ထူးခြားသတင်းများ
နေပြည်တော် မတ် ၃
ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး ရည်မှန်းကာ ပြည်သူများလိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့နေထိုင်နိုင်စေရေးနှင့် ပြည်သူများဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် သက်သာစေရေး ဆောင်ရွက်လျက်ရှိရာ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ပြုလုပ်ခဲ့သည်။
ယနေ့ ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ် များနှင့်အတူ အထူးကြပ်မတ် ကုသဆောင်တွင် စောင့်ကြပ်ကြည့်ရှုကုသ ပေးလျက်ရှိသော ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ခံယူထားသည့် လူနာများအား သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားကာ ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၏ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အခြေအနေနှင့် လူနာများ၏ ကျန်းမာရေးအခြေအနေ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ပြီး ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို လစဉ်အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ကြရန် မှာကြားသည်။
စတုတ္ထအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ဇမ္ဗူသီရိမြို့နယ် အသက် ၄၅ နှစ်ရှိ ကျောက်ကပ်လူနာအမျိုးသမီးနှင့် ကျောက်ကပ်အလှူရှင်သားတော်စပ်သူ အသက် ၂၀ နှစ်ရှိ အမျိုးသားတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ခွဲစိတ်ချိန် ၆ နာရီခွဲ ကြာမြင့်ခဲ့သည်။
ပဉ္စမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ပျော်ဘွယ်မြို့နယ်နေ အသက် ၃၄ နှစ်ရှိ ကျောက်ကပ်လူနာအမျိုးသားနှင့် ကျောက်ကပ်အလှူရှင် အစ်မတော်စပ်သူ အသက် ၃၆ နှစ်ရှိ အမျိုးသမီးတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းခွဲစိတ်ချိန် ၅ နာရီကြာမြင့်ခဲ့သည်။
စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့သောလူနာနှင့် ကျောက်ကပ်အလှူရှင် လေးဦးတို့၏ ခွဲစိတ်ပြီးကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး လူနာများအား အထူးကြပ်မတ်ကုသဆောင်တွင် လည်းကောင်း၊ ကျောက်ကပ်အလှူရှင်များအား ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကုသဌာနတွင် လည်းကောင်း ထားရှိကာ လိုအပ်သောကုသမှုများ အနီးကပ်ဆောင်ရွက်ပေးလျက်ရှိသည်။
စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး (ဆီးနှင့်ကျောက်ကပ်ခွဲစိတ်) ပါမောက္ခ ဒေါက်တာကျော်စိုးကျော်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ပါမောက္ခ(ဆီးနှင့် ကျောက်ကပ်ခွဲစိတ်) ပါမောက္ခဒေါက်တာသဇင်ခိုင်၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး (ဆီးနှင့်ကျောက်ကပ်ခွဲစိတ်) ပါမောက္ခဒေါက်တာမျိုးသန်းနှင့် ဆေးတက္ကသိုလ်(မကွေး)မှ ပါမောက္ခ/ ဌာနမှူး (ဆီးနှင့်ကျောက်ကပ်ခွဲစိတ်) ပါမောက္ခဒေါက်တာအောင်တို့ပါဝင်သော ဆီးနှင့်ကျောက်ကပ် ခွဲစိတ်ကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး(ဆီးနှင့်ကျောက်ကပ်ဆေးကု) ပါမောက္ခဒေါက်တာဝင်းဝင်းလှိုင်၊ ပါမောက္ခ/ဌာနမှူး (ဆီးနှင့် ကျောက်ကပ်ဆေးကု) (ငြိမ်း) ပါမောက္ခဒေါက်တာခင်သီတာသွင်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ အထူးကုဆရာဝန်ကြီး (ဆီးနှင့်ကျောက်ကပ်ဆေးကု) ဒေါက်တာယဉ်ယဉ်မွန်၊ အထူးကုဆရာဝန်ကြီး (ဆီးနှင့်ကျောက်ကပ်ဆေးကု) ဒေါက်တာကျော်ကျော်မျိုးတို့ပါဝင်သော ဆီးနှင့် ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ ဌာနမှူး(နှလုံးနှင့်သွေးကြောခွဲစိတ်) ပါမောက္ခဒေါက်တာဝင်းဝင်းကျော် ဦးဆောင်သော နှလုံးနှင့် သွေးကြောခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ပါမောက္ခ (မေ့ဆေး) ဒေါက်တာမောင်မောင်ဆွေ၊ ပါမောက္ခ/ဌာနမှူး(မေ့ဆေး) (ငြိမ်း) ပါမောက္ခဒေါက်တာမူမူနိုင်၊ ပါမောက္ခ/ဌာနမှူး(မေ့ဆေး)(ငြိမ်း) ပါမောက္ခဒေါက်တာကြည်ကြည်စန်းတို့ပါဝင်သော မေ့ဆေးပညာ ဆိုင်ရာလုပ်ငန်းအဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ပါမောက္ခ(ရောဂါဗေဒ) ပါမောက္ခဒေါက်တာစန်းစန္ဒာခင်၊ တွဲဖက်ပါမောက္ခ(အဏုဇီဝ) ဒေါက်တာခိုင်ဝင်းထွန်းနှင့် အထူးကုဆရာဝန်ကြီး(သွေးဗေဒ) ဒေါက်တာမီမီခိုင်တို့ပါဝင်သော ရောဂါရှာဖွေရေးလုပ်ငန်းအဖွဲ့၊ သွေးနှင့် သွေးပစ္စည်းဆိုင်ရာ အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)မှ ပါမောက္ခ(ဓာတ်မှန်) ပါမောက္ခဒေါက်တာခိုင်ရွှေဝါ၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်မှ ပါမောက္ခ(ဓာတ်မှန်) ပါမောက္ခဒေါက်တာသဇင်သန်း တို့ဦးဆောင်သော ဓာတ်မှန်ပညာဆိုင်ရာလုပ်ငန်းအဖွဲ့၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းလှိုင် ဦးဆောင်သော ဆေးရုံစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆရာဝန်များ၊ သူနာပြုအုပ် ဒေါ်ဝုန်ဆွင်းကျင်း၊ တာဝန်ခံ သူနာပြုကြီး ဒေါ်မွန်ရည်ရည်ထွန်း၊ သူနာပြုကြီး ဒေါ်ခင်ထားဝင်း၊ ဒေါ်သက်ဆု၊ ဒေါ်အေးအေးမော်တို့ ဦးဆောင်သော ခွဲစိတ်ခန်း၊ အထူးကြပ်မတ်ကုသဆောင် သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အထောက်အကူပြုဝန်ထမ်းများအားလုံး ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင် ကျောက်ကပ်အစားထိုးခွဲစိတ် ကုသမှုများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် လည်းကောင်း၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်အဖြစ် ဆောင်ရွက်ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ပြည်တွင်း၌ ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှုများကို ဆောင်ရွက်နိုင်ခြင်းအားဖြင့် ပြည်သူများအတွက် လိုအပ်သော ကုသမှုကို လက်လှမ်းမီရရှိစေကာ ပြည်ပသို့သွားရောက်ကုသရမည့် ကုန်ကျစရိတ်များ သက်သာစေနိုင်သဖြင့် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများကို အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)ရန်ကုန်၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)တို့၌ ပုံမှန်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြဝတီ
နေပြည်တော် မတ် ၂
၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဆင်ယင်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။
အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/80513
လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း
moi
ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်အတွက် မော်စကို၊ ကိယက်ဗ်နှင့် ဝါရှင်တန် တို့အကြား နောက်တစ်ကြိမ်ဆွေးနွေးပွဲကို ယခုသီတင်းပတ်အတွင်း ကျင်းပ သွားရန် မျှော်လင့်ရကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက တနင်္လာနေ့ (မတ် ၂) တွင် ပြောကြားခဲ့သည်။ မူလက မတ်လ ၅ ရက်မှ ၈ ရက်အတွင်း ကျင်းပရန်စီစဉ်ခဲ့သော်လည်း ယခုအခါ မတ်လ ၅ ရက် သို့မဟုတ် ၆ ရက်တွင် စတင်နိုင်ဖွယ်ရှိနေသည်။
ဆွေးနွေးပွဲကျင်းပမည့်နေရာနှင့်ပတ်သက်၍ ယခင်က အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)၊ အဘူဒါဘီမြို့တွင်ကျင်းပရန် လျာထားသော်လည်း အရှေ့အလယ်ပိုင်းရှိ အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား တင်းမာမှုများကြောင့် တူရကီ သို့မဟုတ် ဆွစ်ဇာလန်နိုင်ငံသို့ ပြောင်းရွှေ့ ကျင်းပနိုင်ခြေရှိကြောင်း ဇီလန်စကီးက ဆိုသည်။
ရုရှားနှင့် ယူကရိန်းတို့သည် အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် လပေါင်းများစွာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ယခုအခါ အဆိုပါလုပ်ငန်းစဉ်သည် နောက်ဆုံးအဆင့်သို့ ချဉ်းကပ်နေပြီဟု သတင်းများက ဖော်ပြနေသည်။ ဖေဖော်ဝါရီလလယ်က ဂျီနီဗာတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များက လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်များနှင့် လက်တွေ့အကောင်အထည်ဖော်မည့် နည်းလမ်းများကို အသေးစိတ်ညှိနှိုင်းခဲ့ကြသည်။ ရုရှားဘက်မှ အဓိကစေ့စပ်ညှိနှိုင်းသူ ဗလာဒီမာ မီဒင်စကီး ကလည်း ဆွေးနွေးမှုများသည် ခက်ခဲသော်လည်း အပြုသဘောဆောင်သည့် လုပ်ငန်းသဘောမျိုး ဖြစ်ခဲ့သည်ဟု မှတ်ချက်ပြုထားသည်။
အခြားတစ်ဖက်တွင်မူ အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ရုရှား၏ ယုံကြည်မှုအပေါ် မေးခွန်းထုတ်မှုများရှိနေ သော်လည်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်ကဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်ရန်မှာ ရုရှား၏ အကျိုးစီးပွား ဖြစ်ကြောင်းနှင့် အမေရိကန်၏ စေ့စပ်ညှိနှိုင်းမှုကြိုးပမ်းချက်များကို အလေးထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ရုရှား အနေဖြင့် လက်ရှိအခြေအနေကို သတိကြီးစွာသုံးသပ်နေပြီး "မိမိ ကိုယ်ကိုယ်သာ ယုံကြည်သည်" ဟု ပက်စကော့ဗ်က ဖြည့်စွက်ပြောဆိုခဲ့သည်။ ယခုလာမည့် ဆွေးနွေးပွဲတွင် နိုင်ငံသုံးနိုင်ငံမှ ခေါင်းဆောင်များထံတင်ပြရန် အဆိုပြုချက်မူကြမ်းများကို ရေးဆွဲသွားကြမည်ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
အစ္စရေးနိုင်ငံရှိ အမေရိကန်နိုင်ငံသားများအနေဖြင့် နိုင်ငံအတွင်းမှထွက်ခွာရန် ရွေးချယ်စရာ အလွန်နည်းပါးနေပြီဖြစ်ကြောင်း အစ္စရေး နိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mike Huckabee က ပြောကြားလိုက်သည်။
သံအမတ်ကြီး Huckabee က X လူမှုကွန်ရက်ပေါ်ရှိ ၎င်း၏ ပို့စ်တွင် သတိပေးချက်တစ်ရပ် ဖော်ပြခဲ့ရာ၌ လက်ရှိအချိန်တွင် အမေရိကန်သံရုံး အနေဖြင့် အမေရိကန်နိုင်ငံသားများ အစ္စရေးမှ ထွက်ခွာနိုင်ရေးအတွက် ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးရန် သို့မဟုတ် တိုက်ရိုက်ကူညီပေးနိုင်ရန် "အခြေအနေမရှိသေးကြောင်း" ထည့်သွင်းပြောဆိုထားသည်။
နိုင်ငံအတွင်းမှ ထွက်ခွာလိုသူများအနေဖြင့် အစ္စရေး ခရီးသွားလာရေးဝန်ကြီးဌာနမှ စီစဉ်ပေးထားသော ကြိုပို့ဘတ်စ်ကားများဖြင့် အီဂျစ်နိုင်ငံ၊ တာဘာ (Taba) မြို့သို့ သွားရောက်ရန်နှင့် ထိုနေရာမှတစ်ဆင့် သို့မဟုတ် ကိုင်ရိုမြို့မှတစ်ဆင့် လေကြောင်းခရီးစဉ်များဖြင့် ထွက်ခွာကြရန် ၎င်းက အကြံပြုထားသည်။
ထို့အပြင် ဂျော်ဒန်နိုင်ငံမှတစ်ဆင့် မထွက်ခွာရန် တိုက်တွန်းလိုကြောင်း၊ အကြောင်းမှာ လေကြောင်းခရီးစဉ်များမှာ ပုံမှန်မရှိဘဲ မရေမရာဖြစ်နေ သောကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အစ္စရေး နိုင်ငံ၏ အဓိကလေဆိပ်ဖြစ်သော တဲအဗစ် (Tel Aviv) လေဆိပ်ပြန်လည်ဖွင့်လှစ်သည့်တိုင်အောင် လေကြောင်းခရီးစဉ်များမှာ အလွန် အကန့်အသတ်ဖြင့်သာရှိနေမည်ဖြစ်ပြီး El Al လေကြောင်းလိုင်းတွင် လက်မှတ်ဝယ်ယူထားပြီးသူများကိုသာ ဦးစားပေးမည်ဖြစ်ကြောင်း သိရှိ ရသည်။
အီရန်နှင့် အိမ်နီးချင်းနိုင်ငံများက လေကြောင်းခရီးစဉ်များကို ကန့်သတ်လိုက်ကြသဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ လေပိုင်နက်အများစုမှာ ပိတ်ထားရခြင်း သို့မဟုတ် အလွန်အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်ခြင်းတို့ ရှိနေသော်လည်း အမေရိကန်အစိုးရကမူ ၎င်း၏ နိုင်ငံသားများကို ဒေသတွင်းမှ ထွက်ခွာကြရန် သတိပေးထားဆဲဖြစ်သည်။
ကိုးကား- CNN
Photo: Mint
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသတစ်လွှားရှိ အမေရိကန်စစ်အခြေစိုက်စခန်းများ တည်ရှိရာနိုင်ငံများအပါအဝင် တုံ့ပြန်တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွား လျက်ရှိသည်။
အဆိုပါ တိုက်ခိုက်မှုများသည် မြို့ပြဗဟိုချက်များ၊ စွမ်းအင် အခြေခံ အဆောက်အအုံများ၊ လေဆိပ်များနှင့် ဟိုတယ်များကိုထိမှန်ခဲ့ရာ ကာလ ရှည်ကြာ လုံခြုံအေးချမ်းမှုရှိခဲ့သည့် ပြည်သူများအကြား တုန်လှုပ် ချောက်ချားမှု များ ဖြစ်ပေါ်စေခဲ့ပြီး ၎င်းတို့၏ လေကြောင်းရန် ကာကွယ်ရေး စနစ် များက မည်မျှအထိ ဆက်လက်တောင့်ခံနိုင်မည်နည်းဆိုသည့် မေးခွန်းများ လည်း ထွက်ပေါ်လာခဲ့သည်။
စစ်ပွဲစတင်ချိန်မှစ၍ ပင်လယ်ကွေ့နိုင်ငံများမှထုတ်ပြန်ထားသော ဒုံးကျည် နှင့်ဒရုန်း ကြားဖြတ်ပစ်ချနိုင်မှု အခြေအနေများကို သက်ဆိုင်ရာ နိုင်ငံ များ၏ ဖော်ပြချက်များအရ CNN က ထပ်ဆင့်ဖော်ပြထားသည်။
ကူဝိတ်နိုင်ငံ
ပဲ့ထိန်းဒုံးကျည် (၁၇၈) စင်းနှင့် ဒရုန်း (၃၈၄) စင်းကို ကြားဖြတ် ဟန့်တား နိုင်ခဲ့ကြောင်း နိုင်ငံပိုင် ကူဝိတ်သတင်းဌာနက တနင်္လာနေ့ (မတ် ၂) တွင် ဖော်ပြခဲ့သည်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE)
ထောက်လှမ်းမိသည့် ဒုံးကျည် (၁၈၂) စင်းအနက် (၁၆၉) စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့ပြီး ကျန်ရှိသည့်ဒုံးကျည်များမှာ ပင်လယ်အတွင်းသို့ ကျရောက် ခဲ့သည်။ ထို့ပြင် ဒရုန်း (၆၄၅) စင်းကို ကြားဖြတ်နိုင်ခဲ့သော်လည်း အခြား ဒရုန်း (၄၄) စင်းမှာမူ နိုင်ငံပိုင်နက်အတွင်း ကျရောက်ထိမှန်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
ဘာရိန်းနိုင်ငံ
ဒုံးကျည် (၇၀) စင်းနှင့် ဒရုန်း (၇၆) စင်းကို ကြားဖြတ်နိုင်ခဲ့ကြောင်း ဘာရိန်း ကာကွယ်ရေးတပ်ဖွဲ့၏ အထွေထွေစစ်ဌာနချုပ်ကို ကိုးကား၍ နိုင်ငံပိုင် သတင်းဌာနက အင်္ဂါနေ့ (မတ် ၃) တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကာတာနိုင်ငံ
ထောက်လှမ်းမိသည့် ဒုံးကျည် (၁၀၄) စင်းအနက် (၁၀၁) စင်းနှင့် ဒရုန်း (၃၉) စင်းအနက် (၂၄) စင်းကို ကြားဖြတ်နိုင်ခဲ့သည့်အပြင် အီရန်၏ SU-24ဗုံးကြဲလေယာဉ် (၂) စင်းကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း နိုင်ငံပိုင် ကာတာ သတင်းဌာနက ဖော်ပြသည်။
ဆော်ဒီအာရေဗျနိုင်ငံ
ကြားဖြတ်နိုင်သည့် စုစုပေါင်းအရေအတွက်ကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ရီယာဒ်မြို့ရှိ အမေရိကန်သံရုံးသည် အီရန်ဒရုန်းများဟု ယူဆရသည့် တိုက်ခိုက်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရကြောင်း အရင်းအမြစ်နှစ်ခုက အင်္ဂါနေ့ (မတ် ၃) တွင် ပြောကြားခဲ့သည်။ ရီယာဒ်နှင့် Al-Kharj မြို့များ အနီးတွင် ဒရုန်း (၈) စင်းကို ကြားဖြတ်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
အိုမန်နိုင်ငံ
ဝါရှင်တန်နှင့် တီဟီရန်အကြား ကြားဝင်စေ့စပ်သူအဖြစ် ကာလရှည်ကြာဆောင်ရွက်ခဲ့ပြီး တိုက်ခိုက်မှုများတွင် မပါဝင်ဘဲနေခဲ့သော်လည်း တနင်္ဂနွေနေ့ (မတ် ၁) က အိုမန်၏ Duqm စီးပွားရေးဆိပ်ကမ်းသည် ဒရုန်း (၂) စင်းဖြင့် တိုက်ခိုက်ခံခဲ့ရသကဲ့သို့ Masandam ကမ်းခြေအလွန် ၅ ရေမိုင်ခန့်အကွာတွင်လည်း ရေနံတင်သင်္ဘောတစ်စီး တိုက်ခိုက်ခံခဲ့ရသည်။
ပင်လယ်ကွေ့နိုင်ငံများအနေဖြင့် ၎င်းတို့၏ လေကြောင်းကာကွယ်ရေး လက်နက်များမကုန်ခန်းမီ မည်မျှအထိ ဆက်လက်ခုခံနိုင်မည်ဆိုသည်မှာ မသေချာသေးပေ။ ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း အစ္စရေးနှင့် အီရန်တို့၏ (၁၂) ရက်ကြာ စစ်ပွဲအတွင်း၌ပင် အမေရိကန်သည် ၎င်း၏ THAAD ကြားဖြတ်ဒုံးကျည်စုစုပေါင်း၏ လေးပုံတစ်ပုံခန့်ကို အသုံးပြုခဲ့ရသည်။
UAE နှင့် ကာတာနိုင်ငံတို့ကမူ ၎င်းတို့၏ လေကြောင်းကာကွယ်ရေးစွမ်းဆောင်ရည် လျော့နည်းနေပြီဟူသော Bloomberg ၏ သတင်းဖော်ပြချက်ကို အတိအလင်းငြင်းဆိုထားပြီး ၎င်းတို့တွင် ကြားဖြတ် ဒုံးကျည်များ လုံလောက်စွာရှိနေသေးကြောင်း အခိုင်အမာ ပြောဆိုထားကြသည်။
တစ်ဖက်တွင်လည်း အီရန်၏ ဒုံးကျည်နှင့် ဒရုန်းလက်နက်တိုက်များ မည်မျှအထိလျော့ပါးသွားသည်မှာလည်း ရှင်းလင်းစွာ မသိရသေးပေ။ ကျွမ်းကျင်သူတစ်ဦး၏ အဆိုအရ အီရန်တွင် တာဝေးပစ် ဒုံးကျည်များထက် တာတိုပစ် ပဲ့ထိန်းဒုံးကျည်အမြောက်အမြားရှိနေခြင်းက အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများကို တိုက်ခိုက်ရန် ပိုမိုလွယ်ကူစေသည်ဟု သိရှိရသည်။
ကိုးကား- CNN
Photo: Middle East Eye
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
ပြည်တွင်းသတင်းများ
တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပရန်ခေါ်ယူခြင်း
moi
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း
moi
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း
moi
မွမ်ဘိုင်း ဖေဖော်ဝါရီ ၁၈
ပြင်သစ်သမ္မတ မက်ခရွန်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တို့သည် ဖေဖော်ဝါရီ ၁၇ ရက်တွင် မွမ်ဘိုင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Xinhua သတင်းဌာနက ယနေ့တွင် ဖော်ပြထားသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြင်သစ် သမ္မတ မက်ခရွန်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့သည် နှစ်နိုင်ငံစီးပွားရေးနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးအဆင့် မြှင့်တင်ရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အိန္ဒိယနှင့် ပြင်သစ် တစ်ကမ္ဘာလုံး အတိုင်းအတာအရ မရေမရာမှုများကြီးစိုးနေချိန်တွင် နှစ်နိုင်ငံ ဆက်ဆံရေးသည် ကမ္ဘာကြီးတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အင်အားတစ်ရပ်ဖြစ်ကြောင်း ပြင်သစ်သမ္မတနှင့် ဆွေးနွေးပြီးနောက် ကျင်းပခဲ့သော ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ အိန္ဒိယဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယနှင့် ပြင်သစ် နှစ်နိုင်ငံဆက်ဆံရေးကို နယ်စည်းမဲ့ နှစ်နိုင်ငံဆက်ဆံရေးအဖြစ် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက ဂုဏ်ပြုရည်ညွှန်းပြောကြားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးစဉ် ယူကရိန်းပဋိပက္ခ ပြီးဆုံးရေးကြိုးပမ်းမှုများတွင် ပြင်သစ်နှင့်အတူ ပူးပေါင်းပါဝင်ရန် ပြင်သစ်သမ္မတ မက်ခရွန်က အိန္ဒိယဝန်ကြီးချုပ်ကို တိုက်တွန်း ခဲ့သည်။
ထို့ပြင် သမ္မတမက်ခရွန်သည် ယခုနှစ် ဇွန်လအတွင်း ပြင်သစ်နိုင်ငံ အက်ဗီယန်မြို့၌ ကျင်းပမည့် ဂျီ-၇ အုပ်စု ထိပ်သီးညီလာခံတက်ရောက်ရေးအတွက် အိန္ဒိယ ဝန်ကြီးချုပ်ကို ဖိတ်ကြားခဲ့ကြောင်း သိရသည်။
ရတနာပုံ
နေပြည်တော် ဖေဖော်ဝါရီ ၁၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အပိုင်း ၃ ပိုင်းဖြင့်ဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ပါကြောင်း၊ ယခင်ရွေးကောက်ပွဲများနှင့်မတူညီဘဲ အခက်အခဲအမျိုးမျိုးကြားမှ ဆောင်ရွက်ခဲ့ရသော်လည်း စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီများ၊ နိုင်ငံသားတစ်ယောက်အနေဖြင့် တာဝန်ကျေပွန်စွာ၊ စိတ်ပါဝင်စားစွာ လာရောက်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများကို အထူးကျေးဇူးတင်ရှိပါကြောင်း။
ယခုကဲ့သို့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပေးနိုင်ရန် ဦးစားပေးအနေဖြင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ လူဦးရေစာရင်းများအပေါ်အခြေခံ၍ မဲဆန္ဒရှင်စာရင်းပြုစုခဲ့ပြီး မဲဆန္ဒရှင်များလာရောက်ကြည့်ရှု၍ ဖြည့်စွက်ပြင်ဆင်ခြင်းများကို ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲမတိုင်မီ သုံးကြိမ်တိုင်ကပ်ထားကြေညာပေးခြင်း၊ မဲစာရင်းများမှန်ကန်မှုရှိရေး နိုင်ငံရေးပါတီများအားဖိတ်ခေါ်၍ ပူးပေါင်းစိစစ်ခြင်းများကို စနစ်တကျ ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း။
မဲဆွယ်စည်းရုံးခြင်းနှင့်စပ်လျဉ်း၍ ရက်ပေါင်း ၆၀ ခွင့်ပြုပေးခဲ့ပြီး နိုင်ငံရေးပါတီများ၏ တင်ပြချက်အရ ရွေးကောက်ပွဲအပိုင်းလိုက် ထပ်မံခွင့်ပြုပေးခဲ့ပါကြောင်း၊ မဲဆွယ်စည်းရုံးရေးကာလတစ်လျှောက် ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့ကြသည့်အတွက်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်တွင်းပြည်ပမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဖြစ်စေရေးဆောင်ရွက်ခဲ့ပါကြောင်း၊ ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များကို ယခင်ရွေးကောက်ပွဲများနှင့်မတူဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြီးကြပ်စောင့်ကြည့်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း၊ ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲအပိုင်းလိုက် နိုင်ငံရေးပါတီများအား အကြောင်းကြားစာများပေးပို့စေခဲ့ပြီး လာရောက်ကြည့်ရှုသည့် ကိုယ်စားလှယ်စာရင်းများကိုပါ တင်ပြစေခဲ့ပါကြောင်း၊ ရွေးကောက်ပွဲ မဲမသမာမှုမဖြစ်စေရေး အလေးထားဆောင်ရွက်ခဲ့ပါကြောင်း။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၃) ပိုင်းလုံးတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းရှိပြီး မဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိ၍ မဲပေးမှုရာခိုင်နှုန်း ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲရလဒ်များကို ရွေးကောက်ပွဲအပိုင်းလိုက် ထုတ်ပြန်ကြေညာပေးခဲ့ပြီး အနိုင်ရကိုယ်စားလှယ်စာရင်းများအပြင် FPTP မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်တစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ၊ PR မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်တွက်ချက်မှုပုံစံတို့နှင့်အတူ ပါတီအလိုက် ကိုယ်စားလှယ်ရရှိမှုအခြေအနေများကို တစ်ပြိုင်နက် ထုတ်ပြန်ကြေညာပေးနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲရုံတစ်ရုံချင်းစီအလိုက် စာရင်းများကိုပါရယူ၍ ရလဒ်တွက်ချက်ခြင်းများကို ကော်မရှင်အဖွဲ့ခွဲများနည်းတူဆောင်ရွက်ခဲ့ပြီး စနစ်တကျထုတ်ပြန်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲရလဒ်အသေးစိတ်များကို နိုင်ငံရေးပါတီများမှခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများ လေ့လာကြည့်ရှုနိုင်ရန် ပွင့်လင်းမြင်သာစွာ ခင်းကျင်းပြသထားပါကြောင်း၊ မိမိပါတီ၊ မိမိကိုယ်စားလှယ်လောင်းများ နစ်နာမှုရှိသည်ဟုယူဆပါက သတ်မှတ်ကာလအတွင်း ကန့်ကွက်လွှာတင်သွင်းနိုင်ပါကြောင်း။
ကိုယ်စားလှယ်များကိုဖိတ်ကြား၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအပိုင်းလိုက် ပိုမိုပြည့်စုံ၍ စနစ်တကျဖြစ်စေရန်၊ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူအဆင်ပြေစွာ မဲပေးနိုင်ရေးနှင့် လိုအပ်မှုများမရှိစေရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်တွင်းပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များကိုဖိတ်ကြား၍ ရွေးကောက်ပွဲအပိုင်းအားလုံးကို စောင့်ကြည့်လေ့လာခဲ့ကြပြီး လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာသည့်ရွေးကောက်ပွဲ၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ အောင်မြင်သည့်ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပါကြောင်း၊ နိုင်ငံတကာနှင့်ပြည်တွင်းသတင်းမီဒီယာများမှ သတင်းမီဒီယာများကလည်း ရွေးကောက်ပွဲတွင် လွတ်လပ်စွာသတင်းရယူခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများ၏ စည်းကမ်းစနစ်တကျဖြင့် အဆင်ပြေစွာ လာရောက်မဲပေးခဲ့မှုများကို ရိုက်ကူးထုတ်လွှင့်ဖော်ပြခဲ့ကြပါကြောင်း။
ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံးခြင်းအားဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပါတီအရေအတွက်မြင့်မားလာပါကြောင်း၊ နိုင်ငံရေးပါတီ ၃၂ ပါတီ ဝင်ရောက်ယှဉ်ပြိုင်သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပါတီ ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်သည့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် နိုင်ငံရေးပါတီ ၂၂ ပါတီမှ ကိုယ်စားလှယ်လောင်းများသာ ရွေးကောက်ခံခဲ့ရသော်လည်း ယခုရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီ ၅၇ ပါတီအနက် နိုင်ငံရေးပါတီ ၃၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် ၁ ဦးတို့ ရွေးကောက်တင်မြှောက်ခံခဲ့ရပါကြောင်း၊ ထို့ကြောင့် ယခင်ရွေးကောက်ပွဲများထက် တိုင်းရင်းသားပါတီများ၊ ပါတီငယ်များ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့် ပိုမိုရရှိလာပါကြောင်း။
ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပပြီးစီးသွားသော်လည်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့် အမြဲတမ်းရှင်သန်နေသည့် မဲဆန္ဒရှင်စာရင်းဖြစ်စေရေး ဆောင်ရွက်ခြင်း၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပေါ်တွင် အားသာချက်၊ အားနည်းချက်များကိုလည်း ပြန်လည်သုံးသပ်လျက်ရှိပြီး ဥပဒေ၊ နည်းဥပဒေပြင်ဆင်ရေးအပါအဝင် လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားမည့် ကိုယ်စားလှယ်နေရာများနှင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့သည့် မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးမည့်အချိန်တွင် အဆင်သင့်ဖြစ်နေစေရေး နိုင်ငံရေးပါတီများအနေဖြင့် မဲဆန္ဒရှင်ပြည်သူများနှင့် စဉ်ဆက်မပြတ်ထိတွေ့နေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ရွေးချယ်မခံရသည့် နိုင်ငံရေးပါတီများအနေဖြင့်လည်း လွှတ်တော်ပြင်ပအမျိုးသားနိုင်ငံရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြည်သူလူထုအကျိုး၊ မဲဆန္ဒရှင်များ၏အကျိုးကို ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူလူထု၏ ထောက်ခံအားပေးမှုကိုရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးပါတီဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်စကားပြောကြား၍ အခမ်းအနားကိုရုပ်သိမ်းသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၅၅ ပါတီမှဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
moi
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံရေးပါတီအလိုက် ခိုင်လုံမဲရရှိမှု အခြေအနေ ထုတ်ပြန်ကြေညာခြင်း
ဓနုဖြူ မတ် ၃
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်၌ ဒေသထွက်ငါးတန်များ ဝယ်လိုအားကောင်းပြီး အရောင်း အဝယ်ကောင်းမွန်နေကြောင်း ဓနုဖြူမြို့နယ်မှ ရေထွက် ကုန်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်သူ အောင်၏ပြောကြားချက်အရ သိရသည်။
ယခုနှစ် ဖေဖော်ဝါရီလနောက်ဆုံးပတ်မှ လက်ရှိအချိန်ထိ ဓနုဖြူမြို့နယ်၌ ငါးတန်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသ၌ နေ့စဉ် ငါးတန်ပိဿာ ၄၅၀၀ မှ ၆၅၀၀ ခန့်အထိ အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။
"ဓနုဖြူမြို့နယ်မှာ ငါးတန်တွေဝယ်လိုအား ကောင်းနေပါတယ်။ ဒေသထွက် ငါးတန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိက တင်ပို့ရောင်းချနေတာပါ။ လက်ရှိမှာ ငါးတန်တွေက တခြားငါးအမျိုးအစားတွေထက် အရောင်း အဝယ်ဖြစ်နေပါတယ်။ ငါးတန်အရောင်းအဝယ်ကောင်း လာတော့ လုပ်သားတွေနဲ့လုပ်ငန်းရှင်တွေ အလုပ်အကိုင် အခွင့်အလမ်း ကောင်းလာပါတယ်"ဟု ဒေါ်သူအောင်က ပြောသည်။
ဓနုဖြူမြို့နယ်၌ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများက ဒေသထွက်ငါးတန်များကို ဝယ်ယူပြီး ရောင်းတမ်းဝင်သည့် အနေအထားကို ဈေးကွက်သို့ ပြန်လည်ဖြန့်ဖြူး ရောင်းချကြောင်း သိရသည်။
MWD
နေပြည်တော် မတ် ၁
ဖိလစ်ပိုင်နိုင်ငံ အီလိုအီလိုမြို့၌ ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစီအစဉ်များ (Forty-Ninth Meeting of the High-Level Task Force on ASEAN Economic Integration-49th HLTF-EI and Related Events)ကို မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် (HLTF-EI Lead) ဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်လွင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
ဒုတိယဝန်ကြီးသည် ဖေဖော်ဝါရီ ၂၅ ရက်တွင်ကျင်းပသည့် အာဆီယံစီးပွားရေးလုံခြုံမှုဆိုင်ရာ စိန်ခေါ်မှုများနှင့်စပ်လျဉ်းသည့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ အာဆီယံဒေသတွင်း လက်ရှိကြုံတွေ့နေရသည့် စီးပွားရေးလုံခြုံမှုဆိုင်ရာအခက်အခဲများ၊ ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အာဆီယံ၏ဖွဲ့စည်းမှုဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုစီးဆင်းစေရေးအတွက် မဟာဗျူဟာမြောက် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံနိုင်ငံများ၏ အတွေ့အကြုံများနှင့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အစည်းအဝေးသို့တက်ရောက်၍ အကောက်ခွန်မဟုတ်သည့် ကုန်သွယ်မှုဆိုင်ရာ အစီအမံများအပေါ် အကဲဖြတ်ခြင်းနှင့် အာဆီယံတွင် အကောက်ခွန်မဟုတ်သည့် ကုန်သွယ်မှုအတားအဆီးများ ဖယ်ရှားနိုင်ရန်အတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ အာဆီယံစီးပွားရေးလုံခြုံမှုဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်းသည့် အကြံပြုချက်များ၊ လက်ရှိဖြစ်ပေါ်လျက်ရှိသော ကမ္ဘာလုံးဆိုင်ရာနှင့်ဒေသဆိုင်ရာ စီးပွားရေးအခြေအနေများအပေါ် အာဆီယံ၏ ဘုံရပ်တည်ချက်သဘောထားများ၊ ၂၀၂၆ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းစဉ်များအား အတည်ပြုရန် ဆောင်ရွက်မှု၊ အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့၏ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်များ၊ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ လုပ်ငန်းညွှန်းတမ်းအား ပြန်လည်သုံးသပ်ခြင်း၊ အေအီးစီအစည်းအဝေးများ ထိထိရောက်ရောက် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မှုများ၊ ၂၀၂၅ အလွန် အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) စောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ အာဆီယံနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မည့်နယ်ပယ်များနှင့် ၂၀၂၆ ခုနှစ် မတ် ၁၃ ရက်တွင် ကျင်းပမည့် (၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တင်ပြမည့် အကြံပြုချက်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
အစည်းအဝေး၌ ဒုတိယဝန်ကြီးက ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် အာဆီယံ၏ အချက်အချာကျမှုကို ထိန်းသိမ်းရန်၊ အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့်နည်းပညာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်၊ အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့အပါအဝင် လုပ်ငန်းစဉ် ၁ ဒသမ ၅ အရ ဆောင်ရွက်နေသည့် အကြံပေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးရန်နှင့် အာဆီယံဒေသတွင်း ဖွဲ့စည်းမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် အလေးပေးဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး မူဝါဒအဖွဲ့မှ ဒုတိယဝန်ကြီး H.E Allan B. Gepty က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ကို အာဆီယံနိုင်ငံများ၏ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များဖြင့် ဖွဲ့စည်းထားပြီး အာဆီယံစီးပွားရေး အသိုက်အဝန်း၏ လုပ်ငန်းများအကောင်အထည်ဖော်မှုနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးညှိနှိုင်း၍ အာဆီယံစီးပွားရေးဝန်ကြီးများထံ အကြံပြုချက်များတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
moi
သဲကုန်း ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်၌ ယခုဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် စိုက်ပျိုးထားသော မတ်ပဲနှင့်ပဲတီစိမ်းများ စတင်နုတ်သိမ်း နေပြီဖြစ်ကြောင်း သိရသည်။
သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ လ ဒုတိယပတ်မှ မတ်ပဲရေဆင်း (၄) ၂၇၁၁ ဧက၊ ရေဆင်း (၇) ဧက ၁၀၀၀၀၊ TBL-9 ဧက ၂၅၀၀၀၊ ပဲတီစိမ်း(ဩဇီ) ၁၁၂၃ ဧက၊ ရေဆင်း ၅၅၉ ဧက စုစုပေါင်း ၃၉၃၉၃ ဧကစိုက်ပျိုးခဲ့ရာ ယခုအခါ စတင်နုတ်သိမ်း နေပြီဖြစ်သည်။
သဲကုန်းမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ က တောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန် စေရေး၊ ပြည်ပပို့ကုန်တင်ပို့နိုင်ရေး၊ ပန်းတိုင် အထွက်နှုန်းပြည့်မီ ကျော်လွန်စေရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ ပိုးမွှားကျရောက် မှုကင်းရှင်းစေရေး၊ ရွက်ဖျန်းဆေးများ၊ ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲတတ် စေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
MWD
ပွင့်ဖြူ ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သော ကြက်သွန်နီစိုက်ခင်းများ အနက် ဧက ၃၂၀ ကိုယခုအခါနုတ်သိမ်းပြီးစီးပြီဖြစ်ရာ တစ်ဧကလျှင် ကြက်သွန်နီ ၅၃၁၂ ပိဿာထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ကြက်သွန်နီ ၁၁၃၅ ဧကစိုက်ပျိုးနိုင်ခဲ့ပါတယ်။
လက်ရှိမှာ အဆိုပါကြက်သွန်နီစိုက်ခင်းများကို နုတ်သိမ်းလျက်ရှိပြီး ဒီနေ့ထိ ဧက ၃၂၀ နုတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ ကြက်သွန်နီစိုက်ပျိုးတောင်သူတွေကို အထွက်နှုန်းတိုးတက်စေဖို့နဲ့ စားသုံးသူ ပြည်သူတွေ အစားအစာဘေးကင်း လုံခြုံစေဖို့အတွက် ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်အောင်၊ ဓာတုကင်းလွတ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)စနစ်နဲ့အညီ စိုက်ပျိုးနိုင်အောင် လိုအပ်တဲ့စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ခဲ့ပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောသည်။
ထို့ပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသည် ယခုနှစ်ဆောင်းသီးနှံရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်း ကြက်သွန်နီစိုက်ပျိုး တောင်သူများကို အထွက်နှုန်းများကောင်းမွန်စေရေး၊ အစားအစာဘေးကင်း လုံခြုံသော အရည်အသွေးကောင်းကြက်သွန်နီများ စိုက်ပျိုးထွက်ရှိရေး စိုက်ပျိုးရေး နည်းပညာဆိုင်ရာ တောင်သူပညာပေး ဆွေးနွေးပွဲများပြုလုပ်ပေးခြင်း၊စိုက်နည်းစနစ်မှန်ကန်စေရေး ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်း၊ ပိုးမွှားရောဂါမကျရောက်စေရန် ကာကွယ်နှိမ်နင်းရေး အသိပညာပေးခြင်းများကိုပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ရာ ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ယခင်နှစ်ကထက်အထွက်နှုန်း ပိုမိုကောင်းမွန်ကြောင်း သိရသည်။
MWD
ပွင့်ဖြူ ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံ ၄၈၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါစိုက်ပျိုးထား သော ဝါစိုက်ခင်းများကို ဆွတ်ခူးသိမ်းဆည်းခဲ့ရာ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ဧက ၃၆၁၀ ထိ သိမ်းဆည်းပြီးစီးပြီဖြစ်ပြီး ဝါအထွက်နှုန်းမှာ တစ်ဧကလျှင် ၅၃၃ ပိဿာ ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
“မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ချည်မျှင်ရှည်ဝါသီးနှံ ၄၈၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ ဝါစိုက်ခင်းတွေကို လက်ရှိမှာ ဆွတ်ခူးသိမ်းဆည်းနေကြပါတယ်။
ဒီနေ့ထိ ဧက ၃၆၀၀ ကျော် သိမ်းဆည်းပြီးစီးပြီဖြစ်ပါတယ်။ ဝါဆွတ်ခူးတာနဲ့ပတ်သက်ပြီး အထွက်နှုန်းများ လျော့နည်းမှုမဖြစ်စေရေး၊ ဆွတ်ခူးပြီးတဲ့ ဝါတွေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျ ထားသိုသိမ်းဆည်းရေး နည်းပညာများ အသိပညာပေးတာတွေ ကြီးကြပ်ဆောင်ရွက်ပေးပါတယ်။ ချည်မျှင်ရှည်ဝါက ဈေးကွက်ရှိတာကြောင့် ဒေသခံတောင်သူတွေက မိုးဦးနဲ့ မိုးနှောင်းမှာ စီးပွားဖြစ် အားထားစိုက်ပျိုးကြပြီး စိုက်ပျိုးရေးအဆင်ပြေတဲ့အတွက် အောင်မြင်ဖြစ်ထွန်းမှုလည်းရှိပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောသည်။
မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးတောင်သူများကို ဝင်ငွေတိုးပွားစေရန်နှင့် အရည်အသွေးကောင်းသော ဝါသီးနှံများ ထွက်ရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသည် တောင်သူများကို ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များမှန်ကန်စေရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး စသည့် အသိပညာပေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသည်။
ချည်မျှင်ရှည်ဝါကို အထွက်နှုန်းတိုးတက် ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် အထောက်အကူပြုပေးနိုင်မည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်မည်ဖြစ်၍ ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သောကြောင့် ချည်မျှင်ရှည်ဝါကို နှစ်စဉ်တိုးချဲ့ စိုက်ပျိုးနိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း သိရသည်။
MWD
ငရုတ်ကောင်း ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ် ကောင်းမြို့၌ ယခုဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံဧက ၃၈၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့၌ ယခုဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ ၃၈၆၁ ဧကကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ လက်ရှိတွင် ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ဆီထွက်သီးနှံ ၃၈၆၁ ဧကတွင် မြေပဲ ၃၆၄၈ ဧက၊ နှမ်း ၁၁၉ ဧက ၊ နေကြာ ၉၄ ဧကပါဝင်ကြောင်း သိရသည်။
''ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံစုံ ၃၈၆၁ ဧကအထိလျာထား စိုက်ပျိုးခဲ့ပါတယ်။ လက်ရှိမှာ ဆီထွက်သီးနှံတွေ လျာထားချက်အတိုင်း ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ဆောင်း သီးနှံတွေ လျာထားချက်အတိုင်းပြည့်မီဖို့ စိုက်ပျိုးရေး ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနဲ့ ဒေသခံ တောင်သူတွေ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ သန့် ရှင်းလတ်ဆတ်တဲ့စားသုံးဆီတွေကို စားသုံးနိုင်စေဖို့ နဲ့ ဒေသတွင်း စားသုံးဆီပိုလျှံတဲ့အခါ စားသုံးဆီ လိုအပ်ချက်ကိုဖြည့်ဆည်းဖို့ ဆီထွက်သီးနှံတွေကို စီမံချက်ချမှတ်စိုက်ပျိုးတာဖြစ်ပါတယ် ''ဟု ငပုတော မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဆန်းဝင်း ကပြောသည်။
ငရုတ်ကောင်းမြို့၌ ယခုဆောင်းသီးနှံ စိုက်ပျိုး ရာသီတွင် ဆီထွက်သီးနှံမြေပဲစိုက်ပျိုးနိုင်ရန် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာပြုပြင်ရေးနည်း စနစ်များ၊ မြေပဲမျိုးစေ့ရွေးချယ်မှု မှန်ကန်စေရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေး၊ ပိုးသတ်ဆေးနှင့် အာဟာရဓာတ်ရရှိစေရန် ဆေးသုံးစွဲမှုနည်းစနစ်များ မှန်ကန်စေရေး၊ အပင်အားဆေးနှင့် ပိုးမွှားအန္တရာယ် ကင်းရှင်းစေရေး စသည့်လုပ်ငန်းများကို စိုက်ပျိုးသည့် တောင်သူများအား ကြိုတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
MWD
ကျောက်ဆည် ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိရေး၊ ဥပဒေနှင့်အညီထုတ်လုပ်ရေး စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက စဉ့်ကိုင်မြို့နယ်အတွင်းရှိ စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်း များသို့ ကွင်းဆင်း၍ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာ၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းလတ် နှင့် ဝန်ထမ်းများက စဉ့်ကိုင်မြို့နယ်အတွင်းရှိ “ငွေစင်ယော်” နို့အေးနှင့်ဒိန်ချဉ် ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းသို့ ကွင်းဆင်း၍ ထုတ်ကုန်များတွင်ပါဝင်သည့် ပါဝင်ပစ္စည်းများ၊ ထားသိုနည်းများနှင့် စားသုံးရန်အညွှန်းများ၊ သတိပြုရန် အချက်အလက်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်ချောများထုတ်လုပ်ရာ၌ အရည်အသွေးပြည့်ဝသည့် ကုန်ကြမ်းပစ္စည်းများသုံးစွဲရေး၊ ထုတ်ကုန်များကို ကျန်းမာရေးနှင့်အညီ သန့်ရှင်း သပ်ရပ်စွာထုပ်ပိုး၍ အလေးထားဆောင်ရွက်ရေး၊ ကုန်အညွှန်းအမှတ်သားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်း ဖော်ပြရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဋ္ဌာန်းချက်များ လိုက်နာစေရေးများကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
နေပြည်တော် မတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့နယ် ဝေဠုဝန်ဘုန်းကြီးကျောင်း၌ ပအိုဝ်းအမျိုးသားနေ့ပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုန်းကြီးကျောင်း၌ကျင်းပပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပအိုဝ်းအမျိုးသားနေ့ပွဲတော် ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားကာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ပအိုဝ်းတိုင်းရင်းသား ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းမှူးကပင်လုံမြို့ ဝေဠုဝန် (ဝါးတောကျောင်း) ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ပညာ ဝံသအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
moi
ဂျပန်နိုင်ငံ၊ အိုကာယာမမြို့ရှိ ဆိုင်ဒိုင်းဂျီ ကန်နွန် (Saidaiji Kannon) ဘုရားကျောင်းတွင် ကျင်းပခဲ့သည့် ယခုနှစ် “ဟာဒါကာ မဆူရီ” (Hadaka Matsuri) ပွဲတော်အတွင်း လူအုပ်ပိတ်မိတိုးဝှေ့မှုကြောင့် အမျိုးသား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂျပန်အာဏာပိုင်များက ပြောကြား ခဲ့သည်။
ဂျပန်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ၏ တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၃) ထုတ်ပြန်ချက်အရ ဒဏ်ရာရရှိသူများအနက် ၃ ဦးမှာ အခြေအနေ စိုးရိမ် ရပြီး ည ၁၀ နာရီခန့်တွင် သတိလစ်သွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ထိခိုက်မှုများသည် ဘုရားကျောင်းဝန်းအတွင်း အဝတ်ဗလာနီးပါးဖြင့်ပါဝင်ဆင်နွှဲသူ ၁၀,၀၀၀ ကျော် တိုးဝှေ့နေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ဟာဒါကာ မဆူရီ” သို့မဟုတ် “ဆိုင်ဒိုင်းဂျီ အဲယို” (Saidaiji Eyo) ပွဲတော်သည် နှစ်ပေါင်း ၅၀၀ ကျော် သက်တမ်းရှိပြီဖြစ်သော ရိုးရာဓလေ့ တစ်ခုဖြစ်သည်။ ၎င်းပွဲတော်တွင် အမျိုးသားများသည် ဆူမိုနပန်း သမား များ ဝတ်ဆင်လေ့ရှိသည့် “မာဝါရှီ” (Mawashi) ခေါ် ခါးဝတ်ပုဆိုး တစ်ထည်ကိုသာ ဝတ်ဆင်၍ “ရှင်ဂီ” (Shingi) ဟုခေါ်သော အထွတ် အမြတ်ထားသည့် သစ်သားချောင်းများကို အရယူရန် အလုအယက် ယှဉ်ပြိုင်ကြရသည်။ အဆိုပါ သစ်သားချောင်းကိုရရှိသူအား ထိုနှစ်၏ ကံအကောင်းဆုံးပုဂ္ဂိုလ် “ဖူကူအိုတိုကို” (Fukuotoko) အဖြစ် သတ်မှတ် ချီးမြှောက်ကြသည်။
အဆိုပါ အဓိကအခမ်းအနား မစတင်မီ ပါဝင်ဆင်နွှဲသူများသည် အလွန် အေးမြသောရေအေးဖြင့် မိမိကိုယ်ကို ဆေးကြောသန့်စင်ကြရသည်။ထို့နောက် ၎င်းတို့သည် ဒုတိယထပ်မှပစ်ချပေးမည့် “ရှင်ဂီ” (Shingi) သစ်သားချောင်းများကို စောင့်ဆိုင်းရန်အတွက် ဘုရားကျောင်းအတွင်း စုရုံးရောက်ရှိလာကြသည်။ မီးများအားလုံး ပိတ်လိုက်သည့်အချိန်တွင် နံ့သာရည်စိမ်ထားသော သစ်သားချောင်းများကို လူအုပ်ထဲသို့ပစ်ချလိုက် ပြီးနောက် ထောင်ပေါင်းများစွာသော လူအုပ်ကြီးမှာ ၎င်းတို့ကိုရှာဖွေရန် ရုန်းရင်းဆန်ခတ် အလုအယက်ကြိုးပမ်းကြတော့သည်။ သစ်သားချောင်း များတွင် စွဲကျန်နေသောရနံ့က ပြိုင်ပွဲဝင်များအတွက် အလွန် မှောင်မိုက် နေသည့် ကြားထဲမှ ရှာဖွေရာတွင် အထောက်အကူဖြစ်စေသည်။
ကျဉ်းမြောင်းသော နေရာလွတ်အတွင်း ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ထိတွေ့တွန်းတိုက်မှုများသည် ဘေးအန္တရာယ်ဖြစ်ပွားရန် အလွန်နီးစပ် စေပါသည်။ ၂၀၀၇ ခုနှစ်ကလည်း ပါဝင်ဆင်နွှဲသူတစ်ဦး လူအုပ်အတွင်း နင်းမိရာမှ သေဆုံးခဲ့ဖူးသည်။ အဆိုပါပွဲတော်ကို အရေးကြီးသော ယဉ်ကျေးမှုအမွေအနှစ် ရိုးရာဓလေ့တစ်ခုအဖြစ် သတ်မှတ်ထား သော်လည်း ယခုနောက်ဆုံး ဖြစ်ပွားခဲ့သည့် ဒဏ်ရာရရှိမှုများကြောင့် ပျော်ပွဲရွှင်ပွဲမှသည် ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်များသို့ ကူးပြောင်းမသွား စေရန် လူအုပ်ထိန်းချုပ်မှုနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများ အပေါ် စိုးရိမ်ပူပန်မှုများ တစ်ကျော့ပြန် မြင့်တက်လာခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂
ဟားခါး ဖေဖော်ဝါရီ ၂၀
(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဟားခါးမြို့ ခရိုင်စုပေါင်း ရုံးဝင်းအတွင်း၌ ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်ရင်းသားယဉ်ကျေးမှုအကအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားမုခ်ဦးကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်နှင့် ဒေါက်တာချာလီသန်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီး ဦးရဲတင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့ကို ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်အလံကို အလေးပြုပြီး သဘာပတိအဖွဲ့ဝင်များက နေရာယူကြကာ သဘာပတိအဖွဲ့ခေါင်းဆောင် မတူပီမြို့နယ် ကိုယ်စားလှယ် ဒေါ်ဖွာဒေါက နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီစည်သူ ရာပြည့်က ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ဂုဏ်ထူးဆောင်လက်မှတ်ချီးမြှင့်
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၏ အမှုထမ်းကောင်းဆုရရှိသူများကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကလည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ပထမဆင့်) ရရှိသူများကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်က လည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (ဒုတိယဆင့်)ရရှိသူများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ကလည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (တတိယဆင့်) ရရှိသူများကို ဒုတိယဝန်ကြီး ဦးရဲတင့်ကလည်းကောင်း၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု (ပထမဆင့်) ရရှိသူများကို ဒုတိယဝန်ကြီး ဦးအေးထွန်း ကလည်းကောင်း၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု (ပထမဆင့်) ရရှိသူတစ်ဦးနှင့် (ဒုတိယဆင့်)ရရှိသူနှစ်ဦးကို ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ကလည်းကောင်း၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု(တတိယဆင့်) ရရှိသူများကို ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းကလည်းကောင်း ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနမှ ချင်းပြည်နယ်အစိုးရအဖွဲ့အတွက် ပေးအပ်သော DTH စလောင်းအစုံ ၆၀ နှင့် DVB T-2 Settop Box အလုံး ၄၀ ကို ဒုတိယဝန်ကြီး ဦးရဲတင့်က ပြည်နယ်လူမှုရေးရာဝန်ကြီးထံပေးအပ်ပြီး သဘာပတိအဖွဲ့ဝင်များ ပြန်လည်ထွက်ခွာကာ အခမ်းအနားကို ခေတ္တရပ်နားသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တာဝန်ရှိသူများက ခရိုင်စုပေါင်းရုံးဝင်းအတွင်းရှိ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာများမှ ခင်းကျင်းပြသထားသည့် ပြခန်းများနှင့် MSME ပြခန်းများကို လှည့်လည်ကြည့်ရှုကြပြီး ချင်းရိုးရာအကအဖွဲ့များ၏ ရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဟားခါးမြို့ သာသနာ့ရက္ခိတတပ်ဦးကျောင်း သို့ရောက်ရှိကြရာ ဟားခါးမြို့နှင့် ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဟားခါးမြို့ ကျောဘုတ်သာသနာပြုကျောင်း ဆရာတော် ဘဒ္ဒန္တပညောဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ကလေးမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ၍ လိုအပ်သည်များ မှာကြားကာ ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းသင်တန်းကျောင်း၌ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအားတွေ့ဆုံပြီး တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
moi
ချစ်ကြည်လေးစားအပ်ပါသော မိဘပြည်သူများနှင့် ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား
ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် “ချင်းအမျိုးသားနေ့” နေ့ထူးနေ့မြတ် အခါသမယ၌ ချင်းတိုင်းရင်းသားမျိုးနွယ်စုအားလုံးနှင့်အတူ ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူ အားလုံး ကောင်းကျိုးချမ်းသာမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ချင်းတိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးတို့သည် ရှေးနှစ်ပေါင်းများစွာကတည်းက တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး မိသားစုပမာ စိတ်တူကိုယ်တူ စည်းလုံးညီညွတ်စွာ အတူ ယှဉ်တွဲနေထိုင်လာခဲ့ကြရသောကြောင့် ကမ္ဘာ့အလယ်တွင် ခန့်ညားထည်ဝါသိက္ခာရှိစွာ ရပ်တည်နိုင်ခဲ့ပါသည်။
နိုင်ငံတော်၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းစဉ် တစ်လျှောက်လုံးနှင့် လွတ်လပ်ရေးရပြီး နိုင်ငံတော် တည်ဆောက်ချိန်များတွင်လည်း ချင်းတိုင်းရင်းသားတို့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့်အတူ ကျောချင်းကပ်၊ ရင်ချင်းအပ်ကာ လက်တွဲပါဝင်ခဲ့ကြပါသည်။ ဗြိတိသျှကိုလိုနီတို့၏ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရစဉ်က ချင်းတိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ခိုင်ကမ်း၊ ဗိုလ်ကြွမ်ဘိခ်၊ ဗိုလ်လာလ်လွဲ၊ ဗိုလ်ထောင်လင်းတို့နှင့် ချင်းတိုင်းရင်းသားများသည် အခြားသော တိုင်းရင်းသားပြည်သူတို့နှင့်အတူ နယ်ချဲ့တို့ကို ရဲဝံ့စွန့်စားစွာ ခုခံတော်လှန်ခဲ့ကြပါသည်။
ထို့ပြင် လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်ကာလက ဦးထောင်ဇခုပ်၊ နိုင်ငံ့ဂုဏ်ရည်(ပထမအဆင့်) ဦးကီးယိုမန်း၊ ဝဏ္ဏကျော်ထင် ဦးလှူရ်မှုန်၊ သီရိပျံချီ ဦးထောင်ကျင်းထန်၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမ အဆင့်) သတိုးမဟာသရေစည်သူ ဦးဝမ္မသူးမောင်၊ နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်)သီရိပျံချီ ဦးထပ်လိုင်းတို့သည်လည်းကောင်း၊ လွတ်လပ်ရေးရပြီးကာစ ပြည်တွင်းဆူပူသောင်းကျန်းမှုကို ချေမှုန်းတိုက်ခိုက်ခဲ့ကြသည့် ဒုတိယဗိုလ်မှူးကြီး ဟရန်ထီးယို၊ ဒုတိယဗိုလ်မှူးကြီး လျန်ကျင့်ဇမ်း၊ ဗိုလ်ကြီးသူရ၊ အောင်ဆန်းသူရိယ တိုက်ချွန်း၊ ဗိုလ်မှူးကြီး ဇေယျကျော်ထင် ဗန်ကူး၊ နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) ဗိုလ်ချုပ်ထောင်ဇာခိုင်တို့နှင့်အတူ ချင်းတိုင်းရင်းသားများက နိုင်ငံတော်အတွက် ကျရာတာဝန်အသီးသီးကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြ ပါသည်။
ထိုသို့ နိုင်ငံတော်နှင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ခဲ့ကြသော နိုင်ငံတော်နှင့်တပ်မတော်အတွက် ထာဝရဂုဏ်ယူ လေးစားနေရသည့် ချင်းတိုင်းရင်းသား မျိုးချစ်သူရဲကောင်းများစွာ သမိုင်းတွင် မော်ကွန်းတင်ကျန်ရစ်ခဲ့ကြသည်မှာ ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားများအတွက် ဂုဏ်ယူလေးစားဖွယ် ဂုဏ်ဒြပ်များပင် ဖြစ်ပါသည်။
လွတ်လပ်ရေးရပြီးခါစ ၁၉၄၈ ခုနှစ်၊ ဖလမ်းမြို့လူထုအစည်းအဝေးပွဲမှ ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းကာ ဒေသန္တရ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးဖော်ဆောင်ပေးနိုင်ခဲ့သော ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို “ချင်းအမျိုးသားနေ့”အဖြစ် ရွေးချယ် သတ်မှတ်ခဲ့ကြပြီး အခမ်းအနားများနှစ်စဉ်ဂုဏ်ယူစွာ ကျင်းပခဲ့သည်မှာ (၇၈)နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။
ယနေ့အချိန်တွင် ချင်းပြည်နယ်၏ နေရာဒေသအချို့အပါအဝင် နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် နိုင်ငံတော်ကို ပြိုကွဲပျက်စီးစေမည့် အဖျက်လုပ်ရပ်များစွာရှိနေခြင်းမှာ နိုင်ငံတော်အတွက် အလွန်အန္တရာယ်ကြီးမားလှပါသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား နှစ်ပေါင်းထောင်နှင့်ချီ၍ ဖြစ်တည် လာခဲ့သည့် သံယောဇဉ်နှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဖြိုခွဲဖျက်ဆီး လျက်ရှိကြသည့် ပြည်တွင်းပြည်ပအဖျက်အင်အားစုတို့၏ အချင်းချင်းမုန်းတီးစေရန် သွေးခွဲရန်တိုက်ပေးမှုများ၊ ကျဉ်းမြောင်းသော လူမျိုးရေးအယူဝါဒ သွတ်သွင်းနေမှုများကို အထူးသတိပြုကာကွယ်ကြရန် လိုအပ်ပါသည်။
ယခု ကြုံတွေ့နေရသော အကြမ်းဖက်လုပ်ရပ်များမှာ ၂၀၂၀ ပြည့် နှစ် အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုရလဒ်ပယ်ဖျက်ခံရသည့်အပေါ် အမှန်ကိုအမှန်အတိုင်း သုံးသပ်ရှုမြင်မှုမရှိဘဲ အာဏာကို အဓမ္မနည်းဖြင့် လိုချင်တပ်မက်သည့်ဆန္ဒကြောင့် သွေးထိုးလှုံ့ဆော်မှုများမှ စတင်ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်နှင့် ပြည်သူတို့အပေါ် သဘောထားမမှန်ကန်သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအချို့ကလည်း ဖြစ်ပေါ်လာသော မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တည်ငြိမ်အေးချမ်းနေသော ဒေသများကို အကြမ်း ဖက်တိုက်ခိုက်ဖျက်ဆီးပြီး နယ်မြေနှင့်အာဏာချဲ့ထွင်ရန် လုပ်ဆောင်ခဲ့ကြပါသည်။ ထိုဖြစ်စဉ်များကြောင့် ချင်းပြည်နယ်အပါအဝင် ဒေသအသီးသီး၌ အပြစ်မဲ့ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများသာမက ပြည်သူပိုင်အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးကာ တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခကြုံတွေ့နေရသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။
လက်နက်ကိုင်အကြမ်းဖက်မှုများ၏ဆိုးကျိုးကို လက်တွေ့ခံစားနေရသည်မှာ ဒေသခံတိုင်းရင်းသားပြည်သူများပင် ဖြစ်ပါသည်။ ပျက်စီးဆုံးရှုံးမှု မှန်သမျှမှာလည်း နိုင်ငံတော်၏ အရင်းအမြစ်နှင့် အခြေခံအဆောက်အအုံများပင် ဖြစ်ပါသည်။ တိုးတက်ဖွံ့ဖြိုးမှုအရှိန် အဟုန်ရရှိနေသည့်အခြေအနေတွင် ယခုကဲ့သို့ မဆင်မခြင်လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးရခြင်းမှာ နိုင်ငံ၏အင်အားကို လျော့ပါးစေပြီး မူလအခြေအနေပြန်လည်ရောက်ရှိအောင် အကုန်အကျများစွာနှင့် အချိန်ယူတည်ဆောက်ကြရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ဝန်ထမ်းများနှင့် ပြည်သူများကို နိုင်ငံတော်မှ ထောက်ပံ့ငွေများ ချီးမြှင့်ပေးလျက်ရှိပါ သည်။ ထို့ကြောင့် နိုင်ငံနှင့် ပြည်သူအတွက် ဆိုးကျိုးများကို ဖြစ်ပေါ် စေသည့် ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများ ပပျောက်စေပြီး တည်ငြိမ်အေးချမ်းမှုရရှိစေရေး ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသား ပြည်သူများမှ အားလုံးပူးပေါင်းပါဝင်ကြရန် တိုက်တွန်းအပ်ပါသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ဦးတည်ချက်(၄)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုးအတွက် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်း၍ တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်ကောင်းကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပါသည်။ နိုင်ငံ့စီးပွားရေး ကောင်းမွန်လာပါက နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍအသီးသီးတိုးတက်ကောင်းမွန်လာမည်ဖြစ်ရာ ပြည်သူ များ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးအတွက် စီးပွားရေးဆိုင်ရာများကို ဖွံ့ဖြိုးတိုးတက်အောင် ဦးစားပေးဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဒေသအလိုက် စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ပြီး ဒေသနှင့်ကိုက်ညီသည့် စနစ်ကျသော မွေးမြူရေးလုပ်ငန်းများကိုလည်း ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက် သွားကြရမည် ဖြစ်ပါသည်။ ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကုန်ပစ္စည်းများကိုအခြေခံ၍ အသေးစား၊ အငယ်စား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများဖြင့် အရည်အသွေးပြည့်မီသော MSME ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်ကြပြီး ဒေသတွင်းစားသုံးမှု ဖူလုံရေး၊ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေးအထိပါ ကြိုးစားဆောင်ရွက်ပေးကြပါရန် တိုက်တွန်းမှာကြားလိုပါသည်။ လိုအပ်သည့် နည်းပညာ၊ အရင်းအနှီးနှင့် ကုန်ထုတ်သွင်းအားစုတို့ကိုလည်း နိုင်ငံတော်မှ ပံ့ပိုးပေးလျက်ရှိသကဲ့သို့ ဆက်လက်၍လည်း အားပေးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
နိုင်ငံတော်မှ ရည်မှန်းတည်ဆောက်နေသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ အားလုံးကျန်းမာကြံ့ခိုင်ပြီး အသိပညာ၊ အတတ်ပညာ ပြည့်စုံကြရန် လိုအပ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ကဏ္ဍအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အသိပညာ၊ အတတ်ပညာရှိသူများဖြင့်သာ တည်ဆောက်နိုင်မည် ဖြစ်သဖြင့် နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးမြောက်အောင်မြင်သည်အထိ ပညာသင်ယူခွင့်ရရှိရေးအတွက် အခမဲ့ပညာရေးစနစ်နှင့် ဘက်စုံပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိပါသည်။ KG+9 ပြီးမြောက် အောင်မြင်သူများ အသက်မွေးဝမ်းကျောင်းမှုပညာများ သင်ယူနိုင်ရန် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၈၉ ကျောင်းကိုလည်း ဖွင့်လှစ်ထားရှိပြီး လူသားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိပါသည်။
အခြေခံပညာနှင့် အဆင့်မြင့်ပညာများကို ဒေသအလိုက် လက်လှမ်းတမီသင်ယူနိုင်ရေး ကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ်များကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။ ကျောင်းနေအရွယ်လူငယ်တိုင်း ကျောင်းနေရေး၊ အချိန်မတိုင်မီ ကျောင်းထွက်မှုမရှိစေရေး၊ ပညာရေးကို ဆုံးခန်းတိုင်သင်ယူပြီး ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ ပါရဂူများဖြစ်အောင် သင်ကြားသင်ယူ မွေးထုတ်ပေးနိုင်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။ လူသား အားလုံးအတွက် ပညာရေးနည်းတူ ကျန်းမာရေးသည်လည်း အဓိကကျသဖြင့် နိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှု၊ အသိပညာပေးမှုများကိုလည်း မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ လူတိုင်းအသက်ရှည်ကျန်းမာအောင် ကိုယ်တိုင်ကျင့်ကြံနေထိုင်ကြရန် လိုအပ်မည်ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ရပြီး နိုင်ငံတော်တာဝန်များကို တပ်မတော်က ခေတ္တထိန်းသိမ်းရယူခဲ့ရပါသည်။ ထိုသို့ စတင်တာဝန်ယူချိန်မှစ၍ ပြည်ထောင်စုတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကာ ထာဝရငြိမ်းချမ်းရေးအတွက် အစဉ်အမြဲတံခါးဖွင့်ကြိုဆိုလျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံတော်၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတမှု အပြည့် ရှိသော ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ အောင်မြင်စွာကျင်းပပေးခဲ့ပြီး ဖြစ်ပါသည်။ ရွေးကောက်ပွဲရလဒ်များအရ လွှတ်တော်အစည်းအဝေးများကို မတ်လတွင် ကျင်းပမည်ဖြစ်ပြီး ပေါ်ထွက်လာမည့်အစိုးရအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်များကို လွှဲအပ်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်၍ နိုင်ငံတော်တည်ဆောက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် လွတ်လပ်မှုနှင့် တရားမျှတမှုကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရယူအသုံးချလျက် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ကို အပြည့်အဝအကောင်အထည်ဖော်ကြပါရန် တိုက်တွန်းအပ်ပါသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါသည့်အလျောက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို ချင်းတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းဖော်ဆောင်ကြပါရန် အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။ ချင်းတိုင်းရင်းသားများအနေဖြင့် သမိုင်းစဉ်ဆက် ရှိရင်းစွဲဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကို အရင်းတည်၍ ချင်းပြည်နယ်၏အကျိုး၊ ပြည်ထောင်စု၏အကျိုးကို ဆက်လက်ထမ်းဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
ယာယီသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
နေပြည်တော် ဖေဖော်ဝါရီ ၁၄
(၂၀၂၆) ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်တို့ တက်ရောက်ချီးမြှင့်သည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် ကြွရောက်လာကြသည့် ဧည့်သည်တော်ကြီးများ၊ တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် (၂၀၂၆) ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူး ပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပမည့်နေရာသို့ ရောက်ရှိကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဦးဉာဏ်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာ - တရုတ် ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်ရေးအဖွဲ့နာယကနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက (၂၀၂၆) ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့အား ခြင်္သေ့ရှစ်ကောင်က မင်္ဂလာဂါရဝပြုကြိုဆိုကြပြီး တရုတ်ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ်ပဝါများဖြင့် ဂါရဝပြုသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့က နှစ်သစ်ကူးပွဲတော်အခမ်းအနားကို မင်္ဂလာမောင်းအား ၃ ကြိမ်တီးခတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေး သည်။
ယင်းနောက် မြန်မာပြည် တရုတ်ဗုဒ္ဓဘာသာရဟန်းတော်များအဖွဲ့ဥက္ကဋ္ဌ၊ ကွမ်ရင်စီကျောင်းတိုက်ဆရာတော်နှင့် ဘုန်းတော်ကြီးများက တရုတ်-မြန်မာ နှစ်ဘာသာဖြင့် နှစ်သစ်ကူး ဆုတောင်းစကား ဆုတောင်းမေတ္တာများ ပို့သကြပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့က ကွမ်ရင်ကျောင်းဆရာတော်ထံ သစ်သီးခြင်းအား ဆက်ကပ်လှူဒါန်းရာ ဆရာတော်က ဘာသာရေးဆိုင်ရာ နှစ်သစ်ကူးအမှတ်တရ မင်္ဂလာလက်ဆောင်ပြန်လည် ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများအား ရန်ကုန်မြို့ရှိ တရုတ်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် တရုတ်အသင်းအဖွဲ့များ၊ မြန်မာ တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (MCITP) မှ ကိုယ်စားလှယ်များက ရိုးရာလက်ဆောင်မွန်များ ဂါရဝပြုပေးအပ်ကြသည်။
ကြည့်ရှုအားပေး
ထို့နောက် ဖျော်ဖြေရေးအဖွဲ့များ၏ တစ်ဖွဲ့ချင်းစီအလိုက် ဂါရဝပြုကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့က နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြ သူများသည် တရုတ်အသင်းအဖွဲ့များနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ တက်ရောက်လာကြသူများသည် ခြင်္သေ့ထိုင်အက၊ တရုတ်ရိုးရာ ကြက်တောင်ရိုက်ခြင်းနှင့် မြန်မာ့ရိုးရာတစ်ပင်တိုင် ခြင်းလုံးခတ်သရုပ်ပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များသည် တရုတ်ရိုးရာ ယဉ်ကျေးမှုပြခန်းများ၊ လက်မှုပညာပြခန်းများ၊ တိုင်းရင်းဆေးဝါးပြခန်းများ၊ တရုတ်ရိုးရာအစားအစာပြခန်းများနှင့် စီးပွားရေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုကြရာ ပြခန်းတာဝန်ခံများက လိုက်လံရှင်းလင်းတင်ပြကြသည်။
ဂုဏ်ပြုဆေးခြယ်သပေး
ယင်းနောက် မြင်းနှစ်တရုတ်နှစ်သစ်ကူးပွဲတော် ညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ဦးစွာ တရုတ်ရိုးရာ ခြင်္သေ့အရုပ်အား ဆေးခြယ်အသက်သွင်းခြင်း မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့က တရုတ်ရိုးရာခြင်္သေ့ အရုပ်အား တရုတ်ထုံးတမ်းစဉ်လာများနှင့်အညီ ဂုဏ်ပြုဆေးခြယ်သပေးသည်။ ယင်းနောက် တရုတ် ရိုးရာခြင်္သေ့အကအဖွဲ့က ဂါရဝပြုကပြကြရာ နှစ်သစ်ကူးလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌက တရုတ်နှစ်သစ်ကူးပွဲတော် နှစ်သစ်ဆုမွန်ကောင်းစကားပြောကြားရာတွင် တရုတ်နိုင်ငံ၏ လွန်ခဲ့သောနှစ် ပေါင်း ၅၀၀၀ ကျော်ကတည်းက တည်ရှိခဲ့သည့် ယဉ်ကျေးမှုသမိုင်းတွင် တရုတ်ရိုးရာ ရာသီခွင် ၁၂ပါး ရှိပြီး ယခု ၂၀၂၆ ခုနှစ်သည် မြင်းနှစ်ဖြစ်သည်ကို သိရှိရကြောင်း၊ မြင်းနှစ်၏အဓိပ္ပာယ်သည် လုပ်ငန်းဆောင်တာများကို အရှိန်အဟုန်နှင့် စွမ်းအားအပြည့် ဆောင်ရွက်နိုင်ခြင်း၊ စိန်ခေါ်မှုများကို ဉာဏ်ပညာ၊ ကျွမ်းကျင်မှုများနှင့် အောင်မြင်စွာကျော်ဖြတ်ပြီး ဖွံ့ဖြိုးတိုးတက်မှုများကို ရရှိပိုင်ဆိုင်ခြင်းဆိုသည့် ကောင်းမွန်သော အဓိပ္ပာယ်များရှိသည်ဟု မှတ်သားရပါကြောင်း၊ ထို့ကြောင့် ယခုနှစ်သစ်တွင် တရုတ်နိုင်ငံအနေဖြင့်သာမက မြန်မာနှင့် တရုတ်နိုင်ငံနှစ်ခုလုံး၏ ပြည်သူလူထုအကျိုးစီးပွားအတွက် ယခုထက်ပိုမိုပြီးတိုးတက်မှု၊ အောင်မြင်မှုများရရှိအောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ထူးခြားသည့် ၂၀၂၆ ခုနှစ် အတွင်းတွင် မြန်မာ-တရုတ်နှစ် နိုင်ငံအကြား မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်းပီပီ စိတ်ကောင်းစေတနာအပြည့်နှင့် ပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်အဟုန်နှင့် တိုးချဲ့သွားနိုင်မည်ဟုလည်း အပြည့်အဝယုံကြည်ပါကြောင်း။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မိုင်ပေါင်း ၁၃၀၀ ကျော် ရေမြေတောတောင်ချင်း ထိစပ်နေသည့် ရွေးချယ်စရာမရှိသော အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများအကြားတွင်လည်း အေဒီ ၉၀၀ ကျော် ပျူခေတ်ကာလကတည်းက ရင်းနှီးချစ်ကြည်စွာ ကူးလူးဆက်ဆံခဲ့ကြခြင်းကြောင့် ချစ်ကြည်ရင်းနှီးမှုသည် ယခုအခါ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ ထိုသို့ သမိုင်းကြောင်းကြာမြင့်ပြီဖြစ်သည့် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ရှည်လျားသည့် နယ်နိမိတ်ချင်း ထိစပ်နေမှုများကြောင့် နှစ်နိုင်ငံအကြား နားလည်မှု၊ ယုံကြည်မှုများကို တိုးမြှင့်ပြီး “ဆွေမျိုးပေါက်ဖော်” ဆက်ဆံရေးကို အခိုင်အမာထူထောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း။
ကဏ္ဍစုံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်
“ဆွေမျိုးပေါက်ဖော်” ညီအစ်ကိုရင်းချာစိတ်ဓာတ်ကိုအခြေခံပြီး နှစ်နိုင်ငံဆက်ဆံရေးကို ကဏ္ဍစုံတွင် နီးကပ်စွာ ပူးပေါင်းဆောင် ရွက်လျက်ရှိသကဲ့သို့ ၂၀၁၁ ခုနှစ်တွင် “ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး” အဆင့်အထိ တိုးမြှင့်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၂၀ ပြည့်နှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်းတွင် “မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း”ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါကြောင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ရပ်နှင့်အညီ အပြန်အလှန် လေးစားမှုနှင့် နားလည်မှုကို အခြေခံပြီး ကဏ္ဍစုံတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်နက်ရှိုင်း အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း။
တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍများတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
နှစ်နိုင်ငံအကြား ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူဆယ်-မန္တလေး မီးရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းနှင့် မန္တလေး-ကျောက်ဖြူမီးရထားလမ်းစီမံကိန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မူဆယ်-မန္တလေးရထားလမ်းသည် ကျောက်ဖြူ - ကူမင်းမီးရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး ကျောက်ဖြူ-ကူမင်းမီးရထားလမ်းစီမံကိန်း၏ အဓိကကျသည့် အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ကြောင်း၊ မန္တလေး-ကျောက်ဖြူရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်မည့် အလားအလာရှိသော အခွင့်အလမ်းကောင်းများဖြစ်ကြောင်း။
နှစ်နိုင်ငံလုံးအတွက် များစွာအကျိုးဖြစ်ထွန်း
ထို့အပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် နယ်နိမိတ်ချင်း ထိစပ်တည်ရှိနေပြီး တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံဆည်းရာနေရာတွင် ပထဝီအနေအထားအရ အချက်အချာကျကျ တည်ရှိနေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံက အလေးထားပါကြောင်း၊
လမ်းပန်းဆက်သွယ်မှုအနေဖြင့် လမ်းဆုံနေရာတွင် တည်ရှိနေပြီး တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့်နိုင်ငံဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍများတွင် တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်းက တရုတ်နိုင်ငံခရီးစဉ်တွင် ဖိတ်ခေါ်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ ရင်းနှီးမြှုပ်နှံနိုင်ပါက နှစ်နိုင်ငံလုံးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ယနေ့ထက်တိုင် လက်ခံကျင့်သုံးနေသကဲ့သို့ စစ်မှန်သော မိတ်ဖက်ဆက်ဆံရေး၊ အပြန်အလှန် ယုံကြည်မှုနှင့် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကူညီပေးခဲ့မှု၊ မန္တလေးငလျင်အတွက် အစောဆုံးအကူအညီစေလွှတ်ခဲ့မှုတို့အပေါ် အစဉ်အမှတ်ရပါကြောင်းနှင့် ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် အကူအညီများ ပေးအပ်မှုအပေါ်များစွာကျေးဇူးတင်ရှိကြောင်း၊ ဒေသတွင်းတွင်သာမက နိုင်ငံတကာအသိုက် အဝန်းများတွင် စဉ်ဆက်မပြတ် အပြုသဘောဆောင်သည့် အားပေးထောက်ခံမှုများအတွက်လည်း များစွာတန်ဖိုးထားကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်အောင်မြင်မြင်ဖြင့် ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ မကြာခင်တွင် ရွေးကောက်တင်မြှောက်ခံကိုယ်စားလှယ်များ ဦးဆောင်ပြီး လွှတ်တော်အစည်းအဝေးများကို ခေါ်ယူကျင်းပနိုင်တော့မည်ဖြစ်ကြောင်း၊ လွှတ်တော်မှတစ်ဆင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်သည့် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့တစ်ရပ်သည်လည်း လာမည့်ဧပြီလဆန်းပိုင်းတွင် ပေါ်ပေါက်လာတော့မည်ဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား ယခုထက်ပိုသည့် ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုဆောင်ရွက်နိုင်မည်ဟုလည်း ယုံကြည်ကြောင်း။
တရုတ်ရိုးရာ ရာသီခွင်များထဲက “ မြင်း ” ဆိုသည်မှာ အောင်မြင်မှု၊ ကံကောင်းခြင်းနှင့်လည်း ဆက်စပ်နေကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက် ကို အခြေခံသည့် အိမ်နီးချင်းချစ်ကြည်ရေး ထာဝရတည်တံ့စေရန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် သာယာဝပြောစေရန်နှင့် ယနေ့ကြွရောက်လာသည့် ဂုဏ်သရေရှိ လူကြီးမင်းများအားလုံး ကျန်းမာရွှင်လန်းပြီး အောင်မြင်ခြင်း၊ ကံကောင်းခြင်းများ ပိုင်ဆိုင်ကာ ပျော်ရွှင်ချမ်းမြေ့ကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် ၂၀၂၆ ခုနှစ်၊ မြင်းနှစ် တရုတ် နှစ်သစ်ကူးအထိမ်းအမှတ်လက်ဆောင်များကို အပြန်အလှန်ပေးအပ်ကြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက နှစ်သစ်ဆုတောင်းစကား ပြောကြားရာတွင် ယနေ့ညတွင် ကျင်းပပြုလုပ် သော မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ၏ နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ပြီး အတူတကွ မြင်းနှစ်သစ်ကို ကြိုဆိုခွင့်ရခြင်း အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ တရုတ်နှစ်သစ်ကူး ပွဲတော်သည် မိသားစုစည်းလုံး စုစည်းခြင်း စိတ်ခံစားမှု၊ နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကိုကြိုဆိုခြင်း တောင်းဆုမွန်များဖြင့် နှစ်သစ်၏အနှစ်သာရ ပေါ်လွင်နေပါကြောင်း၊ လူမှုအသိုင်းအဝိုင်းအတွင်း သဟဇာတဖြစ်စွာ ဆက်ဆံပြုမူခြင်းတို့ကိုလည်း ထင်ဟပ်စေပါကြောင်း၊ ဤအချက်များသည် အရှေ့တိုင်း၏တူညီသော တန်ဖိုးထားမှုများ ဖြစ်ပါကြောင်း။
၂၀၂၄ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံအစိုးရက တရုတ်ရိုးရာလပြက္ခဒိန် နှစ်သစ်ကူးနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့ကြောင်း၊ ယခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်သည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုနေ့နှင့် နီးနေသဖြင့် နှစ်နိုင်ငံပြည်သူများ အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ခြင်းသည် ဤပွဲတော်နှစ်ခုလုံး၏ ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်းနှင့် စည်းလုံးခြင်းစိတ်ဓာတ်ကို ထင်ရှားစေပါကြောင်း။
၂၀၂၅ ခုနှစ်သည် တရုတ်-မြန်မာဆက်ဆံရေးအတွက် အရေးပါသည့်နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် ထိပ်သီးခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် အဆင့်သစ်တစ်ခုသို့ တက်လှမ်းခဲ့ပါကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး ဂုဏ်ပြုစာလွှာများ အပြန်အလှန်ပေးပို့ခဲ့ကြကာ သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့်ခြင်းကို အခွင့်အခါကောင်းယူ၍ မဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှ ကံကြမ္မာတူညီရေး တည်ဆောက်ရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် တွန်းအားပေးခဲ့ကြောင်း၊ ယင်းသည် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းညွှန်မှုနှင့် အင်အားကို ပေါ်လွင်စေခဲ့ကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုအသစ်များ ရရှိခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ ၁၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ ၂၃၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး နှစ်နိုင်ငံပြည်သူများအတွက် မြင်သာထင်သာသော အကျိုးကျေးဇူးများ ဖြစ်ထွန်းစေခဲ့ကြောင်း၊ နှစ်နိုင်ငံလူထုအကြား ယဉ်ကျေးမှုဖလှယ်ရေးတွင် လည်းစုံလင်လှကြောင်း၊ ကျဲ့ကျန်းအော်ပရာအဖွဲ့နှင့် တရုတ်ရုပ်ရှင်ရက်သတ္တပတ်တို့သည် မြန်မာပြည်သူများကို တရုတ်နိုင်ငံအား လက်တွေ့ကျကျ ရုပ်လုံးကြွစွာ ခံစားသိရှိစေခဲ့ပါကြောင်း၊ ယမန် နှစ်က မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်ခရီးသွားဧည့်သည် ဦးရေသည် ၂၅၀၀၀၀ ကျော်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး ခရီးသွားအရင်းအမြစ်နိုင်ငံအဖြစ် ဆက်လက်တည်ရှိခဲ့ကြောင်း၊ တရုတ်-မြန်မာအစိုးရအရာရှိများ၊ ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များ၊ အနုပညာရှင်များ၊ လူငယ်နှင့် အားကစားသမားများ အပြန်အလှန်လေ့လာရေးခရီးစဉ်များသည် ပြည်သူနှစ်ရပ်အကြား နားလည်မှုနှင့် ချစ်ကြည်မှုတိုးပွားစေခဲ့ပါကြောင်း၊ ယခုနှစ်အတွင်း နှစ်နိုင်ငံ၏ “ပေါက်ဖော်ချစ်ကြည်ရေး” ဆက်ဆံရေးသည် ပိုမိုမြင့်မားလာခဲ့ပြီး ၂၀၂၅ ခုနှစ် မတ် လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့ သည့် မြေငလျင်အပြီး အသက်ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ခြင်းများသည် ကြီးမားသောမေတ္တာတရားဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေးကို ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်အစိုးရမှ လူအား၊ ပစ္စည်းအားနှင့် ငွေကြေးထောက်ပံ့မှုများ ပေးအပ်ခဲ့သကဲ့သို့ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား အသိုင်းအဝိုင်းကလည်း အမြန်ဆုံးတုံ့ပြန်ကာ အလှူငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခဲ့ကြကြောင်း၊ မြန်မာပြည်ဖွား တရုတ်လူငယ်စေတနာ့ဝန်ထမ်းများသည် သဘာဝဘေးဒဏ်အခြေအနေ အချက်အလက်များ စုဆောင်းပေးခြင်း၊ ထိခိုက်ဒဏ်ရာရသူများကို ကူညီပြောင်းရွှေ့ပေးခြင်းနှင့် လိုအပ်သော အထောက်အပံ့များ ပေးအပ်ခြင်းတို့ဖြင့် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြကြောင်း၊ ဤကဲ့သို့ တစ်ဦးဒုက္ခရောက်လျှင် အားလုံးဝိုင်းဝန်းကူညီခြင်းသည် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားခြင်းနှင့် တရုတ်-မြန်မာ အေးအတူပူအမျှ ကံကြမ္မာတူ အသိုက်အဝန်း၏ စည်းလုံးညီညွတ်သော စိတ်ဓာတ်ကို ကွက်ကွက်ကွင်းကွင်း ထင်ဟပ်စေ ပါကြောင်း။
၂၀၂၆ ခုနှစ်သည် တက်ကြွမှုနှင့် အားမာန်အပြည့်ရှိသော မြင်းနှစ်သစ်ကို မိမိတို့ကြိုဆို ဂုဏ်ပြုကြမည့်နှစ်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကို စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ပြီး မြန်မာနိုင်ငံသည်လည်း ခရီးစဉ်သစ်တစ်ခုကို စတင်တော့မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီထားသော အရေးကြီးသောအချက်အလက်များကို မိမိတို့ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို လက်တွဲခိုင်မာစေကာ နှစ်နိုင်ငံကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေးဆက်ဆံမှု သမိုင်းသစ်ကိုလည်း အတူတကွရေးဖွဲ့သွားမည်ဖြစ်ကြောင်း၊ မြင်းသည် ရဲစွမ်းသတ္တိနှင့် ဇွဲလုံ့လကို ကိုယ်စားပြုသည့် သင်္ကေတဖြစ်ပြီး ယင်းသည် မြန်မာနိုင်ငံတွင် ရာစုနှစ်ချီ၍ အခြေချနေထိုင်ကာ ဝီရိယရှိရှိ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသော မြန်မာပြည်ဖွား တရုတ်ညီအစ်ကိုမောင်နှမများ၏ စိတ်ဓာတ်နှင့် အလွန်ကိုက်ညီလှကြောင်း၊ မြင်းနှစ်၏ ရဲရင့်အားမာန်ကို အသုံးချကာ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ နှစ်နိုင်ငံလူထု အကြား စိတ်ချင်းနီးစပ်မှု ပိုမိုတိုးပွားစေရန်၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ခေတ်သစ်တွင် ရောင်ခြည်အသစ်ဖြင့် ထွန်းလင်းတောက်ပစေရန် မြန်မာပြည်ဖွား တရုတ်ညီအစ်ကိုမောင်နှမအားလုံးက တရုတ် - မြန်မာအကြား တံတား၊ ယဉ်ကျေးမှုသံတမန်များအဖြစ် ဆက်လက် ဆောင်ရွက်ကြပါရန် မျှော်လင့်ပါကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံစလုံး ထွန်းကားတိုးတက်ပါစေ၊ နိုင်ငံနှင့် ပြည်သူအေးချမ်းသာယာပါစေ၊ အားလုံးဆန္ဒတိုင်းပြည့်ဝပြီး ကောင်းခြင်းမင်္ဂလာ ခံစားရရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ တရုတ်ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာ သုံးဆောင်နေစဉ်အတွင်း တရုတ်နိုင်ငံမှ လာရောက်ဖျော်ဖြေသည့် ချုံချင့်ရိုးရာအကအဖွဲ့၊ ဓိရာမိုရ် (ဂီတကဗျာ) အကအဖွဲ့၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီယဉ်ကျေးမှုအဖွဲ့နှင့် အနုပညာရှင်များက အဆိုအကများ၊ တေးသရုပ်ဖော်များ၊ တရုတ်-မြန်မာချစ်ကြည်ရေးတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ တရုတ်ယဉ်ကျေးမှုအဖွဲ့များက တရုတ်ရိုးရာတေးသီချင်းများ၊ တူရိယာများဖြင့် သီဆိုတီးမှုတ် ကပြဖျော်ဖြေခြင်းများ၊ ပြင်ပအနုပညာရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ဘတ်စကက်ဘောပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့ သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် တရုတ်ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီယဉ်ကျေးမှုအဖွဲ့နှင့် အနုပညာရှင်များကို အမှတ်တရလက်ဆောင်ပန်းခြင်းများ ပေးအပ်ကြသည်။
ဆက်လက်၍ မြန်မာအနုပညာရှင်များနှင့် ကြွရောက်လာကြသည့် ဧည့်သည်တော်များသည် တရုတ်- မြန်မာချစ်ကြည်ရေး Theme Song ဖြစ်သည့် “ပန်းတိုင်းပွင့်စေ” သီချင်းကို စုပေါင်းသီဆိုခဲ့ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
MOI
နေပြည်တော် ဖေဖော်ဝါရီ ၁၂
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲနှင့် တိုင်းရင်းသားရိုးရာအစားအစာများရောင်းချပွဲတော်ကို ယနေ့နံနက်ပိုင်းက ရေဆင်းတက္ကသိုလ်များနယ်မြေ (ရေဆင်း) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဖိတ်ကြားထားသူများ၊ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် တိုင်းရင်းသားရိုးရာပဒေသာကပွဲဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နိုင်ငံတော်အစိုးရအနေဖြင့် ကောင်းမွန်သည့်အနာဂတ်ကို တည်ဆောက်နိုင်ရန်အတွက် မျိုးဆက်သစ်လူငယ်လူရွယ်များကို ပြုစုပျိုးထောင်ပေးလျက်ရှိရာ လူသားအရင်းအမြစ်များဖြစ်သည့် ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိပြီး နောင်လာမည့် ဆင့်ကဲမျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် လက်ဆင့်ကမ်းအမွေပေးရန် တာဝန်ရှိကြောင်း၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်များ တည်ရှိသည့် ရေဆင်းတက္ကသိုလ်များနယ်မြေသည် ပြည်ထောင်စုသားလူငယ်များ စနစ်တကျ စည်းလုံးညီညွတ်ပြီး အေးချမ်းစွာ ပညာရင်နို့ သောက်စို့ခွင့်ရသည့် ရိပ်မြုံကြီးတစ်ခုဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အေးချမ်းစွာ ပညာသင်ကြားခွင့်ရသည့် ကျောင်းတော်ကြီး မယိမ်းမယိုင်ပဲ ဆက်လက်တည်မြဲနိုင်ရန်အတွက် ဘက်ပေါင်းစုံကနေ ထိန်းသိမ်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
နိုင်ငံတော်က ခေတ်အဆက်ဆက်တွင် ယခုတက္ကသိုလ်သုံးခုကို အားထားခဲ့ကြပြီး နိုင်ငံတော်အတွင်း မရှိမဖြစ်လိုအပ်သည့် ပြည်ထောင်စုအရင်းအမြစ်တစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူအတွက် အစဉ်အမြဲ အကျိုးပြုနိုင်မည့် တက္ကသိုလ်များဖြစ်အောင် တက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများအားလုံးက အမြဲစောင့်ရှောက်ကြရန်လိုကြောင်း၊ ပြည်ထောင်စုတစ်ဝန်း မိမိတို့နေထိုင်ရာအရပ်ဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါ ဒေသ၏လူငယ်လူရွယ်များအား နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များကိန်းအောင်းလာစေရန်နှင့် ဒေသအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားအချင်းချင်း ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ဘာသာတရားများကို အပြန်အလှန်လေးစားတန်ဖိုးထား၍ တိုင်းရင်းသားလူမျိုးများ၏ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားလာပြီး နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သူများဖြစ်အောင် ကျောင်းသား ကျောင်းသူများအနေဖြင့် လက်ဆင့်ကမ်းပြောကြားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ကျောင်းသား ကျောင်းသူများ၏ တိုင်းရင်းသားရိုးရာအကများဖြင့် တင်ဆက်မှုကို ကြည့်ရှုအားပေးကြပြီး စျေးရောင်းပွဲတော်ရှိ တက္ကသိုလ်များမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီများ၏ တိုင်းရင်းသားရိုးရာအစားအစာများ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲနှင့် တိုင်းရင်းသားရိုးရာအစားအစာများရောင်းချပွဲတော်ကို တက္ကသိုလ်များနယ်မြေ (ရေဆင်း) ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
moi
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်)ကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှစ၍ ၁၃ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက်ကုန်များ၊ ရိုးရာအစားအသောက်များ၊ ဒေသန္တရထွက်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ၊ MSME ထုတ်ကုန်များကို အမျိုးအစားစုံလင်စွာ ပြသရောင်းချလျက်ရှိရာ ထိုသို့ လာရောက်ပြသရောင်းချကြသည့် MSME လုပ်ငန်းရှင်များ၊ ပြခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
ဦးတင်လှ
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့
ကျွန်တော်တို့ ရခိုင်ပြည်နယ်ကိုယ်စားပြု ထုတ်ကုန်ပြခန်းမှာ ပြည်နယ်ရဲ့ ကုန်ထုတ်လုပ်ငန်းရှင် ၂၇ ဦးရဲ့ ထုတ်ကုန်ပစ္စည်းအမယ် ၈၅ မျိုး၊ အမျိုးအစား ၁၇၇ မျိုး ပါဝင်ပြသရောင်းချသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်နယ်က ရှည်လျားတဲ့ ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားတဲ့အတွက် ငါးသယံဇာတတွေ အင်မတန်ပေါကြွယ်ဝတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ပြခန်းမှာဆိုရင် ကျောက်ငါး၊ ကျောက်ပုစွန်၊ ကင်းပုစွန်၊ ကဏန်းအရှင်တွေကို ပြည်နယ်ထွက်ကုန်အနေနဲ့ ထည့်သွင်းပြသမှာဖြစ်ပါ တယ်။ ပြီးတော့ ပြည်နယ်ကထွက်ရှိတဲ့ ငါးတွေကို စားသုံးသူပြည်သူများ သက်သာစွာနဲ့ ဝယ်ယူစားသုံးနိုင်အောင် ရောင်းချပေးသွားမယ့် အစီအစဉ်လည်းရှိပါတယ်။
အခုလို လာရောက်ရောင်းချတဲ့အတွက် MSME လုပ်ငန်းရှင်တွေအနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက MSME လုပ်ငန်းရှင်တွေနဲ့အချင်းချင်းတွေ့ဆုံပြီး ဈေးကွက်ပိုမိုချဲ့ထွင်နိုင်ဖို့အတွက် ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိ ချိတ်ဆက်ရောင်းချနိုင်ခြင်း၊ ကုန်ထုတ်လုပ်မှုတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ လည်းရရှိမယ်၊ ဒေသအကျိုး၊ လုပ်ငန်းရှင်အကျိုးကနေ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအထိ များစွာအထောက်အကူပြုတဲ့ ပြပွဲတစ်ခုဖြစ်ပါတယ်။ ပြီးတော့ လာရောက်ပါဝင်ပြသရောင်းချချင်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ဈေးကွက်ချိတ် ဆက်နိုင်မှု၊ ဝယ်ယူသူဖောက်သည်အသစ် တွေရရှိနိုင်မှုနဲ့ လုပ်ငန်းစီးပွားချိတ်ဆက်နိုင်မှုစတဲ့ အကျိုးကျေးဇူးတွေအများကြီး ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပြည်နယ်က လုပ်ငန်းရှင်တွေ ကိုယ်တိုင်ကလည်း စိတ်အား ထက်သန်ကြတယ်။ ကျွန်တော်တို့ပြခန်းကို လာရောက်ကြည့်ရှုသူတွေနဲ့ ဝယ်ယူသူတွေကို စိတ်ကျေနပ်မှုရှိအောင် ခင်းကျင်းပြသရောင်းချသွားမှာဖြစ်တဲ့အပြင် ကုန်ထုတ်ပစ္စည်းတွေရဲ့ အရည် အသွေး၊ ထုပ်ပိုးမှုကအစစနစ်တကျ ကောင်းမွန်အောင် စီမံဆောင်ရွက်ထားရှိပါတယ်။ ရခိုင်တိုင်းရင်းသား ရိုးရာအစားအစာဆိုင်ခန်းမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအစားအစာတွေကို ရောင်းချပေးနေပါတယ်။ ရခိုင်မုန့်တီကို အရင်နှစ်နဲ့မတူဘဲ ပိုမိုကောင်းမွန်တဲ့၊ တစ်မူထူးခြားတဲ့ လက်ရာနဲ့ရောင်းချသွားမှာဖြစ်လို့ လာရောက်ကြပါလို့ ဖိတ်ခေါ်ပါတယ်။ ပြီးတော့ရေကြက်သုပ်၊ ရေဘဝဲသုပ်၊ ရေခူသုပ် စတဲ့ပင်လယ်စာအစားအစာတွေကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ရောင်းချ သွားမှာဖြစ်ပါတယ်။
ဦးတင်ဦး
စီးပွားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့
ပဲခူးတိုင်းဒေသကြီး MSME ပြခန်းမှာ သွင်းကုန်အစားထိုး အဆင့်မြင့်လယ်ယာသုံးစက်ကိရိယာပစ္စည်း ၃၆ မျိုး ခင်းကျင်းပြသထားပါတယ်၊၊ ထို့အတူ MSME ရဲ့ စားသောက်ကုန်၊ ထုတ်ကုန်ပြခန်းမှာလည်း ပြည်တွင်းကုန်ကြမ်းသုံးထုတ်ကုန်တွေ၊ စိုက်ပျိုးရေးနဲ့မွေးမြူရေး အခြေခံကုန်ကြမ်းတွေကထွက်ရှိတဲ့ ထုတ်ကုန်တွေ၊ ပြည်ပပို့ကုန်တွေ၊ OROP ထုတ်ကုန်တွေ စုစုပေါင်းကဏ္ဍအလိုက် အမယ်ပေါင်း ၃၃၆ မျိုးကို ခင်းကျင်းပြသထားပါတယ်၊၊ ပြီးတော့ဒေသကထွက်ရှိတဲ့ ကြက်ဥ၊ ဘဲဥတွေကို သက်သာသော ဈေးနှုန်းနဲ့ ပြခန်းမှာ နေ့စဉ် နံနက် ၆ နာရီကနေ ည ၁၀ နာရီအထိ ခင်းကျင်းရောင်းချပေးလျက်ရှိပါတယ်၊၊ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်၊၊
ပြီးတော့ ကျွန်တော်တို့ တိုင်းဒေသ ကြီးရဲ့ ပြခန်းမှာပါဝင်ပြသတဲ့ ဒေသအတွင်းက လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေဟာ အားတက်သရောနဲ့ သူတို့ရဲ့ထုတ်ကုန်တွေ တီထွင်ကြံဆမှုတွေကို လာရောက်လေ့လာတဲ့သူတွေဆီ မျှဝေသွားမယ်။ အခုဒီပြပွဲဖွင့်ပွဲမှာ ကျွန်တော်တို့ဆီကထွက်ရှိတဲ့ ထုတ်ကုန်တွေကို ဒေသအသီးသီးက အမှာစာတွေအများကြီး လက်ခံရရှိပါတယ်၊၊
MSME လုပ်ငန်းတွေအတွက် အဓိကလိုအပ်ချက်က ဈေးကွက်ဖြစ်ပြီးရရှိပြီးသား ဈေးကွက်ခိုင်မာရေး၊ ဈေးကွက် တိုးချဲ့ရေး ပြည်တွင်းဈေးကွက်ကနေ ပြည်ပဈေးကွက်ကို တက်လှမ်းနိုင်ရေး ကြိုးစားနေကြတာပါ။ ကျွန်တော်တို့ တိုင်းဒေသကြီးက လုပ်ငန်းရှင်တွေဟာ အခုပြပွဲကနေတစ်ဆင့် ပြည်ပဈေးကွက်တွေအထိ သက်ဆိုင်ရာ စီးပွားရေးသံမှူး တွေနဲ့ ထိုးဖောက်နိုင်ပြီဖြစ်ပါတယ်၊၊ ဒါတွေဟာ MSME ပြပွဲပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ အကျိုးရလဒ်တွေပဲဖြစ်ပါတယ်၊၊
ဦးထွန်းဝင်း
မန်နေဂျင်းဒါရိုက်တာ၊ MANDALAY BEVERAGES ENTERPRISE Co.,Ltd.
ပြည်ပကတင်သွင်းတဲ့ ဓာတ်ဆီနဲ့ပြည်တွင်းကထွက်ရှိတဲ့ ဓာတ်ဆီကို ပြည်တွင်းကထွက်ရှိတဲ့ ရေမဲ့အီသနောနဲ့ရောစပ်ပြီး Ron 73 အဆင့်ရှိတဲ့ စက်သုံးဆီကို ထုတ်လုပ်ထားပါတယ်။ သကြားထုတ်လုပ်မှုရဲ့ ဘေးထွက်ပစ္စည်းဖြစ်တဲ့ တင်လဲရည်ကနေ အီသနောကိုချက်လုပ်ပါတယ်။ ကျွန်တော်တို့က အီသနောရဲ့ ဘေးထွက်ပစ္စည်းကနေ Organic Fertilizer ထုတ်လုပ်တဲ့ စက်ရုံကိုလည်းတည်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်ကပြည်ပကနေ စက်သုံးဆီတင်သွင်းမှုလျှော့ချနိုင်ပြီး နိုင်ငံခြားငွေကုန်ကျမှု သက်သာစေဖို့၊ လူသားတွေရဲ့ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကိုအန္တရာယ်ဖြစ်စေမယ့် အခိုးအငွေ့ထုတ်လွှတ်မှု လျော့ကျစေဖို့၊ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုအစား ဇီဝလောင်စာအသုံးပြုမှုကို ပြောင်းနိုင်ဖို့ဆိုပြီးဖြစ်ပါတယ်။
အားသာချက်တွေကတော့ သဘာဝပတ်ဝန်းကျင်အတွက်ကောင်းမွန်ပြီး ဇီဝလောင်စာဖြစ်တဲ့အတွက် ကာဗွန်ထုတ်လွှတ်မှုမှာ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးပါတယ်။ ဓာတ်ဆီနဲ့နှိုင်းယှဉ်မယ်ဆိုရင် ကုန်ကျစရိတ်သက်သာစေပါတယ်။ ကားအင်ဂျင်မောင်းနှင်မှုအားလည်း ကောင်းမွန်ပါတယ်။ ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့အတွက် ပစ္စည်းပြတ်လပ်မှုလည်း နည်းပါးစေပါတယ်။ ရေမဲ့အီသနောကို ဓာတ်ဆီနဲ့ ရောနှောသုံး စွဲခြင်းဖြင့် နိုင်ငံရဲ့နှစ်စဉ်စက်သုံးဆီ ကဏ္ဍလိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်း ရေနံချက်စက်ရုံတွေကထွက်ရှိတဲ့ ဓာတ်ဆီတွေကိုလည်း ရေမဲ့အီသနောနဲ့ရောစပ်ပြီး ဇီဝလောင်စာအဖြစ် အသုံးပြုမယ်ဆိုရင် Fossil Fuel အသုံးပြုမှုနဲ့ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုတို့ကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
ရေနံစိမ်းအပေါ် မှီခိုအားထားနေမှုကို လျှော့ချနိုင်ပြီး ရေမဲ့အီသနောကို အစားထိုးလောင်စာအဖြစ် အသုံးပြုနိုင်ပါတယ်။ မကြာမီမှာ ဈေးကွက်ထဲလည်းရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ဒီ MSME ပြပွဲနဲ့ ဈေးရောင်းပွဲတော်လာ ပြည်သူတွေကို ကောင်းကျိုး၊ ဆိုးကျိုးတွေကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ပြခန်းကို လာရောက်လည်ပတ်ဖို့လည်း ဖိတ်ခေါ်ပါတယ်။
ဦးမြင့်ဝင်း
Manufacturing Director၊ Super Seven Stars Industrial Development Co., Ltd.
ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ဆိုလာစွမ်းအင်၊ Industry Development၊ EV ပြခန်းနဲ့ မွေးမြူရေးနဲ့ပတ်သက်တာတွေကို ပြသထားပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားကြတဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ အင်အားဖြည့်တင်းပေးတဲ့အနေနဲ့ရော MSME လုပ်ငန်းရှင်တွေအတွက် ဒီနှစ်မှာ ထူးခြားမှုအနေနဲ့ မွေးမြူရေးကဏ္ဍကို ဦးစားပေးပြသထားပါတယ်။ EV အပိုင်းလည်း ပြသထားတယ်။ ဆိုလာစွမ်းအင်အပိုင်းလည်းပါပါတယ်။
MSME လုပ်ငန်းရှင်တွေအနေနဲ့ အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန်တွေ ထုတ်ဖို့ဆိုရင် ခေတ်မီနည်းပညာတွေကို သိဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီပြပွဲကနေ ခေတ်မီနည်းပညာတွေကို လေ့လာသိရှိနိုင်အောင် တစ်နှစ်ပြီး တစ်နှစ် ဆန်းသစ်လာတဲ့နည်းပညာတွေ ထောက်ပြကူညီတဲ့နေရာကနေ ပါဝင်ပါတယ်။ အခုလိုပြပွဲမှာ MSME လုပ်ငန်းရှင်တွေအနေနဲ့ သက်ဆိုင်ရာလုပ်ငန်းခွင်ထဲမှာ နည်းပညာနဲ့ပတ်သက်တဲ့၊ ထုတ်လုပ်မှုအပိုင်းနဲ့ပတ်သက်တဲ့ အခက်အခဲရှိရင် ကျွန်တော်တို့ဆီကို လာရောက်လေ့လာပြီး အကြံဉာဏ်တောင်းလို့ ရပါတယ်၊ ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ အားလုံးနဲ့ လာရောက်သူတွေကို ကျွန်တော်တို့ပြခန်းကို လေ့လာကြည့်ရှုကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ဦးရဲဟိန်းကျော် တွဲဖက်အတွင်းရေးမှူး(၁)၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း
MSME ပြပွဲမှာ လာရောက်ပြသဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကထွက်ရှိတဲ့ ဆီထွက်သီးနှံကနေ ကြိတ်ခွဲပြီး ရရှိလာတဲ့ဆီတွေဖြစ်တဲ့ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ပဲပိစပ်ဆီ၊ ပဲပုပ်ဆီအမျိုးမျိုးကို အခုပြပွဲမှာ လာရောက်ပြသရောင်းချသွားမှာဖြစ်ပါတယ်။ အခုလို ပြပွဲတွေက MSME လုပ်ငန်းရှင်တွေ အတွက်အင်မတန်ကောင်းမွန်ပြီး အကျိုး များပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြပွဲမှာလည်း ကျွန်တော်တို့ အသင်းဝင်ကုမ္ပဏီတွေအနေနဲ့ ချိတ်ဆက်မှုပြခန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ တစ်ခါတည်း One Stop Service အဖြစ် Business Ma-chine လုပ်လိုက်ပြီးတော့ ဈေးကွက်အခွင့်အလမ်းတွေ အများကြီးရသွားတယ်။ ဒီနှစ်မှာလည်း ဒီလိုမျိုးအစီအစဉ်တွေ ထပ်ပြီးတော့ လုပ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဝယ်ယူအားပေးမယ့် မိဘပြည်သူတွေအတွက် ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးသွားမှာဖြစ်လို့ လာရောက်လေ့လာဝယ်ယူကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။
တွေ့ဆုံမေးမြန်း-မျိုးဆက်သစ်
ဓာတ်ပုံ-အောင်မင်းထိန်
moi
လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း
moi













