျှော်ကိုး ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုသည်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြ ဆွေးနွေးအတည်ပြုကြသည့် ဥပဒေကြမ်းများကို ဥပဒေတစ်ခုဖြစ်လာရန် အပြီးသတ်အတည်ပြုပေးသည့် လွှတ်တော်ကြီးဖြစ်ပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂ အရ ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေပြုရေး အာဏာရှိပြီး ပုဒ်မ ၉၆ အရ ဇယား (၁) တွင် ပါရှိသည့် ကိစ္စရပ်များကို ဥပဒေပြုခွင့်ရှိခြင်းကြောင့် ဇယား (၁) တွင်ပါရှိသည့် ကဏ္ဍရပ်၊ ကိစ္စရပ်များကို ထဲထဲဝင်ဝင်လေ့လာထားကြရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေကြမ်းရေးဆွဲရေးဆိုင်ရာ သဘောလက္ခဏာများ၊ ဥပဒေရေးထုံးများကိုလည်း လေ့လာထားကြရန်လိုအပ်ပါကြောင်း၊ ယခုကျင်းပပြီးစီးခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ပေးခြင်း၊ အစိုးရအဖွဲ့ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ လွှတ်တော်ကော်မတီများဖွဲ့စည်းခြင်း၊ တရားရေးရာအဖွဲ့အစည်းများ ပေါ်ပေါက်လာရေး ဆောင်ရွက်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက်လည်း လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားများစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။
ပြည်ထောင်စုလွှတ်တော်ဆိုသည်မှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ ပူးတွဲဆောင်ရွက်ကြသည့် လွှတ်တော်ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်အတွက် လက်တွဲညီညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) တွင် နိုင်ငံတော်၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုသည်ဆိုသည့် ပြဋ္ဌာန်းချက်အရ အချင်းချင်း အပြန်အလှန်ထိန်းကျောင်း သည်ဆိုရာတွင်လည်း ကဏ္ဍရပ်တစ်ခုကို အခြားကဏ္ဍရပ်တစ်ခုက ထိပါးရန်မဟုတ်ဘဲ ဥပဒေနှင့်အညီ လျော်ကန်သင့်မြတ်မှုရှိရေး အပြုသဘောအမြင်များနှင့် ဆောင်ရွက်သွားကြရန်သာ ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် မိမိတို့အရပ်ဒေသအသီးသီးသို့ ပြန်ကြမည့် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် လိုရာခရီးကို ဘေးမသီရန်မခ၊ ခလုတ်မထိ ဆူးမငြိဘဲ ရောက်ရှိကြပါစေ။ မိမိတို့ကို တင်မြှောက်လိုက်သည့် ပြည်သူများ၏ ဘဝကိုအနီးကပ်လေ့လာပြီး ပြည်သူ့အကျိုးကို သယ်ပိုး စောင့်ရှောက်နိုင်ကြပါစေ ဟု ပြောကြားရင်း နှုတ်ဆက်လိုက်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ပြီးဆုံးကြောင်းနှင့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း လွှတ်တော်သို့ အသိပေးကြေညာပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် တတိယအကြိမ် လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာပြီးမြောက်ခြင်း ဂုဏ်ပြုနေ့လယ်စာစားပွဲကို လွှတ်တော်အဆောက်အအုံ ထမင်းစား ခန်းမဆောင်ကြီး၌ကျင်းပရာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ အထူးဧည့်သည်တော်များ၊ သံတမန်များ၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဂုဏ်ပြုနေ့လယ်စာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနိုင်ငံတော်သံစုံတီးဝိုင်းနှင့်အတူ အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။
moi
နေပြည်တော် ဧပြီ ၁၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ကျင်းပပြုလုပ်သည်။
ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လိုက်ပါလာသည့် အထူးယာဉ်တန်းသည် ဂုဏ်ပြုမြင်းစီးတပ်ဖွဲ့၏ ဦးဆောင်ကြိုဆိုမှုဖြင့် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်ရှိ ဂုဏ်ပြုဆောင်ခန်းမကြီးသို့ ရောက်ရှိလာရာ ဒုတိယသမ္မတ ဦးညိုစော၊ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဂုဏ်ပြုခံစင်မြင့်၌ နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။ ထိုသို့ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူနေချိန်တွင် ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှလည်း အမြောက် ၂၁ ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်သည်။
အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/81661
(၈-၄-၂၀၂၆) ရက်နေ့ရှိ နိုင်ငံခြားငွေကြေး စျေးကွက်အတွင်း ရောင်းဝယ်သည့်ပမာဏနှင့် ငွေလဲလှယ်နှုန်းများ
- ဈေးကွက်အတွင်း ရောင်းဝယ်သည့်ပမာဏမှာ စားသုံးဆီ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ဆေးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်း၊ ဆက်သွယ်ရေး လုပ်ငန်းသုံးပစ္စည်း၊ စက်မှုကုန်ကြမ်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်းနှင့် စားသုံးကုန်စည်များ တင်သွင်းခြင်းအတွက် ရောင်းချပေးခဲ့ခြင်းဖြစ်ပါသည်။ CMP ကဏ္ဍဝင်ရောက်ငွေမှ စားသုံးဆီကဏ္ဍသို့ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၅ သန်းကို လည်းကောင်း၊ ဗဟိုဘဏ်မှ ဆောက်လုပ်ရေးကဏ္ဍသို့ ထိုင်းဘတ် ၃ ဒသမ ၃၄ သန်းကိုလည်းကောင်း ရောင်းချပေးခဲ့ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ကျောက်ဆည်၊ ဧပြီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုက်နယ် (၃) ၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးကြို ရာသီတွင် ဒေသနှင့်ကိုက်ညီသည့်သီးနှံများ မျိုးစုံစိုက်ပျိုးလျက်ရှိရာ မတ် ၃၀ ရက်နေ့ ကွင်းဆင်းစစ်ဆေး တိုင်းတာမှု များအရ မိုးကြိုသီးနှံမျိုးစုံ ၅၇၂၂ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်မြေစာရင်း ဦးစီးဌာနမှ သိရသည်။
မိုးကြိုသီးနှံစိုက်ပျိုးရာ၌ နွေစပါး ၃၅၃ ဧက၊ နွေနှမ်း ၄၀၂၈ ဧက၊ မိုးကြိုပဲတီစိမ်း ၁၃၁၁ ဧက စုစုပေါင်း ၅၆၉၂ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ နွေစပါး ၁၉၅ ဧက၊ နွေနှမ်း ၃၇၈၂ ဧက၊ မိုးကြိုပဲတီစိမ်း ၁၆၈၉ ဧက၊ ငရုတ်သီးနှံ စိုက်ခင်း ၃၀ ဧကနှင့် ဟင်းသီးဟင်းရွက် ၂၆ ဧက စုစုပေါင်း ၅၇၂၂ ဧက စိုက်ပျိုး ပြီးကြောင်း သိရသည်။
တိုက်နယ်(၃)၌ လက်ပန်ပင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော်၊ ပွတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနန်ကျေးရွာအုပ်စုများပါဝင်ပြီး မိုးကြိုရာသီ၌ လျာထားသီးနှံမျိုးစုံစိုက်ဧကများ ပြည့်မီ ကျော်လွန်စွာ စိုက်ပျိုး နိုင်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာ ပေးဝေလျက် ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
ကျောက်ဆည်၊ ဧပြီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါး၊ နှံစားပြောင်း၊ ပြောင်းဖူး၊ ဆီထွက် သီးနှံအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ငရုတ်၊ ချည်မျှင်ရှည်ဝါ၊ ငှက်ပျော၊ သရက်၊ ကွမ်း၊ ရှောက်၊ သံပရာ၊ နနွင်း စသည့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယာမြေအချို့၌ နနွင်းသီးနှံများ စိုက်ပျိုးထားရှိကြောင်းနှင့် စပါယ်တောကျေးရွာ တောင်သူ ဦးကျော်မင်း စိုက်ပျိုးထားသော နနွင်းစိုက်ခင်းအား တူးဖော်ရာ တစ်ဧက နနွင်းတက်အစို ၄၀၀၀ ပိသာထွက်ရှိ ကြောင်း သိရသည်။
နနွင်းသီးနှံ မြေကြီးထဲတွင် အတက်ပွားပြီး တူးဖော်သိမ်းဆည်းရသည့် သီးနှံဖြစ်ပြီး မြေကြီးထဲတွင် အတက်ပွား နိုင်ရေး အမြင့်(၁)ပေ၊ အကျယ်(၃)ပေခန့် မြေဘောင်များပြုလုပ်ကာ ရေသွင်းစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် နနွင်းမျိုးခေါင်းများအား ခွဲခြမ်း၍စိုက်ပျိုးခြင်းနှင့် နနွင်းမျိုးအတက်များအား စိုက်ပျိုးခြင်းဟူ၍ မျိုး ၂ မျိုးဖြင့် စိုက်ပျိုးကြကြောင်းနှင့် နနွင်းမျိုးခေါင်းဖြင့် စိုက်ပျိုးပါက တစ်ဧကမျိုးခေါင်း ၅၀၀ပိသာခန့် စိုက်ပျိုးရပြီး၊ နနွင်း အတက်မျိုးဖြင့်စိုက်ပျိုးပါက ၆၀၀ ပိသာခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာ၌ တစ်ပင်နှင့် တစ်ပင်၊ တစ်တန်းနှင့် တစ်တန်း ၅လက်မအကွာ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ၈ လ ကျော်တွင်နနွင်းအတက်များ တူးဖော်နိုင်ပြီး တစ်ဧက နနွင်းတက်အစို ၃၇၀၀ ပိသာမှ ၄၀၀၀ ပိသာ ထွက်ရှိကြောင်း နနွင်းစိုက် တောင်သူများထံမှ သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နနွင်းသီးနှံများကို ပေါင်လောင်ကြီး၊ ပွတ္တိုင်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ကုလားကျောင်း၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက်ကုန်း၊ ဆူးလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်းကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)
နတ်တလင်း ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ နွေစပါးစိုက်ပျိုးရာသီ၌ (နွေစပါး၊ မိုးစပါး) အဖြစ်စိုက်ပျိုးနိုင်ပြီး အထွက်နှုန်းနှင့် အရည်အသွေးကောင်းပြီး ဈေးကွက်ဝယ်လိုအားမြင့်မားသော စပါးမျိုးများဖြစ်သည့် ရေဆင်းပေါ်ဆန်း-၁ စပါးမျိုး၊ မျိုးသန့်ပွားစိုက်ပျိုး ထုတ်လုပ်ခြင်း ဧက ၄၀ နှင့် ရေဆင်းပေါ်ဆန်း-၂ စပါးမျိုး ၁၅ ဧကတို့ မျိုးသန့်ပွား စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
နတ်တလင်းမြို့နယ်အနေဖြင့် ၂၀၂၆- ၂၀၂၇ မိုးစပါးစိုက်ပျိုးရာသီတွင် အထွက်ကောင်း၊ အရည်အသွေးကောင်း ရေဆင်းပေါ်ဆန်း-၁ စပါးမျိုး ၁၈၁ ဧက၊ ရေဆင်းပေါ်ဆန်း-၂ စပါးမျိုး ၁၈၂ ဧက၊ တောင်ပျံမွှေး စပါးမျိုး ဧက ၅၀ နှင့် ငကျွဲမွှေးစပါးမျိုး ဧက ၃၀ တို့ကို ဆက်လက်မျိုးသန့်ပွားစိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိန်ကိုက်အချိုးညီ ထည့်သွင်းခြင်းနှင့် သဘာဝမြေဆွေး ပြုလုပ်သုံးစွဲတတ်စေရန် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)
MDN
- ဈေးကွက်အတွင်း ရောင်းဝယ်သည့်ပမာဏမှာ စားသုံးဆီ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ဆေးနှင့်ဆေးဝါးပစ္စည်း ကုန်ကြမ်းပစ္စည်း၊ တိရစ္ဆာန်အစာ ၊ စက်မှုကုန်ကြမ်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းနှင့် စားသုံးကုန်စည်များတင်သွင်းခြင်းအတွက်ရောင်းချပေးခဲ့ခြင်းဖြစ်ပါသည်။ CMP ကဏ္ဍဝင်ရောက်ငွေမှ စားသုံးဆီကဏ္ဍသို့ အမေရိကန်ဒေါ်လာ ၂.၉၉ သန်းကိုလည်းကောင်း၊ စက်သုံးဆီကဏ္ဍသို့ အမေရိကန်ဒေါ်လာ ၀.၂၆ သန်းကိုလည်းကောင်း၊ ပုံနှိပ်ပစ္စည်းကဏ္ဍ၊ စားသောက်ကုန်ကြမ်းကဏ္ဍ၊ လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ဆေးနှင့်ဆေးဝါးပစ္စည်းကဏ္ဍ၊ စက်မှုကုန်ကြမ်းကဏ္ဍနှင့် ဆောက်လုပ်ရေး ကဏ္ဍတို့သို့ အမေရိကန်ဒေါ်လာ ၀.၃၅ သန်းကိုလည်းကောင်း ရောင်းချပေးခဲ့ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
တောင်ကြီး ဧပြီ ၅
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ဆူးပုတ်ကွေ့ကျေးရွာရှိ သိန်းဓနထွန်းလယ်ယာနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းနှင့် ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာရှိ ပင်မြင့်စံငွေစုငွေချေး သမဝါယမအသင်းတို့မှ စိုက်ပျိုးထားသော ရုရှားနေကြာမျိုး စမ်းသပ်စိုက်ခင်းအား ရှမ်းပြည်နယ် သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် အသင်းမှတာဝန်ရှိသူများသည် အသင်းသားများ စိုက်ပျိုးထားသည့် ရုရှားနေကြာ စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ကွင်းဆင်းကြည့်ရှု
ထိုသို့ ကြည့်ရှုရာတွင် ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်က အပင်၏ အသက်ရက်အလိုက် ကျွေးရမည့် အစာအာဟာရများ အချိုးကျ အချိန်ကိုက်ကျွေးရန်၊ ပိုးမွှားရောဂါ မကျရောက်စေရေး အထူးဂရုပြု ဆောင်ရွက်ရန်၊ ရာသီကုန်ချိန်တွင် သတ်မှတ်အထွက်နှုန်းရရှိရေး ဦးတည်ကြိုးပမ်း ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် အပွင့်ပွင့်ချိန် အပွင့်အားဆေး၊ ငှက်၊ ကြွက်ရန် ကာကွယ်ရေး၊ ရေလုံလောက်စွာရရှိရေး၊ ပျားပုံးများထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝိုးတောင်း
MDN
ကျောက်ဆည်၊ ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာ ကွင်းအမှတ်(၂၀၉-ခ)၊ ဦးပိုင် အမှတ်(၂၆)၊ တောင်သူဦးခင်မောင်အေး၏ စိုက်ကွင်းတွင် ယနေ့နံနက်ပိုင်းက ကောက်စိုက်စက် ဖြင့် နွေစပါး စိုက်ပျိုးသရုပ်ပြသခြင်းနှင့် သွင်းအားစု ဓာတ်မြေဩဇာပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်ဆည်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော် က နွေသီးနှံစိုက်ပျိုးရာသီ၌ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကုန်ကျစရိတ်သက်သာပြီး လယ်ယာလုပ်သား ရှားပါးမှု ပြသနာ ဖြေရှင်းနိုင်ရန်အတွက် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးသရုပ်ပြပွဲကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး အင်းကုန်းစက်ရုံ(ကျောက်ဆည်)မှ စက်ရုံးမှူးဦးမျိုးလွင်ဦး က ကောက်စိုက်စက် တီထွင် ထုတ်လုပ်မှုများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ခင်ငြိမ်းထွေးက ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း၏ အားသာချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများအား သွင်းအားစု ဓာတ်မြေဩဇာ များအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ထောက်ပံ့ပေးထားသော အင်းကုန်းစက်ရုံ (ကျောက်ဆည်)မှ ထုတ်လုပ်ထားသည့် စိုက်တန်းအရေအတွက် ၈ တန်း၊ တန်းကြား ၂၃၀ မီလီမီတာ၊ ပင်ကြား ၁၀၀ မှ ၁၅၀ မီလီမီတာ၊ မြင်းကောင်ရေ ၅ ကောင် အင်ဂျင်စွမ်းအား ကောက်စိုက်စိုက်ဖြင့် နွေစပါးစိုက်ပျိုးသရုပ်ပြသပွဲပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးရာ၌ တစ်ဧက ၁ ဒဿမ ၅၀ နာရီမှ ၁ ဒဿမ ၇၅ နာရီခန့် ကြာမြင့်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းတွင် ၂၄ နာရီအတွင်း ဝက်သက်ရောဂါ သံသယရှိသူပေါင်း ၁,၀၀၀ ကျော်ရှိကြောင်း အစိုးရက ထုတ်ပြန်လိုက်ပြီးနောက် နိုင်ငံအတွင်း အကြီးအကျယ် ကူးစက်ပြန့်ပွားနေသည့် ဝက်သက်
ငွေဆောင် ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ရှိ မြန်မာနိုင်ငံ၏ နာမည်ကြီး အပန်းဖြေကမ်းခြေတစ်ခုဖြစ်သော ငွေဆောင်ကမ်းခြေသို့ ဇန်နဝါရီလ အစမှ မတ်လကုန်အထိ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် ၁၁၂၉၃၆ ဦးအထိ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ကြည့်ရှုခံစားနိုင်
ငွေဆောင်ကမ်းခြေသည် ပင်လယ်ရေကြည်လင်ခြင်း၊ ကမ်းခြေသဲသောင်ပြင် သန့်ရှင်းသပ်ရပ်ခြင်း၊ လုံခြုံမှုစိတ်ချရခြင်းတို့ကြောင့် ရေကူးခြင်း၊ လှိုင်း ကစားခြင်း၊ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ခြင်းတို့ကို စိတ်အေးချမ်းသာစွာ ပြုလုပ်နိုင်ခြင်း၊ Jet Ski၊ Banana Boat၊ Speed boat စသည့် ရေယာဉ်များဖြင့်လည်း ပင်လယ်၏အလှအပနှင့် ကျွန်းများ၏ အလှအပကို အနီးကပ်ကြည့်ရှုခံစားနိုင်ခြင်း၊ လည်ပတ်စရာနေရာပေါများခြင်းတို့ကြောင့် ခရီးသွား ဧည့်သည်များ စိတ်ဝင်တစားဖြင့် စဉ်ဆက်မပြတ် လာရောက်လည်ပတ် အပန်းဖြေလျက်ရှိကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေတွင် ဟိုတယ် ၃၈ လုံး၊ တည်းခိုရိပ်သာအလုံး ၇၀ ဖြင့် ကမ်းခြေသို့လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
ကျော်လင်းဦး(ပြန်/ဆက်)
MDN
ဂျေရုဆလင်မြို့ရှိ ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ Church of the Holy Sepulchre ဘုရားကျောင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ထားမှုအပေါ် နိုင်ငံတကာမှ ပြင်းထန်စွာ ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်လာပြီးနောက် အစ္စရေးအစိုးရသည် အဆိုပါနေရာ၌ ‘ကန့်သတ်ချက်များဖြင့် ဝတ်ပြုဆုတောင်းခြင်း’ ကို ပြန်လည်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ (မတ် ၂၉) က ကျရောက်သော Palm Sunday ပွဲတော်တွင် အစ္စရေးရဲတပ်ဖွဲ့သည် ကက်သလစ်သာသနာပိုင် အကြီးအကဲ များကို ဘုရားကျောင်းအတွင်း ဝင်ရောက်ခွင့်တားဆီးခဲ့သဖြင့် ကာဒီနယ် Pierbattista Pizzaballa သည် နီးစပ်ရာကျောင်းတိုက်တစ်ခု၌သာ ဝတ်ပြုပွဲကျင်းပခဲ့ရသည်။ ထိုကဲ့သို့ အဟန့်အတားဖြစ်မှုသည် ရာစုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ဝတ်ပြုကိုးကွယ်ခွင့် လွတ်လပ်ခွင့်ကို ထိပါးရာရောက်ကြောင်း လက်တင်သာသနာပိုင်ရုံးက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က အီရန်၏ လက်စားချေတိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့် လုံခြုံရေး စိုးရိမ်ရမှုကြောင့်ဖြစ်ကြောင်း ရှင်းလင်းခဲ့သော်လည်း ယခုအခါ ကာဒီနယ် Pizzaballa ကို အပြည့်အဝ ဝင်ရောက်ခွင့်ပြုရန်နှင့် ဝတ်ပြုပွဲများ ကျင်းပနိုင်ရန် သက်ဆိုင်ရာအာဏာပိုင်များကို ညွှန်ကြားထားပြီးဖြစ်သည်။ တနင်္လာနေ့ (မတ် ၃၀) အစောပိုင်းတွင် အစ္စရေးရဲတပ်ဖွဲ့နှင့် သာသနာပိုင် ရုံးတို့ ညှိနှိုင်းမှုအရ ‘ကန့်သတ်ဆုတောင်းမှုဆိုင်ရာ မူဘောင်’ တစ်ခုကို အတည်ပြုခဲ့ပြီး အသေးစိတ်အစီအစဉ်များကို ဆက်လက် ဆွေးနွေး သွားမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဂျေရုဆလင်ရှိ အခြားသော ဘာသာရေးဆိုင်ရာနေရာများတွင်လည်း ကန့်သတ်ချက်များ ရှိနေဆဲဖြစ်သည်။ အစ္စလာမ် ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ အယ်လ်အက်ဆာ ဗလီ (Al-Aqsa Mosque) သည် ၁၉၆၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိဒ်ဖီတာ (Eid al-Fitr) ပွဲတော်ကာလအတွင်း ပိတ်ထားခဲ့ရသည်။ ယင်းကန့်သတ်မှုများသည် အမေရိကန်၊ ပြင်သစ်နှင့် အီတလီ အစိုးရများ၏ ဝေဖန်မှုကိုခံနေရပြီး အမေရိကန် သံအမတ်ကြီးကမူ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်းဟု တုံ့ပြန်ခဲ့သည်။ ထို့အပြင် ရုရှား အော်သိုဒေါ့စ် အသင်းတော်ကလည်း ဧပြီလ ၁၁ ရက်နေ့တွင် ကျရောက်မည့် ‘သန့်ရှင်းသော မီးတောက် (Holy Fire)’ အခမ်းအနားအတွက် ဘုရားကျောင်းရှိ ကန့်သတ်ချက်များအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
ရန်ကုန် မတ် ၂၈
မြန်မာပြည်မြောက်ဘက်စွန်း ပူတာအိုတွင် ရေခဲတောင်တက် ခရီးသွားရာသီသို့ ဝင်ရောက်လာချိန်၌ ဝန်ဆောင်မှုကုမ္ပဏီများက ရေခဲတောင်တက်အတွေ့အကြုံမရှိသော ခရီးသွားများအား ဖုန်ကန်ရာဇီ ရေခဲတောင်သို့ ပထမဆုံးတက်ရောက်ပြီးမှသာ အခြားသောရေခဲတောင်များကို တက်ရောက်ရန် အကြံပြုဝန်ဆောင်မှုပေးနေကြောင်း ပူတာအို ရေခဲတောင်ခရီးသွားပို့ဆောင်ရေးကုမ္ပဏီမှ သိရသည်။
ရေခဲတောင်ခရီးစဉ်အတွေ့အကြုံမရှိသူများအား ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများက Level – 1 ဟု သတ်မှတ်ထားသည့် ဖုန်ကန်ရာဇီ ရေခဲတောင်သို့ ပထမဆုံးတက်ရောက်စေပြီး အောင်မြင်ခဲ့ပါက ခရီးလမ်းပန်းကြမ်းသော အခြားရေခဲတောင်များသို့ တက်ရောက်ရန် တိုက်တွန်းအကြံပြုထားခြင်းဖြစ်သည်။
ဖုန်ကန်ရာဇီရေခဲတောင်သည် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၁၁၉၂၈ ပေရှိ၍ ခရီးသွားများအား ပူတာအိုမြို့မှ ညအိပ်ခရီးအဖြစ် အသွား/အပြန် ခြောက်ညအိပ် ခုနစ်ရက်ခရီးစဉ်အဖြစ် ဝန်ဆောင်မှု ပေးလျက်ရှိသည်။ ခရီးစဉ်ပထမဆုံးနေ့၌ ပူတာအိုမြို့မှ ဆိုင်ကယ်ဖြင့် သုံးနာရီကျော်ကြာမောင်းနှင်၍ အထက်ဆန်ဂေါင်ရွာလမ်း၊ ကျောက်စိမ်းတောင် ရှိန်းလိန်းလျက်လမ်းသို့ ဖြတ်ကျော်ပြီး ထိုမှ မူလာချောင်းနား ကျားခုန်တံတားသို့ ရောက်ရှိကာ ဝမ်လိုင်ဒမ်းရွာ၊ လုံးနဒမ်းရွာ၊ ခါးလန်ရွာမှ ဇီယာဒမ်းရွာ(ရေခဲတောင်ခြေရွာ)သို့ ရောက်ရှိပြီး ခရီးစဉ်ပထမညအဖြစ် အိပ်စက်ရပ်နားသည်။
ဒုတိယနေ့တွင် ဇီယာဒမ်းရွာမှ သစ်ပင်ကြီးစခန်းသို့ ခုနစ်မိုင်ခရီး ခြေကျင်ခရီးစတင်ကြပြီး ချောင်းများ၊ ကြိုးတံတားများကို ဖြတ်ကျော်၍ မွန်းလွဲပိုင်းတွင် ဖုန်ကန်ချောင်းဆုံနေရာ၌ အနားယူကာ သစ်ပင်ကြီးစခန်းသို့ ညနေပိုင်းတွင် ရောက်ရှိပြီး ဒုတိယနေ့ညအဖြစ် စခန်းချ ရပ်နားကြလေ့ရှိသည်။
တတိယနေ့တွင် သစ်ပင်ကြီးစခန်းမှ ခုနစ်မိုင်ရှိသော ခမ်းတောက်မြစ်စခန်းသို့ ခြေကျင်တက်ကြပြီး လေးမိုင်ခန့် ရောက်ပါက ဖုန်ကန်ရာဇီရေခဲတောင်ကို စတင်မြင်တွေ့ရကာ ထိုင်ခုံရပ်နားစခန်း တွင် ခေတ္တနား၍ ထိုမှ တစ်မိုင်ခန့်တက်ပါက ခမ်းတောက်မြစ်စခန်းသို့ ရောက်ရှိပြီး ညအိပ်ရပ်နားကြသည်။
စတုတ္ထနေ့တွင် ခမ်းတောက်မြစ်စခန်းမှ ခြောက်နာရီကြာ ခြေကျင်ခရီးတက်ပြီးပါက ရေခဲပြင်များကို စတင်တွေ့ရှိရာ ရေခဲစပ်(ဖုန်ကန်ရာဇီတောင်ခြေ) စခန်းသို့ ရောက်ရှိပြီး ထိုနေရာမှ နှစ်မိုင်ကျော် ခန့်ဝေးကွာသည့် ဖုန်ကန်ရာဇီတောင်ထိပ်ကို တွေ့မြင်ရသော ရေခဲစပ်စခန်း၌ ညအိပ် ရပ်နားသည်။ ပဉ္စမနေ့တွင် အတက်အဆင်းမတ်စောက်သော ရေခဲစပ်စခန်းမှ ဖုန်ကန်ရာဇီတောင်ထိပ်သို့ တက်ရောက်ကြပြီး မြန်မာပြည်မြောက်ဖျား၏ ရေခဲတောင်များအလှကို အားပါးတရ ကြည့်ရှု ခံစားကြကာ နေ့ချင်းပြန်အဖြစ် ရေခဲစပ် စခန်းသို့ ပြန်ဆင်း၍ ညအိပ်ရပ်နားကြသည်။
ဆဋ္ဌမနေ့တွင် ရေခဲစပ်စခန်းမှ ရှစ်နာရီကြာခရီးအဖြစ် ဇီယာဒမ်းရွာသို့ ခရီးသွား များ ပြန်ဆင်းလာကြပြီး ညအိပ်ရပ်နားသည်။ သတ္တမနေ့တွင် ဇီယာဒမ်းရွာမှ ဆိုင်ကယ်ခရီးစဉ်ဖြင့် ပူတာအိုမြို့သို့ တောင်တက်ခရီးသွားများ ပြန်လည်ပို့ဆောင်ကာ ဝန်ဆောင်မှုပေးထားသည်။
“ဒီမှာ မတ်လဆိုရင် ရေခဲတောင် ခရီးသွားတွေကို စပြီး ဝန်ဆောင်မှုပေးနေပါပြီ။ မနှစ်ကတည်းက ကြိုပြီး ခရီးစဉ်တွေကို လက်ခံထားပြီးမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရတာပါ။ မတ်လတတိယပတ် အကုန်မှာ ရာသီဥတုပြောင်းလဲသွားတာကြောင့် ဒီရက်ပိုင်းလေးမှာ ခရီးစဉ်အချို့ကို ခေတ္တရပ်ထားတာရှိပေမယ့် ရာသီဥတု ကောင်းတာနဲ့ ဆက်ထွက်မှာပါ။ ခရီးသွား တွေရဲ့ အလုံးစုံကို တာဝန်ယူရတာဖြစ်တဲ့အတွက် အားလုံးအဆင်ပြေချောမွေ့အောင်၊ အန္တရာယ်ကင်းအောင် အထူးကြပ်မတ် ဆောင်ရွက်ပေးပါတယ်။ ကုမ္ပဏီအနေနဲ့ ရေခဲတောင်ခရီးစဉ် အတွေ့အကြုံကောင်း တွေရှိတဲ့အတွက် အထိအခိုက်မရှိအောင်၊ ခရီးသွားတွေနှစ်ခြိုက်အောင်၊ ကိုယ့်နိုင်ငံရဲ့ ရေခဲတောင်အလှကို ရုပ်ရှင်၊ အင်တာနက်မှာ မဟုတ်ဘဲ ကိုယ်တိုင်လက်တွေ့ခံစား ဖမ်းဆုပ်လို့ရအောင် အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါတယ်။ ဒီလကုန်ပိုင်း မှာ နှင်းမိုးတွေရွာတဲ့အတွက် အထူးသတိထားပြီး ခရီးသွားတွေ စိတ်ကျေနပ်မှုရှိအောင် ဆောင်ရွက်ပေးနေပါတယ်”ဟု ပူတာအိုမြို့မှ ELSSM ရေခဲတောင် ပို့ဆောင်ရေးဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူ ဦးဒမ်ရိမ်းက ပြောသည်။
ပူတာအိုမြို့မှ ဖုန်ကန်ရာဇီရေခဲတောင် ခုနစ်ရက်ခရီးစဉ်တွင် လည်းကောင်း၊ ခါကာဘိုရာဇီ ရေခဲတောင် ၁၇ ရက်ကြာ ခရီးစဉ်တွင် လည်းကောင်း တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ မှ သိန်း ၄၀ ခန့်ဖြင့် ဝန်ဆောင်မှုပေးထားသည်။ ရေခဲတောင် ခရီးစဉ်တက်ကြမည့် ခရီးသွားများ အနေဖြင့် ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်ဖြစ်ပြီး ရေခဲတောင်ခရီးစဉ် မတက်ရောက်မီ ကြိုတင်ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ တောင်တက်အတွေ့အကြုံနှင့် သက်ဆိုင် သော ဗဟုသုတ လေ့ကျင့်ခန်းများ ဆောင်ရွက်ထားရန် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများက ကြိုတင်အသိပေးထားသည်။ မိုးရာသီ၌ ရေခဲတောင်တန်းဒေသတွင် မိုးရွာသွန်းမှုမရှိ၍ ရေခဲတောင်ခရီးစဉ်များကို ဇူလိုင်လ ဒုတိယအပတ်အထိ ခရီးသွားဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ဥဿ
ဓာတ်ပုံ - ကိုလွင်
MDN
အင်္ဂလန်အသင်းတော် (Church of England) သည် ၁၅၃၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံးသော အမျိုးသမီး ကန်တာဘာရီ ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် ဒိမ်း စာရာ မူလာလီ (Dame Sarah Mullally) ကို ရာထူးအပ်နှင်းခဲ့သည်။
ရာထူးအပ်နှင်းပွဲအခမ်းအနားကို ဗုဒ္ဓဟူးနေ့ (မတ် ၂၅) က ကန်တာဘာရီ ကသီဒရယ် (Canterbury Cathedral) ဘုရားရှိခိုးကျောင်းကြီးတွင် ကျင်းပခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာနှင့်အတူ ဝေလမင်းသား ဝီလျံနှင့် ကြင်ယာတော် ကက်သရင်းတို့ တက်ရောက်ခဲ့ကြသည်။
NHS သူနာပြုဟောင်းတစ်ဦးဖြစ်သူ မူလာလီက သူမ၏မိန့်ခွန်းတွင် အတိတ်က အလွဲသုံးစားပြုခံခဲ့ရသူများဘက်မှ ရပ်တည်သွားမည် ဖြစ်ကြောင်း နှင့် ဘေးကင်းလုံခြုံရေးနှင့် တာဝန်ခံမှုရှိစေရေးတို့ကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
“ကျွန်မတို့ရဲ့ ခရစ်ယာန်အသင်းတော်တွေနှင့် လူ့အဖွဲ့အစည်းတွေအတွင်းမှာ ရှိနေသည့်သူများ၏ လုပ်ဆောင်မှုတွေ၊ ပျက်ကွက်မှုတွေကြောင့် နစ်နာခဲ့ရသူများ၏ နာကျင်မှုကို ကျွန်မတို့ လျစ်လျူမရှုသင့်သလို အလေးမထားဘဲလည်း မနေသင့်ပါဘူး” ဟု သူမက ဆိုသည်။
ယခင် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဂျက်စတင် ဝဲလ်ဘီ (Justin Welby) သည် ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ယူကေနှင့် အာဖရိကရှိ အသင်းတော်များအတွင်း ဩဇာတိက္ကမရှိသူ ရှေ့နေ ဂျွန် စမိုက် (John Smyth) ၏ လိင်ပိုင်းဆိုင်ရာ ဆက်တိုက်အလွဲသုံးစားပြုမှုများကို ဖုံးကွယ် ထားခဲ့မှုအပေါ် ကိုင်တွယ်ဖြေရှင်းပုံနှင့်ပတ်သက်၍ ဝေဖန်မှုများ ပြင်းထန်လာပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
ဂျေရုဆလင်မြို့ရှိ မွတ်စလင်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေရာတစ်ခုဖြစ်သော အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော် (Al-Aqsa Mosque) ကို အစ္စရေးအာဏာပိုင်များက ဆက်လက်ပိတ်ထားဆဲ ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်ဘာသာဝင်များသည် ရာမာဒန်ဥပုသ်လ၏ နောက်ဆုံးသောနေ့နှင့် အိဒ်ပွဲတော် (Eid al-Fitr) ကို ဆင်နွှဲနေကြသော်လည်း ယခုကဲ့သို့ ပိတ်ပင်ထားခြင်း ဖြစ်သည်။
အဆိုပါ ဝတ်ကျောင်းတော်ဝင်းကို အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲကြောင့် ပိတ်ထားခြင်းဖြစ်ပြီး ၁၉၆၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘာသာဝင်များအား ၎င်းနေရာ၌ ပွဲတော်ကျင်းပခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်သည်။
သောကြာနေ့ (မတ် ၂၀) တွင် လူအများအပြားသည် ဝတ်ပြုဆုတောင်းရန် ဂျေရုဆလင်မြို့၌ စုဝေးခဲ့ကြသော်လည်း မြို့ဟောင်း (Old City) ၏ ဂိတ်တံခါးများသို့ ချဉ်းကပ်ရန် ကြိုးပမ်းမှုများကို စစ်ဆေးရေးဂိတ်များတွင် တပ်စွဲထားသော အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ ဖြင့် လူစုခွဲခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာမှ ဗီဒီယိုမှတ်တမ်းများအရ သိရှိရသည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးသည် အမေရိကန်နှင့် ပူးပေါင်း၍ အီရန်ကို စတင်တိုက်ခိုက်ချိန်ကတည်းက လုံခြုံရေး အကြောင်းပြချက်ဖြင့် အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်အပါအဝင် မြို့ဟောင်းအတွင်းသို့ဝင်ရောက်ခွင့်ကို ကန့်သတ်ခဲ့သည်။ ယခုအခါ ပဋိပက္ခသည် စတုတ္ထပတ် အတွင်းသို့ ရောက်ရှိလာသော်လည်း ဗလီကို ဆက်လက်ပိတ်ထားဆဲ ဖြစ်သည်။
မတ်လအစောပိုင်းတွင် မွတ်စလင်အများစုနေထိုင်ရာ အီဂျစ်၊ ဂျော်ဒန်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ကာတာ၊ တူရကီ၊ ဆော်ဒီအာရေဗျနှင့် ယူအေအီး စသည့် ရှစ်နိုင်ငံက ဗလီပိတ်ထားမှုကို ရှုတ်ချကြောင်း ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ "ဂျေရုဆလင် မြို့ဟောင်းနှင့် ဘာသာရေးဝတ်ပြုရာနေရာများသို့ဝင်ရောက်ခွင့်ကို လုံခြုံရေးအကြောင်းပြကန့်သတ်ထားခြင်းသည် နိုင်ငံတကာဥပဒေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်" ဟု အဆိုပါအဖွဲ့က ပြောကြားခဲ့ပြီး သိမ်းပိုက်ထားသော ဂျေရုဆလင် သို့မဟုတ် အဆိုပါ နယ်မြေရှိ အစ္စလာမ်နှင့် ခရစ်ယာန် အထွတ်အမြတ်ထားရာနေရာများအပေါ် အစ္စရေးတွင် အချုပ်အခြာအာဏာ မရှိကြောင်း အလေးပေး ပြောကြားခဲ့သည်။
ခရစ်ယာန်ပွဲတော်များပါ ထိခိုက်နိုင်ခြေရှိ
အီစတာ (Easter) ပွဲတော်ရာသီ နီးကပ်လာသည်နှင့်အမျှ အစ္စရေး၏ လုံခြုံရေးတင်းကျပ်မှုများသည် ခရစ်ယာန်ဘာသာဝင်တို့၏ ပွဲတော်များ ကိုပါ စိုးရိမ်စရာ ဖြစ်လာစေသည်။ ခရစ်ယာန်ဘာသာ၏ အထွတ်အမြတ် အထားဆုံးနေရာဖြစ်သော Holy Sepulchre ဘုရားကျောင်း ကိုလည်း ပိတ်ထားဆဲဖြစ်ရာ နှစ်စဉ် ကျင်းပမြဲဖြစ်သော Holy Fire (ဓမ္မမီး) အခမ်းအနား ကျင်းပနိုင်ခြေအပေါ် စိုးရိမ်မှုများ မြင့်တက်နေသည်။
ယခုနှစ်တွင် အဆိုပါအခမ်းအနားသည် ဧပြီ ၁၁ ရက်တွင် ကျရောက်မည်ဖြစ်သော်လည်း ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် ဝတ်ပြုသူများကို ဘုရား ကျောင်းအတွင်းသို့ ဝင်ရောက်ခွင့်ပေးမည်၊ မပေးမည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ ရုရှား အော်သိုဒေါ့စ်အသင်းတော် (Russian Orthodox Church) ကလည်း အဆိုပါကန့်သတ်ချက်များအပေါ် ထုတ်ဖော်ပြောဆို ခဲ့ပြီး ဘုရားကျောင်းပိတ်ထားမှုကြောင့် ဓမ္မမီးလွှဲပြောင်းပေးသည့် အစီ အစဉ်ကို မထိခိုက်စေရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အော်သိုဒေါ့စ် ခရစ်ယာန်ဘာသာဝင်များအကြားတွင် ဓမ္မမီးကို မရရှိခြင်းသည် နိမိတ်မကောင်းခြင်း သို့မဟုတ် လောကပျက်ကပ် (Armageddon) နီးကပ် လာခြင်း ၏ လက္ခဏာအဖြစ် ယူဆလေ့ရှိကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
နေပြည်တော် မတ် ၁၉
၂၀၂၆ ခုနှစ် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ သမိန်ဗရမ်း(ဘက်စုံသုံးကွင်း)နှင့် ပြည်နယ်ခန်းမတို့၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ချီးမြှင့်သည်။
သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာစိုးဝင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အစီအစဉ်အရ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။
သဝဏ်လွှာဖတ်ကြား
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် ၂၀၂၆ ခုနှစ် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဖတ်ကြားသည်။
နှုတ်ခွန်းဆက်စကားပြောကြား
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် နှုတ်ခွန်းဆက်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပသည့် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုအမှာစကား ပြောကြားသည်။
မှတ်တမ်းဓာတ်ပုံရိုက်
ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်အဖွဲ့ဝင်များက ပြည်နယ်ဂုဏ်ထူးဆောင်ထူးချွန်ဆုများဖြစ်ကြသည့် စီမံခန့်ခွဲရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု၊ စီးပွားရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု၊ စိုက်ပျိုးရေးထူးချွန်မှုဂုဏ်ထူးဆောင်ဆု၊ မွေးမြူရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု၊ စက်မှုလက်မှုထူးချွန်မှုဂုဏ်ထူးဆောင်ဆု၊ ဝန်ဆောင်မှု ထူးချွန်မှုဂုဏ်ထူးဆောင်ဆုနှင့် လူမှုရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး ဆုရရှိသူများနှင့်အတူ မှတ်တမ်းဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်အဖွဲ့ဝင်များသည် မော်လမြိုင် မြို့နယ်မင်းရွာကျေးရွာရှိ တိုင်းရင်းသားယဉ်ကျေးမှု စင်တာဖွင့်ပွဲအခမ်းအနားတက်ရောက်၍ ကော်မရှင်အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတို့က ဖဲကြိုးဖြတ်၍ လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စင်တာမုခ်ဦးကို စက်ခလုတ်နှိပ်၍လည်းကောင်း ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များက စင်တာကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာများဖြင့် ပက်ဖျန်းခဲ့ပြီး တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍ စင်တာအတွင်းရှိ ကရင်၊ ဗမာ၊ မွန်၊ ပအိုဝ်း၊ တိုင်းရင်းသားရိုးရာနေအိမ်များနှင့် ယဉ်ကျေးမှုပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ညပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်အဖွဲ့ဝင်များသည် သမိန်ဗရမ်း(ဘက်စုံသုံးကွင်း)၌ ကျင်းပသည့် မွန်ပြည်နယ် နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ကြသည်။
အခမ်းအနားတွင် မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့များက (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့ ဂုဏ်ပြုသီချင်း များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ပေးအပ်ချီးမြှင့်
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ပြီး မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကာ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုပန်းခြင်းပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
moi
နေပြည်တော် မတ် ၁၈
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အဖွဲ့ဝင်များဖြစ်ကြသည့် ကော်မရှင်အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာစိုးဝင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်နေ့အထိမ်းအမှတ် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ဝါရီရူမြစ်ကမ်းသာ အပန်းဖြေနေရာဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။ အခမ်းအနားတွင် မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ဘင်ခရာ/ ပန်းဖွားအဖွဲ့နှင့် တိုင်းရင်းသားအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်း၊ တက်ရောက်လာသူများက ဝါရီရူမြစ်ကမ်းသာအပန်းဖြေနေရာ ကမ္ပည်းအား အမွှေးနံ့သာများ ပက်ဖျန်းခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အပန်းဖြေနေရာ အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ညနေပိုင်းတွင် ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ် နေ့အထိမ်းအမှတ်ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းဆိုင်များ ဖွင့်ပွဲအခမ်း အနားကို တက်ရောက်သည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်များဖြစ်သော ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်တို့က ပြခန်းဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းများအား လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
ဆက်လက်၍ တောင်သူများသို့ မျိုးစေ့ချကိရိယာ (Seeder) လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က မြို့နယ်အလိုက် မျိုးစေ့ချကိရိယာ (Seeder) များ ပေးအပ်ခဲ့သည်။
ထို့နောက် တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်တို့ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ နည်းပညာတက္ကသိုလ်သို့ သွားရောက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကြိုဆို၍ တက္ကသိုလ်ဆိုင်ရာ အချက်အလက်များအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ရှင်းလင်းတင်ပြခဲ့ရာ ကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များ မှာကြား ခဲ့သည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက် အထက်လမ်းမကြီးရှိ ပြည်ထဲရေးဝန်ကြီးဌာနပိုင် မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကြိုဆို၍ မြေနေရာနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ ကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
moi










