နောက်ဆုံးရ ရုပ်သံများ

ရုရှားတွင် ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ရန် ၎င်းတို့စုဆောင်းထားသည့် အမျိုးသားတစ်ဦးအား ဥပဒေစိုးမိုးရေးအဖွဲ့များက ဖမ်းဆီးရန်ကြိုးပမ်းစဉ်အတွင်း ယူကရိန်းထောက်လှမ်းရေးများက ပြန်လည်သတ်ဖြတ်ခဲ့ကြောင်း ရုရှား လုံခြုံရေးဌာန (FSB) က အင်္ဂါနေ့ (မတ် ၃) တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ သေဆုံးသွားသူမှာ အသက် ၄၀ ကျော်အရွယ် ရုရှား နိုင်ငံသားတစ်ဦးဖြစ်ပြီး Sverdlovsk ဒေသရှိ ကာကွယ်ရေးစက်ရုံမှ အရာရှိတစ်ဦးအား ပစ်မှတ်ထားတိုက်ခိုက်ရန် ယူကရိန်းဘက်မှ စေခိုင်းထားသူဖြစ်ကြောင်း FSB က ဖော်ထုတ်ခဲ့သည်။

FSB ၏ ဖော်ပြချက်အရ အဆိုပါသံသယရှိသူသည် ကိယက်ဗ်မှ ပေးအပ်ထားသော မှတ်ပုံတင်အတုကိုအသုံးပြု၍ ဒေသတွင်းမြို့တော် Ekaterinburg တွင် တိုက်ခန်းတစ်ခန်း ငှားရမ်းနေထိုင်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုအတွက် လက်လုပ်ဗုံး နှစ်လုံးကိုလည်း လက်ဝယ်ထားရှိခဲ့ကြောင်း သိရှိရသည်။

အရာရှိများက ၎င်းအားရင်ဆိုင်ဖမ်းဆီးစဉ်အတွင်း အဆိုပါ အကြံအစည် မှာ ပျက်ပြားသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယူကရိန်းဘက်မှ စေခိုင်းသူများသည် ၎င်းတို့၏ လူမှာ ဖော်ထုတ်ခံလိုက်ရပြီဖြစ်ကြောင်း သိရှိသွားပြီးနောက် ဗုံးတစ်လုံးကို အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲကာ ၎င်းအား သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု FSB က ဆိုသည်။ ဒုတိယမြောက်ဗုံးကိုမူ ဗုံးကျွမ်းကျင်သူများက နောက်ပိုင်းတွင် အောင်မြင်စွာ သက်မဲ့ဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်။

ရုရှားအရာရှိများ၏ အဆိုအရ ယူကရိန်းအထူးဝန်ဆောင်မှုဌာနများသည် ရုရှားမြေပေါ်တွင် တိုက်ခိုက်မှုများပြုလုပ်ရာ၌ ကျူးလွန်သူပါ သေဆုံးစေမည့် နည်းလမ်းများကို ပိုမိုအသုံးပြုလာကြကြောင်း သိရှိရသည်။ ဒေသတွင်း စုဆောင်းခံရသူများကို များသောအားဖြင့် ငွေကြေးကမ်းလှမ်းမှုများဖြင့်ဆွဲဆောင်ခြင်း သို့မဟုတ် ငွေကြေးဆိုင်ရာလိမ်လည်မှုများဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းမျိုး ပြုလုပ်လေ့ရှိသည်။ ထိုကဲ့သို့ သေကျေ ပျက်စီးစေသည့် ချဉ်းကပ်မှုမှာ သက်သေများကို ဖျောက်ဖျက်ရန်နှင့် ကုန်ကျစရိတ်များကို လျှော့ချရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု ရုရှား အာဏာပိုင်များက ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

နယူးဒေလီမြို့တွင်ပြုလုပ်သည့် ထိပ်သီးအစည်းအဝေး၌ အိန္ဒိယနိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့သည် ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို အပြီးသတ် ချုပ်ဆိုနိုင်ခဲ့ကြသည်။ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်ယန် (Ursula von der Leyen) က ထိုသဘောတူညီချက်ကို “သဘောတူညီချက်အားလုံး၏ မိခင်” (The mother of all deals) ဟု တင်စားဖော်ပြခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက အဆိုပါသဘောတူညီချက် အပြီးသတ် နိုင်ခဲ့မှုကို အင်္ဂါနေ့ (ဇန်နဝါရီ ၂၇) တွင် ရုပ်သံမှတစ်ဆင့် ကြေညာခဲ့သည်။ ထိုသဘောတူညီချက်သည် ဆန်းသစ်တီထွင်မှုများကို အရှိန်အဟုန် မြှင့်တင်ပေးမည်ဖြစ်ပြီး တောင်အာရှနိုင်ငံဖြစ်သော အိန္ဒိယနှင့် ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာ စေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

EU အကြီးအကဲ ဗွန်ဒါလိုင်ယန် ကလည်း ထိုပဋိညာဉ်သည် လူဦးရေ (၂) ဘီလီယံရှိသော လွတ်လပ်သော ကုန်သွယ်မှုဇုန်တစ်ခုကို ဖန်တီးပေးမည် ဖြစ်ပြီး အိန္ဒိယနှင့် ဥရောပသမဂ္ဂ နှစ်ဖက်လုံးအတွက် အကျိုးရှိစေမည်ဟု ဆိုသည်။

ကိုးကား- RT

Photo: BBC

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး- ၂

အမေရိကန်သည် ယခုအခါ 'ခြိမ်းခြောက်မှု' ဖြစ်လာသဖြင့် ကနေဒါသည် 'တရုတ်နှင့် မဟာဗျူဟာမြောက် မိတ်ဖက်' အဖြစ် ကြေညာခဲ့ကြောင်း သိရှိရသည်။

Photo: DW.com

ဒါ့အပြင်ကိုပဲ ဒီအမှုကိစ္စနဲ့ပတ်သက်ပြီးတော့မှ ထဲထဲဝင်ဝင်သိရှိကြတဲ့ ပညာရှင်ကြီးတွေ လူကြီးတွေ လူငယ်တွေ လူလတ်တွေ အများကြီးရှိပါတယ်။ သူတို့ကိုလည်းပဲ ကျွန်တော်တို့ရဲ့ မိဘပြည်သူတွေကို ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ သမိုင်းကြောင်းကစပြီးတော့ ခြေခြေမြစ်မြစ် လည်းသိရှိနိုင်အောင် နောင်ဘာတွေဖြစ်လာနိုင်မလဲဆိုတဲ့ အကျိုးဆက်တွေကိုလည်း ပြည်သူ တွေနားလည်လာအောင် ဝိုင်းပြီးတော့မှ ရှင်းလင်းပြောပြ ဆွေးနွေးပေးကြဖို့လည်းပဲ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။ အများပြည်သူတွေအနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လုပ်ငန်းအဖွဲ့နဲ့ တစ်သွေးတစ်သားတည်းနဲ့  ပူးပေါင်းပြီးတော့မှ ဆက်ပြီးတော့ ထောက်ခံ အားပေးသွားကြပါလို့လည်းပဲ ကျွန်တော် မေတ္တာရပ်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စက တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်တော့ အင်မတန်ရှုပ်ထွေး လှတဲ့ ဇာတ်လမ်းကြီး တစ်ပုဒ်ထဲက အခန်းကဏ္ဍလေးတစ်ခုပဲဖြစ်ပါတယ်။ A part of the political drama ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စနဲ့တင်ပဲ ဒီဇာတ်လမ်းကပြီးသွားဦးမှာ မဟုတ်သေးပါဘူး။ ကျွန်တော် ဆက်ပြီးတော့မှ ကြိုးစားပြီးတော့မှ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွား ကိုယ့်နိုင်ငံရဲ့ တည်တံ့ခိုင်မြဲရေးအတွက်ကို ကာကွယ်သွားကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ ဒီနေရာမှာရောက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်တိုင်ရဲ့ နိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်တာဖြစ်သလို နောင်လာနောက်သားတွေအတွက်လည်းပဲ ကျွန်တော်တို့ရဲ့ နိုင်ငံကြီး ဆက်လက်ပြီးတော့မှ တည်တံ့ခိုင်မြဲရေးအတွက်ကိုလည်းပဲ ကာကွယ်နေရတာဖြစ်ပါတယ်။ ကျွန်တော်တို့ဒီမှာ လာပြီးတော့မှ ပင်ပင်ပန်းပန်းနဲ့ ကြိုးစားပြီးတော့မှ ကာကွယ်နေတယ် ဆိုသော်ငြားလည်းပဲ ကျွန်တော်တို့ရဲ့ ပင်ပန်းနေတဲ့ ကလေးတွေ ကျွန်တော်တို့ထက် ပိုပြီး တော့မှ စွန့်လွှတ်စွန့်စားနေတဲ့ကလေးတွေလည်း ကျွန်တော်တို့နိုင်ငံမှာ ကိုယ့်နိုင်ငံကိုယ် ကာကွယ်နေကြတဲ့ သူရဲကောင်းတွေအများကြီး ရှိပါတယ်။ သူတို့နဲ့စာလို့ရှိရင် ကျွန်တော်တို့ ဘယ်လောက်မှ ပင်ပန်းတယ်လို့မဆိုနိုင်ပါဘူး။ ကျွန်တော်တို့က အရိပ်ထဲမှာ နေရပါသေးတယ်။ ပုံမှန်နေရ စားရပါသေးတယ်။ ပုံမှန်အိပ်ရ ပါသေးတယ်။ တချို့က ဒီ့ထက်ပိုပြီးတော့မှ ခက်ခဲ ကြမ်းတမ်းပင်ပန်းတဲ့ ဘဝနဲ့တိုင်းပြည်ကို ကာကွယ်နေကြတာဖြစ်ပါတယ်။ သူတို့ကို လေးစား သောအားဖြင့် ကျွန်တော်တို့ဆက်ပြီးတော့မှ ကြိုးစားပါမယ်။ ကျွန်တော်တို့ကိုလည်းပဲ အားလုံး က ဝိုင်းဝန်းပြီးတော့မှ ဆက်လက်ပြီးတော့မှ အားပေးထောက်ခံကြဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ။ သောတရှင် မိဘ ပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ 

အဲ့တော့ စိတ်ပိုင်းဆိုင်ရာမှာလည်း ကျွန်တော်တို့ပြောတဲ့ ကျွန်တော်တို့လျှောက်လဲမဲ့ အချက်တွေက တစ်ချက်ကလေးမှ အမှားမခံပါဘူး။ တစ်ခုခု အမှားခံလိုက်တာ မှားသွားတာနဲ့တစ်ပြိုင်နက် တိုင်းပြည်အတွက်ကို ရေရှည်မှာ ထိသွားမဲ့အချက်တွေလည်း အများကြီးရှိနိုင်ပါတယ်။ အဲ့ဒါကိုလည်းပဲ ဂရုစိုက်ပြီးတော့မှ ကျွန်တော်တို့က လေ့လာ ဖတ်ရှု အသေးစိတ်ကို ပြန်ပြီးတော့မှ ဘယ်လို တုံ့ပြန်မလဲ ဆိုတာ စဉ်းစားနေရသလို တစ်ဖက်မှာလည်းပဲ ကိုယ့်ဘေးနားကပ်ပြီးတော့မှ တစ်ဖက်က လျှောက်လဲချက်တွေ အများကြီးထဲမှာ ကိုယ့်နိုင်ငံအပေါ်မှာ အမျိုးမျိုး စွပ်စွဲပြောကြားနေတာတွေကိုလည်းပဲ နားစိုက်ထောင်ပြီးတော့မှ နာခံချင်သည်ဖြစ်စေ မနာခံချင်သည်ဖြစ်စေ မှတ်သားနေရတဲ့ အခြေအနေမျိုး ကလည်း ရှိပါတယ်။ ဒါ့ကြောင့်မလို့ တော်တော်လေးတော့ အခုချိန်မှာတော့ ဖိအားတွေများတာတွေ ရှိပါတယ်။ အဲ့တော့ ကိုယ်ရော စိတ်ရော နှစ်ခုလုံး ပင်ပန်းနေသော်ငြားလည်းပဲ ကျွန်တော်တို့မှာ အား နှစ်အား ရှိပါတယ်။ ပထမ တစ်အားကတော့ ကျွန်တော်တို့ရဲ့ ရှေ့မှာ ရှိနေတဲ့ “မြန်မာ” ဆိုတဲ့ ဆိုင်းဘုတ်ပါပဲ။ ကျွန်တော်တို့က မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့မှ ကမ္ဘာ့တရားခွင်မှာ လာပြီးတော့မှ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် လဲကျသွားလို့  မဖြစ်ဘူး။ ဒီပွဲမှာ မရရအောင် ကြိုးစားရမယ်ဆိုတဲ့ စိတ်ဓာတ် နဲ့ ကျွန်တော်လုပ်ပါတယ်။ ဒါက ပထမတစ်ချက်ပါ။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ရဲ့နောက်မှာ ရှိနေတဲ့ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုပဲ ဖြစ်ပါတယ်။ ဒီအားတွေနဲ့ပဲ ကျွန်တော်ဆက်ပြီးတော့မှ ရပ်တည်ပြီးတော့မှ ရင်ဆိုင်နေတာ ဖြစ်ပါတယ်။ အဲ့တော့ ရှေ့ဆက်ပြီးတော့လည်းပဲ မကြာခင်မှာ ကျွန်တော်တို့ မြန်မာဘက်က လျှောက်လဲမဲ့ အပိုင်းကို ရောက်လာပါပြီ ပိုပြီးတော့မှ အရေးကြီးတဲ့ အပိုင်းကို ရောက်လာပါပြီ။ ဒီအတွက်လည်းပဲ မိဘပြည်သူတွေရဲ့အားပေးထောက်ခံမှုကို ကျွန်တော်တို့ အများကြီးပဲ မျှော်လင့်ပါတယ်။ အခုလည်းပဲ တကယ့်ကို စိတ်ရောကိုယ်ပါ လှိုက်လှိုက်လဲလဲ အားပေးကြတဲ့အတွက်လည်း ထပ်ပြီးတော့မှ အထူးကျေးဇူးတင်ကြောင်းလည်းပဲ ပြောချင်ပါတယ်။   

တစ်ဖက်မှာလည်းပဲ ကျွန်တော်တို့အပေါ်မှာ ဘက်ပေါင်းစုံကနေပြီးတော့မှ မျက်စိဒေါက်ထောက်ကြည့်ပြီးတော့မှ ဖိအားတွေအမျိုးမျိုးရှိနေတဲ့အတွက် ကြောင့်မလို့ ဒါကိုလည်းပဲ ကျွန်တော်တင်းခံပြီးတော့မှ ကိုယ့်နိုင်ငံအတွက်ကို အကောင်းဆုံးကြိုးစားသွားကြမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ကလည်းပဲ သံမဏိနဲ့လုပ်ထားတဲ့ စက်ရုပ်တွေ မဟုတ်တဲ့ အခါကျတော့ လူသားတွေပီပီ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော တော်တော်လေးတော့ ပင်ပန်းတဲ့အနေအထားမျိုးလေးတွေတော့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိုလာရတဲ့ ခရီးစဉ်ကိုက လေယာဉ်ကို ၁၅ နာရီကျော်လောက်စီးခဲ့ရတာ ဖြစ်ပါတယ်။ ပြီးတော့လည်းပဲ အချိန်ကွာဟချက်က နယ်သာလန်နဲ့ မြန်မာနိုင်ငံက ၅ နာရီခွဲ ရှိပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ တရားရုံးကနေပြီးတော့မှ ၆ နာရီထိုးလို့ တရားရုံး သိမ်းပြီးတော့မှ ပြန်လာမယ်ဆိုရင် မြန်မာနိုင်ငံမှာ ညသန်းခေါင်လောက်ဖြစ်နေပါပြီ။ အဲ့လို သန်းခေါင်လောက်ဖြစ်နေတဲ့ အချိန်ကျတော့မှပဲ တစ်နေကုန်လုံးအတွက် လုပ်စရာရှိတာ လုပ် အနောက်တိုင်းဌာနချုပ်ကို ပြန်ပြီးတော့မှ သတင်းပို့စရာတွေ ဆက်သွယ်ပြီးတော့မှ အချက်အလက် ရှာရတာတွေ နောက်ပြီးတော့မှ နောက်နေ့အတွက် ပြင်ဆင်ပြီးတော့ ဖတ်ရတာတွေ ဒါတွေ အကုန်လုံးကို ညဉ့်နက်တဲ့အထိ လုပ်ကြရပါတယ်။ သို့သော်လည်းပဲ နောက်တစ်နေ့ မနက်ကျလို့ရှိရင်တော့ ကျွန်တော်တို့ မနက်စောစော ထတဲ့အချိန်မှာတောင်မှပဲ မြန်မာနိုင်ငံမှာ နေ့လယ် ဖြစ်နေပါပြီ။ အဲ့တော့ ရုံးချိန်အတွင်းမှာ မြန်မာနိုင်ငံက အဖွဲ့တွေ အလုပ်တွေ လုပ်နိုင်ဖို့အတွက်ကို ကျွန်တော်တို့က စောစော ပြန်ထရပြန်ပါတယ်။ တရားရုံးမှာလည်းပဲ တစ်နေ့ကို ကျွန်တော်တို့ ၆ နာရီ ထိုင်နေကြရတာ ဖြစ်ပါတယ်။ အဲ့လို ထိုင်နေရတာလည်းပဲ မျက်တောင်ခတ်ဖို့တောင်မှ အတော်လေး ကြိုးစားပြီး သတိထားရတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ကျွန်တော်တို့အပေါ်မှာ နည်းလမ်းအမျိုးမျိုးနဲ့ AI ကို သုံးပြီးတော့တောင်မှပဲ ပုံရိပ်ကို ဖျက်ဖို့ လုပ်နေကြတာလည်းပဲ အများကြီး ရှိတယ်။ အဲ့တော့ ဒီလိုအခြေအနေမျိုးမှာ မလှုပ်မယှက်ဘဲနဲ့ ၆ နာရီ ထိုင်ရတဲ့ ဒုက္ခကလည်း တော်တော်တော့ မသေးဘူးလို့ ကျွန်တော် ပြောရမှာပေါ့နော်။

မိဘပြည်သူများ ကျန်းခံ့သာလို့ မာကြပါလားခင်ဗျာ။ ကျွန်တော်တို့ သည်ဟိတ်ဂ်မြို့ မှာရောက်ရှိနေတဲ့ ICJ လုပ်ငန်းအဖွဲ့ကတော့ မကြာခင်မှာ မြန်မာဘက်က တရား ရင်ဆိုင်ရေးအတွက် စတင်ပြီးတော့မှ လျှောက်လဲရတော့မှာဖြစ်ပါတယ်။ မိဘပြည်သူများ လည်း လိုင်းပေါ်မှာ တွေ့မြင်ပြီးဖြစ်ကြတဲ့အတိုင်းပဲ တစ်ဖက်က တရားလိုဘက်ကတော့ သူတို့ဘက်က လျှောက်လဲချက်တွေကို နေ့စဉ်နဲ့အမျှ အသေးစိတ် ပြုစုပြီးတော့မှ လျှောက်လဲသွားတာ တွေ့ရမှာဖြစ်ပါတယ်။ သူတို့ဘက်ကတော့  ကျွန်တော်တို့အပေါ်မှာ စွပ်စွဲ ထားတဲ့ လူမျိုးသုဉ်းစေမှုဆိုတဲ့ Genocide ပြစ်မှုမြောက်အောင် ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံ ကနေပြီးတော့မှ မရအရ ရှာဖွေပြီးတော့မှ လျှောက်လဲသွားတာဖြစ်ပါတယ်။ နောက်ဆုံး ပြောရမယ်ဆိုရင်တော့ ဒီ ဩဇာကြီးတဲ့ ဆရာတော်ကြီးတွေကိုယ်တိုင်ကိုပဲ ဒီအမှုထဲမှာပါဝင် ပတ်သက်လာအောင်ကိုပဲ ဆွဲထုတ်ပြီးတော့မှ လျှောက်လဲသွားတာကိုလည်း တွေ့ကြ ရမှာ ဖြစ်ပါတယ်။ ဒါကတော့ တရားရင်ဆိုင်တဲ့နေရာမှာ ဘက်နှစ်ဘက်က ဒီလိုပဲ သူ့ကိစ္စနဲ့ သူ လုပ်နေကြတာပါပဲ။ သူတို့ရဲ့အလုပ်ကိုသူတို့လုပ်ကြတာပါပဲ။ အဲ့တော့ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ ဓမ္မာစရိယ ဦးဌေးလှိုင်ရေးတဲ့ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများအကြောင်း” စာအုပ်ကြီး ထဲကလိုပေါ့။ သိမ်တောင် ဆရာတော်ကြီးက  လယ်ဝေးမြို့ဘက်မှာ ဒီပဲခူးရိုးမတောစပ်မှာ လေးတိုင်စင် ကျောင်းကလေးနဲ့ တရားအားထုတ်နေတဲ့အချိန်မှာ သူတရားအားထုတ်တဲ့နားကို မြွေကြီးတစ်ကောင် က တက်လာတယ်။ အဲ့တော့ သူ့ရဲ့တရားထိုင်နေတဲ့ပေါ်မှာ လာပြီးတော့မှ ပါးပြင်းထောင်ပြီးတော့မှ ရန်မူတဲ့ပုံစံမျိုးလုပ်ပြတော့ ဆရာတော်ကြီးကပြောတယ် “ဒကာရှင်၊ ဒကာရှင်လည်း ဒကာရှင့် အလုပ်လုပ်၊ ဦးဇင်းကလည်း ဦးဇင်းအလုပ်လုပ်ရမှာပဲ” ဆိုပီးတော့ သူကတရားအားထုတ်တာဆက်ပြီး အားထုတ်နေတယ်။ နောက်သိပ်မကြာဘူး အဲ့စာအုပ် ထဲမှာပါတဲ့အတိုင်းဆိုရင်တော့ သဘက်မကြီးပေါ့ သဘက်ဆိုတာက တစ္ဆေ၊ သရဲထက်ပိုကြီးတဲ့ သဘက်မကြီးတစ်ယောက်ကလည်း လာပြီးတော့မှ ခြောက်ပြန်တယ်တဲ့။ ခြောက်တော့လည်း ဆရာတော်ကြီးက ခုနကအတိုင်းပဲပြောလိုက်တယ် ဒါယိကာမကြီးလည်း ဒါယိကာမကြီး အလုပ်ကိုလုပ်၊ ဦးဇင်းလည်း ဦးဇင်းအလုပ်ကိုလုပ်ရမှာပဲ” ဆိုပြီးတော့ အဲ့လိုပဲ မိန့်ပြီးတော့ တရားဆက်ပြီးတော့မှ အားထုတ်သွားတယ်လို့ပြောပါတယ်။ ကျွန်တော်လည်း ဒီလိုပါပဲ တစ်ဘက် ကနေပြီးတော့မှ သူတို့အလုပ်ကို သူတို့လုပ်သွားကြတယ် ကျွန်တော်တို့လည်းပဲ တရားပြိုင်အနေနဲ့ ကိုယ့်အလုပ်ကိုယ်ကို လုပ်ကြရမှာပါပဲ။ ဒီလို တရားရင်ဆိုင်ကြတဲ့ နေရာ မှာတော့ နှစ်ဖက်အားပြိုင်ကြတာပေါ့။ သူ့ဘက်ကိုယ့်ဘက် အနိုင်ရမယ့်အချက်တွေကို ရှာဖွေ ကြိုးစားပြီးတော့မှ ဖော်ထုတ်ကြသလိုပဲ ကိုယ့်ဘက်က အားနည်းချက်တွေကိုလည်း ရအောင် ကာကွယ်ကြတာပဲ။ ဒါဘာနဲ့တူသလဲဆိုတော့ ဘောလုံးပွဲ တစ်ပွဲလိုပါပဲ။ ဘောလုံးသင်း နှစ်သင်းက တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းနိုင်အောင် ကြိုးစားကြသလိုပဲ ကိုယ့်ဘက်ကို ဂိုးမပေး ရအောင် ကာကွယ်ကြသလိုပါပဲ။ ဒီလိုပါပဲ ဘောလုံးကစားတဲ့နေရာမှာလည်း အားလုံး သိတဲ့ အတိုင်းပဲ မရရအောင် ကိုယ့်ဘက်ကနိုင်အောင် ကြိုးစားကြ တဲ့အခါကြတော့ နည်းလမ်း မျိုးစုံ သုံးကြတာတွေလည်းရှိတာပေါ့။ တချို့ကလည်းပဲ ဂိုးဧရိယာထဲမှာ လဲကျပြီးတော့ နာချင် ယောင်ဆောင်ပြီးတော့မှ ပြစ်ဒဏ်ဘောကို ရအောင် လုပ်တတ်ကြသလိုပဲ တချို့ကျတော့ လည်း ဒိုင်လူကြီးမမြင်အောင် ပခုံးနဲ့ကာပြီးတော့မှ လက်နဲ့ဂိုးသွင်းသွားကြတာတွေလည်း ရှိတတ်ပါတယ်။ တချို့ကြတော့လည်းပဲ ဆယ့်လေးယောက်နဲ့ ဆယ့်တစ်ယောက် ကန်ရတဲ့ ပွဲတွေရှိသလို အဝေးကွင်းတွေမှာ ကန်ရလို့ရှိရင်လည်း တစ်ကွင်းလုံးနဲ့ ဆယ့်တစ်ယောက် ကန်ရတာတွေလည်း ရှိတတ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဘက်က မြန်မာ အသင်းကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘက်က အကောင်းဆုံးဂိုးရနိုင်ဖို့နဲ့ ဂိုးမပေးရဖို့ကို အစွမ်းကုန်ကြိုးစားသွားမှာ ဖြစ်ပါတယ်။ 

 

မိဘပြည်သူများအားလုံး မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ ဗီဒီယို click လေးကို တင်ရတဲ့ အကြောင်းကတော့ နှစ်ချက်ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ကိုယ်စားပြုတဲ့ ICJ တရားစီရင်ရေး ဆိုင်ရာအဖွဲ့နဲ့ ပတ်သက်ပြီးတော့မှ မဟုတ်မမှန်တဲ့ကောလာဟလတွေ သတင်းတွေထွက်နေတာ ရှိပါတယ်။ ကျွန်တော်တို့ ခရီးစဉ်အဖွဲ့ကို ဟိုအဖွဲ့ ဒီအဖွဲ့တွေက ဖမ်းဆီးထားသလိုလို ဒီလိုသတင်းအမှားတွေဟာ မဟုတ်မမှန်တဲ့ အကြောင်း၊ ကျွန်တော်တို့တစ်ဖွဲ့လုံး ကျန်းမာစွာနဲ့ နိုင်ငံတကာ ဥပဒေရဲ့ ရှေ့တန်း စစ်မျက်နှာမှာ တာဝန်ကျေပွန်စွာထမ်းဆောင်လျက်ရှိကြောင်း မိဘပြည်သူတွေကို အရင်ဆုံးတင်ပြချင်တာ ဖြစ်ပါတယ်။ 

ဒုတိယအချက်ကတော့  ကျွန်တော်တို့ ဘာကြောင့် ဒီနေ့ဒီနေရာ ICJ တရားရုံးရှိရာ နယ်သာလန် နိုင်ငံ သည်ဟိတ်ဂ် မြို့ကို ရောက်နေရသလဲဆိုတဲ့အချက်လေးကို တင်ပြချင်ပါတယ်။ အားလုံး သိကြတဲ့ အတိုင်းပဲ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ၂၀၁၆၊ ၂၀၁၇ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း အရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ လူမျိုးသုဉ်းစေမှုဆိုတဲ့ အမှုတွေနဲ့ ကျွန်တော်တို့ ရင်ဆိုင် ကျူးလွန် ခဲ့တယ်ဆိုတဲ့ အာဖရိကတိုက်ရဲ့အစွန်အဖျား နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ ဂမ်ဘီယာကနေပြီးတော့မှ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာအမှုဖွင့်ပြီးတော့မှ စွဲဆိုထားတဲ့အတွက်ကြောင့်မို့လို့ ရုံးတော်ရှေ့မှာ အပြန်အလှန် နှုတ်နဲ့လျှောက်လဲကြမို့ ရောက်ရှိနေတာဖြစ်ပါတယ်။ 

တရားရင်ဆိုင်နေတဲ့အပေါ်မှာ မြင်နေရတဲ့အတိုင်း မနက် ၈ နာရီရောက်နေတာ တောင်မှပဲ မှောင်နေဆဲဖြစ်ပီးတော့  အပူချိန်ကလည်းပဲ ဒီထဲမှာတောင်မှ အေးနေဆဲ ဖြစ်ပါတယ်။ အအေးဒဏ် ကြားက အမျိုးမျိုးသော ပြင်ပက ဖိအားတွေ မီဒီယာတွေရဲ့ တွန်းလှန်တိုက်ခိုက်နေတာတွေကို ရင်ဆိုင်ပီးတော့ ကျွန်တော်တို့က နိုင်ငံချစ်စိတ်နဲ့ နေ့ရောညပါအလုပ်လုပ်နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆိုတဲ့နေရာမှာ မြန်မာနိုင်ငံကနေလာတဲ့ ICJ လုပ်ငန်းအဖွဲ့တွေ နောက် ဘရပ်ဆဲလ်မှာအခြေစိုက်တဲ့ မြန်မာသံရုံးရော နိုင်ငံတကာရှေ့နေအဖွဲ့တွေပါ တက်တက်ကြွကြွနဲ့ ပူးပေါင်းပီးတော့မှ ဆောင်ရွက်နေကြ တာဖြစ်ပါတယ်။ ဒီအတွက်လည်းပဲ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် ရဲဖော်ရဲဘက်တွေကို ကျေးဇူးတင်ရပါတယ်။ 

ဒီကနေ့ ဆိုလို့ရှိရင်တော့ တရားရုံးမှာ အမှုစစ်ဆေးတဲ့ ပထမဆုံးနေ့ဖြစ်ပြီးတော့ ဂမ်ဘီယာ ဘက်က ဦးစွာလျှောက်လဲ တင်ပြမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ လာမယ့် ၁၆ ရက်နေ့ကနေစ ပြီးတော့ ကျွန်တော်တို့ဘက်ကနေ ခုခံချေပလျှောက်လဲသွားရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်းပဲ နှစ်ဘက် သက်သေတွေကို တရားရုံးရှေ့မှာ တင်သွင်းပြီးတော့မှ စစ်ဆေးသွားဖို့ရှိပါတယ်။ ဒီကာလ တစ်လျှောက်လုံးမှာ အမှုနဲ့ပတ်သက်လို့ ဖြစ်ထွန်းပေါ်ပေါက်မှုတွေကို မိဘပြည်သူတွေ သိခွင့်ရအောင်လို့ ကျွန်တော်တို့ ပြောခွင့်ရသမျှ အခါအားလျော်စွာ အကျဉ်းချုပ်ပြီးတော့မှ ဆက်လက်တင်ပြသွားမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ် ခင်ဗျာ။ 

ကျွန်တော်တို့ ဒီအမှုကို ရင်ဆိုင်ခဲ့ရာမှာ အစကတည်းက သက်တော့သက်သာနဲ့ အေးအေးချမ်းချမ်း ရင်ဆိုင်ခဲ့တာ မဟုတ်ပါဘူး။ ပထမဦးဆုံး ကိုဗစ် ၁၉ ကပ်ရောဂါဘေးနဲ့ ရင်ဆိုင်နေရတဲ့ ကြားထဲက နိုင်ငံတကာ ရှေ့နေ အဖွဲ့တွေနဲ့ ခက်ခက်ခဲခဲ ဆက်သွယ်ပြီးတော့မှ ဆောင်ရွက်ခဲ့ရတာပါ။ နောက်ပိုင်းမှာလည်းပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒီအမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလိုပဲ ၂၀၂၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆိုက်ကလုန်း မိုခါ ကြောင့်လည်းပဲ ဒီဒေသမှာ အတော်လေး ထိခိုက်ခံစားခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီရဲ့ နောက်ပိုင်းမှာ ဆိုရင်လည်းပဲ အစိုးရအဖွဲ့ ရုံးစိုက်တဲ့နေရာ ဖြစ်တဲ့ နေပြည်တော်မှာ ရေကြီးမှုတွေ ငလျင်ဘေးဒဏ်တွေ ခံစားခဲ့ရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ မန္တလေးငလျင်ကြီး လှုပ်တဲ့ အချိန်တုန်းက ကျွန်တော်တို့ ICJ လုပ်ငန်း တစ်ဖွဲ့လုံးက အစည်းအဝေးလုပ်နေကြတာဖြစ်ပါတယ်။ အစည်းအဝေး လုပ်နေတဲ့ အချိန်မှာပဲ ခေါင်မိုးပေါ်က မျက်နှာကြက်ကြီး ပြုတ်ကျလာတဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ နောက် ကိုယ်တိုင်တောင်မှပဲ ကျွန်တော့် နောက်ဘက် နံရံက ကွန်ကရစ်တုံးကြီး ပြုတ်ကျလာတာ ကံကောင်းလို့ အသက်ဘေးကနေပြီးတော့မှ သီသီလေး လွတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို အခက်အခဲ အကျပ်အတည်း အမျိုးမျိုးတွေ ကြားထဲကပဲ ကျွန်တော်တို့ တစ်ဖွဲ့လုံးဟာ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ ကြိုးစားခဲ့ကြခြင်းဖြစ်ပါတယ်။

အခုလို မြန်မာပြည်သူလူထု တစ်ရပ်လုံးရဲ့ သောင်းသောင်းဖြဖြ ထောက်ပံ့အားပေးမှုတွေကိုလည်းပဲ ကျွန်တော်တို့တစ်ဖွဲ့လုံးက အထူးတန်ဖိုးထားပြီးတော့မှ ကျေးဇူးတင်နေကြပါကြောင်းနှင့် ကျွန်တော် တို့တစ်ဖွဲ့လုံးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ နိုင်ငံနဲ့ပြည်သူကို ကြိုးစားပြီးတော့မှ ကာကွယ်သွားပါမယ်ဆိုတဲ့ အကြောင်းကိုလည်းပဲ နောက်ဆုံးအနေနဲ့ တင်ပြချင်ပါတယ်။ အားလုံးပဲ ကြည့်ရှုနားထောင်ပေးတဲ့အတွက် ကျေးဇူးအများကြီးပဲ တင်ရှိပါတယ်။ သောတရှင် မိဘ ပြည်သူအပေါင်းတို့ ကျန်းမာ ချမ်းသာကြပါစေ။

ရုရှားနိုင်ငံ၏ နောက်ဆုံးပေါ် တာလတ်ပစ် Hypersonic ဒုံးကျည်စနစ် ဖြစ်သော Oreshnik သည် ဘယ်လာရုစ်နိုင်ငံအတွင်းသို့ ရောက်ရှိလာပြီး တိုက်ပွဲဝင်အသင့်အနေအထားဖြင့် စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက အတည်ပြု ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလလယ်တွင် Oreshnik ဒုံးကျည်စနစ်အတွက် ပထမဆုံးသော အခြေစိုက်စခန်းများကို အောင်မြင်စွာတပ်ဆင်ပြီးစီးခဲ့ပြီး လက်ရှိတွင် "တိုက်ပွဲဝင် အသင့်အနေအထား" (Combat Duty) သို့ ရောက်ရှိ နေပြီဖြစ်သည်။ ယင်းသည် ရုရှားနှင့် ဘယ်လာရုစ်တို့အကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသော အဆင့်တစ်ခုဖြစ်သည်။

Oreshnik ဒုံးကျည်သည် အသံထက် ၁၀ ဆ (Mach 10) ပိုမိုမြန်ဆန်ပြီး ကမ္ဘာပေါ်ရှိ မည်သည့် ခေတ်မီလေကြောင်းကာကွယ်ရေးစနစ်ကမျှ ကြားဖြတ်မတားဆီးနိုင်ဟု ရုရှားက ပြောဆိုထားသည်။ ၎င်းသည် နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်ပြီး သမားရိုးကျထိပ်ဖူးလည်း တပ်ဆင် နိုင်စွမ်းရှိသည်။ 

အကယ်၍ သမားရိုးကျ ထိပ်ဖူးအမြောက်အမြားဖြင့် တပ်ဆင်ပစ်ခတ် ပါက နျူကလီးယားလက်နက်နှင့် ညီမျှသောဖျက်အားကို ရရှိနိုင်ကြောင်း သမ္မတပူတင်က ဆိုသည်။ တာလတ်ပစ် ဒုံးကျည်အမျိုးအစားဖြစ်သဖြင့် ဥရောပတိုက်အတွင်းရှိ မည်သည့်မြို့တော်ကိုမဆို မိနစ်ပိုင်းအတွင်း ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိသည်။

ဘယ်လာရုစ်နိုင်ငံအတွင်း ယခုကဲ့သို့ တပ်ဖြန့်ရခြင်းမှာ အနောက် အုပ်စု နှင့် NATO ၏ စစ်ရေးခြိမ်းခြောက်မှုများကို တားဆီးရန် (Strategic Deterrence) နှင့် ဒေသတွင်း စစ်ရေးမျှခြေကို ထိန်းညှိရန်အတွက် ဖြစ်သည်။ အထူး သဖြင့် ယူကရိန်းစစ်ပွဲတွင် အနောက်နိုင်ငံများမှ တာဝေးပစ် လက်နက် များ အသုံးပြုခွင့်ပေးလာမှုအပေါ် ရုရှား၏ တုံ့ပြန်မှု တစ်ရပ်လည်း ဖြစ်သည်။

အဆိုပါ ဒုံးကျည်စနစ်များကို ရုရှားနိုင်ငံက တိုက်ရိုက် ထိန်းချုပ်သွားမည် ဖြစ်သော်လည်း ပစ်မှတ်ရွေးချယ်မှုနှင့် ပတ်သက်၍ ဘယ်လာရုစ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သိရှိရသည်။ Oreshnik ဒုံးကျည်စနစ် ဘယ်လာရုစ်သို့ ရောက်ရှိလာခြင်းသည် ဥရောပ၏ လုံခြုံရေး အခြေအနေ ကို ပိုမိုတင်းမာစေပြီး ရုရှား၏အဆင့်မြင့်စစ်လက်နက် နည်းပညာများကို ၎င်း၏မဟာမိတ်နယ်မြေများအထိ တိုးချဲ့ဖြန့်ကြက်လိုက်ခြင်းပင် ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

နယူးဂျာစီပြည်နယ်တွင် တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၈) မွန်းလွဲပိုင်းက ရဟတ်ယာဉ်နှစ်စင်း တိုက်မိမှုကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံး သွားကြောင်း အမေရိကန်အာဏာပိုင်များကို ကိုးကား၍ ဒေသတွင်း သတင်းများက ဖော်ပြခဲ့ကြသည်။

Hammonton မြို့ငယ်လေးရှိ လေဆိပ်အနီးတွင် Enstrom F-28A နှင့် Enstrom 280C အမျိုးအစား ရဟတ်ယာဉ်နှစ်စင်း ဝေဟင်၌ တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာန (FAA) က ထုတ်ပြန် ထားသည်။ ရဟတ်ယာဉ်တစ်စင်းစီတွင် လေယာဉ်မှူးတစ်ဦးစီသာ လိုက်ပါ သွားခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

လေယာဉ်မှူးတစ်ဦးမှာ သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာ အသက် အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာများဖြင့် ဆေးရုံသို့အရေးပေါ် ပို့ဆောင်ထားရကြောင်း Fox29 Philadelphia သတင်းတွင် ဖော်ပြထားသည်။ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဖြစ်စဉ်မှတ်တမ်းဗီဒီယိုတစ်ခုတွင် ရဟတ်ယာဉ်တစ်စင်းမှာ မထိန်းချုပ်နိုင်ဘဲ လည်ပတ်ကာ ပျက်ကျသွားသည်ကို မြင်တွေ့ရသည်။

FAA ၏ အဆိုအရ အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံမှု ဆိုင်ရာ ဘုတ်အဖွဲ့ (NTSB) က စုံစမ်းစစ်ဆေးမှုများကို လွှဲပြောင်း ရယူ သွားမည်ဖြစ်ပြီး နောက်ထပ် နောက်ဆက်တွဲ သတင်းအချက်အလက် များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုးကား- RT

Photo: The Financial Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

အိန္ဒိယနိုင်ငံသို့ နိုင်ငံတော်ခရီးစဥ်အဖြစ် ရောက်ရှိလာသော ရုရှား သမ္မတ ပူတင်ကို အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက ကြိုဆိုနှုတ်ဆက်၍ နယူးဒေလီမြို့ 7LKM ဟုခေါ်တွင်သည့် ဝန်ကြီးချုပ်အိမ်တော်သို့ ညစာစားပွဲအတွက် ယာဥ်တစ်စီးတည်းအတူ စီးနင်းလိုက်ပါလာကြောင်း သိရှိရပါသည်။

ကိုးကား - RT

Photo: NPR

“ယူကရိန်းကို ရုရှားက မြေအများကြီးပေးရန် တောင်းဆိုနေသည်ဟု သင် ထင်ပါသလား” ဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ထရမ့်က ရှေ့တန်းက အဆိုပါလမ်းကြောင်းအတိုင်း ရွေ့လျားနေသောကြောင့် နောက်ဆုံးမှာတော့ ထိုနေရာက နောက်လအနည်းငယ်အတွင်း ရုရှားကို ရောက်သွားနိုင်သည့် မြေပဲ။ ထိုသို့ဖြစ်လာပါက သင်ဆိုလျှင် တိုက်ခိုက်ပြီး နောက်ထပ် လူ ၅သောင်း၊ ၆ သောင်း ဆုံးရှုံးချင်လား၊ သို့မဟုတ် ယခု တစ်ခုခု လုပ်ချင်ပါသလား” ဟု ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

ကိုးကား- အင်တာနက်စာမျက်နှာ

Photo: CNN

ထရမ့်အစိုးရသည် ဗင်နီဇွဲလားအပေါ် စစ်ရေးအရ တိုက်ခိုက်မှုများ ဖြစ်နိုင်ခြေကို တက်ကြွစွာ ဆွေးနွေးနေကြောင်း The Washington Post သတင်းစာတွင် ဖော်ပြထားသည်။

"ပင်တဂွန်အကြီးအကဲ Pete Hegseth၊ ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Dan Kain နှင့် အခြားအကြီးတန်းအရာရှိများသည် ဒေသ တွင်းရှိ အမေရိကန်တပ်ဖွဲ့များသည် ဖြစ်နိုင်ချေရှိသော တိုက်ခိုက်မှုအမိန့် များအတွက် တိတ်တဆိတ်ပြင်ဆင်နေချိန်တွင် အိမ်ဖြူတော်တွင် နှစ်ကြိမ် တွေ့ဆုံခဲ့ကြသည်" ဟု စာစောင်တွင် ဖော်ပြထားသည်။

နောက်ဆုံးဆုံးဖြတ်ချက်ကို မချရသေးသော်လည်း ရွေးချယ်စရာများတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် Delta Force စစ်ဆင်ရေးများ ပါဝင်သည်။

မိမိအနေဖြင့် ဆုံးဖြတ်ချက်ချပြီးဖြစ်ပြီး အကြောင်းရင်းကိုမူ မပြောနိုင်သေး ပါဟု ဗင်နီဇွဲလားအကြောင်းကို သမ္မတ ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ကိုးကား - The Washington Post

ထိုင်းနှင့် ကမ္ဘောဒီးယား ပစ်ခတ်မှုလမ်းကြောင်းပေါ် ပြန်ရောက်လျက် ရှိပြီး နယ်စပ်ပဋိပက္ခသည် တစ်ဖန်ပြန်လည်ထိန်းချုပ်မရတော့ပါ။

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအာဏာပိုင်များအကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရပ်ဆိုင်းခြင်းသည် အလျင်အမြန်ဆိုးရွားလာခဲ့သည်။ ထို့အပြင် အမေရိကန်၏ သတိပေးချက်များကို လျစ်လျူရှုခဲ့သည်။

ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၂) ၏ ဒုတိယပိုင်းတွင် ထိုင်းနိုင်ငံ ဆာကေး ပြည်နယ်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဘန်တေမီချိုင်းတို့ဆုံရာတွင် ပစ်ခတ်မှု များစတင်ခဲ့သည်။ နှစ်ဖက်စလုံးသည် လက်နက်များကို ဦးစွာအသုံးပြု သည်ဟု အပြန်အလှန်စွပ်စွဲလေ့ရှိသည်။ ညအချိန်ရောက်လာသောအခါ သေနတ်သံများကို ရံဖန်ရံခါကြားနေရဆဲဖြစ်သည်။ စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လွှဲပြောင်းပေးအပ်မှုကို တွေ့ရှိခဲ့ရသည်။

ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက အရပ်သားတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း အတည်ပြုခဲ့သည်။ အနီးနားရှိဒေသမှ လူဦးရေ များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ကြေညာခဲ့သည်။ ထိုင်းဘက်ခြမ်း တွင် စစ်တပ်သည် အရပ်သားများကို ခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းရန် ကူညီပေးနေသည်။

စက်တင်ဘာလတွင် ထိုင်းစစ်တပ်သည် အငြင်းပွားနေသော နယ်စပ် ဒေသ များတွင် အတားအဆီးများ တပ်ဆင်ခြင်းကြောင့် ထိုင်းရဲများနှင့် ကမ္ဘောဒီးယား အရပ်သားများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ သို့သော် ယခုအခါ မျက်ရည်ယိုဗုံး၊ ရာဘာကျည်ဆန်များနှင့် အသံချဲ့စက်များ အသုံးပြုရန် မဖြစ်နိုင်တော့ပါ။

မနေ့ (နိုဝင်ဘာ ၁၄) ကပဲ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီက အချုပ် အခြာအာဏာကို ကာကွယ်ရန်အတွက် အပြည့်အဝ စစ်ရေးလှုပ်ရှားမှုတွေကို ခွင့်ပြုသည့် အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါသည်။ ကာကွယ်ရေး ဝန်ကြီးဌာနက ယခုအချိန်ကစပြီး "ထိတွေ့ဆက်ဆံရေးစည်းမျဉ်းများ" အသက်ဝင်လာပြီး လိုအပ်လျှင် လက်နက်ငယ်တွေအပြင် လက်နက်ကြီး တွေကိုပါ အသုံးပြုမှုမည်ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်က အခြေအနေသည် အလျင်အမြန် ယိုယွင်း လာသော်လည်း ဇူလိုင်လတုန်းကလို အပြည့်အဝ ရန်လိုသည့်အဆင့်ကို မရောက်သေးပါ။ တစ်ချိန်တည်းမှာပဲ ထိုင်းအစိုးရနှင့် တပ်မတော်က အခြေအနေကို တမင်တကာ တိုးမြှင့်နေပြီး ကမ္ဘောဒီးယား အာဏာပိုင် တွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဖျက်ဆီးနေသည်ဟု စွပ်စွဲပြီး ညှိနှိုင်းမှုလုပ်ငန်းစဉ်ကို ပြန်လည်စတင်ရန် ပြတ်ပြတ်သားသား ငြင်းဆို ခဲ့ပါသည်။

ကိုးကား- အင်တာနက်စာမျက်နှာ

Photo: The Diplomatic Insight

ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ချန်လှပ်ထားခဲ့ခြင်းနှင့် ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် က သမ္မတ ထရမ့်၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကြိုးပမ်းအားထုတ်မှု များကို ချီးကျူးထောမနာပြု ပြောဆိုခဲ့ ပါသည်။

ရုရှားသမ္မတ ပူတင်သည် တာဂျစ်ကစ္စတန်နိုင်ငံ၊ ဒူရှန်ဘေး (Dushanbe) ၌ ကျင်းပသော ဆိုဗီယက်ပြည်ထောင်စုဟောင်း နိုင်ငံများ၏ ထိပ်သီး အစည်းအဝေးတစ်ခုတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြား ခဲ့ရာ၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ 

သမ္မတ ပူတင်က ထိုဆုပေးအပ်ရေးကို မိမိက ဆုံးဖြတ်ရမည် မဟုတ် သော်လည်း ထရမ့်၏ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူး ပြောဆို ခဲ့သည်။ "လက်ရှိ အမေရိကန်သမ္မတသည် အဆိုပါဆုနှင့် ထိုက်တန်သည်၊ မထိုက်တန်ပါ ဆိုသည်ကို မိမိ မသိသော်လည်း ၎င်းအနေဖြင့် နှစ်ပေါင်း များစွာ၊ ဆယ်စုနှစ်များစွာ ကြာရှည်ခဲ့သည့် ယနေ့ခေတ်မှာ ရှုပ်ထွေး လှသည့် ပြဿနာများ၊ တည်ရှိနေသော ခက်ခဲသည့် အကျပ်အတည်း များကို ဖြေရှင်းရန်အတွက် အမှန်ပင် အားကြိုးမာန်တက် ဆောင်ရွက် လျက်ရှိပါသည်။ ယူကရိန်း အကျပ်အတည်းမှာလည်း ထိုနည်းအတိုင်း ပါပဲ။ ၎င်းအနေဖြင့် အဖြေတစ်ခုရှာတွေ့ရန်အတွက် စိတ်ရင်းမှန်ဖြင့် ကြိုးစားနေပါသည်။ အရှေ့အလယ်ပိုင်းက အခြေအနေကတော့ ထင်ရှား သည့် ဥပမာတစ်ခု ဖြစ်ပါသည်။ အကယ်၍ လက်ရှိ အစပျိုးဆောင်ရွက်မှု အောင်မြင်ပြီးဆုံးသွားမည်၊ ဒေါ်နယ်ထရမ့် ကြိုးပမ်းနေသည့် အရာ အားလုံး အမှန်တကယ် ပေါ်ထွက်လာမည်ဆိုပါက ယင်းက သမိုင်းဝင် အောင်မြင်မှုတစ်ခု တကယ်ပဲ ဖြစ်လာပါလိမ့်မည်။" ဟု သမ္မတ ဗလာ ဒီမီယာ ပူတင် က ပြောကြားခဲ့ပါသည်။ 

သမ္မတ ပူတင်က နိုဘယ်ကော်မတီအနေဖြင့် ငြိမ်းချမ်းရေးအတွက် မည်သည့် အရာမျှ ဆောင်ရွက်ခဲ့ဖူးခြင်းမရှိသူများကိုလည်း ဆုချီးမြှင့်ခဲ့ ဖူးသည့်ကိစ္စများ ရှိခဲ့ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ၎င်း၏ မှတ်ချက်ပြုမှုများသည် နိုဘယ်ငြိမ်းချမ်းရေးဆုအပေါ် အများ ပြည်သူကြား အငြင်းပွားမှုများ ဖြစ်ပေါ်လာစေခဲ့ပြီး သမ္မတ ထရမ့်ကို ထောက်ခံသူများ အကြား ဝမ်းသာအားတက်စရာ ဖြစ်ခဲ့ပါသည်။

ကိုးကား - ကရင်မလင်

ရဟတ်ယာဉ်ပေါ်မှ ကြိုးများအသုံးပြု၍ ဆန္ဒပြပွဲများအတွင်း နီပေါဝန်ကြီး များအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း Times of India က ဖော်ပြခဲ့သည်။

စက်တင်ဘာလအစောပိုင်းတွင် နီပေါအစိုးရသည် Facebook၊ Instagram၊ WhatsApp နှင့် YouTube အပါအဝင် မက်ဆေ့ချ်အက်ပ်များနှင့် လူမှု မီဒီယာပလက်ဖောင်းအများအပြားကို နိုင်ငံအတွင်း ပိတ်ပင်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် နိုင်ငံတစ်ဝန်းရှိ မြို့အသီးသီးတွင် ဆန္ဒပြပွဲများ စတင် ကျင်းပသည့် ဒေသခံပြည်သူများ၏ ကန့်ကွက်မှုများနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ပါသည်။

ကိုးကား- Times of India

နီပေါနိုင်ငံရှိ အစိုးရုံးစိုက်ရာ နန်းတော်သည် လုံးဝမီးလောင်ကျွမ်းသွား ခဲ့ပြီး မည်သူမျှ မီးငြှိမ်းသတ်ရန်ပင် မကြိုးစားခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ အဆောက်အအုံတွင် ဝန်ကြီးချုပ်ရုံးများ အပါအဝင် အဓိက ရုံး များနှင့်ဌာနဆိုင်ရာများကို ထားရှိခဲ့သည်။ အရေးကြီးစာရွက်စာတမ်းများ အားလုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

Singha Durbar သည် အာရှတွင် အကြီးဆုံးနန်းတော်အဖြစ် သတ်မှတ် ခံထားရပြီး အခန်းပေါင်း ၁,၇၀၀ ရှိပြီး ဝန်ကြီးချုပ်၏နေအိမ်အဖြစ် ၁၉၀၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။

နီပေါစစ်တပ်သည် လုယက်မှု၊ မီးရှို့မှုနှင့် လုယက်ဖျက်ဆီးမှုများ မရပ်တန့် ပါက လမ်းမများပေါ်သို့ ထွက်၍ နှိမ်နင်းမည်ဟု ပြောဆိုထားသည်။

ကိုးကား- ဒေသတွင်းမီဒီယာ

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးကို သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ တရုတ်နိုင်ငံ၊ Tianjin မြို့တွင် လက်ခံကျင်းပမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့၏ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်မည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကာ ထိပ်သီး အစည်းအဝေး တွင် ပါဝင်တက်ရောက်မည်ဖြစ်သည်။

ဘယ်လာရုစ်၊ အိန္ဒိယ၊ အီရန်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ ပါကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ မွန်ဂိုလီးယား၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ကမ္ဘောဒီးယား၊ မော်လဒိုက်၊ နီပေါ၊ တာကီယာ၊ အီဂျစ်၊ တာ့ခ်မင်နစ္စတန်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံ တို့မှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။

ကိုးကား- ဒေသတွင်းမီဒီယာ

Photo Crd - Xinhua

ယနေ့ ဩဂုတ်လ ၂၅ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီအထိ ရရှိထားသည့် တိုင်ဖွန်မုန်တိုင်း Kajiki ၏ နောက်ဆုံးအခြေအနေ လက်ရှိအချိန်မှာ အဆိုပါ တိုင်ဖွန်းမုန်တိုင်း Kajiki သည် ဗီယက်နမ်နိုင်ငံ၏ ကမ်းရိုးတန်း အနီးကို ရောက်ရှိနေပြီဖြစ်ပြီး၊ ကုန်းတွင်းပိုင်းကို မကြာခင် ဝင်ရောက်တော့မှာ ဖြစ်ပါသည်။

မုန်တိုင်းတည်နေရာ

မုန်တိုင်းဗဟိုချက်သည် ဗီယက်နမ်နိုင်ငံ၊ Da Nang မြို့၏အနောက်မြောက်ဘက် ၂၇၀ ကီလိုမီတာ (၁၆၈ မိုင်) ခန့်အကွာမှာ တည်ရှိနေပါသည်။

လက်ရှိပြင်းအား

မုန်တိုင်း၏ အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီ ၁၆၅ ကီလိုမီတာ (၁၆၅ km/h) ရှိနေပြီး၊ အမြင့်ဆုံး လေပြင်းတိုက်ခတ်မှုနှုန်းကတော့ တစ်နာရီ ၁၇၅ ကီလိုမီတာ အထိ ရောက်ရှိနိုင်ကြောင်းဖော်ပြထားပါသည်။

ရွေ့လျားမှု

မုန်တိုင်းသည် အနောက်ဘက်ကို တစ်နာရီ ၂၀ ကီလိုမီတာ နှုန်းဖြင့်ဆက်လက်ရွေ့လျားနေပါသည်။ မုန်တိုင်းသည် ကုန်းတွင်းပိုင်းကို ဝင်ရောက်လာသည်နှင့်အမျှ အင်အားအနည်းငယ်လျော့ကျသွားနိုင်သည်ဟုခန့်မှန်းထားသော်လည်း ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံတွေအတွက်တော့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုနှင့်မြေပြိုမှုအန္တရာယ်တွေ ရှိနေဆဲဖြစ်ပါသည်။

လက်ရှိအခြေအနေအရ တိုင်ဖွန်းမုန်တိုင်း Kajiki ၏ သက်ရောက်မှုသည် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံစလုံးမှာ တွေ့မြင် နေရပါသည်။ သို့သော် လေပြင်းတိုက်ခတ်ခြင်းမျိုးထက် မိုးသည်းထန်စွာရွာသွန်းခြင်းကို အဓိကထားပြီး သက်ရောက် နေခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံအပေါ် သက်ရောက်မှု

Kajiki သည် မြန်မာနိုင်ငံကို တိုက်ရိုက်ဝင်ရောက်ခြင်း မဟုတ်သော်လည်း၊ ၎င်း၏ အင်အားကြောင့် မုတ်သုံလေကို ပိုမိုအားကောင်းစေပါသည်။ ထို့ကြောင့် လက်ရှိမှာ မြန်မာနိုင်ငံအနှံ့အပြား၊ အထူးသဖြင့် ကမ်းရိုးတန်း၊ မြစ်ဝ ကျွန်းပေါ်နှင့် တောင်တန်းဒေသများတွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှု အန္တရာယ်များရှိနေနိုင်ပါသည်။

ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု

မုန်တိုင်းသည် ကုန်းတွင်းပိုင်းကို ဝင်ရောက်ချိန်တွင် အားအများကြီးလျော့ကျသွားသော်လည်း ၎င်း၏ အရှိန်ကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသအချို့မှာ မိုးသည်းထန်စွာရွာသွန်းနိုင်ခြေ မြင့်မားနေပါသည်။ ရုတ်တရက် ရေကြီးရေလျှံမှုနှင့် တောင်ကျရေများအတွက် ထိုင်းအစိုးရက ပြည်သူများကို သတိပေးထားပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါသည်။

နှစ်နိုင်ငံစလုံးအတွက် အဓိကအန္တရာယ်သည် လေပြင်းထန်မှုထက် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် မိုးသည်း ထန်စွာရွာသွန်းမှုကနေ ဖြစ်ပေါ်လာသည့် ရေဘေးနှင့်မြေပြိုမှုများ ဖြစ်နိုင်ပါသည်။

ကိုးကား- မိုးလေဝသပညာရှင်တစ်ဦး

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အလက်စကာတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဩဂုတ် ၁၇ ရက် တွင် ကရင်မလင်နန်းတော်၌ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ကရင်မလင် သတင်းထုတ်ပြန်ရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

အစည်းအဝေးတွင် သမ္မတပူတင်က အလက်စကာသို့ သွားရောက်ခဲ့ခြင်း သည် အချိန်ကိုက်ဖြစ်ပြီး အလွန်အကျိုးရှိကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းသည် ယူကရိန်းအကျပ်အတည်းကို တရားမျှတသည့် နည်းလမ်းဖြင့် ဖြေရှင်းရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းပြောကြားခဲ့ပါသည်။

ရုရှားသည် ယူကရိန်းတွင် စစ်ရေးပဋိပက္ခများ ရပ်တန့်စေလိုပြီး၊ အကျပ် အတည်း၏ အဓိကအကြောင်းအရင်းများကို ဖယ်ရှားခြင်းသည် ပြေလည်မှု ရရှိရေးအတွက် အခြေခံဖြစ်ရမည်ဟု သမ္မတ ပူတင်က ပြောကြားခဲ့ ပါသည်။

သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးမှုတွင် ယူကရိန်း အခြေအနေ နှင့်ပတ်သက်၍ ရုရှား၏ ရပ်တည်ချက်ကို တည်တည်ငြိမ်ငြိမ်နှင့်အသေးစိတ် ရှင်းပြရန် အခွင့်အရေးရရှိခဲ့ကြောင်း သမ္မတဗလာဒီမာ ပူတင် က ဆိုပါသည်။ ထို့အပြင် အမေရိကန် သမ္မတထရမ့်နှင့် ဆွေးနွေးမှုများ အတွင်း ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အားလုံးနီးပါးကို ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နှင့် စကားပြောဆိုမှုသည် ပွင့်လင်းပြီး အချက်အလက်ပြည့်စုံကာ လိုအပ်သော ဆုံးဖြတ်ချက်များဆီသို့ ပိုမို နီးစပ်လာစေကြောင်း သမ္မတ ဗလာဒီမာပူတင်က ထပ်မံပြောကြားခဲ့ ပါသည်။ ၎င်း၏အဆိုအရ ယူကရိန်းတွင် စစ်ရေးပဋိပက္ခများကို အမြန်ဆုံး ရပ်တန့်ရန် လိုအပ်သည်ဟူသော သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့၏ ရပ်တည်ချက်ကို ရုရှားက လေးစားကြောင်းလည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောဆိုခဲ့ပါသည်။

ကိုးကား - RT

ဩဂုတ်လ ၁၅ ၊ အလက်စကာပြည်နယ် Anchorge တွင် ကျင်းပခဲ့သည့် ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံပွဲ၌ ထရမ့် က “မိမိတို့အနေဖြင့် အလွန် အကျိုးဖြစ်ထွန်းသော တွေ့ဆုံမှု တစ်ခုပြုလုပ် ခဲ့ပြီး ပြဿနာများစွာကို ဆွေးနွေးခဲ့ကြပြီး သိသာထင်ရှားသော တိုးတက်မှု ကို ပြုလုပ်ခဲ့ပါသည်။ မိမိနှင့် သမ္မတပူတင်သည် အလွန်ကောင်းမွန်သည့် ဆက်ဆံရေး ရှိပါသည်” ဟု ပြောကြားခဲ့ပါသည်။

ဆက်လက်၍ Trump က Zelensky၊ NATO နှင့် အခြားသော အနောက် နိုင်ငံများအား သမ္မတပူတင်နှင့် တွေ့ဆုံမှုရလဒ်များကို မျှဝေရန် ကတိပြု ခဲ့သည်။

ယူကရိန်းနှင့်ပတ်သက်သည့် အချက်များစွာကို သဘောတူညီထားပြီး ကျန်အချက်များမှာလည်း သဘောတူညီမှုရရှိရန် အခွင့်အလမ်းကောင်း များ ရှိနေပါသည်။

ယူကရိန်းနှင့် ပတ်သက်သည့် နားလည်မှုသည် ပူတင်နှင့် သဘောတူညီမှု ရထားသည့် အမေရိကန်တင်မကဘဲ သက်ဆိုင်ရာအဖွဲ့အားလုံးက သဘော တူရန်လိုမည်ဟု မှတ်ချက်ချခဲ့ပါသည်။

မော်စကို၌ နောက်ထပ်တစ်ကြိမ် အစည်းအဝေးကျင်းပရန် ပူတင်၏ အဆိုပြုချက်အပေါ် ထရမ့် က “စိတ်ဝင်စားဖို့ကောင်းပါသည်” ဟု ပြောကြား ခဲ့ပါသည်။

ကိုးကား- ဒေသတွင်းမီဒီယာ

အမေရိကန်နှင့် ရုရှားသမ္မတတို့၏ သမိုင်းဝင်တွေ့ဆုံမှုတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် သတင်းမီဒီယာများ၏ အလွန်အမင်း စည်ကား ရှုပ်ထွေးသည့် အခြေအနေကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ဖြေရှင်းပုံကို တွေ့ရှိရပါသည်။ သမ္မတ ပူတင်၏ တုံ့ပြန်ပုံသည် အလွန်အေးဆေးတည်ငြိမ်ပြီး ပရော်ဖက်ရှင်နယ်ဆန်သည်ဟု သတင်းထောက်များနှင့် လေ့လာသူများက မှတ်ချက်ပြုကြသည်။

သမ္မတနှစ်ဦးသည် သတင်းထောက်အများအပြား၏ မေးခွန်းထုတ်မှုများ၊ အော်ဟစ်မေးမြန်းမှုများနှင့် အလွန်ရှုပ်ထွေးနေသည့် အခြေအနေမျိုးကို ရင်ဆိုင်ခဲ့ရသည်။ သို့သော် သမ္မတပူတင်သည် ထိုဖိအားများကြားမှပင် အနည်းငယ်မျှပင် မတုန်လှုပ်ဘဲ သတင်းထောက်များကို တည်ငြိမ်စွာ မျက်နှာမူပြီး ပုံမှန်အတိုင်း တုံ့ပြန်မှုများ ပြုလုပ်ခဲ့သည်။ ၎င်း၏ ထိုသို့ ကိုင်တွယ်မှုပုံစံသည် ခေါင်းဆောင်တစ်ဦး၏ အတွေ့အကြုံနှင့် စိတ်ပိုင်း ဆိုင်ရာ တည်ငြိမ်မှုကို ထင်ရှားစွာ ပြသနေပါသည်။

ကိုးကား- ဒေသတွင်းမီဒီယာ

အလက်စကာပြည်နယ်တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား သမိုင်းဝင် တွေ့ဆုံဆွေးနွေးပွဲ စတင်ပြီ ဖြစ်ကြောင်း RIA Novosti သတင်းဌာန၏ သတင်းထောက်တစ်ဦးက သတင်းပေးပို့ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ရုရှားဘက်မှ နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ် နှင့် သမ္မတ၏ လက်ထောက် ယူရီ အူရှာကော့ဗ်တို့ အကျဉ်းချုံး အစည်း အဝေးတွင် ပါဝင်ခဲ့ကြပါသည်။ ၎င်းတို့နှစ်ဦးသည် အဖွင့်အမှာစကား ပြောကြားခြင်း မရှိခဲ့ဘဲ တိုက်ရိုက်ဆွေးနွေးမှုများ စတင်ခဲ့ပါသည်။

တွေ့ဆုံပွဲ၏ အဓိကအချက်များအား ကောက်နုတ်ဖော်ပြအပ်ပါသည် - 

တစ်ပြိုင်နက်တည်းဆင်းသက်မှု- သမ္မတပူတင်နှင့် သမ္မတထရမ့်တို့သည် ၎င်းတို့၏လေယာဉ်များမှ အလက်စကာလေယာဉ်ကွင်းပေါ်သို့ တစ်ပြိုင်နက် နီးပါး ဆင်းသက်လာခဲ့ကြပြီး အပြန်အလှန် လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။

တိုတောင်းသော စကားပြောဆိုမှု- လေယာဉ်ကွင်းတွင် ခေါင်းဆောင် နှစ်ဦး သည် ခဏတာ စကားပြောဆိုမှု ပြုလုပ်ခဲ့သည်။

တိုက်လေယာဉ်များ ပျံသန်း- ခေါင်းဆောင်နှစ်ဦး အတူတကွ ဓာတ်ပုံ ရိုက်ကူးနေစဉ် ကောင်းကင်ယံတွင် တိုက်လေယာဉ်များ ပျံသန်းသွားခဲ့ ပါသည်။

အတူတကွခရီးဆက်ခြင်း- လေဆိပ်မှ တွေ့ဆုံပွဲအပြီးတွင် သမ္မတပူတင် နှင့် သမ္မတထရမ့်တို့သည် အမေရိကန်သမ္မတ၏ တရားဝင် မော်တော်ယာဉ် ဖြင့် အတူတကွ ခရီးဆက်ခဲ့ကြသည်။

အဖွင့်စကားမရှိ- နှစ်ဦးစလုံးသည် တရားဝင် အဖွင့်အမှာစကားများ ပြောကြားခြင်း မပြုဘဲ တိုက်ရိုက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

အကျဥ်းချုပ် ဆွေးနွေးပွဲသည် လက်ရှိအချိန်အထိ ၂နာရီကျော်ကြာမြင့် နေပြီဖြစ်ပါသည်။

ကိုးကား - RIA Novosti

သမ္မတနှစ်ဦးသည် အန်ကားရေ့ချ်မြို့တွင် သမိုင်းဝင်တွေ့ဆုံမှု ပြုလုပ် ခဲ့ပြီးနောက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် တရားဝင် ဓာတ်ပုံရိုက်ကူးအပြီးတွင် အတူတကွ ခရီးဆက်ခဲ့ကြပါသည်။ ထိုသို့ ခရီးဆက်ရာတွင် အမေရိကန်သမ္မတ၏ တရားဝင်မော်တော်ယာဉ်ဖြစ်သည့် ကက်ဒလက် လီမိုဇင်းကို အတူတူ စီးနင်းခဲ့ကြပါသည်။

အဆိုပါ အဖြစ်အပျက်သည် နှစ်နိုင်ငံခေါင်းဆောင်များအကြား ခင်မင် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် သဘောထားကို ထင်ရှားစွာ ပြသ နေပါသည်။ မျက်နှာချင်းဆိုင်တွေ့ဆုံမှုအပြင် ၎င်းတို့နှစ်ဦး အတူတူ ခရီး ဆက်ခဲ့ခြင်းမှာ သံတမန်ဆက်ဆံရေးနယ်ပယ်တွင် အပြုသဘောဆောင် သော အချက်ပြမှုတစ်ခုဖြစ်ပါသည်။ နှစ်ဦးစလုံးသည် အပြုံးကိုယ်စီဖြင့် ပျော်ရွှင်နေပုံရပြီး ဆွေးနွေးပွဲများ အောင်မြင်မည်ဟု မျှော်လင့်ရပါသည်။

ကိုးကား - RIA

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် မိုးရေထဲ၌ မာဂါဒန်မြို့ရှိ "အယ်လ်စစ်ဘ် သူရဲကောင်းများ" အထိမ်းအမှတ်ကျောက်တိုင်သို့ ပန်းစည်းချ ဂုဏ်ပြုခဲ့ပါသည်။ 

အဆိုပါ အထိမ်းအမှတ်ကျောက်တိုင်သည် ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ယူနီယံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ပူးပေါင်း ဆောင်ရွက်မှု ကို ကိုယ်စားပြုပါသည်။

သမ္မတသည် ဆိုဗီယက်နှင့် အမေရိကန် လေသူရဲများကို ဂုဏ်ပြုခဲ့ပြီး စစ်ပွဲကာလအတွင်း ၎င်းတို့သည် "အယ်လ်စစ်ဘ်" လေကြောင်း လမ်းကြောင်းမှတစ်ဆင့် လေယာဉ်ပေါင်း ၈,၀၀၀ နီးပါးကို ပျံသန်း ပို့ဆောင်ပေးခဲ့ပါသည်။

အဆိုပါ အထိမ်းအမှတ်ကျောက်တိုင်သည် "ကိုလီမာ" ဖက်ဒရယ် အဝေးပြေး လမ်းမကြီး၏ ၁၃ ကီလိုမီတာတွင်ရှိသော လေဆိပ်အဆောက်အအုံ အနီး၌ တည်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ ပါသည်။

ကိုးကား- ဒေသတွင်းမီဒီယာ

နေပြည်တော်၊ ဩဂုတ် ၁၃

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်ဖြစ်သူ Mr. Michael Dunford အား ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် အမှန်တကယ်လိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ အထွေထွေရွေးကောက်ပွဲကျင်းပရေးကိစ္စရပ်များ၊ သဘာဝဘေး ပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင် ရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရုရှားနှင့် တရုတ်ရေတပ်များသည် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုအစီအစဉ် တစ်ရပ်အဖြစ် အမြောက်နှင့် ရေငုပ်သင်္ဘောချေမှုန်းရေးဆိုင်ရာ စစ်ရေး လေ့ကျင့်မှုများ ဆောင်ရွက်နေကြောင်း ရုရှား၏ ပစိဖိတ်ရေတပ်က တနင်္ဂနွေနေ့ (ဩဂုတ် ၃) က ပြောကြားလိုက်ပါသည်။

ထိုစစ်ရေးလေ့ကျင့်မှုမှာ ယခင် ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီ ဒက်ဖ်၏ ပြောကြားချက်အပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ရေတပ်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ၂ စင်းကို သင့်လျော်သော နေရာများတွင် တပ်စွဲရန် အမိန့် ပေးလိုက်ပြီးနောက် ၂ ရက်အကြာတွင် လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ သို့ရာတွင် ထရမ့် မပြောကြားမီကတည်းက ထိုစစ်ရေးလေ့ကျင့်မှု ပြုလုပ် ရန် စီစဉ်ထားကြောင်း သိရပါသည်။ 

ရုရှား ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ဧရာမသင်္ဘောတစ်စီးနှင့် တရုတ် ရေတပ် ဖျက်သင်္ဘောနှစ်စီးအပါအဝင် ရုရှားနှင့် တရုတ်သင်္ဘောများ ပူးတွဲ၍ ရွေ့လျားနေကြောင်း ပစိဖိတ်ရေတပ်၏ ပြောကြားချက်ကို ကိုးကား၍ အင်တာဖက်စ်သတင်းဌာနကလည်း   ဖော်ပြထားပါသည်။

နိုင်ငံနှစ်နိုင်ငံမှ ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောများအပြင် တရုတ် ရေငုပ်သင်္ဘောကယ်ဆယ်ရေးသင်္ဘောတစ်စီးလည်း ပါဝင်နေကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ ထိုလှုပ်ရှားမှုများကို "ပင်လယ်ပြင် ဆိုင်ရာ အပြန်အလှန်ပူးပေါင်းမှု-၂၀၂၅" (Maritime Interaction- 2025) အမည်ရှိ စစ်ရေးလေ့ကျင့်မှုများ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အင်္ဂါနေ့ (ဩဂုတ် ၅) တွင် ပြီးဆုံးရန် စီစဉ်ထားကြောင်း သိရပါသည်။

ကိုးကား- Reuters

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃

ရုရှား၏ Kamchatka ကျွန်းဆွယ်ရှိ Krasheninnikov မီးတောင်သည် ခေတ်သစ်သမိုင်းတွင် ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ပြီး ရုရှား၏ အရှေ့ဖျား ဒေသတွင် ကြီးမားသော ကမ်းလွန်ငလျင်ကြောင့် မီးတောင် လှုပ်ရှားမှုများပြန်လည်ဖြစ်ပေါ်လာခဲ့သည်ဟု ဒေသခံအာဏာပိုင်များက ပြောကြား ခဲ့သည်။

Kamchatka မီးတောင်ပေါက်ကွဲမှုဆိုင်ရာလေ့လာစောင့်ကြည့်ရေးအဖွဲ့ (KVERT) ၏အဆိုအရ ဒေသစံတော်ချိန် တနင်္ဂနွေနံနက် ၄:၅၀ တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁,၈၅၆ မီတာမြင့်သော မီးတောင်ထိပ်မှ ၆,၀၀၀ မီတာအမြင့်ရှိ ပြာမှုန်များကို လေထုအတွင်းသို့ ထုတ်လွှတ်နေခဲ့သည်။

KVERT အဖွဲ့ခေါင်းဆောင် Olga Girina က RIA Novosti သတင်းဌာန အား " နှစ်ပေါင်း ၅၀၀ ကျော်အတွင်း Krasheninnikov မီးတောင်၏ ပထမဆုံး သမိုင်းဝင် ပေါက်ကွဲမှုဖြစ်ပြီး မီးတောင်မှ မီးခိုးငွေ့များနှင့်အတူ ချော်ရည်များ စီးကျလာမှုကြောင့် တောင်၏မြောက်ဘက်ပိုင်းတွင် တောင်ကုန်းငယ် တစ်ခု ဖြစ်ပေါ်လာနေသည်” ဟု ပြောကြားခဲ့သည်။ 

အဆိုပါမီးတောင်ကို ရုရှားစူးစမ်းရှာဖွေသူ Stepan Krasheninnikov ၏အမည်ပေးထားပြီး Kronotsky သဘာဝထိန်းသိမ်းရေး နယ်မြေ အတွင်းရှိ မီးတောင်ဒေသအတွင်း မီးတောင်နှစ်ခုသည် ဆင့်ကဲတည်ရှိ နေပြီး Petropavlovsk-Kamchatsky ဒေသ၏မြို့တော်မှ ကီလိုမီတာ ၅၀ ခန့်အကွာတွင် တည်ရှိသည်။

Krasheninnikov မီးတောင်တွင် နောက်ဆုံးချော်ရည်ယိုစိမ့်မှုမှာ လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်ကဖြစ်ပွားခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် မီးတောင် လှုပ်ရှားမှုမှ ချော်ရည်အချို့ထွက်ရှိခဲ့သော်လည်း ယခုအချိန်အထိ ကြီးမားသည့် ပေါက်ကွဲမှု မှတ်တမ်းမရှိခဲ့ပေ။

မီးတောင်ဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ KVERT သည် လေကြောင်း သတိပေးအဆင့်ကို အစိမ်းရောင် (သာမန်) မှ လိမ္မော်ရောင် (သတိ) အဆင့် သို့ တိုးမြှင့်လိုက်ပြီး မီးတောင်ပြာမှုန်များ အရှေ့ဘက်သို့ ကီလိုမီတာ ၇၅ အကွာအထိ ပျံ့နှံ့သွားကြောင်း ထုတ်ပြန်ခဲ့သည်။ သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်း ပြာမှုန်အနည်အနှစ်များ ကျရောက်မှုကို မြင်တွေ့ရသော်လည်း အနီးရှိမြို့များအထိ မကျရောက်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ထုတ်ပြန်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

နေပြည်တော် ဇူလိုင် ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ရေခဲတောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါ ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များနှင့်အစိုးရအဖွဲ့ဝင်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် နိုင်ငံ့တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ထမ်းဆောင်ခဲ့မှု

ထိုသို့ ဂုဏ်ပြုတွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်၏လိုအပ်ချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည်မှာ ၄ နှစ်ခွဲကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသောသာမန်မဟုတ်သည့် အခြေအနေများ၌ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်အောင်ဆောင်ရွက်ရန် အချိန်ကာလလိုအပ်ချက်များရှိခဲ့၍ တာဝန်ထမ်းဆောင်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ထမ်းဆောင်မှု သက်တမ်းတိုးခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း။

နိုင်ငံတော်တွင် အရေးပေါ်ကာလဖြစ်ပေါ်ခဲ့ခြင်းကို ပြန်ကြည့်မည်ဆိုပါက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ချိန်တွင်လည်း မညီမျှမှုများ ဖြစ်ပေါ်လျက်ရှိသည်ကို နိုင်ငံရေးပါတီများက မိမိထံသို့အသိပေးပြောကြားခြင်းများကြောင့် မိမိအနေဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့ကို အသိပေးခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးချိန်၌လည်း မဲစာရင်းမှားယွင်းနေမှုများကို အချို့ပါတီများအနေဖြင့် မိမိထံအသိပေးပြောကြားခဲ့ကြောင်း၊ ထိုသို့မဲစာရင်းမှားယွင်းမှုများအတွက် တာဝန်ရှိသူများကို စိစစ်အရေးယူဆောင်ရွက်ပေးရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ထံသို့ အကြိမ်ကြိမ်အသိပေး အကြောင်းကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ခြင်းမရှိဘဲ လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏အာဏာကို အဓမ္မရယူရန်ဆောင်ရွက်ခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်အား ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။

နိုင်ငံတော်တာဝန်ထမ်းဆောင်ရန် ဖြစ်ပေါ်လာသည့်အခြေအနေများအရ အကောင်းဆုံးဆုံးဖြတ်လုပ်ဆောင်ရခြင်းဖြစ်၍ တာဝန်ယူခဲ့ရပြီးနောက်ပိုင်းတွင် လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် အရပ်ဘက်၊ စစ်ဘက်တို့မှ အတွေ့အကြုံရှိပြီး လုပ်ရည်ကိုင်ရည်ရှိသည့်သူများကို အမြန်ရွေးချယ်၍ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအသီးသီးတွင် အတွေ့အကြုံရှိပြီး လုပ်ရည်ကိုင်ရည်ရှိသူများကို တာဝန်ပေးအပ်နိုင်ခဲ့သဖြင့် အစိုးရ၏လုပ်ငန်းယန္တရားများ ကောင်းမွန်စွာဆက်လက်လည်ပတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေကာလတွင် အခက်အခဲနှင့်ပိတ်ဆို့ နှောင့်ယှက်မှုအများအပြားအကြားမှ လုပ်ငန်းများလည်ပတ်အောင် ဆောင်ရွက်ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့သည်မှာ ၄ နှစ်ခွဲကာလသို့ ရောက်ရှိပြီဖြစ်ပြီး နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့်အခက်အခဲ၊ အကျပ်အတည်းများအားလုံးကို မိမိတို့အစိုးရအဖွဲ့ဝင်များအနေဖြင့် အတူတကွ ဝိုင်းဝန်းကြိုးပမ်းကျော်ဖြတ်နိုင်ခဲ့သဖြင့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း။

နိုင်ငံရေးဆိုင်ရာ

နိုင်ငံရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူများ၏အစိတ်အပိုင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ၁၉၈၈ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းလိုသည်ဟု ဆန္ဒပြုခဲ့ကြသဖြင့် တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန်အတွက် အုတ်မြစ်ချပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၁၈၈၆ ခုနှစ် မတိုင်မီကာလများတွင် မြန်မာနိုင်ငံသည် ဘုရင်အုပ်ချုပ်ရေးစနစ်ဖြစ်ပြီး ၁၉၈၈ ခုနှစ်မတိုင်မီကာလတွင် ဗဟိုဦးစီးစနစ်ဖြင့် သွားခဲ့ခြင်းဖြစ်ကြောင်း၊ အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ရပြီးနောက်ပိုင်းတွင် အောက်မြန်မာပြည်သည် လွှတ်တော်စနစ်ပုံစံဖြင့် သွားခဲ့ရခြင်းဖြစ်ပြီး လွှတ်တော်နှင့်စတင်ထိတွေ့ခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရေးဆွဲရာတွင် ပါလီမန်စနစ်သို့သွားရန် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအချိန်တွင် နိုင်ငံရေးဦးဆောင်သူများ၊ လူငယ်များ၊ တပ်မတော်မှ တာဝန်ရှိသူများအားလုံးတွင် ဆိုရှယ်လစ်နှင့်ပတ်သက်သည့် အသိများရှိထားကြသည့်အချိန်ဖြစ်ကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ဆိုရှယ်လစ်စနစ်ကိုသွားမည်၊ ဆိုရှယ်လစ်နိုင်ငံထူထောင်မည်ဟုမပါရှိသော်လည်း သမ္မတကြီးစဝ်ရွှေသိုက်၏ လွတ်လပ်ရေးမိန့်ခွန်းတွင် ဆိုရှယ်လစ်စနစ်ကိုသွားမည်ဟု အတိအလင်းဖော်ပြထားသည်ကို တွေ့ရကြောင်း၊ သို့သော်လည်း ဆိုရှယ်လစ်စနစ်ကို မကျင့်သုံးခဲ့ရခြင်းမှာ ၎င်းအချိန်က နိုင်ငံရေးအင်အားစုများ၌ လက်ဝဲယိမ်းသည့်အုပ်စုများ၊ လက်ယာယိမ်းသည့် အုပ်စုများစသည်ဖြင့်ရှိကြကြောင်း၊ ထို့ကြောင့် ပါလီမန်စနစ်သွားခဲ့ရသည်ဟု သုံးသပ်ရကြောင်း၊ ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်၏ နိုင်ငံရေးအခြေအနေအရပ်ရပ်အရ တော်လှန်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကိုယူခဲ့ရပြီး ဆိုရှယ်လစ်စနစ်ကို ဆောင်ရွက်ခဲ့ကြကြောင်း၊ ဆိုရှယ်လစ်စနစ်တွင် ကောင်းမွန်သည့်အချက်များရှိသကဲ့သို့ အားနည်းချက်များလည်းရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးရာတွင် မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို ဖော်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ် ဗဟိုဦးစီးစနစ်ကိုကျင့်သုံးရာတွင် နိုင်ငံရေးအရတစ်ပါတီစနစ်ကို ကျင့်သုံးခဲ့၍ နိုင်ငံရေးထွက်ပေါက် ပိတ်သွားသူများ၏ မကျေနပ်မှု၊ စီမံကိန်းစီးပွားရေးစနစ်ကြောင့် စီးပွားရေးအရ ထွက်ပေါက်ပိတ်ဆို့သွားသူများ၏ မကျေနပ်မှု၊ အုပ်ချုပ်ရေးကဏ္ဍများ၌ ပါတီဝင်များကိုသာ ဦးစားပေးမှုများကြောင့် မကျေနပ်မှုများရှိခဲ့ကြောင်း၊ ၎င်းအပြင် စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်လာခဲ့ရကြောင်း၊ စနစ်၏အားနည်းချက်ဆိုသည်ထက် လက်တွေ့အကောင်အထည်ဖော်မှု အားနည်းချက်ကြောင့်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးပြီးအောင်မြင်နေသည့်နိုင်ငံများလည်း ရှိနေဆဲဖြစ်ကြောင်း။

နိုင်ငံတစ်ခုရပ်တည်နိုင်ရေးအတွက် စီးပွားရေးသည် အဓိကအခရာကျသည့် အချက်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းမွန်မှသာလျှင် နိုင်ငံရေးအားသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ်တွင် အုပ်ချုပ်ရေးအရ စီမံခန့်ခွဲမှုအားနည်းချက်များ၊ စီးပွားရေးအရ ပိတ်ဆို့မှုများ၊ မှောင်ခိုစီးပွားရေးစနစ်ဖြစ်ပေါ်လာခြင်း၊ သယံဇာတများခိုးထုတ်ခံရခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းလာပြီး ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့နောက် ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းနိုင်ရေး စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပကာ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့တင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလတွင် အစိုးရအနေဖြင့် ဒီမိုကရေစီနှင့်အသားကျ နိုင်ရေးလိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့်လည်း အစိုးရနှင့်လက်တွဲညီစွာ ဆောင်ရွက်ခဲ့ကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍လည်း ၂၀၁၂ ခုနှစ်မှစ၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုနိုင်ရန် ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ အမှန်တကယ်ငြိမ်းချမ်းမှုရရှိနိုင်ရန် အစိုးရနှင့်တပ်မတော်လက်တွဲညီညီပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားညီအစ်ကိုများ အတူတကွပေါင်းစည်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတော်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထိုးနိုင်သည်အထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဒီမိုကရေစီပထမအစိုးရအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ခဲ့သော်လည်း ဒီမိုကရေစီစနစ်နှင့် အသားကျမှုမရှိခြင်း၊ အဖွဲ့အစည်းအသီးသီး၏ အတိတ်ဖြစ်ရပ်များအပေါ် သွေးထိုးလှုံ့ဆော်ခြင်းများလည်းရှိခဲ့ကြောင်း၊ ဆိုရှယ်လစ်စနစ်ကျင့်သုံးစဉ်ကာလတွင် ဖြစ်ပေါ်ခဲ့သည့် မကျေနပ်ချက်များကို ဒီမိုကရေစီစနစ်ကျင့်သုံးချိန်တွင် အတိတ်၊ ပစ္စုပ္ပန်ရောထွေး၍ အတိုက်အခံပြုလုပ်ခြင်းများ ဖြစ်ပေါ်စေခဲ့သည်ဟု သင်ခန်းစာဖော်ထုတ်ရရှိခဲ့ကြောင်း။

ထို့နောက် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိခဲ့ပြီး ဒီမိုကရေစီဒုတိယအစိုးရအဖြစ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့တာဝန်ယူဆောင်ရွက်ချိန်တွင် ၎င်းတို့အပေါ် ပြည်သူလူထုမှများစွာမျှော်လင့်ထားခဲ့သော်လည်း စီမံခန့်ခွဲမှုအတွေ့အကြုံအားနည်းမှုများ၊ ယခင်အစိုးရ၏လုပ်ဆောင်မှုများကို အတိုက်အခံဆောင်ရွက်မှုများကြောင့် စီးပွားရေးအရ အားနည်းချက်များဖြစ်ပေါ်ခဲ့ကြောင်း၊ စတင်တာဝန်ယူစဉ် ၂၀၁၅-၂၀၁၆ ခုနှစ် ကာလအတွင်း ပြည်ပအကူအညီများ များစွာရရှိခဲ့ပြီး နိုင်ငံ့စီးပွားရေး အားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် စီမံခန့်ခွဲမှုအားနည်းခြင်း၊ ပြည်ပနိုင်ငံများမှ အထောက်အပံ့များဖြင့်သာ စီးပွားရေးလည်ပတ်လျက်ရှိပြီး ပြည်တွင်းစီးပွားရေးအားပေးမှုမရှိခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများမရှိခြင်း၊ နိုင်ငံ၏ပကတိအခြေအနေနှင့် မကိုက်ညီသည့် နိုင်ငံခြားသားအကြံပေးများ၏ အကြံဉာဏ်များအတိုင်း ဩဇာခံဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ကြောင်း၊ လုပ်ဆောင်မှုအားနည်းချက်များ၊ စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် ပြည်သူလူထုမှလည်း ၎င်းတို့အပေါ် အယုံအကြည်အားနည်းလာသဖြင့် ၎င်းတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရန် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့ပြီး မဲမသမာမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ရရှိကြောင်း။

စီးပွားရေးဆိုင်ရာ

စီးပွားရေးပိုင်းနှင့်ပတ်သက်၍ ကုန်သွယ်မှုတွင် ၂၀၁၁ - ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၀ မီလီယံအပိုရှိခဲ့ကြောင်း၊ ထို့နောက် ၂၀၁၂ ခုနှစ် နောက်ပိုင်း ကုန်သွယ်မှုလိုငွေများသာပြခဲ့ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုမရှိခြင်း၊ ရောင်းကုန်ပစ္စည်းမရှိခြင်းတို့ကြောင့် ကုန်သွယ်မှုလိုငွေပြရခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားမပေးဘဲ ပြည်ပအကူအညီများနှင့် non-trade မှ ရရှိသည့်ငွေများဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ အရေးကြီးသည်မှာ မိမိတို့နိုင်ငံ၌ အလုပ်သေချာလုပ်ဆောင်ခဲ့ခြင်းမရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ပိုင်ဆိုင်ထားသည့် စိုက်ပျိုးမြေများအပါအဝင် ဖြစ်နိုင်ခြေရှိသည်များကို အကျိုးရှိရှိ စနစ်တကျ အသုံးချနိုင်ခြင်းမရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် ပန်းတိုင်ရည်မှန်းချက်များရရှိအောင် ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မှုမရှိခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများမရှိပါက ရောင်းကုန်ပစ္စည်းများလည်း ရရှိမည်မဟုတ်ဘဲ ဝင်ငွေရရှိမည်မဟုတ်ကြောင်း၊ ထို့ပြင် သီးထပ်စွမ်းအားပြည့်မီမှုမရှိခြင်းကြောင့်လည်း နိုင်ငံ့ဝင်ငွေလျော့နည်းခဲ့ရကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီမှုမရှိခြင်းနှင့် သီးထပ်စွမ်းအား ပြည့်မီမှုမရှိခြင်းကြောင့် နိုင်ငံ့ဝင်ငွေတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့်လျော့နည်းထိခိုက်နစ်နာလျက်ရှိနေသည်ကို တွက်ချက်မှုများအရ တွေ့ရှိရကြောင်း၊ ယင်းတို့ကို ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ရောင်းကုန်ပစ္စည်းများရရှိမည်ဖြစ်ပြီး ကုန်သွယ်မှုလိုငွေများရှိနိုင်မည်မဟုတ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမရှိခဲ့သည့်အတွက် နိုင်ငံ့စီးပွားရေးအားနည်းရခြင်းဖြစ်သဖြင့် နိုင်ငံ့စီးပွားရေးကို ထိထိရောက်ရောက် အားပေးဆောင်ရွက်သွားရမည်ဖြစ်သည်ဟု ပြောကြားလိုကြောင်း။

ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ

စီးပွားရေးအရ အားနည်းချက်များရှိနေရခြင်းမှာ စီးပွားရေးလုပ်ဆောင်နိုင်မည့် အတတ်ပညာများ အားနည်းရခြင်းကြောင့်ဖြစ်ကြောင်း၊ အတတ်ပညာသည် အတန်းပညာကိုအခြေခံ၍ ဆောင်ရွက်ရသည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် ပညာရေးကိုမဖြစ်မနေ အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိန်းဂဏန်းအချက်အလက်များအရ မိမိတို့အနေဖြင့် ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး KG+ 9 အထိ မသင်မနေရ ပညာရေးအဖြစ် ရဲရဲဝံ့ဝံ့ဆုံးဖြတ်လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နောင်လာမည့် အစိုးရသစ်လက်ထက်တွင်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အတန်းပညာအပြင် စည်းကမ်းနှင့်တိုင်းချစ်ပြည်ချစ်စိတ်များ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်းလိုသည့် စိတ်ဓာတ်များလည်းရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းနေခဲ့ရသူများအနေဖြင့် အခြေခံအားဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သူများဖြစ်ကြပြီး ကျောင်းနေခဲ့ရခြင်း မရှိသူများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်းပိုင်းဆိုင်ရာများတွင် အားနည်းချက်များရှိမည်ဖြစ်ကြောင်း။

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအရ အခြေခံပညာအဆင့်ကျောင်းနေရာခိုင်နှုန်းမှာ နည်းပါးလျက်ရှိသည်ကို တွေ့ရကြောင်း၊ သို့ဖြစ်၍ ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်ရှိနေသည်ကိုတွေ့ရပြီး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်မှုမရှိပါက အနာဂတ်တွင် တိုင်းပြည်ဒုက္ခရောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ အထူးအလေးထားတွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် နောင်ချိုဒေသ၌ တိုက်ပွဲများမရှိတော့သည့်အတွက် စာသင်ကျောင်းများ အမြန်ဆုံးဖွင့်လှစ်သင်ကြားနိုင်ရေး အထူးအလေးထားဆောင်ရွက်ရန် တိုက်တွန်းလုပ်ဆောင်ခဲ့ကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေးကို အလေးထားဆောင်ရွက်ရန်တိုက်တွန်းခဲ့ပြီး ယခုချိန်တွင် ကျောင်းသား ကျောင်းသူ ၁၂၀၀ ခန့် ပညာသင်ကြားနေသည်ဟု သိရသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ထို့အတူ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ အချို့သောစာသင်ကျောင်းများသည်လည်း အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်မှုမရှိသေးသည့်အတွက် ကျောင်းနေအရွယ်ကလေးငယ်များအနေဖြင့် ထိခိုက်နစ်နာလျက်ရှိကြောင်း၊ ထို့ကြောင့် ပညာရေးနှင့်ပတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ပညာရေးနှင့်ပတ်သက်၍ စာသင်ကျောင်းအရေအတွက်၊ ပညာရေးဝန်ထမ်းအရေအတွက် ဆိုင်ရာများလေ့လာဖော်ထုတ်ခဲ့ကြောင်း၊ တက္ကသိုလ်ကျောင်းများတွင် ဆရာဆရာမ ခန့်အပ်ထားမှုများရှိသော်လည်း တက်ရောက်သည့် ကျောင်းသားအရေအတွက်နည်းသည်ကို တွေ့ရှိရသည့်အတွက် အုပ်ချုပ်မှုစရိတ်များပြားသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် အနာဂတ်ပညာတတ်လူငယ်များ များပြားလာစေရန်ရည်ရွယ်၍ ပညာရေးဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးတို့နှင့်တိုင်ပင်ဆွေးနွေး၍ Polytechnic တက္ကသိုလ်များဖွင့်လှစ်နိုင်ရေးဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် Polytechnic တက္ကသိုလ် ၈ ခု ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အတူ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာတွင် ဥပဒေဆိုင်ရာ၊ စီးပွားရေးဆိုင်ရာများနှင့်ပတ်သက်၍ သိရှိရန်လိုအပ်သဖြင့် တက္ကသိုလ်အားလုံးတွင် စီးပွားရေးနှင့်ဥပဒေ ပညာရပ်သင်ကြားပေးနိုင်ရေး BA (Law) နှင့် BA (Eco) ဘွဲ့များ သင်ကြားနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း။

အလားတူ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ အခြေခံပညာ အလယ်တန်းအဆင့်တတ်မြောက်ပြီးသူများ တက်ရောက်နိုင်ရေးအတွက် စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေးအခြေခံပညာအထက်တန်း ကျောင်းများ ၈၆ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ခရိုင်အဆင့်အားလုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကျောင်းများအပြင် ကောလိပ်အဆင့်မှတစ်ဆင့် တက္ကသိုလ်အဆင့်ထိ တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အတတ်ပညာနှင့်ပတ်သက်၍ ပညာရေးကိုအခြေခံသည့်အတတ်ပညာများ ဆည်းပူးနိုင်စေရန်လိုအပ်ကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စာသင်ကျောင်းများတွင် ပညာသင်ကြားနိုင်မှု မရှိ အောင်ဆောင်ရွက်ခြင်းနှင့်ဆေးရုံ၊ ဆေးခန်းများမဖွင့်နိုင်အောင်၊ စီးပွားရေးမလုပ်နိုင်အောင် ဆောင်ရွက်ခြင်းသည် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ထိခိုက်စေရန်နှင့်ဒေသခံ ပြည်သူများ၏ဘဝများ ပျက်စီးအောင်ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း၊ ပညာရေးနှင့်ကျန်းမာရေးအပေါ် ထိခိုက်ပျက်စီးအောင် နှောင့်ယှက်နေသည့် လက်နက်ကိုင်သောင်းကျန်းသူများသည် ပြည်သူလူထု၏ အနာဂတ်ဘဝများကို အသိပညာမဲ့စွာ ရိုက်ချိုးဖျက်ဆီးနေမှုများဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပညာရည်မြင့်မားရေးအတွက် ပညာရေးကိုအလေးထားဆောင်ရွက်နေသကဲ့သို့ နောင်လာမည့် အစိုးရသစ်လက်ထက်တွင်လည်း ပညာရေးကို အားပေးဆောင်ရွက်စေရန် တိုက်တွန်းလိုကြောင်း။

လူတိုင်းသည် ကျန်းကျန်းမာမာဖြင့် အသက်ရှည်ကျန်းမာခြင်းကို လိုလားကြကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၉ နှစ်ဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် အားနည်းသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ အသက်ရှည်ကျန်းမာရေးနှင့်ပတ်သက်၍ ကောင်းမွန်သည့် နေထိုင်စားသောက် မှုပုံစံရှိရန်လိုအပ်မည်ဖြစ်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ပြည့်ဝစွာစားသောက်နိုင်အောင် ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေးကို အားကောင်းလာအောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပြည်သူတစ်ဦးချင်းစီအလိုက် ဝင်ငွေတိုးတက်လာမည်ဖြစ်ပြီး ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအရ မိမိတို့နိုင်ငံအတွင်းနေထိုင်သူ လူဦးရေ ၅၁ ဒသမ ၃ သန်း ကျော်ခန့်ရှိပြီး အလုပ်သမားဝန်ကြီးဌာန၏ စာရင်းအရ ပြည်ပ၌အလုပ်လုပ်ကိုင်နေသူ ၃ ဒသမ ၄ သန်းခန့်ရှိသဖြင့် နိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၅၄ သန်းကျော်ရှိကြောင်း၊ ၎င်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ကြကြောင်း၊ ကျေးလက်နေသူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိက ဆောင်ရွက်နေသူများဖြစ်သဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားရေးကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးသည်လည်း တိုးတက်လာနိုင်မည်ဖြစ်ပြီး ဆင်းရဲမွဲတေမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကျေးလက်စီးပွားရေး မြှင့်တင်ရေးကို အလေးပေးဆောင်ရွက်ခဲ့ပြီး နောင်တွင် တာဝန်ထမ်းဆောင်သွားမည့်အစိုးရအနေဖြင့်လည်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ခြင်းကို ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း။

၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏တွက်ချက်မှုအရ မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်းသည် ၂၁ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၄၉ ရာခိုင်နှုန်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့ကြောင်း၊ အစိုးရအဆက်ဆက်တွင်လည်း နိုင်ငံ၏ဆင်းရဲမွဲတေမှုလျှော့ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည်များရှိကြောင်း၊ သို့ဖြစ်၍ လက်တွေ့ကျသည့်လုပ်ငန်းမှာ ကျေးလက်စီးပွားရေး မြှင့်တင်ပေးခြင်းဖြစ်သည့်အတွက် မိမိတို့အစိုးရလက်ထက်တွင် တွန်းအားပေးဆောင်ရွက်ခဲ့သကဲ့သို့ အစိုးရသစ်လက်ထက်တွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်စေလိုကြောင်း၊ မွေးမြူရေးလုပ်ငန်းအနေဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးတို့သည် မိမိတို့နိုင်ငံ ရေမြေသဘာဝနှင့် ကိုက်ညီသည့်မွေးမြူရေးလုပ်ငန်းများဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ဆန်အဓိကထားစားသုံးသော်လည်း စားသောက်မှုပုံစံပြောင်းလဲ၍ ဂျုံကိုလည်း တွဲဖက်စားသုံးသင့်ကြောင်း၊ လက်ရှိကမ္ဘာ့နိုင်ငံအများစုတွင်လည်း ဂျုံကိုပြောင်းလဲစားသုံးလာကြသည်ကို တွေ့ရကြောင်း၊ ပြည်ပမှ ဂျုံတင်သွင်းမှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန် ၅ သိန်းခန့်ရှိသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံတွင် ဂျုံစိုက်ပျိုးမှုအနေဖြင့် ဧကပေါင်း ၁ ဒသမ ၃ သိန်း စိုက်ပျိုးလျက်ရှိပြီး ဂျုံလိုအပ်ချက်တန်ချိန် ၅ သိန်းရရှိရေးအတွက် ဆိုပါက စိုက်ပျိုးဧက ၆ သိန်းနီးပါး ထပ်မံစိုက်ပျိုးရမည်ဖြစ်ကြောင်း၊ ဂျုံစိုက်ပျိုးရေးအတွက် တောင်သူများကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ဝါစိုက်ပျိုးမှုအနေဖြင့် လက်ရှိအချိန်တွင် ဧက ၅ သိန်းခန့် စိုက်ပျိုးနေကြောင်း၊ ပြည်တွင်း ဝါလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် ပိုလျှံသည်များကိုလည်း ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ဝါစိုက်ပျိုးနိုင်ခြင်းကြောင့် ဝါကိုအခြေခံသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ဝါးနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် နှစ်စဉ်ဝါးတန်ချိန်များစွာထွက်ရှိနေသဖြင့် ဝါးကိုအခြေခံသည့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် စက္ကူ၊ အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်မည်ဆိုပါက များစွာအသုံးဝင်သည့်အတွက် ကြိုးစားလုပ်ဆောင် စေလိုကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝမှပေးထားသည့်အရင်းအမြစ်များ များစွာရှိပြီး အမှန်တကယ်အလုပ်လုပ်၍ အကျိုးရှိရှိအသုံးချနိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးအတွက်မှာ အစိုးရမှဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် ရေရရှိရေးအတွက် မြစ်ရေတင်စီမံကိန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြစ်ရေတင်စီမံကိန်းအတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင်ကို ဆိုလာစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ စိုက်ပျိုးမြေ ၆ ဒသမ ၃၉ သန်း ဧကမြေနေရာများတွင် သီးထပ်စိုက်ပျိုးနိုင်ပါက ရွှေပုံပေါ်တွင် ထိုင်နေသည့်တိုင်းပြည်အဖြစ် ခိုင်ခိုင်မာမာရပ်တည်နိုင်မည်ဖြစ်သဖြင့် အမှန်တကယ်အလုပ်လုပ်ရန်လိုကြောင်း။

မိမိတို့အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ၄ နှစ်တာကာလအတွင်း လုပ်ငန်းရပ်များအားလုံးကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး အောင်မြင်သည်များရှိသကဲ့သို့ အားနည်းချက်များလည်းရှိခဲ့ကြောင်း၊ စတင်တာဝန်ယူစဉ်က ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်စွန့်ခွာမှု DCS လုပ်ဆောင်မှုများရှိခဲ့သဖြင့် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်ခဲ့ကြရကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် ထိုကဲ့သို့သော အခက်အခဲအကျပ်အတည်းများကြားမှ ယနေ့အခြေအနေသို့ ပြန်လည်ရောက်ရှိအောင်ဆောင်ရွက်နိုင်ခဲ့ကြပြီး ယင်းအတွေ့အကြုံများကို သင်ခန်းစာယူ၍ နောင်လာမည့်အစိုးရအတွက် အခြေခံအုတ်မြစ်ကောင်းကို ချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး

နိုင်ငံရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် လွှတ်တော်အတွေ့အကြုံများအရ လွှတ်တော်နှင့်ပတ်သက်၍ ယခုထက်ပိုမိုစနစ်တကျဖြစ်သင့်သည်ဟု မိမိအနေဖြင့် ထင်မြင်ယူဆမိကြောင်း၊ လွှတ်တော်သည် ဥပဒေပြုသည့်သူများ၏နေရာဖြစ်သဖြင့် အခြေခံအားဖြင့် ပညာရေးကောင်းမွန်ပြီး စဉ်းစားဆင်ခြင်နိုင်စွမ်းကောင်းမွန်သည့်သူများဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေပြင်ဆင်ချက်များကို လည်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတွင် ရွေးကောက်ပွဲသည် အဓိကကျကြောင်း၊ လာမည့်ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကိုကျင်းပသွားမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူများအားလုံးမဲပေးနိုင်ရေး အတတ်နိုင်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မဲပေးနိုင်ရန် အခက်အခဲရှိသူများအတွက်လည်း ကြိုတင်မဲများပေးနိုင်ရေးအတွက်လည်း ဥပဒေထုတ်ပြန်ပြီးဖြစ်ကြောင်း၊ နိုင်ငံ၏အကျိုးအတွက် မဲပေးပိုင်ခွင့်ရှိသူများအားလုံး အမှန်တကယ်မဲပေးကြရန်အတွက်လည်း တာဝန်ရှိသူအဆင့်ဆင့်မှ နှုတ်အားဖြင့်သော်လည်းကောင်း၊ ကိုယ်အားဖြင့်သော်လည်းကောင်း၊ အားလုံးဝိုင်းဝန်းကူညီကြိုးစား၍ တိုက်တွန်းစည်းရုံးဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်များ၏တာဝန်ဖြစ်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပေးရမည်မှာ အစိုးရ၏တာဝန်ပင်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေးအရေးကြီးသကဲ့သို့ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေး၊ ရွေးကောက်ပွဲအား မလိုလား၍ ဖျက်ဆီးမည့်သူများအန္တရာယ်မှ ကာကွယ်တားဆီးပေးနိုင်ရန် လိုအပ်ကြောင်း၊ ထိုသို့ကာကွယ်တားဆီးပေးနိုင်ရန်အတွက် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တာဝန်ပေးအပ်ဆောင်ရွက်ခြင်း၊ လိုအပ်ချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခဲ့ပြီး ဆောင်ရွက်ခြင်း၊ ပြည်သူ့လုံခြုံရေး၊ ကာကွယ်ရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်းများရှိသော်လည်း ၎င်းတို့ဖြင့်မလုံလောက်ဘဲ ပြည်သူလူထုတစ်ရပ်လုံးမှလည်း တတ်စွမ်းသရွေ့ဝိုင်းဝန်းကူညီ ကြိုးစားပူးပေါင်းဆောင်ရွက်ပေးမှသာလျှင် ရွေးကောက်ပွဲအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိမိတို့မျှော်မှန်းထားသည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၄ နှစ်ကျော်ကာလတာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ “ကျွန်တော်တို့ ဒီကာလပေါ့၊ ၄ နှစ်ခွဲတာကာလအတွင်းမှာ လုပ်ငန်းအရပ်ရပ်အားလုံးကို အခက်အခဲပေါင်းစုံကနေပြီးတော့ ရင်ဆိုင်ကျော်လွှားပြီး ဒီလိုလက်ရှိ အခြေအနေမျိုးဖြစ်လာတဲ့အထိ ဝိုင်းဝန်းဆောင်ရွက်ပေးမှုများအတွက် တက်ရောက်လာကြတဲ့ လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်ပါတယ်၊ နောင်မှာလည်း ဆက်လျှောက်ရမယ့်ခရီးစဉ်တွေမှာလည်း ကျွန်တော်တို့ ဒီလိုပဲအောင်အောင်မြင်မြင်ဖြစ်အောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း ကျွန်တော်တိုက်တွန်းလိုပါတယ်၊ ဆက်လျှောက်လှမ်းမယ့်ခရီး၊ နိုင်ငံတော်ရဲ့ရှေ့ခရီးကတော့ အများကြီးကျန်ပါသေးတယ်၊ ဒါတွေက ကျွန်တော်တို့က ဒုတိယစာမျက်နှာရဲ့အစ ဖြစ်ပါတယ်၊ ပထမစာမျက်နှာကတော့ ကျွန်တော်တို့ ကျော်ခဲ့ပြီးပြီ၊ ဒုတိယစာမျက်နှာအစကို ကျွန်တော်တို့သွားတာပေါ့၊ ဒုတိယစာမျက်နှာအစမှာ ကျွန်တော်တို့ တကယ့်ကောင်းမွန်လှတဲ့ လက်ရေးလှလှလေးနဲ့ရေးပြီးတော့မှ အောင်မြင်အောင်ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့အခက်အခဲပေါင်းစုံက ရင်ဆိုင်ပြီးတော့ လုပ်ရတဲ့လုပ်ရကျိုးကနေ ပိုပြီးလုပ်ရကျိုးနပ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်၊ အားလုံးပဲအစစအရာရာ အောင်မြင်တိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ကျေးဇူးလည်းအများကြီးတင်ပါတယ်” ဟု ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တက်ရောက်လာကြသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ဂုဏ်ပြုနေ့လယ်စာသုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ တေးသံသာများဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။

MOI

ရုရှားနိုင်ငံ၊ Kuril ကျွန်းများနှင့် Kamchatka တွင် မကြာသေးမီ ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံး ငလျင်တစ်ခု ဖြစ်သည့် ပြင်းအား ၈.၇ ရှိသော အင်အားပြင်းငလျင်တစ်ခု ဇူလိုင် ၃၀ ရက်က ဖြစ်ပွား ခဲ့သည်။ ပထမအကြိမ် ငလျင်သည် ဒေသစံတော်ချိန် နံနက် ၁၁း၃၀ တွင် စတင်ခဲ့သည်။ Petropavlovsk-Kamchatsky တွင် ပြင်းထန်မှုသည်ပြင်းအား ရစ်ချက်စတာစကေး ၈ အထိရောက်ရှိခဲ့သည်။ ပရိဘောဂများနှင့် အသုံးအဆောင်ပစ္စည်းများ ပြုတ်ကျပြီး အချက်ပေးသံများ ပြတ်တောက်သွားကြောင်း ဒေသခံများက သတင်းပေးပို့သည်။

Yelizovo လေဆိပ်တွင် လေယာဉ်ပျံသန်းမှုခရီးစဉ် ခြောက်ကြိမ် နှောင့်နှေး ခဲ့ပြီး မျက်နှာကျက်များနှင့် စတိုးဆိုင်များ ပျက်စီးခဲ့သည်။ မြို့ထဲ၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

Avacha ပင်လယ်အော်ကမ်းရိုးတန်းအတွက် ဆူနာမီသတိပေးချက် ထုတ်ပြန် ထားပြီး Yelizovsky ခရိုင်တွင် 4 မီတာအထိ လှိုင်းကြီးနိုင်ကြောင်း မှတ်တမ်း တင်ထားသည်။ မြို့ထဲတွင် ဥသြသံများ မြည်နေပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများ လုပ်ဆောင်နေပါသည်။ 

အမေရိကန်ပြည်ထောင်စု၏ Alaska၊ Hawaii၊ California နှင့် Oregon တို့အပြင် ဂျပန်ကမ်းရိုးတန်းတွင်လည်း ဆူနာမီသတိပေးချက် ထုတ်ပြန် ထားသည်။ ကမ်ချတ်ကာတွင် ပြင်းအား ၅ ဒသမ ၈ ရှိသည့် ဒုတိယ ငလျင်တစ်ခု လှုပ်ခတ်သွားပြီဖြစ်ကြောင်း သိရသည်။ ပြည်သူများ၏ ဘေးကင်းရေးအတွက် အာဏာပိုင်များက ဆောင်ရွက်ပေးလျက်ရှိသည်။

ကိုးကား- အင်တာနက်စာမျက်နှာ

ဝီဖာမုန်တိုင်း၏ အရှိန်ကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အိမ်ခေါင်မိုးများနှင့် ဘတ်စ်ကားမှတ်တိုင်များကို လွင့်ထွက်သွားသည်အထိ လေပြင်းတိုက်ခတ်ခဲ့ကြောင်း သိရှိရပါသည်။   ကမ်းခြေနှင့် အဆောက်အအုံ အားလုံး နီးပါးကို ပိတ်ထားရကြောင်း ထိုင်းနိုင်ငံရှိ ဒေသတွင်း မီဒီယာများ၏ သတင်းများအရ သိရှိရပါသည်။

ကိုးကား- ဒေသတွင်းမီဒီယာ

Photo: Nation Thailand

ဇူလိူင်လ ၂ ရက်နေ့က ယူကရိန်း ရှေ့တန်း စစ်မြေပြင်တွင် ကျဆုံးခဲ့သည့် ရုရှားရေတပ်၏ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် မစ်ခေးလ် ဂွတ်ကော့ (Mikhail Gudkov) အား ၎င်း၏ တာဝန်ထမ်းဆောင်မှုတွင် ရဲစွမ်းသတ္တိရှိမှုအတွက် ဒုတိယမြောက် သူရဲကောင်းရွှေကြယ်တံဆိပ်ကို ချီးမြှင့်ခဲ့ပြီး ၎င်း၏ဇနီးသည်က သမ္မတ ပူတင်ထံမှ လက်ခံရယူခဲ့သည်။

သမ္မတ ပူတင်သည် ဗိုလ်ချုပ် မစ်ခေးလ်ဂွတ်ကော့၏ ဇနီး Zhanna Gudkova အား သူရဲကောင်း ရွှေကြယ်တံဆိပ်ကို ပေးအပ်ချီးမြှင့်သည်။ အဆိုပါ အခမ်းအနားကို ကရင်မလင်နန်းတော်၌ ကျင်းပခဲ့သည်။

ရုရှားရေတပ်၏ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် Mikhail Gudkov သည် ယခင်က ပထမအကြိမ်အဖြစ် ရုရှားနိုင်ငံ၍ အမြင့်မားဆုံးသော သူရဲကောင်းဘွဲ့ဖြစ်သည့် ရွှေကြယ်တံဆိပ်ကို လက်ခံရရှိခဲ့ဖူးကြောင်း သတင်းရရှိပါသည်။

ကိုးကား- ကရင်မလင်

Photo: TheDailyJagran.com

စပိန်နိုင်ငံတွင် မာလီနိုင်ငံသား တစ်ဦးက ဒေသခံ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သည်ဟူသော စွပ်စွဲချက်ဖြင့် ၎င်းအားဖမ်းဆီးခဲ့ပြီးနောက် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ များ အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ မက်ဒရစ်မြို့ဆင်ခြေဖုံးရှိ Alcala de Henares ကျေးရွာတွင် ရွှေ့ပြောင်းနေထိုင်သူများ စခန်း အပြင်ဘက်၌ ဇူလိုင် ၆ ညပိုင်းတွင် အဓိကရုဏ်းများ စတင် ဖြစ်ပွား ခဲ့သည်။

ရဲတပ်ဖွဲ့မှ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးအား ယင်းစခန်းအနီးတွင် အသက် ၂၁ နှစ်အရွယ် စပိန်အမျိုးသမီးတစ်ဦးအား မုဒိမ်းမှု ကျူးလွန်ခဲ့ သည်ဟု စွပ်စွဲဖမ်းဆီးခဲ့သည်။ စွပ်စွဲဖမ်းဆီးခံရသူသည် ကျူးလွန်ခံ ရသူ အား ရိုက်နှက်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုခဲ့ပြီးနောက် ထွက်ပြေးခဲ့ သည်ဟု ဆိုသည်။ သို့သော် နောက်ပိုင်းတွင် စောင့်ကြည့်ကင်မရာ မှတ်တမ်းများအရ ယင်းရွှေ့ပြောင်းနေထိုင်သူစခန်းတွင် နေထိုင်သည့် ခိုလှုံခွင့်တောင်းခံသူများထဲမှ တစ်ဦးဖြစ်ကြောင်း ဖော်ထုတ်ခဲ့ပြီး ၎င်းအား အာမခံမပေးဘဲ ယာယီထိန်းသိမ်းထားရှိခဲ့သည်။

သောကြာနေ့ (ဇူလိုင် ၄) ညနေပိုင်းတွင် လူပေါင်း ၂၀၀၀ ခန့် နေထိုင်သည့် ရွှေ့ပြောင်းနေထိုင်သူစခန်းအပြင်ဘက်၌ ဆန္ဒပြပွဲတွင် လူပေါင်း ၃၀၀ ခန့် ပါဝင်ခဲ့ကြပြီး စခန်းအနီးရှိ ရဲတပ်ဖွဲ့၏ အတားအဆီးများကို ဖယ်ရှားခဲ့ ကြကာ စခန်းပိတ်သိမ်းရန်နှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဥပဒေများ ပြောင်းလဲရန် တောင်းဆိုနေကြသည်။

ထို့အပြင် ဆန္ဒပြသူများသည် ဝန်ကြီးချုပ် Pedro Sanchez အား ရွှေ့ပြောင်း နေထိုင်သူများကို ထောက်ခံသည့် သဘောထားအတွက် ဝေဖန်ရှုတ်ချသည့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။

နောက်ပိုင်းတွင် လက်ယာယိမ်း အစွန်းရောက် အဖွဲ့များ ပါဝင်လာ ပြီးနောက် ဆန္ဒပြမှုများသည် အကြမ်းဖက်မှုဘက်သို့ ဦးတည်ခဲ့သည်။ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်နှင့် ရာဘာကျည်ဆန်များ အသုံးပြုကာ ဆန္ဒပြသူများအား ဖြိုခွင်းခဲ့ကြောင်းသိရှိရသည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အစ္စရေးနှင့် ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း သေဆုံးခဲ့သည့် အီရန် စစ်ဦးစီးချူပ်များနှင့် အဆင့်မြင့် နျူကလီးယား သိပ္ပံပညာရှင် စုစုပေါင်း ၆၀ ဦး ၏ စျာပန အခမ်းအနားကို ဇွန်လ ၂၉ ရက်နေ့တွင် အီရန်၏ မြို့တော် တီဟီရန်၌ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ကိုးကား- အင်တာနက်စာမျက်နှာ

ဘယ်လာရုစ်နိုင်ငံကို ရောက်ရှိလာသည့်အတွက် စိတ်ရင်းမှန်ဖြင့် နွေးထွေးစွာ ကြိုဆိုပါကြောင်း၊ အဆွေတော်အနေဖြင့် မကြာသေးမီက မိမိတို့နိုင်ငံသို့တရားဝင် ခရီးစဉ် ရောက်ရှိခဲ့ပြီး အရေးကြီးသည့် သဘော တူညီချက်များ ရရှိခဲ့ပါကြောင်း၊ ယနေ့ တွေ့ဆုံမှု၏ အရေးပါမှုကတော့ အချိန်တိုအတွင်း မိမိတို့ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များ မည်မျှ မှန်ကန်သည်၊ ယနေ့အထိ မည်သည့်အရာများ လုပ်ဆောင်နိုင်ခဲ့ပြီ ဆိုသည်ကို ဆွေးနွေးပြီး အကဲဖြတ်နိုင်မှာ ဖြစ်ပါကြောင်း၊ မိမိတို့၏ ပူးပေါင်း ဆောင်ရွက်မှုအတွက် တိကျသည့် လုပ်ငန်းစီမံချက် တစ်ခု၊ လမ်းပြမြေပုံ တစ်ခုရေးဆွဲရန် သဘောတူခဲ့ပါကြောင်း၊ အဆိုပါလမ်းပြမြေပုံအတိုင်း  အနာဂတ်တွင် ဆောင်ရွက်သွားမည့် လုပ်ငန်းများတွင် နိုင်ငံရေး၊ လူသားချင်း စာနာထောက်ထားမှု၊ သံတမန်ရေးရာ ကဏ္ဍတို့အပြင် ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်ဆံမှု ကဏ္ဍများတွင်ပါ ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ သဘောတူညီချက် တချို့ ကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပူးတွဲ လုပ်ငန်းများတည်ထောင် ဆောင်ရွက်နေပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု၏ ဦးတည်ချက်အသစ်တွေကိုလည်း ဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါလမ်းကြောင်းအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဟု အာမခံပါကြောင်း ဘယ်လာရုစ် သမ္မတ လူကာရှန်ကိုက ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ကိုးကား- အင်တာနက်စာမျက်နှာ

ရုရှားနိုင်ငံပိုင် ကာကွယ်ရေးလုပ်ငန်းအဖွဲ့ကြီး Rostec က အလွန် အားကောင်းသော လေဆာရောင်ခြည်ကိုအသုံးပြု၍ မပေါက်ကွဲသေးသောခဲယမ်းများကို ဖျက်ဆီးရန်အတွက် အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်မောင်းနှင်နိုင်သည့် စက်ရုပ်၏ရှေ့ပြေးပုံစံကို ထုတ်ဖော်ပြသခဲ့သည်။ အဆိုပါ စနစ်ကို ရုရှား၏ Tula ဒေသ၌ ကျင်းပသော စက်မှုအင်ဂျင်နီယာပြပွဲတွင် ပြသခဲ့ပြီး Rostec မှ အင်္ဂါနေ့ (ဇွန် ၂၄) တွင် အသေးစိတ်ဖော်ပြ မိတ်ဆက်ခဲ့သည်။

ဖော်ပြချက်အရ အဆိုပါစက်ရုပ်သည် အဝေးထိန်းဖောက်ခွဲမှုစနစ် တပ်ဆင်ထားသောမိုင်းများကို ဖျက်သိမ်းရန်အတွက် ဒီဇိုင်းထုတ်ထားပြီး လက်ဖြင့် ကိုင်တွယ်ဖျက်သိမ်းရန် အလွန်အန္တရာယ်များသော အခြေအနေများတွင် အသုံးပြုနိုင်သည်။ လေဆာရောင်ခြည်သည် မိုင်းအခွံကို အရည်ပျော်စေနိုင်ပြီး အတွင်းရှိပေါက်ကွဲစေနိုင်သောပစ္စည်းများကို အရည်အဖြစ် ပြောင်းလဲနိုင်သည်ဟု သိရသည်။

Rostec ၏ အဆိုအရ ထိုစက်ရုပ်သည် ဘက်ထရီဖြင့်လည်ပတ်ပြီး ကီလိုမီတာများစွာ အကွာအဝေးအထိ ထိန်းချုပ်နိုင်သည်။ ၎င်း၏အလိုအလျောက် မောင်းနှင်လည်ပတ်နိုင်စွမ်းကြောင့် ရှေ့တန်းစစ်မျက်နှာနှင့် နီးကပ်သော အန္တရာယ်ရှိသည့်နေရာများတွင်ပင် အသုံးပြုနိုင်သည်။

စက်ရုပ်ကို ခြေရာခံကိုယ်ထည်စနစ်ဖြင့် တည်ဆောက်ထားပြီး တစ်နာရီ လျှင် ၂၅ ကီလိုမီတာအမြန်နှုန်းအထိ မောင်းနှင်နိုင်သော လျှပ်စစ်မော်တာ တပ်ဆင်ထားသည်။ ကင်မရာနှစ်လုံးပါရှိပြီး တစ်ခုသည် အမှောင်ထဲတွင် မြင်နိုင်စွမ်းရှိသော အနီအောက်ရောင်ခြည်သုံး ကင်မရာဖြစ်ကြောင်း ကုမ္ပဏီမှ ဖော်ပြခဲ့သည်။ လက်ရှိတွင် အဆင့်မြှင့်တင်မှုများပြီးစီးကာ အမြောက်အမြားထုတ်လုပ်ရန် အဆင်သင့်ဖြစ်နေသည်ဟု သတင်းများအရ သိရှိရပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အီရန်သည် အစ္စရေးအပေါ် ပြုလုပ်သည့် စစ်ဆင်ရေးကို “မှန်ကန်သော ကတိ ၃” (True Promise 3) ဟု အမည်ပေးခဲ့ပါသည်။

အီရန်နိုင်ငံသည် ပဲ့ထိန်းဒုံးကျည် ၃၀၀ ကျော်ကို အစ္စရေးနိုင်ငံ အတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ပြထားပြီး၊ အစ္စရေး စစ်တပ် ကလည်း အီရန်မှဒုံးကျည်အများအပြား ပစ်ခတ်ခဲ့သည်ကို အတည်ပြု ခဲ့ပါသည်။

အစ္စရေး၏ Iron Dome လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် အလုပ်လုပ်နေသော်လည်း ထိရောက်မှု မရှိကြောင်း ယူဆချက်များ ထွက်ပေါ်နေပါသည်။ အီရန်၏ ပဲ့ထိန်းဒုံးကျည် အနည်းဆုံး ၂၀ စင်းသည် အစ္စရေးမြို့တော် တဲလ်အဗစ်ကို ကျရောက်ခဲ့ပါသည်။ အီရန်သည်စစ်ဘက်-နိုင်ငံရေး ခေါင်းဆောင်များရှိသည့် အစ္စရေးကာကွယ်ရေး တပ်ဖွဲ့ (IDF) ၏ အဓိက ကွပ်ကဲရေးဌာနချုပ်ကိုလည်း တိုက်ခိုက်ခဲ့သည် ဟု အီရန်နိုင်ငံပိုင် IRNA သတင်းဌာန က ဖော်ပြခဲ့ပါသည်။  အီရန် ပဲ့ထိန်း ဒုံးကျည်တစ်စင်းသည် တဲလ်အဗစ်မြို့၊ ကီရီယာတွင်ရှိသည့် အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၏ ဌာနချုပ်ကို ထိမှန်ခဲ့ကြောင်း အစ္စရေး ရုပ်သံလိုင်း ၁၃ က ဖော်ပြခဲ့ပါသည်။ အီရန်သည် အစောပိုင်းက အစ္စရေး၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရင်း  F-35 လေယာဉ် ၂ စီးကို ပစ်ချနိုင်ခဲ့ပြီး လေယာဉ်မှူးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပါသည်။

ထို့အပြင် အီရန်တပ်မတော်သည် အစ္စရေး၏ F16 ဂျက်လေယာဉ် ၂ စီးနှင့် ဒရုန်းအများအပြားကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပါသည်။

ကိုးကား - RT

အီရန်ကို ဆန့်ကျင်တိုက်ခိုက်သည့် Operation Rising Lion (ခြင်္သေ့ စစ်ဆင်ရေး) ကို ဝန်ကြီးချုပ် နေတန်ယာဟုက အတည်ပြု ပြောကြားလိုက်ပါသည်။

 “Tehran of TYRANTS” အီရန်၏ ခြိမ်းခြောက်မှုများကို ဖယ်ရှားရန်အတွက် 'ရက်များစွာကြာမြင့်မည့်' စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

အချိန်တိုအတွင်း နျူကလီးယား မပြုလုပ်မီ အီရန်ကို ရပ်တန့်ရန် လိုအပ်သည် ဟု ၎င်းက ပြောကြားခဲ့ပါသည်။

ကိုးကား- အင်တာနက်စာမျက်နှာ

ဂူဂျာရတ် ပြည်နယ်ဝန်ကြီးချုပ်ဟောင်း Vijay Rupani သည် Ahmedabad တွင် ပျက်ကျခဲ့သော Air india လေယာဉ်ပေါ်တွင် လိုက်ပါခဲ့ကြောင်း သိရှိရပါသည်။

Air india လေယာဉ်ပျက်ကျမှုမှာ အနည်းဆုံး လူ ၄၀ ထက်မနည်း သေဆုံး ခဲ့ကြောင်း CNN News18 ၏ ကနဦးစာရင်းများအရ သိရှိရပါသည်။

ကိုးကား - CNN News18

Photo: Mathrubhumi English

ကိုလံဘီယာနိုင်ငံ၏ အတိုက်အခံပါတီ သမ္မတလောင်း Miguel Uribe သည် ဘိုဂိုတာမြို့ ရွေးကောက်ပွဲအခမ်းအနားတစ်ခု၌ သေနတ်ဖြင့် ပစ်ခတ် ခံခဲ့ရကြောင်း သိရှိရပါသည်။

ဇွန်လ ၇ ရက် မွန်းလွဲပိုင်းက Uribe သည် ဘိုဂိုတာမြို့အနောက်ပိုင်း Fontibon မြို့နယ်၌ ကျင်းပခဲ့သော ရွေးကောက်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားပြီး ပရိတ်သတ်ကို လက်ဝှေ့ရမ်းနှုတ်ဆက်နေစဉ် သေနတ်သမားက ပစ်ခတ်ခဲ့ခြင်းဖြစ်ပါသည်။ ကျန်းမာရေးဝန်ထမ်းများ၏ ပြောဆိုချက်အရ Uribe ကို ကျည်သုံးချက်ထိမှန်ခဲ့ပြီး နှစ်ချက်သည် ဦးခေါင်းပိုင်းကို ထိမှန်ခဲ့သည်ဟု သိရပါသည်။

လူမှုကွန်ရက်ပေါ်မှ ဓာတ်ပုံများအရ Uribe သည် သတိလစ်နေသည့် အနေအထားဖြစ်ပြီး မျက်နှာနှင့် ကျောဘက်တစ်ခုလုံး သွေးများနှင့် စွန်းထင်းနေသည်ကို တွေ့ရပါသည်။ လူနှစ်ဦးက ၎င်းကို ထိန်းထားပြီး အခြားတစ်ဦးက သွေးတိတ်စေရန် ဦးခေါင်းအား လက်နှင့် ဖိထားပုံကို မြင်တွေ့ရပါသည်။

Uribe ကို မြို့အတွင်းက ဆေးရုံတစ်ခုကို အရေးပေါ်သယ်ဆောင်သွား ခဲ့ပြီး အခြေအနေတည်ငြိမ်ပြီးနောက် မြို့တော်မြောက်ပိုင်းရှိ ဆေးရုံသုံး ပစ္စည်းကိရိယာ ပိုမို ပြည့်စုံသည့် ဆေးရုံသို့ ပြောင်းရွှေ့ကုသခဲ့ပါသည်။ ကိုလံဘီယာမီဒီယာများ၏ ဖော်ပြချက်အရ Uribe ၏ အခြေအနေသည် အလွန်စိုးရိမ်ရသောအဆင့်တွင် ရှိနေကြောင်း သိရှိရပါသည်။

“ကျွန်တော်တို့ သေနတ်သံ သုံးချက်ကြားပြီး Uribe မြေပြင်ပေါ် လဲကျ သွားတာကိုမြင်ရတယ်။ လုံခြုံရေးအဖွဲ့က Uribe ကို ပစ်ခတ်ခဲ့သည့် တရားခံကို ချက်ချင်း ဖမ်းဆီးရမိခဲ့တယ်။ နောက်မှ လူနာတင်ယာဉ် ရောက်လာခဲ့တယ်” ဟု မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။

ကိုလံဘီယာမီဒီယာများ၏ ဖော်ပြချက်အရ အာဏာပိုင်များသည် သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထားရှိပြီး ၎င်းတို့အနက်မှ တစ်ဦးသည် အရွယ်မရောက်သေးသူဖြစ်ကြောင်း သိရသည်။ ရှေ့နေချုပ် Luz Camargo က ၁၅ နှစ်အရွယ်လူငယ်တစ်ဦးအား လူအုပ်ကြီးမှ ရိုက်နှက်ပြီးနောက် ဖမ်းဆီးကာ ဆေးရုံတွင်တင်ထားကြောင်း ပြောကြားခဲ့သည်။ အာဏာပိုင် များသည် ဖြစ်စဉ်နေရာတွင် ၉ မီလီမီတာ သေနတ်တစ်လက်ကို သိမ်းဆည်းနိုင်ခဲ့သည်။

ကိုလံဘီယာသမ္မတ Gustavo Petro အစိုးရအဖွဲ့သည် အဆိုပါ ပစ်ခတ်မှုကို အပြင်းအထန်ရှုတ်ချပြီး နိုင်ငံရှိမည်သည့် နိုင်ငံရေး ခေါင်းဆောင်ကိုမဆို ကာကွယ်ရန် ခိုင်မာစွာကတိပြုထားကြောင်း ထုတ်ပြန်ခဲ့သည်။

“အကြမ်းဖက်မှုသည် မည်သည့်အခါမျှ မှန်ကန်သည့်လမ်းစဉ်မဟုတ်ပါ။ Miguel Uribe အား ပစ်ခတ်မှုကို အပြင်းအထန်ရှုတ်ချပါသည်”“၎င်းအနေဖြင့် ဘေးကင်းပြီး အခြေအနေတည်ငြိမ်စေရန် ဆန္ဒပြုပါသည်” ဟု ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီး Laura Sarabia က လူမှုကွန်ရက် တွင် ရေးသားခဲ့သည်။

အသက် ၃၉ နှစ်ရှိ Uribe သည် ကိုလံဘီယာသမ္မတဟောင်း Julio Cesar Turbay ၏ တူဖြစ်ပြီး အတိုက်အခံဒီမိုကရက်တစ်စင်တာပါတီမှ ဆီးနိတ် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ကာ လာမည့်နှစ် ကျင်းပမည့်သမ္မတရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြုယှဉ်ပြိုင်မည့်သူဖြစ်သည်။၂၀၂၂ ခုနှစ်က ဆီးနိတ်လွှတ်တော်ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သူလည်းဖြစ်သည်။

ပစ်ခတ်မှုမဖြစ်မီ နှစ်ရက်အလိုက Uribe သည် ကိုလံဘီယာနိုင်ငံသည် “အတိတ်က အကြမ်းဖက်မှုစက်ဝန်းထဲသို့ ပြန်လည်ရောက်ရှိလာနိုင်သည့်အန္တရာယ်ရှိနေကြောင်း” သတိပေးခဲ့သည်။ ၎င်းသည် လက်နက်ကိုင် အဖွဲ့များနှင့် မူးယစ်သမားများက ထိန်းချုပ်ထားသော သီးသန့် စစ်တပ်များနှင့် သံတမန်နည်းလမ်းဖြင့် ပြည့်ဝသောငြိမ်းချမ်းရေးရရှိရန် အစိုးရ၏ မူဝါဒကို အပြင်းအထန်ဝေဖန်ခဲ့သူဖြစ်သည်။

ယခုအချိန်အထိ ဆွေးနွေးညှိနှိုင်းမှုများသည် အကြီးစားလက်နက် ဖျက်သိမ်းရေးကို ဖြစ်မလာစေနိုင်ခဲ့သကဲ့သို့ အထက်ပါအုပ်စုများသည် စစ်တပ်၏ဖိအားလျှော့ချမှုကို အခွင့်ကောင်းယူကာ ၎င်းတို့၏ဩဇာ လွှမ်းမိုးမှုကို ချဲ့ထွင်နေကြသည်။

၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန်နှစ်များက မူးယစ်ရာဇာကြီးများခေတ်တွင် ကိုလံဘီယာနိုင်ငံ၏ သမ္မတလောင်း ၄ ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ဖူး သည်။ Uribe ၏မိခင်ဖြစ်သူ သတင်းထောက် Diana Turbay ကို ၁၉၉၁ ခုနှစ်တွင် Pablo Escobar ၏ Medellin မူးယစ်ဆေးကွန်ရက်က လုပ်ကြံ သတ်ဖြတ်ခဲ့ဖူးသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

စင်ကာပူဝန်ကြီးချုပ် လောရမ့်စ်ဝေါင်သည် ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိပြီး အစိုးရအသစ်ဖွဲ့စည်းလျက်ရှိပါသည်။ စင်ကာပူအစိုးရအဖွဲ့ကို ဆက်လက်ဦးဆောင်မည့် ဝန်ကြီးချုပ် လောရမ့်စ်ဝေါင်က လက်ရှိကမ္ဘာ့အခြေအနေအရပ်ရပ် အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နှစ်နိုင်ငံတို့၏ စီးပွားရေးအရအားပြိုင်မှုများကို အထူးအလေးထား ပြောကြားလျက်ရှိပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နှစ်နိုင်ငံတို့၏ စီးပွားရေးအရ စစ်ရေးအရ နိုင်ငံရေး အရ အင်အားပြိုင်ဆိုင်မှုများမှ ပေါ်ထွက်လာခဲ့သည့် အခက်အခဲအကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားရန်ကိုလည်း စင်ကာပူဝန်ကြီးချုပ်က အထူးသတိပေးပြောကြားခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့၏ အင်အား ပြိုင်ဆိုင်မှုက ဆက်လက်ပေါ်ထွန်းနေဦးမှာဖြစ်ကြောင်းနှင့် အင်အားကြီး နှစ်နိုင်ငံအကြားမှာရှိသည့် ပြိုင်ဆိုင်မှုများကြောင့် တတိယနိုင်ငံများ၊ အခြားဒေသတွင်းနိုင်ငံငယ်များအနေဖြင့် လိုအပ်သည်များ ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် တစ်နိုင်ငံချင်းသော်လည်းကောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်းသော်လည်းကောင်း ဖြစ်ပေါ်လာမည့် အခက်အခဲ၊ အကျပ်အတည်းများကို ရင်ဆိုင်ကျော်လွှားရန် အစီအမံများ ဆောင်ရွက်ထားသင့်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ အမေရိကန် တရုတ်နှစ်နိုင်ငံပြိုင်ဆိုင်မှုကြောင့် ကမ္ဘာ့စီးပွားရေးမှာ ဆုတ်ကပ်အဖြစ်ပေါ်ထွက်လာနိုင်ဖွယ်များရှိနေကြောင်း၊ အဆိုပါ ဆုတ်ကပ်အပေါ် ကြံ့ကြံ့ခိုင် ရင်ဆိုင် ကျော်လွှားနိုင်ရေးအတွက် နိုင်ငံငယ်များအနေဖြင့် ယခုကတည်းက ကြိုတင်ပြင်ဆင်မျှော်မှန်းထားရန် လိုအပ်ကြောင်း ကိုလည်း အထူးအလေးထား ထုတ်ဖော်ပြောကြားခဲ့ပါသည်။ Economic Recession စီးပွားရေးဆုတ်ကပ်သည် ပျက်ကပ်မလာမီမှာ ဆုတ်ကပ်လာလေ့ရှိသည့်အတွက် ဆုတ်ကပ်အတွက် ကြိုတင်ပြင်ဆင်ထားမှသာ ပျက်ကပ်ကို ကာကွယ်နိုင်မည်ဖြစ်ကြောင်းလည်း လေ့လာသူများက ထုတ်ဖော်ပြောကြားလျက်ရှိပါသည်။ အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် အထူးသဖြင့် ကမ္ဘောဒီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း စသည့် နိုင်ငံများ၏ အခန်းကဏ္ဍကလည်း ပိုမိုအရေးပါလာမည် ဖြစ်ကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ စင်္ကာပူ ဝန်ကြီးချုပ် လောရမ့်စ်ဝေါင်၏ ပြောကြားချက်များသည် ကမ္ဘာ့နိုင်ငံများအတွက် အကျိုးရှိဖွယ်ပြောကြားချက်များဖြစ်ပါကြောင်း လေ့လာတင်ဆက်အပ်ပါသည်။

နိုင်ငံတကာရေးရာလေ့လာသူ- ကြည်စိုးလင်း

Ref - PRIME MEDIA Myanmar

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် တို့အကြား စေ့စပ်ညှိနှိုင်းမှုများကို ကရင်မလင်နန်းတော်တွင် စတင် ဆွေးနွေးလျက်ရှိပါသည်။

“မလေးရှားသည် မိမိတို့၏ကာလကြာရှည် ယုံကြည်စိတ်ချရပြီး အရေးကြီးသည့် မိတ်ဖက်ဖြစ်ပါသည်” ဟု ရုရှားသမ္မတက အစပိုင်းတွင် မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံ နိုင်ငံရေးနှင့် ကုန်သွယ်ရေး-စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဓိကကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးရန်နှင့် ရုရှား-မလေးရှား ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေမည့် ခြေလှမ်းများကို ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ကိုးကား- ကရင်မလင်

Photo: The Moscow Times

နိုင်ငံတကာမှခေါင်းဆောင်များသည် အောင်ပွဲခံချီတက်ပွဲအတွက် ကရင်မလင်သို့ ရောက်ရှိလာကြပြီး ဂုဏ်ပြုတပ်ဖွဲ့နှင့် သံစုံတီးဝိုင်းမှ ကော်ဇောနီဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြပါသည်။

ကိုးကား- ကရင်မလင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့ 9 May Victory Day အခမ်းအနားတွင် ရင်ပြင်နီ၌ ပါဝင် စစ်ရေးပြခဲ့ကြပါသည်။

မော်စကိုမြို့တွင် ကျင်းပခဲ့သော မဟာမျိုးချစ်အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားတွင် စစ်မှုထမ်းအမျိုးသမီးများသည် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူစွာဖြင့် ချီတက်ခဲ့ပါသည်။

ရုရှားဖက်ဒရေးရှင်းသမ္မတ ဗလာဒီမာပူတင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ တပ်မတော်မှ စစ်ရေးပြတပ်မှူးကို ရင်းရင်းနှီးနှီးလက်ဆွဲ နှုတ်ဆက်ခဲ့ပါသည်။

ကိုးကား-ဒေသတွင်းမီဒီယာ

ယူကရိန်းစစ်တပ်၏ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် မော်စကိုမြို့၊ Vnukovo လေဆိပ်၏ လေကြောင်းခရီးစဉ်များ နှောင့်နှေးခြင်းနှင့် ဖျက်သိမ်းခြင်းများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့သည်။

လေဆိပ်၏ သတင်းထုတ်ပြန်ချက်အရ လေယာဉ်ခရီးစဉ် ၅၀ ခန့်ကို ဖျက်သိမ်းခဲ့ရပါသည်။

ခရီးသည်များသည် မေလ ၆ ရက်နေ့ကတည်းက ထွက်ခွာရန် နာရီပေါင်း များစွာ စောင့်ဆိုင်းနေခဲ့ကြသည်။

ကိုးကား- ဒေသတွင်းမီဒီယာ

ဧပြီ ၃၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် အစ္စရေး နိုင်ငံမြို့တော် ဂျေရုဆလင်အနီး၌ တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံ ၇၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးလိုက်ရကြောင်း သိရပါသည်။ 

မြို့တွင်းလမ်းများစွာနှင့် မြို့တော်ဟောင်းဖြစ်သည့် တဲလ်အဗစ်မြို့နှင့် ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကြီးလည်း တောမီးကြောင့် အဆက်အသွယ် ပြတ်တောက်သွားပါသည်။ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး က ဒါဇင်နှင့်ချီသည့် နိုင်ငံများနှင့် နိုင်ငံတကာ မီးသတ်အကူအဖွဲ့များကိုအကူအညီတောင်းထားပြီး နိုင်ငံတော် အရေးပေါ်အခြေအနေကြေညာထားပါသည်။ 

ကိုးကား- Reuters

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများအတွက် သီးခြားလွတ်လပ်သော ကိုယ်ပိုင်ပြည်နယ် ဖြစ်ပေါ်လာရေး ‌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အတိုက် အခံ အင်အားကြီးပါတီ ဂျာမတ် အီ အစ္စလမ်မစ် (Jamaat-e-Islami) ပါတီက တောင်းဆိုမှုသည် အနောက်နိုင်ငံ၏ စေခိုင်းမှုဖြစ်နိုင်ကြောင်း ရခိုင် နိုင်ငံရေးသမားများနှင့် နိုင်ငံရေးလေ့လာသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဧပြီ ၂၇ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) မှ ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံစဉ်တွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းဌာနများမှ ဖော်ပြခဲ့ကြသည်။

ကိုးကား- CNI News

နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီ ဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ အပူဒဏ် အန္တရာယ်ကြောင့် မိတ်နှင့် ယားဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။

ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် 

(၁) ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများအနေဖြင့် နေ့လယ်နေ့ခင်းအချိန်တွင် အရိပ်ရာအေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာများတွင် နားနေပါ။

(၂) ပူပြင်းသည့် နေရောက်အောက်တွင် ပြင်းထန်စွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။

(၃) ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါကလည်း အရိပ်လုံလောက်စွာရနိုင်သည့် ဦးထုပ်များ ဆောင်းသွားပါ။ အရိပ်ရအေးမြသည့် နေရာများတွင် ခေတ္တ အနားယူခြင်းကိုလည်း မကြာခဏ ပြုလုပ်ပါ။

(၄) အလင်းပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။ 

(၅) နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် နံနက် (၁၀)နာရီမှ ညနေ (၅) နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်း စသည်တို့ကို ရှောင်ကြဉ်ပါ။

(၆) ပူပြင်းသော နေရောင်အောက်တွင် အလွန်အေးသောအခန်းနှင့် ကားအတွင်းမှ ပူပြင်းသော နေရောင်ထဲသို့ ချက်ချင်းထွက်ခြင်းနှင့် အလွန်အေးသော အခန်းနှင့် ကားအတွင်းသို့ ချက်ချင်းဝင်ရောက်ခြင်းတို့ကို ရှောင်ကြဉ်ပါ။ 

(၇) အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမို ပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။

(၈) ခန္ဓာကိုယ်အတွင်း ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်နှင့် ရေနှင့် ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးပါ။

(၉) မိတ်နှင့်ယားဖုများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ။

(၁၀)      အပူဒဏ်အန္တရာယ်ခံစားနေရသော လူနာအား အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာတွင်ထားရှိခြင်း၊ ရေနှင့်ဓာတ်ဆားရည်များ သောက်သုံးစေခြင်း၊ လူနာ၏ ခန္ဓာကိုယ်အပူချိန်အမြန်ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြား (၂) ဖက်နှင့် ပေါင်ခြံ (၂) ဖက်တို့အား ရေအေးပတ်တိုက်ပေးခြင်း စသည်တို့အား ဦးစွာဆောင်ရွက်၍ နီးစပ်ရာဆေးရုံ/ ဆေးခန်း/ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြသ၍ ကုသမှုခံယူစေပါ။

ကိုးကား-MRTV

 

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌရုံးဝန်ကြီးဌာန(၁)၊ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး သီဟသုဓမ္မသိင်္ဂီ ဒေါက်တာအေးခိုင်ညွန့် မိသားစုတို့သည် မြန်မာနှစ်သစ်ကူး နှစ်ဆန်း(၁)ရက်နေ့တွင် ဥပ္ပတသန္တိစေတီတော်သို့သွားရောက်ဖူးမြော်၍ ဆင်ဖြူတော်များအား အစာရေစာများကျွေးမွေးခဲ့ကြပြီး ၊ နေပြည်တော် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးတွင်တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား အထွေထွေအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့်
ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသော ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်းသိရှိရပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌရုံးဝန်ကြီးဌာ(၁)၊ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် မတ် ၂၈ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဝန်ထမ်းအိမ်ရာများ ပျက်စီးဆုံးရှုံးမှု အခြေအနေများကို လိုက်လံစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် အိမ်ထောင်စုဝင်မိသားစုများအား ထောက်ပံ့ရေးပစ္စည်းများ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကာ ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်းသိရှိရပါသည်။

- 09 April

မြန်မာနိုင်ငံ အမြန်ဆုံးကျန်းမာပါစေ 

ယူကရိန်းသမ္မတ ဇီလန်စကီး က တရုတ်စစ်သားများသည် ရုရှားဘက်မှ စစ်ပွဲတွင်ပါဝင်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း The Kyiv Independent သတင်းကဖော်ပြသည်။

ယူကရိန်းစစ်တပ်သည် ယူကရိန်းအရှေ့ပိုင်းဒေသတွင် တရုတ်စစ်သား ခြောက်ဦးနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး နှစ်ဦးကို ဖမ်းမိခဲ့ကြောင်း ယူကရိန်း သမ္မတက သတင်းထုတ်ပြန်ခဲ့သည်။ ယခုအခါ အခြားနိုင်ငံသည် ရုရှား နှင့်ယူကရိန်းစစ်ပွဲတွင် ပါဝင်လာခဲ့ပြီး အမေရိကန်ထံမှ တုံ့ပြန်မှုကို မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြပါသည်။

ကိုးကား- The Kyiv Independent

ရုရှားကူညီကယ်ဆယ်ရေးအဖွဲ့၏ ရွေ့လျားဆေးရုံ (Mobile Hospital) တွင် ဆေးကုသပေး နေမှုအခြေအနေ

တပ်မတော်သားများနှင့် ရုရှားကူညီကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် မှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ဧပြီ ၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မန္တလေးမြို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးနေသည့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ် နိုင်ငံတို့မှ ကူညီကယ်ဆယ်ရေးအဖွဲ့များအား သွားရောက်တွေ့ဆုံပြီး ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁)၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်သည် ငလျင်ဒဏ်သင့်ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအားတွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

ကိုးကား- MWD

Erdogan ၏ အဓိကပြိုင်ဘက် Ekrem Imamoglu ဖမ်းဆီးခံရခြင်းကြောင့် ကြီးမားသော ဆန္ဒပြမှုများနှင့် တူရကီဈေးကွက်များတွင် ပြင်းထန်သော ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။

(Anakra နှင့် Estambul ) အန်ကာရာ နှင့် အစ္စတန်ဘူးမြို့များတွင် လူထု ဆန္ဒပြပွဲကြီးများ ဖြစ်ပွားနေကြောင်း သိရှိရပါသည်။

ကိုးကား- ဒေသတွင်းမီဒီယာ

Photo: Snopes

၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့သည် ခရိုင်းမီးယားဒေသ ရုရှားနိုင်ငံသို့ လာရောက်ခိုလှုံသည့် ၁၁ နှစ်မြောက် မွေးနေ့ဖြစ်ပါသည်။

အဆိုပါ အခမ်းအနားအား စိန့်ပီတာစဘတ်ရှိလူငယ်များက ရုရှားနိုင်ငံတော် အလံနှင့် ခရိုင်းမီးယား ဟူသည့် စာလုံးများ ဖြင့် သရုပ်ဖော်ခဲ့ကြသည်။

ထိုနေ့တွင် သမ္မတ ပူတင်နှင့် ထရမ့် ဖုန်းဆက်စကားပြောရန်လည်း ရှိသေးပြီး ရုရှားဘက်က ယခုကဲ့သို့ နေ့မျိုးကို သေချာရွေးထားသည်ဟု ထင်မြင်ရပါသည်။

ခရိုင်းမီးယားကို ရုရှားပိုင်နက်အဖြစ် လက်ရှိအချိန်အထိ အသိအမှတ် မပြုကြသေးဘဲရှိနေသေးသော်လည်း လက်ရှိ ယူကရိန်း ပဋိပက္ခ ညှိနှိုင်းရေး ပြီးဆုံးပါက (သို့) လက်ရှိ သမ္မတ ထရမ့်ဖြင့် ဖုန်းပြောပြီးချိန် အမေရိကန် က ရုရှားပိုင်နက်အဖြစ် အသိအမှတ် ပြုမည်လားဆိုတာကို စောင့်ကြည့်ရမည်ဖြစ်ပါသည်။

ကိုးကား-ဒေသတွင်းမီဒီယာ

ရုရှားပိုင် Kursk ဒေသအတွင်းရှိ ဝိုင်းဝန်းပိတ်ဆို့ခံထားရသော ယူကရိန်း စစ်သားများအား မည်သည့်အရေးယူမှုမျှ မပြုလုပ်ရန် ပူတင်အား စည်းရုံးမည်ကြောင်း Trump က ပြောကြားခဲ့သည်။

“မတ်လ ၁၈ ရက်နေ့တွင် ရုရှားတပ်တွေ ဝိုင်းရံထားသည့် ယူကရိန်း စစ်သားများကို ကယ်တင်နိုင်ရန်အတွက် ရုရှားသမ္မတ ပူတင်နှင့် စကားပြောမည်ဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မိမိအနေဖြင့် အချက်အလက်အများကြီးပေးမည်ဖြစ်ကြောင်း၊ သို့သော် အဆိုပါ ကိစ္စသည် အမှန်တကယ့်ကို အရေးကြီးသည့် ကိစ္စဖြစ်ကြောင်း၊ ယူကရိန်း စစ်သည်များကို ဝိုင်းထားကြသည့်အတွက် မိမိတို့အနေဖြင့် ကယ်တင်မပေးပါက ၎င်းတို့၏ ကံကြမ္မာက ဝမ်းနည်းစရာဖြစ်မည်ဆိုသည်မှာ သေချာပါကြောင်း၊ လောလောဆယ်အနေဖြင့် ၎င်းတို့ကို မည်သည့်အရေးယူမှုမျှ မပြုလုပ်ရန် စည်းရုံးနိုင်ခဲ့ကြောင်း” ထရမ့်က ပြောကြားခဲ့ပါသည်။

ကိုးကား-The White House

Kursk ဒေသမှ စွန့်ခွာထွက်ပြေးသွားကြသည့် ယူကရိန်း စစ်တပ်၏ နေတိုးစစ်လက်နက်ပစ္စည်းများနှင့် စစ်ပွဲသုံးကားများကို ရုရှားစစ်သည် များက လိုက်လံ သိမ်းဆည်းလျက်ရှိပါသည်။

ရုရှားအစိုးရ၏ လက်နက်မချလျင် အသက်ရှင်လျက် ရုရှားပိုင်နက်က ထွက်နိုင်မည်မဟုတ်ဟူသော ရာဇသံပေးပြီးနောက် ယူကရိန်းစစ်သည်များ ထွက်ပြေးနေကြပြီး သံချပ်ကာယာဉ်များ၊ တင့်ကားများနှင့် အမြောက်လက်နက် အမြောက်အမြား ကျန်ရစ်ခဲ့သည်ဟု သတင်းရရှိပါသည်။

ကိုးကား- ကရင်မလင်

Photo: NBC News

မတ်လ ၁၄ ရက်နေ့တွင် အာဂျင်တီးနား လွှတ်တော်ရှေ့၌ ဆန္ဒပြနေသည့် အငြိမ်းစားပင်စင်စားများကို ရဲများက ရာဘာကျည်ဆံများနှင့် ပစ်ခတ်ပြီး ဆန္ဒပြမှုကို ဖြိုခွင်းခဲ့ကြောင်း သိရပါသည်။ 

ပင်စင်လစာနှင့် လူနေထိုင်မှုစရိတ်မမျှမတဖြစ်နေခြင်းကြောင့် ပင်စင်စား သက်ကြီးပိုင်းများက အပတ်စဉ် လွှတ်တော်ရှေ့၌ ဆန္ဒပြခဲ့ကြသည်။ သက်ကြီးရွယ်အိုများအား မျက်ရည်ယိုဗုံးများ အသုံးပြုခြင်းအပါအဝင် ယခင်ဆန္ဒပြပွဲများတွင် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သော်လည်း မတ်လ ၁၃ ရက်နေ့ ဆန္ဒပြမှုသည် အကြီးမားဆုံးနှင့် အပြင်းထန်ဆုံး ဖြစ်ကြောင်း ဆိုသည်။

မြို့တော် ဗျူနိုအေရီ လွှတ်တော်အပြင်ဖက်၌ သက်ကြီးပိုင်းများ ဆန္ဒပြနေစဉ် အကြမ်းဖက်ဆန္ဒပြသမားများ ထပ်မံရောက်ရှိလာပြီး ရဲတပ်ဖွဲ့များကို ကျောက်ခဲဖြင့်ပစ်ခတ်ခြင်း၊ တွေ့သမျှအရာများကို ရိုက်ချိုးဖျက်ဆီးခြင်းများ ပြုလုပ်နေခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များက ရာဘာကျည်များကို အသုံးပြုကာ ပစ်ခတ်ခဲ့ကြသည်။

ဆန္ဒပြပွဲအစ၌ ငြိမ်းချမ်းစွာ စတင်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးများနှင့်ဖြိုခွင်းခဲ့သဖြင့် အကြမ်းဖက်လိုသူများက ကျောက်ခဲများနှင့် တုန့်ပြန်ပစ်ခတ်မှုများ လုပ်ဆောင်လာခြင်းကြောင့် ရဲများက ရော်ဘာကျည်ဆန်များဖြင့် ပစ်ခတ် နှိမ်နင်းမှုများလုပ်ဆောင်ခဲ့ကြပါသည်။ ပြင်းထန်သည့်  ရုန်းရင်းဆန်ခတ် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက်  ကွန်ဂရက်လွှတ်တော် နန်းတော်တစ်ဝိုက် ၌ မျက်ရည်ယိုဗုံးများမှ အငွေ့များ ထူထပ်စွာဖုံးလွှမ်းသွားခဲ့ပြီး အဆိုပါ ဖြစ်ရပ်များအကြား ရဲကားတစ်စီး မီးလောင်ပျက်စီးခဲ့ကာ မြို့အနှံ့ အမှိုက်ပုံးများ မီးလောင်မှုဖြစ်ပွားခဲ့သည်။ 

အချို့သော အကြမ်းဖက်ဆန္ဒပြသမားများက အရာရှိများကို တုတ်များ၊ သံဘူးများဖြင့် ပစ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၈၀၀ ခန့် ဖြန့်ကြက်ချထားကာ ဆန္ဒပြပွဲအားနှိမ်နှင်းရန် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး ဆောင်ရွက်ခဲ့ရသည်။ အဆိုပါ ရုန်းရင်းဆန်ခတ်မှုများအတွင်း အနည်းဆုံး ဆန္ဒပြသူ ၂၀၀ ခန့် ဒဏ်ရာရကာ ၂၀ ဦး ဆေးရုံတင်ထားရပြီး ၁၀၀ ကျော် ထိန်းသိမ်းထားကြောင်း ဗျူနိုအေရီသံတော်ဆင့် သတင်းအရ သိရှိရပါသည်။

ကိုးကား-RT

Photo: www.aa.com.tr

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

လွန်ခဲ့သည့်ရာစုနှစ်ကုန်ပိုင်းအထိ “ဗမာနိုင်ငံ” ဟု ခေါ်ဝေါ်သော အရှေ့တောင်အာရှမှ နိုင်ငံတစ်ခုသည် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ၊ အထူးသဖြင့် ယူကရိန်းအရေးကိစ္စများတွင် ရုရှားနိုင်ငံနှင့် တူညီသော ရပ်တည်ချက်များရှိပါကြောင်း၊ စီးပွားရေး ဆက်ဆံမှုများသည်လည်း အင်တိုက်အားတိုက် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး စိုက်ပျိုးရေး၊ ခရီးသွား လုပ်ငန်းနှင့် စွမ်းအင်တို့သည် ဦးစားပေးလုပ်ငန်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း စွမ်းအင်နည်း နျူကလီးယား ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အကောက်ခွန်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အားကစားဆိုင်ရာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ထို့အပြင် ဖက်စစ်အောင်ပွဲနေ့ကို ဂုဏ်ပြု သောအားဖြင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့၌ ကျင်းပ သည့် အခမ်းအနားတွင် ပါဝင်မည်ဖြစ်ပါကြောင်း ရုရှားအစိုးရပိုင် ရုပ်သံလိုင်း မှ ထုတ်လွှင့်ထားမှုအရ သိရှိရပါသည်။

 “ယခုနှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံကြား ချစ်ကြည်ရေး အခြေခံ ကြေညာစာတမ်း လက်မှတ်ရေးထိုးခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုပါကြောင်း၊ ထို့အပြင် မိမိတို့ နိုင်ငံတွေကြားက ဆက်ဆံရေးသည် တည်ငြိမ်လျက်ရှိပါကြောင်း၊ ယခင်နှစ်အနေဖြင့် ကုန်သွယ်မှု ပမာဏ ၄၀ % တိုးလာသည်မှာ ကောင်းမွန်သည့် ညွှန်ပြချက်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတကာ နယ်ပယ်ဖြစ်သည့် အာဆီယံနှင့် မိမိတို့နိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုကို စီစဉ်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း” သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ကြောင်း အဆိုပါ ရုပ်သံသတင်းအရ သိရှိရပါသည်။

“နိုင်ငံတိုင်းသည် ကိုယ့်အချုပ်အခြာအာဏာ၊ ပြည်သူနှင့် အကျိုးစီးပွားကို ကာကွယ်ကြရမည်ဟု ယုံကြည်ပါကြောင်း၊ ရုရှားနိုင်ငံ၏ အခြေအနေကို နားလည်ပြီး မိမိတို့အနေဖြင့် Special Military Operation ကို အပြည့်အဝ ထောက်ခံပါကြောင်း၊ အောင်ပွဲသည် အဆွေတော်တို့အတွက် ဖြစ်မည်ဆိုသည်ကို ယုံကြည်ပါကြောင်း” ဟု ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း ရုပ်သံ သတင်းအရ သိရှိရပါသည်။

ကိုးကား- ရုရှားနိုင်ငံပိုင် ရုပ်သံသတင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Vladimir Vladimirovich Putin နှင့် မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ သီးခြားတွေ့ဆုံဆွေးနွေး , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Vladimir Vladimirovich Putin နှင့် မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ သီးခြားတွေ့ဆုံဆွေးနွေး , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Vladimir Vladimirovich Putin နှင့် မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ သီးခြားတွေ့ဆုံဆွေးနွေး , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Vladimir Vladimirovich Putin နှင့် မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ သီးခြားတွေ့ဆုံဆွေးနွေး , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Vladimir Vladimirovich Putin နှင့် မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ သီးခြားတွေ့ဆုံဆွေးနွေး

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်‌ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၄ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့၊ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် သီးခြားတွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ပြီး သီးခြားတွေ့ဆုံဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတနှင့်အတူ ရုရုားဖက်ဒရေးရှင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပြည်ပဆက်ဆံရေးလက်ထောက်အရာရှိ၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ တာဝန်ရှိသူများနှင့် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က ဒုတိယအကြိမ်ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ယခုနိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် များစွာအကျိုးဖြစ်ထွန်းစေပါကြောင်း၊ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများမှာလည်း ယခင်ကထက် ပိုမိုတိုးတက်လာပြီဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မော်စကိုမြို့တွင် တွေ့ဆုံမှုအတွက်ဝမ်းမြောက်ကြောင်းကို မိမိအနေဖြင့် ထပ်မံပြောကြားလိုပါကြောင်းနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မော်စကိုမြို့၌ တွေ့ဆုံရမှုအတွက်ကျေးဇူးတင်ရှိပါကြောင်း၊ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၌တွေ့ဆုံခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံသည်မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ခရီးဝေးကွာသော်လည်း ချစ်ကြည်ရင်းနှီးသည့်နိုင်ငံများဖြစ်ပါကြောင်း၊ နှစ်နိုင်ငံသည် ရှေးသမိုင်းအစဉ်အဆက်ကတည်းကပင် အေးအတူပူအမျှနေထိုင်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံမှုမှာ (၇၇) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုသည် မိမိတို့နှစ်နိုင်ငံအတွက် များစွာအကျိုးရှိပါကြောင်း၊ တွေ့ဆုံမှုအတွက်လည်း ကျေးဇူးတင်ရှိသည်ကို ထပ်မံပြောကြားလိုပါကြောင်း ပြောကြားသည်။

ထို့နောက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များ၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

https://mrtv.gov.mm/mm/news-291773

 

 

 

လွန်ခဲ့သော(၁၁)ရာစု ပုဂံခေတ်ကတည်းက သနပ်ခါးလိမ်းခြယ်ခြင်း ရှိနေကြောင်းကို အပယ်ရတနာဘုရား နံရံဆေးရေးပန်းချီမှလည်း မှတ်တမ်းပြုစုနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့သနပ်ခါးကို ရှေးဘုရင်များလက်ထက်ကတည်းက မြတ်မြတ်နိုးနိုး သုံးစွဲခဲ့ကြောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှ နံရံဆေးပန်းချီများ၌ တွေ့ရှိနိုင်ပြီး ပုဂံက စူဠာမဏိစေတီရှိ သနပ်ခါးလိမ်းခြယ်နေသောပုံကို လူသိများသော်လည်း အပယ်ရတနာဘုရားမှ နံရံဆေးပန်းချီရှိသည်ကို သိသူနည်းပါးပြီး အဆိုပါပုံများမှာ ရှေးဟောင်းယဉ်ကျေးမှုအတွက် တန်ဖိုးဖြတ်မရသော သမိုင်းအမွေအနှစ်ပုံများ ဖြစ်ကြောင်း သိရသည်။

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသည် ပုဂံဒေသရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းပြုပြင် စောင့်ရှောက် လျက်ရှိပြီး အပယ်ရတနာဘုရားရှိ သနပ်ခါးလိမ်းခြယ်မှုဟန်ပါဝင်သည့် နံရံဆေးပန်းချီများကို မှတ်တမ်းပြုစုထားရှိပြီးလည်း ဖြစ်ကြောင်း သိရ သည်။

ထို့ပြင် ၁၉၉၁ - ၁၉၉၂ ခုနှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်း၍ ပြုပြင် ထိန်းသိမ်းရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ စူဠာမဏိစေတီ အတွင်း ရှိ နံရံဆေးပန်းချီကားများကို သန့်စင်ချေးချွတ်ရာမှ သနပ်ခါးလိမ်းခြယ် နေသောပုံများကို တွေ့ရှိမှတ်တမ်းပြုစုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်စေရန်လုပ်ဆောင်ခဲ့ပြီးနောက်" မြန်မာ့ သနပ်ခါးယဉ်ကျေးမှုဓလေ့" ကိုလည်း UNESCO ၏ Representative List of the Intangible Cultural Heritage of Humanity တွင် စာရင်းဝင်နိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်မတိုင်မီ ပြန်လည်တင်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုးကား- ပြန်ကြားရေးဝန်ကြီးဌာန

ယူကရိန်းသမ္မတ ဇီလန်စကီးသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ် သတင်းထောက်များကို စကားဖြတ်ပြောဆို၍ ငြင်းခုံပြီး ကြမ်းတမ်းစွာပြုမူခဲ့သည်။

ဗလာဒီမာဇီလန်စကီးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ် အမေရိကန်ခေါင်းဆောင်နှင့် ငြင်းခုံခဲ့ပြီး အော်ဟစ်ကာ သတင်းထောက်များ၏မေးခွန်းများကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့် မတိုင်မီ ဖြေကြားခဲ့သည်။ တစ်ခါတစ်ရံ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကို စကားဖြတ်ပြောဆိုခဲ့ပြီး သတင်းထောက်များ၏ မေးခွန်း အချို့ ကိုကြမ်းတမ်းစွာတုံ့ပြန်ခဲ့ပါသည်။ တွေ့ဆုံမှု၏ နောက်ဆုံးမိနစ်အနည်းငယ် တွင် အပြန်အလှန်စကားပြောဆိုမှုများသည် အသံကျယ်လောင်စွာဖြင့် ပြုလုပ်ခဲ့ပါသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန် နိုင်ငံမှ ယူကရိန်းအတွက် ဒေါ်လာ ၃၅၀ ဘီလီယံ သုံးစွဲခဲ့ကြောင်း ပြောကြားခဲ့ သော်လည်း ဇီလန်စကီးက သဘောမတူခဲ့ပေ။ ထို့အပြင် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နှင့် အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်တို့က ယူကရိန်းနိုင်ငံသည် အမေရိကန်နိုင်ငံအား ကျေးဇူးတင်ရန် လိုအပ်ကြောင်း ပြောကြားသောအခါတွင်လည်း ဇီလန်စကီးက ကန့်ကွက်ခဲ့ပါသည်။ ဇီလန်စကီးက ဒေါ်နယ်ထရမ့်ကို စကားဖြတ်ရန် အသံကျယ်လောင် စပြုလာသောအခါ သတင်းထောက်များကို ခန်းမမှ ထွက်ခွာရန် တောင်းဆိုခဲ့ပြီး ဆွေးနွေးပွဲကို လျှို့ဝှက်စွာ ဆက်လက်ပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲမစတင်မီ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဇီလန်စကီး တို့သည် သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားသည့် အစီအစဉ် ကို ပြုလုပ်ခဲ့ပါသည်။ ဒေါ်နယ်ထရမ့်က ပဋိပက္ခတစ်ခုလုံးကို ဖြေရှင်းရန် သဘောတူညီချက်တစ်ခုရရှိရန် ပိုမိုအရေးကြီးကြောင်း ပြောကြားနေစဉ် ဇီလန်စကီးက ၎င်းဆုံးရှုံးခဲ့ရသော မြို့အားလုံးကို ပြန်လည်ရရှိရန် ပိုမို အရေးကြီးကြောင်း ပြောကြားကာ စကားဖြတ်ခဲ့ပါသည်။ အမေရိကန် သမ္မတက ၎င်းလက်ထက်တွင် ယူကရိန်းနှင့်ပတ်သက်သော သဘော တူညီချက်များကို အမြဲလိုက်နာခဲ့ကြောင်း ပြောကြားနေစဉ် ဇီလန်စကီး က စကားဖြတ်ပြောဆိုခဲ့ပြီး ၂၀၁၆ ခုနှစ်နှင့် နောက်ပိုင်းတွင် ရုရှား နိုင်ငံ က အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့ကြောင်း သက်သေပြရန် ကြိုးစား ခဲ့ပါသည်။ ထိုစကားများကို အမေရိကန်သမ္မတက သဘောမတူခဲ့ပေ။ ထို့အပြင် ဒေါ်နယ်ထရမ့်က ယူကရိန်းနိုင်ငံသည် သဘောထား ပြောင်းလဲရန် လိုအပ်ကြောင်း ပြောကြားသောအခါတွင်လည်း ဇီလန်စကီးက သဘော မတူခဲ့သော်လည်း အဆိုပါအကြိမ်တွင်မူ အမေရိကန် ခေါင်းဆောင်၏ စကားကို ငြင်းခုံရန် မကြိုးစားခဲ့ပေ။ ထို့နောက် ဇီလန်စကီးက အမေရိကန်နိုင်ငံသည် ယူကရိန်းဘက်မှ ရပ်တည်နေကြောင်း ပြောကြား ခဲ့သော်လည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထိုစကားကို မှတ်ချက် မပြုဘဲထားခဲ့သည်။ ယူကရိန်းတွင် ရွေးကောက်ပွဲများ ကျင်းပရန် အလား အလာရှိ၊ မရှိနှင့်ပတ်သက်သော မေးခွန်းကို ဇီလန်စကီးက လျစ်လျူရှု ခဲ့ပါသည်။

ကိုးကား - Tass, NBC 

ယူကရိန်း သမ္မတ Zelensky လည်း ရုရှားနှင့် အမေရိကန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်မည်ဖြစ်ကြောင်း Trump က ပြောကြားခဲ့သည်။

“ပူတင်က စစ်ပွဲကို အမြန်အဆုံးသတ်လိုကြောင်း နှင့် ရုရှားသမ္မတနှင့် တွေ့ဆုံမှုသည် မကြာမီတွင် ဖြစ်လာနိုင်ကြောင်း” Trump က ပြောကြားခဲ့ပါသည်။

ကိုးကား- ဒေသတွင်းမီဒီယာ

Kalashnikov ချေမှုန်းရေးရိုင်ဖယ်အတွက် ကျည်ဆန်အမျိုးအစားအသစ်တစ်ခုကို အထူးစစ်ဆင်ရေးဇုန်တွင် စမ်းသပ်အသုံးပြုလျက်ရှိပြီး၊ ယင်းကျည်ဆံ အမျိုးအစားအသစ်ကို မောင်းသူမဲ့လေယာဉ် (UAV) များအား ပစ်ခတ်ဖျက်ဆီးရန်အတွက် အသုံးပြုနေကြောင်း သိရှိရပါသည်။

Zvezda ရုပ်သံလိုင်း၏ ထုတ်လွှင့်မှုတစ်ခုတွင် စစ်သည်များက ၇.၆၂ x ၃၉ မီလီမီတာ ကယ်လီဘာရှိသော ကျည်ဆန်အသစ်များပါဝင်သည့် ကျည်ကတ်ကို ပြသခဲ့ပါသည်။ ယင်းတို့တွင် သာမန်သတ္တုကျည်ဆန်အစား 3D ပရင့်နည်းပညာဖြင့် ဖောက်ထွင်းထားသော အခေါင်းပေါက်ကျည်ဆန်များပါဝင်ပြီး၊ အတွင်းတွင် ကျည်ဆံငယ်များ (buckshot) ဖြည့်ထားပါသည်။ 

ဗီဒီယိုတွင် စစ်သည်များသည် ထိုကျည်ဆန်များကို ကျည်ဆံငယ်များနှင့်အတူတွဲဖက်၍ အသုံးပြုနေသည်ကို မြင်တွေ့နိုင်ပါသည်။ 

ကိုးကား - Zvezda

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၂၀/၂၀၂၅)အား ယနေ့ရက်စွဲဖြင့် ထုတ်ပြန်

Source: MRTV

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၈/၂၀၂၅) အား ဇန်နဝါရီလ(၃၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်

Source: MRTV

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၁၃/၂၀၂၅) အား ဇန်နဝါရီလ(၃၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်

Source: MRTV

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၇/၂၀၂၅) အား ဇန်နဝါရီလ(၃၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်

Source: MRTV

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၉/၂၀၂၅) အား ဇန်နဝါရီလ(၃၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်

Source: MRTV

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၁၀/၂၀၂၅) အား ဇန်နဝါရီလ(၃၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်

Source: MRTV

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၁၂/၂၀၂၅) အား ဇန်နဝါရီလ(၃၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်

Source: MRTV

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၁၁/၂၀၂၅) အား ဇန်နဝါရီလ(၃၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်

Source: MRTV

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် (၁၄/၂၀၂၅) အား ဇန်နဝါရီလ(၃၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်

Source: MRTV

နေပြည်တော် ဇန်နဝါရီ ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ တက်ရောက်ကြသည်။

ဦးစွာ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်များအား စတင်ထမ်းဆောင်ချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြန်ဆန်လာစေရေးအတွက် ပညာရေးကဏ္ဍ မြှင့်တင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ကျန်းမာမှပညာသင်ကြားနိုင်ပြီး လူမှုရေး၊ စီးပွားရေးစသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့ရသည့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်ကို စတင်ထမ်းဆောင်ချိန်ကတည်းက နိုင်ငံအတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ရွေးကောက်ပွဲကျင်းပရာတွင် ခိုင်လုံမှန်ကန်သော မဲစာရင်းများရရှိရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မိမိတို့အားလုံးရည်မှန်းထားသည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်ကို တွေ့ရကြောင်း၊ အဓိကအားဖြင့် လွတ်လပ်ပြီးတရားမျှတမှုအပြည့်ဖြင့် ကျင်းပနိုင်မည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက် လုပ်ဆောင်ရန်လိုအပ်ချက်များကို အရှိန်အဟုန်မပြတ် ဆက်လက်လုပ်ဆောင်နိုင်ရန် တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ရန် တင်ပြသည်။

ထို့နောက် ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၅)အား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

Source: moi.gov.mm

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့တွင်ရှိသည့် မသင့်လျော်သော စံနှုန်းများကို ပြန်ဖျက်မည်ဖြစ်ကြောင်း ၎င်း၏ မိန့်ခွန်း တွင် ကတိပေးခဲ့ပါသည်။

ကိုးကား-RSBN

ရုရှားသမ္မတ ပူတင်က ဒေါ်နယ်ထရမ့်၏ သမ္မတ ကျမ်းကျိန်ပွဲနှင့်ပတ်သက်၍ ချီးကျူးဂုဏ်ပြုခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အမေရိကန်အစိုးရသစ်နှင့် တွေ့ဆုံ ဆွေးနွေးရန် ရုရှားတွင် ဆန္ဒရှိကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။

“အပြန်အလှန်လေးစားမှုရှိသော ဆွေးနွေးပွဲဖြစ်ရန် မျှော်လင့်ပါကြောင်း၊ ယူကရိန်းတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရုရှားကလိုလားကြောင်း” လည်း ထည့်သွင်း ပြောဆိုခဲ့ပါသည်။

ကိုးကား- RT

ဒေါ်နယ်ထရမ့်သည် St. John's ဘုရားကျောင်းတွင် အခမ်းအနားတက်ရောက်ခြင်းဖြင့် ၎င်း၏ ဇန်နဝါရီ ၂၀ ရက်နေ့၌ ကျင်းပသော သမ္မတကျမ်းသစ္စာ ကျိန်ဆိုသည့်နေ့၏ အစီအစဉ်ကို စတင်ခဲ့သည်။

ကိုးကား- TASS/Reuters

သမ္မတပူတင်က အီရန်သမ္မတ၏ ခရီးစဉ်သည် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်အားလုံးကို ဆွေးနွေးခွင့်ရရုံသာမကဘဲ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက် ရုရှားနှင့်အီရန်တို့အကြား အဓိကအခြေခံသဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးသွားမည်ဖြစ်သည့်အတွက် အထူးအရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။ 

မိမိတို့အနေဖြင့် အဆိုပါသဘောတူစာချုပ်ကို အချိန်အတော်ကြာအောင် လုပ်ဆောင်နေခဲ့ရပြီး ဤလုပ်ငန်းပြီးမြောက်ခဲ့သည့်အတွက် အလွန်ဝမ်းသာပါကြောင်း၊ မိမိတို့၏ အပြန်အလှန်ဆက်သွယ်မှုနယ်ပယ်အားလုံးနီးပါးအတွက် ထပ်လောင်း တွန်းအားများပေးရန် အခွင့်အရေးပေးသောကြောင့် ၎င်းသည် အရေးကြီးပါကြောင်း၊ ကုန်သွယ်မှုနှင့် စီးပွားရေးဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ ခြုံငုံကြည့်ပါက လက်ရှိအရှိန်အဟုန်သည် အတော်အတန် လက်ခံနိုင်သည်ဟု မိမိထင်မြင်မိပါကြောင်း၊ ပြီးခဲ့သောနှစ် ပထမ ၁၀ လတွင် ၎င်းတို့၏ ကုန်သွယ်မှု တန်ဖိုးသည် ၁၅.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း သမ္မတ ပူတင်ကပြောကြားခဲ့ပါသည်။

မိမိတို့သည် နျူကလီးယားစွမ်းအင်နယ်ပယ်တွင် ပရောဂျက်များအပါအဝင် ကျွန်ုပ်တို့၏ အဓိကပရောဂျက်များကို ဆက်လက်လုပ်ဆောင်နေပါကြောင်း၊ မိမိတို့သည် စွမ်းအင်ကဏ္ဍတွင် အခြားဖြစ်နိုင်ချေရှိသော ပရောဂျက်များရှိပြီး ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် အလားအလာ ကောင်းများရှိပါကြောင်း၊ ထို့အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆက်ဆံမှုနယ်ပယ်တွင် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှုကို မှတ်သားစေလိုပါကြောင်း၊ သယ်ယူပို့ဆောင်ရေး ဆက်သွယ်ရေးနယ်ပယ်တွင်လည်း တိုးတက်လာပါကြောင်း၊ ယဉ်ကျေးမှုဝန်ကြီးဌာန၏ သိသာထင်ရှားသည့် တိုးတက်မှုများရှိနေပါကြောင်း၊ ယခုနှစ် ဇွန်လတွင် ကျင်းပမည့် အီရန်ရှိ ရုရှားယဉ်ကျေးမှုနေ့အတွက် ပြင်ဆင်နေပါကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပါသည်။

နိုင်ငံတကာအစီအစဉ်နှင့်ပတ်သက်သည့် မိမိတို့၏  ဆွေးနွေးညှိနှိုင်းမှုများက ကမ္ဘာတစ်ခုလုံးနှင့် ဒေသတွင်းတွင် လိုအပ်ချက်ကြီးကြီးမားမားရှိနေခြင်းဖြစ်ကြောင်း သမ္မတ ပူတင်ကပြောကြားခဲ့ပါသည်။

ထို့နောက် ရုရှားသမ္မတ ဗလာဒီမာပူတင်က အီရန်ဘာသာရေးခေါင်းဆောင် မစ္စတာ ခါမေနီထံ ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ အီရန်-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းတွင် လုပ်ဆောင်သမျှသည် အီရန်ဘာသာရေးခေါင်းဆောင် မစ္စတာ ခါမေနီ၏ ကိုယ်ရေးကိုယ်တာ ထိန်းချုပ်မှုအောက်၌ရှိနေကြောင်း မိမိတို့ ကောင်းစွာ သိရှိထားပါကြောင်း၊ ထို့အတွက် ၎င်းကို ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား - MOFA Russia

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်ရေးဆိုင်ရာများအား ဆွေးနွေး ပြောကြားသည်။

Source: Myawady Web Portal

နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်းပိတ်ပေးပြီး ပိတ်သောရက်များအတွက် စနေတစ်ရက်ပြန်အစားထိုးရန် သတ်မှတ်ထားသည်။
(က) ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက်(ကရင်နှစ်သစ်ကူးနေ့)နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တို့ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)
( ခ) ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်(တပေါင်းလပြည့်နေ့)၊ ၁၅ ရက်(စနေနေ့)နှင့် ၁၆ ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ မတ်လ ၁၄ ရက်နှင့် တပေါင်းလပြည့်နေ့ ၏ရှေ့တစ်ရက်ဖြစ်သည့် မတ်လ ၁၂ ရက်၊ (ရုံးပိတ်ရက် ၅ ရက်)
( ဂ) ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်(စနေနေ့)၊ ၂ ရက်(တနင်္ဂနွေနေ့)နှင့် ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့) တို့ကြားရှိ နိုဝင်ဘာလ ၃ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)
(ဃ) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်(ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နှင့် ၂၈ ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ ဒီဇင်ဘာလ ၂၆ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)
ပိတ်ရက်ရှည်အဖြစ်သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံး စနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ပထမ ရုံးပိတ်ရက် ၅ ရက်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ စနေနေ့သည် အစားထိုးရုံးတက်ရက် ဖြစ်သော်လည်း ယင်းနေ့သည် လွတ်လပ်ရေးနေ့ဖြစ်၍ ဇန်နဝါရီလ ၁၁ ရက်(စနေနေ့)၊ ဒုတိယ ရုံးပိတ်ရက်ရှည်အတွက် မတ်လ ၂၂ ရက်(စနေနေ့)နှင့် မတ်လ ၂၉ ရက်(စနေနေ့)၊ တတိယရုံးပိတ် ရက်ရှည်အတွက် နိုဝင်ဘာလ ၈ ရက်(စနေနေ့)၊ စတုတ္ထ ရုံးပိတ်ရက်ရှည်အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်(စနေနေ့)တို့ကို အစားထိုး ရုံးတက်ရက်များအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

Soure: MRTV

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၂၀) ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ခမ်းနားထည်ဝါစွာနှင့် အနှစ်သာရရှိစွာ စီစဉ်ကျင်းပပုံများကို MRTV နှင့် ဆက်စပ်ရုပ်သံ၊ ရေဒီယို FM နှင့် Online တို့မှ တိုက်ရိုက်ထုတ်လွှင့်မည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တပ်မတော်(လေ) ဖွဲစည်းတည်ထောင်မှု(၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားသို တက်ရောက်ချီးမြှင့်သည်။

ရုရှားတပ်မတော်၏ Shahed မောင်းသူမဲ့လေယာဉ်များသည် ယူကရိန်းတို့သိမ်းပိုက်ထားသည့် Zaporozhye မြို့တွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။

Zaporozhye ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ပိုင်နက်တစ်နေရာတွင် ဒုံးကျည်များကျရောက်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြခဲ့ကြပါသည်။

မြို့တွင်း မီးလောင်ကျွမ်းမှု အများအပြားဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းဘလော့ဂ်များက ပြောဆိုကြပြီး မြို့၏တစ်စိတ်တစ်ပိုင်းတွင် လျှပ်စစ်မီး ပြတ်တောက်သွားကြောင်းလည်း သိရှိရပါသည်။

ရုရှားစစ်တပ်၏ UAV တိုက်ခိုက်မှုသည် မြို့တွင်းရှိ ပစ်မှတ်များကို တစ်နာရီကျော်ကြာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

Source: ယူကရိန်းဒေသတွင်းမီဒီယာများ

နိုဝင်ဘာ ၁၇

ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Takeshi Iwaya သည် မကြေညာဘဲ အလည်အပတ် ခရီးစဉ်အဖြစ် ကိယက်ဗ်မြို့သို့ ရောက်ရှိခဲ့သည်။

ရုရှားနှင့် မြောက်ကိုရီးယားတပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုတွင် ယူကရိန်းအပေါ် ဂျပန်၏ ရပ်တည်ချက်ကို ပြသရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲ ရောက်ရှိလာကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Iwaya သည် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andriy Sybiha နှင့် တွေ့ဆုံမည်ဖြစ်ပြီး နောက်ပိုင်းတွင် သမ္မတ Zelensky နှင့်လည်းတွေ့ဆုံမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်

နိုဝင်ဘာ ၁၇

တိုင်ဖွန်းမုန်တိုင်း Man Yi  သည် ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်ခဲ့ပါသည်။ ဤသည်မှာ တစ်လအတွင်း ခြောက်ကြိမ်မြောက် မုန်တိုင်းဝင်ရောက်ခြင်းဖြစ်သည်။

တိုင်ဖွန်းမုန်တိုင်းသည် စနေနေ့ညမှ တနင်္ဂနွေနေ့မနက်ပိုင်းတွင် Catanduanes ပြည်နယ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု မိုးလေဝသပညာရှင်များ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသခံမီဒီယာများက ရေးသားဖော်ပြကြသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးခြင်းများကို ကြိုတင်ခန့်မှန်းထားပြီး သမ္မတက အာဏာပိုင်များအား ရိက္ခာအထောက်အပံ့များ အရေးပေါ်ပြင်ဆင်ရန်နှင့် နိုင်ငံ၏ အားနည်းသောဒေသများတွင် နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အာဏာပိုင်များကို ညွှန်ကြားထားပြီးဖြစ်သည်ဟု သတင်းရရှိပါသည်။

Source: ဖိလစ်ပိုင်မီဒီယာ

နိုဝင်ဘာ ၁၇

တရုတ်နိုင်ငံသည် 1 kW ထုတ်လုပ်နိုင်သည့်ကမ္ဘာ့အကြီးဆုံး အဏ္ဏဝါနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

အဆ်ိုပါ နေရာသည် Dongying City ကမ်းရိုးတန်းမှ ၈ ကီလိုမီတာအကွာတွင် တည်ရှိပြီး ဧရိယာ၁,၂၂၃ ဟက်တာကျော် ကျယ်ဝန်းကာ နှစ်စဉ် ၁.၇၈ ဘီလီယံ ကီလိုဝပ်နာရီ ထုတ်လုပ်မည့် ၂,၉၃၄ panels ပါ၀င်ပြီး အိမ်ခြေ ၂.၆၇ သန်းအတွက် လုံလောက်မည်ဖြစ်သည်ဟု နိုင်ငံပိုင်ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်ရုံသည် တစ်နှစ်လျှင် ကျောက်မီးသွေး တန်ချိန် ၅၀၃,၀၀၀ ကျော်ကို သက်သာစေပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု တန်ချိန် ၁.၃ သန်းခန့် လျှော့ချနိုင်မည်ဖြစ်သည်။

Source: တရုတ်နိုင်ငံပိုင်ကုမ္ပဏီ၏သတင်းထုတ်ပြန်ချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် နိုင်ငံတော်အတွက် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် အဖွဲ့အစည်းများမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Sub-region (GMS) Summit (၁၀) ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး 10th Ayeyawady - Chao Phraya - Mekong Economic Cooperation Strategy (ACMECS) Summit နှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး 11th Cambodia - Lao PDR – Myanmar - Vietnam (CLMV) Summit တို့သို့ တက်ရောက်ရန်အတွက် အောက်တိုဘာလ ၅ရက်နေ့ နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြသည်။

အဆိုပါခရီးစဉ်အတွင်း ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာသွားကြမည်ဖြစ်ကြောင်းနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည်လည်း သက်ဆိုင်ရာကဏ္ဍများအလိုက် အလုပ်သဘောဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source- www.moi.gov.mm

အိန္ဒိယနိုင်ငံ Kerala ပြည်နယ် Erumely မှ လူငယ်လေးသည် ကမ္ဘာ့အသေးဆုံး ရေခဲသေတ္တာကို တီထွင်ခဲ့

Source- Myawady Webportal

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်

Source- www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံ အာဆီယံ ရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များ လာရောက်ဂါရဝပြုတွေ့ဆုံ

Source- MRTV